Background
OK နို့စိမ်းသာအ ဝင်ရှိခဲ့ဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၃ရက်တာကာလ အတွင်း နို့စိမ်း ၂၀၂ ဒသမ ၂၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း ရှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ဒီတစ်ပတ်မှာ OK နို့စိမ်း တစ်မျိုးသာ တင်သွင်းခဲ့တာ တွေ့ရပါ တယ်။ နို့ဆီကဒီတစ်ပတ်မှာ တင်သွင်းမှု မရှိခဲ့ပါဘူး။
ဒီတစ်ပတ်မာရီဂိုးနို့ဆီတစ်မျိုးသာဝင်ဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း နို့ဆီ ၁၅၉ ဒသမ ၈၇ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ တစ်သိန်းခုနစ် သောင်းကျော်ဖိုးကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ မာရီဂိုးနို့ဆီတစ် မျိုးတည်းသာ မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့စိမ်းက တင်သွင်းမှု မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ် နို့ဆီ တင်သွင်းမှုက တန်ချိန် နှစ်ရာ့ခြောက် ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုနဲ့ယှဉ်ကြည့်ရင် တန်ချိန် တစ် ရာကျော်လောက် လျော့နည်းပြီး တင် သွင်းတာခဲ့တာ တွေ့ရပါတယ်။
ပါကစ္စတန်ရဲ့ ဆန်ကုန်သွယ်မှုမှာ အီရန်နဲ့ ဖလှယ်ချင်းဖလှယ်တဲ့ စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ပစ္စည်းဖလှယ်တဲ့ ကုန်သွယ်မှုသစ်အရ လာ မယ့်လမှာ အီရန်နဲ့စာချုပ်ချုပ်ဆိုနိုင်တယ်လို့ သိရပါတယ်။ ပါကစ္စတန်က တင်ပို့မယ့် ဆန်တန်ချိန် ၂ သိန်းနဲ့ ဂျုံတန်ချိန် ၁ သန်းအတွက် အီရန်ရဲ့ သံတ္တုရိုင်းနဲ့ ဓာတ်မြေ သြဇာကို လက်ခံရယူသွားမယ်လို့ သိရပါတယ်။
ဒွန်းနို့ဆီသာဝင် ပြည်တွင်းကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နို့ဆီ ၂၆၂ ဒသမ ၃၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းခြောက်သောင်း ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီ တင်းပတ်မှာ ဒွန်းနို့ဆီတစ်မျိုးသာ တင် သွင်းတာ တွေ့ရပါတယ်။ နို့စိမ်းက တင်သွင်းမှုမရှိခဲ့ပါဘူး။ ယခင်သီတင်း ပတ် နို့ဆီတင်သွင်းမှုက တန်ချိန် တစ် ရာ့ခုနစ်ဆယ်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်နို့ဆီအဝင် တန်ချိန်ယှဉ်ရင် ရှစ်ဆယ့်ခြောက်တန်ကျော် ပိုမိုတင် သွင်းတာ တွေ့ရပါတယ်။
ဝန်းသိုမြို့နယ် ဆည်ကြီး၊ မကျီးကုန်း၊ ဇီးဖြူပင်၊ လက်ပံကြီးတော၊ သရက် အိုက်၊ စိန်လည်၊ သပြေသာ ကျေးရွာများမှာ နှစ်စဉ်သစ္စာပန်းရောင်စုံ၊ ဂန္ဓာမာပန်း မျိုးစုံအား ပန်းစိုက်တောင်သူပေါင်း ၅၀၀ ကျော်မှ ပန်းစိုက်ဧက ၂၀၀ ကျော်စိုက်ပျိုး ကြပါတယ်။ ဝန်းသိုမြို့နယ်ဟာ ရေခံမြေခံကောင်းမွန်ပြီး ရာသီဥတုသာယာကာ ဒေါင်းမြူးချောင်း တစ်ဖက်တစ်ချက်ရှိ နုန်းတင်မြေများမှာ စိုက်ပျိုးကြပြီး ၎င်းချောင်း ရေမှ ရေစက်တင်စိုက်ပျိုးကြရာ ကောင်းမွန်စွာ ဖြစ်ထွန်းလျက်ရှိပါတယ်။
ဘန်းယဉ်လေးရွာဟာ ရှမ်းပြည် နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်း ယဉ်ကျေးရွာအုပ်စု၊ တောင်ကြီးဆီဆိုင် ကားလမ်းမပေါ်မှာ တည်ရှိပါတယ်။ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး သုံးပုံနှစ်ပုံမှာ နဂါးမောက်သီးကို စိုက်ပျိုးကြပါတယ်။ နဂါးမောက်ကို အိမ်ခြံဝင်းထဲမှာ အများ ဆုံးစိုက်ပျိုးကြပြီး၊ ၂၀၁၁ ခုနှစ်နောက် ပိုင်းမှာ ဧကအလိုက် စိုက်ပျိုးလာကြ ပါတယ်။ ဧကနဲ့ တွက်ချက်ပါက ၂၅ ဧကမှ ၃၀ ဧကခန့်ရှိပါတယ်။ နဂါး မောက်ကို တစ်ပင်နဲ့တစ်ပင် ၁၀ ပေခြား စိုက်ပျိုးကြပြီး၊ ၂ ပေအရှည်ရှိသော ပျိုးပင်ကိုစိုက်ပျိုးပါက တစ်နှစ်အတွင်း အသီး ရရှိနိုင်ပါတယ်။ ပထမနှစ်မှာ တစ်ပင်ကို အသီး ၂ လုံးမှ ၃ လုံး အထိသီးပြီး၊ အသီးဖြိုင်ချိန် ပဉ္စမနှစ်မှာ တစ်ပင်ကို ၄၀ လုံးမှ ၅၀ လုံး (၁၀ ပိဿာမှ ၁၃ ပိဿာအထိ) ဆွတ်ခူးရရှိ ပါတယ်။ အသီးဖြိုင်တဲ့နှစ်မှာ တစ်ဧက ၅၀၀၀ ပိဿာထွက်ရှိကာ တစ်ပိဿာ ဒေသပေါက်ဈေး ၂၀၀၀ ကျပ်နဲ့ရောင်း ချပါက ကျပ်သိန်း ၁၀၀ ရရှိမှာဖြစ်ပါ တယ်။ မေလမှာ စတင်ဖူးပွင့်အသီး တင်ပြီး ဇွန်လမှစက်တင်ဘာလထိ ခူး ဆွတ်ရောင်းချရပါတယ်။ ဘန်းယဉ် လေးရွာမှ တစ်နှစ်ကို ပိဿာချိန် ၃၀၀၀၀ မှ ၄၀၀၀၀ ထိ ထွက်ရှိပြီး၊ တောင်ကြီးမြို့ပေါ်ဈေးကွက်သို့ တင်ပို့ ရောင်းချပါတယ်။ ဈေးကွက်လိုအပ် ချက်ရှိတဲ့ သီးနှံဖြစ်လို့ တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးနေတာ တွေ့ရပါ တယ်။ နဂါးမောက်စိုက် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်မှန်ကန် ကောင်းမွန်ရေး ဈေးကွက်တိုးချဲ့ရှာဖွေ ရောင်းချရေး၊ ဈေးနှုန်းမှန် ရရှိရေး တို့အတွက် နဂါးမောက် စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဖွဲ့စည်းပြီး စုစုစည်းစည်း ညီညီညွတ် ညွတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ပါက တိုး တက်အောင်မြင်နိုင်တဲ့ စိုက်ပျိုးရေး လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ပျိုးပင် အတွက်လည်း ပူစရာမလို၊ စိုက်ပျိုးရန် မြေခံရာသီဥတုလည်း ကောင်းမွန်တဲ့ အတွက် ဘန်းယဉ်လေးရွာဟာ တစ်ရွာ ထုတ်ကုန်တစ်မျိုးဖြစ်သော နဂါးမောက် သီး ထွက်သောရွာလို့ ခေါ်ဆိုရမှာဖြစ် ပြီး ]ဘန်းယဉ်လေးနဂါးမောက်} လို့ ဈေး ကွက် အမည်တွင်တော့မယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ခွန်ကျော်ဌေး
မန္တလေးမှ မြစ်ကြီးနားသို့ မြို့ပေါ် ကုန်သည်များ အမှာရှိခြင်းကြောင့် ကုန် အနည်းအကျဉ်း ပြန်တက်နေကြောင်း သိရပါတယ်။"အစောပိုင်းက ဖားကန့်လမ်းပိတ် လို့ ကုန်တင်ပို့မှုရပ်သွားခဲ့တယ်။ ခုတစ် ပတ်မှာ လမ်းပွင့်လာတော့ ကုန်မှာယူမှု ရှိလာပြီ။ လှိမ့်တော့ ဝင်မလာသေးဘူး။ မြို့ပေါ်အရောင်းအဝယ်လုပ်တဲ့ ကုန် သည်တွေပဲ လာကြသေးတယ်။ ဖား ကန့်မှော်ထဲက ကုန်သည်တွေ မမှာရဲ သေးဘူး။ အရောင်းအဝယ် အေးလို့ တွဲပြည့်တော့ ဝယ်ယူတင်ပို့မှု မရှိသေး ဘူး။ ခုလောလောဆယ် အဆင်းကုန် မရှိသေးဘူး။ တရုတ်အထည်အလိပ် အနည်းအကျဉ်းလောက်ပဲ ပြန်ဆင်း တယ်"လို့ မြစ်ကြီးနားကုန်သည် တစ်ဦး က ပြောပါတယ်။မြစ်ကြီးနား-မန္တလေး မီးရထားနဲ့ ကုန်တင်ပို့တဲ့ တန်ဆာခနှုန်းမှာ ကုန်တွဲ တစ်တွဲကို ယခင်လပိုင်းက ကျပ် ၄ သိန်းရှိကာ၊ ယခုကျပ် ၅ သိန်း၊ ၆ သိန်း ဝန်းကျင်ပေါက်ပြီး ကုန်များပါက ကျပ် ၇ သိန်း၊ ၈ သိန်းပေးဆောင်ရကြောင်း သိရပါတယ်။ အဆင်းကုန် ရှားခြင်းကြောင့် အဆင်းကုန်စပေါ် ယူထားသူများ တွက်ခြေမကိုက်ကြောင်း သိရပါတယ်။ အတက်ကုန်များမှာ စားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ဆောက် လုပ်ရေးသုံးပစ္စည်းများ တင်ဆောင်မှု ရှိလို့ အရောင်းအဝယ် အေးနေခြင်း ကြောင့် ယခင်လို စားသောက်ကုန် တွဲ ပြည့်တင်ဆောင်ခြင်းမရှိဘဲ ဆောက် လုပ်ရေးသုံးပစ္စည်းများဖြင့် စုတင်နေ ကြောင်း သိရပါတယ်။ အဆင်းကုန် များမှာ ဒေသထွက် ပဲ၊ နှမ်း၊ ဖွဲ၊ ဒန် ပစ္စည်းများ အနည်းငယ် ဆင်းနေ ကြောင်း သိရပါတယ်။ ဇူးဇူး
ကယားပြည်နယ် လွိုင်ကော်ခရိုင်မှာ နွေစပါးစိုက် ပျိုးရန်အတွက် ပုလဲသွယ်စပ်မျိုးစပါးဧက ၄၀ စမ်းသပ် စိုက်ပျိုးရန် သရုပ်ပြပျိုးထောင်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်က ဒီမောဆိုးမြို့နယ် ငွေတောင် စိုက်ကွင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
နို့ဆီ/နို့စိမ်း အဝင်နည်းဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နို့ဆီ/စိမ်း ၁၇၆ ဒသမ ၁၂ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ တစ်သိန်းကိုး ထောင်နီးပါးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာလည်း အိုကေတံဆိပ် တစ်မျိုးကိုသာ တင်သွင်းတာ တွေ့ရပါ တယ်။ ယခင်သီတင်းပတ် တင်သွင်း မှုက တန်ချိန် သုံးရာ့ခြောက်ဆယ် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ထက်ဝက်မျှအဝင်လျော့နည်း ခဲ့တာ တွေ့ရပါတယ်။
စိန်တံဆိပ်ဘိလပ်မြေတင်သွင်းခဲ့ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်နေ့တာကာလအတွင်း ဘိလပ်မြေ ၇၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ် လာ ခြောက်သိန်းနှစ်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ စိန်တံဆိပ်ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင် သီတင်း ပတ်ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ရှစ်ထောင့်နှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တန်ချိန်ရှစ်ရာငါးဆယ်ကျော် လျော့နည်းပြီး တင် သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)