Main menu

Background

Sunday, 8 Jul 2012

ဒွန်း၊ မာရီဂိုးနဲ့ အိုကေတံဆိပ်များဝင်ဒီတစ်ပတ်ဖြစ်တဲ့ ဇွန် ၂၄ ရက်မှ ၃၀ ရက်တာကာလအတွင်း နို့ဆီ ၇၇၅ ဒသမ ၉၄ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှတင်သွင်း ခဲ့ ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ နို့ဆီတွေက ဒွန်းတံဆိပ်နို့ဆီက ၃၉၃ ဒသမ ၄၅ တန်၊ မာရီဂိုးနို့ဆီက ၂၂၈ ဒသမ ၃၈၄ တန်နဲ့ အိုကေတံဆိပ်နို့ဆီ က ၁၅၄ ဒသမ ၁၀၃ တန်ဖြစ်ပါတယ်။ ယခင်တစ် ပတ်နို့ဆီတင်သွင်းမှုမရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ အင်တိုက်အား တိုက်နဲ့ တင်သွင်းလာတာကို တွေ့ရ ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ တင် သွင်းခြင်းမရှိခဲ့ပါဘူး။ နို့မှုန့်က ဒီတစ် ပတ်မှာတော့ မလေးရှားနိုင်ငံမှ ၁ ဒသမ ၈၀ နဲ့ စင်ကာပူနိုင်ငံမှ ၁ ဒသမ ၇၄ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာ ၂၁ တန်တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်တင်သွင်းမှုက တန် ချိန်လျော့နည်းခဲ့ပါတယ်။

Sunday, 1 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဇွန် ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၀၅ သန်းတန်ဖိုးရှိ အချိုမှုန့် ၂၀၅ တန် ခန့် အသွင်းရှိခဲ့ပါတယ်။ မူဆယ်မှ ၁၄၃ တန်ခန့်နဲ့ ချင်းရွှဟော်မှ ၆၂ တန် ဖြစ်ပါ တယ်။ယခင်အပတ်ကထက် တန် ၃၀၀ ခန့် အသွင်းလျော့ခဲ့ပါတယ်။  MIRT(DOBT)

Sunday, 1 Jul 2012

မာရီဂိုးနဲ့ ဒွန်းတံဆိပ်များဝင်ခဲ့စင်ကာပူနိုင်ငံထုတ် မာရီဂိုးနို့ဆီ ၆၈ ဒသမ ၅၁၅ တန်နဲ့ ီသတည တံဆိပ်နို့ဆီ ၁၁၄ ဒသမ ၁၉၂ တန်၊ စုစုပေါင်း ၁၈၂ ဒသမ ၇၀၇ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ နှစ်သိန်းကျော်ဖိုးကို ဇွန်လ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် တန်ချိန်သုံးရာ့ရှစ်ဆယ်ကျော် တင် သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ချိန် နှစ်ရာကျော်လောက် အဝင်နည်းခဲ့ ပါတယ်။

Sunday, 24 Jun 2012

ဇွန် ၆ ရက်မှ ၁၂ ရက်ထိ ကာလ အတွင်းမှာ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းမှ  ကန်ဒေါ်လာ သုည ဒသမ ဝ၀၃ သန်းတန်ဖိုးရှိ အချိုမှုန့် ၂ တန်ခွဲ အသွင်းရှိပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၂၂၅ သန်း တန်ဖိုးရှိ အချိုမှုန့် များကို မူဆယ်မှ ၁၈၃ တန်ခန့်နဲ့ ချင်း ရွှေဟော်မှ ၄၂ တန်ခန့် အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ၇၁ တန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။     MIRT(DOBT)

Sunday, 24 Jun 2012

နို့ဆီထက် နို့စိမ်း အဝင်ပိုခဲ့စင်ကာပူနိုင်ငံမှ နို့ဆီ ၁၈၁ ဒသမ ၅၈ တန်နဲ့ နို့စိမ်း ၃၉၉ ဒသမ ၇၉ တန် ကို ဇွန် ၃ ရက်မှ ၉ ရက်အတွင်း ပင် လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ စုစုပေါင်း တင်သွင်းတန်ချိန်က ၅၈၁ ဒသမ ၃၇ တန်ဖြစ်ပြီး တန်ဖိုးက  ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုး  ဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် နှစ်ရာ့ငါးဆယ်ကျော် ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့ဆီက တန် ခုနစ်ဆယ်ကျော်ပိုမိုတင်သွင်းခဲ့ပြီး တန် ချိန် နှစ်ရာကျော်ပိုမိုတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ နို့ဆီထက် နို့စိမ်းက အဝင်ပိုခဲ့ပါတယ်။

Sunday, 24 Jun 2012

နယ်စပ်မှ အချိုမှုန့်တင်သွင်းမှုလျော့မေ ၃၀ရက်မှ ဇွန် ၅ ရက်အတွင်း တရုတ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်းတန်ဖိုးရှိ အချို မှုန့် ၁၅၅ တန်ကျော် အသွင်းရှိခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေ ကတော့ မူဆယ်မှ ၁၁၃ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၄၂ တန်အသီးသီး တင် သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ် ထက် တန် ၃၀၀ ကျော်ခန့် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။      MIRT(DOBT)

Sunday, 24 Jun 2012

အိုကေနို့ဆီနဲ့ ဒွန်းနို့စိမ်းဝင်    မေ ၂၇ ရက်မှ ဇွန် ၂ ရက်တာ ကာလအတွင်း နို့ဆီ ၂၅၂ ဒသမ ၈၄ တန်နဲ့ နို့စိမ်း ၁၈၂ ဒသမ ၇၀၇ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင် သွင်းခဲ့တဲ့ နို့ဆီနဲ့ နို့စိမ်းမှာ တရုတ်နိုင်ငံမှ အိုကေနို့ဆီနဲ့ စင်ကာပူနိုင်ငံမှ ဒွန်း တံဆိပ်နို့စိမ်းတို့ပဲဖြစ်ပါတယ်။ ယခင် သီတင်းပတ်တန်ချိန် တစ်ရာ့ခုနှစ်ဆယ် ကျော်သာ တင်သွင်းခဲ့တဲ့နို့ဆီက ဒီတစ် ပတ်မှာ တန်ခုနစ်ဆယ်ကျော် အဝင် ပိုခဲ့ပြီး ယခင်တစ်ပတ် အဝင်ပျောက်ခဲ့ တဲ့ နု့ိစိမ်းက ဒီတစ်ပတ်မှသာ ပြန်လည် တင်သွင်းလာခြင်းဖြစ်ပါတယ်။

Thursday, 7 Jun 2012

       ၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနှစ် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ မုံရွာမြို့ ဇေယျာရွှေမြေအားကစားကွင်းမှာ ၂၀၁၂ ခုနှစ် ဇွန် ၃ ရက်မှ ၇ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

Thursday, 7 Jun 2012

          အချိုမှုန့်ကို တရားဝင်တင်သွင်းခွင့်ပြုလိုက်သည့်အချိန်မှစပြီး အချိုမှုန့် များမှာ ဈေးနှုန်း အဆမတန် ကျဆင်းလာပြီး အချိုမှုန့်အစားထိုး ဟင်း ခတ်မှုန့်များလည်း ပြည်တွင်းရော ပြည်ပပါ အမျိုးအစားစုံလင်စွာနဲ့  ဈေး ကွက်အတွင်း အများအပြား၀ င်နေကြောင်း သိရပါတယ်။

Thursday, 7 Jun 2012

        ကျောက်စိမ်း ဈေးကွက်အတွင်း ပစ္စည်းရှားနေပြီး   အရောင်းအဝယ် လည်း ပါးနေကြောင်း သိရပါတယ်။ ကျောက်မျက်ရတနာဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး  ဦးတင်ဝင်းက "ဈေးကွက်ပါးပြီး  အရောင်းအဝယ် မဖြစ်ဘူး။ ကုန်ကြမ်းလည်း  ရှားနေ တယ်။ ဝယ်တဲ့ကုန်သည်က ပြည်တွင်း ရော တရုတ်နိုင်ငံက ကုန်သည်တွေပါ ဝယ်ကြတာ။ လုပ်ငန်းေ တွ အေးနေ တော့  ဝယ်တဲ့သူလည်း ပါးတာပေါ့။ ပစ္စည်းရှားတဲ့အတွက် ပစ္စည်းကောင်း ကိုင်ထားတဲ့သူ က ဈေးခေါ်ရောင်းလို့ရ မယ်"လို့ ပြောပါတယ်။

Pages