Main menu

Background

Wednesday, 16 May 2012

ဒီတစ်ပတ် နို့စိမ်းတစ်မျိုးသာဝင်ခဲ့ဧပြီ ၂၉ရက်မှ မေ ၅ ရက်တာကာလ အတွင်း နို့စိမ်း ၃၂၄ ဒသမ ၀၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်း လေးသောင်းကျော်ဖိုးကို မှာယူ တင် သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာတော့ နို့ိစိမ်းတစ်မျိုးသာတင်သွင်းခဲ့ပြီး နို့ဆီက အဝင်နားခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နို့စိမ်း က ဒွန်းနို့စိမ်း ၂၀၉ ဒသမ ၈၄ တန်နဲ့ အခြားတံဆိပ်နို့စိမ်းက တန်ချိန် ၁၁၄ ဒသမ ၉၂ တန်ဖြစ်ပါတယ်။

Tuesday, 15 May 2012

မန္တလေး    ကားဈေးကွက်တွင် သြင်္ကန်ပြီး  ကာလမှစပြီး  အရောင်း အဝယ်အေးလျက်ရှိကြောင်း  သိရပါ တယ်။ကားဈေးနှုန်းကလည်း  အေးနေ တယ်။ ကျောင်းတွေဖွင့်ကာနီး ဇွန်လ ထဲမှာပဲ အရောင်းအဝယ် ပြန်ကောင်း နိုင်တယ်။  ဈေးကွက်မှာ  အရောင်း အဝယ်အေးနေတော့ ရောင်းချရင် ဈေး လျှော့ရောင်းမှ မြန်မြန်ထွက်နိုင်တယ်။ ဈေးနှုန်းပုံသေတွက်လို့   မရဘူးပေါ့။

Tuesday, 15 May 2012

အိန္ဒိယအစိုးရက ဝါဂွမ်းတင်ပို့ဖို့အတွက် စိတ်ဝင်စားတဲ့ တင်ပို့သူများမှ မှတ်ပုံတင်အသစ်များ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြည်ပတင်ပို့ဖို့ ကိုတာကိုတော့ သတ်မှတ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ပြည်ပတင်ပို့နိုင်ရေး မှတ်ပုံတင်အသစ်လုပ်ဖို့ ရပ်ဆိုင်းတာကို ပြန်ခွင့်ပြုခဲ့ပြီး၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်(DGPT)  မှ လိုအပ်တဲ့လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမယ်လို့ ကူးသန်းရောင်း ဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး Mr Anand  Sharma  မှ ပြောကြားပါတယ်။

Tuesday, 15 May 2012

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု     ၁    တောင်ကြီး    ၁ ပိဿာ              ၃၀၅     ၃၁၀                ၂    လားရှိုး          ၁ ပိဿာ              ၃၉၀     ၄၀၀                 ၃    မူဆယ်          ၁ တန်         ၂၈၅၅၃၉     ၂၈၂၀၄၆         ၄    မန္တလေး         ၁ ပိဿာ            ၃၄၈       ၃၅၂   

Tuesday, 15 May 2012

အိုကေနှင့် ဒွန်းတံဆိပ်အဝင်များခဲ့ဧပြီလဒုတိယပတ်အတွင်း OK နို့ဆီ ၁၇၇ ဒသမ ၁၆ တန်ကို တင်သွင်းခဲ့ပါ တယ်။ ဧပြီလစတုတ္ထပတ်မှာတော့ OK တံဆိပ်နို့ဆီ ၂၅၂ ဒသမ ၈၄ တန်နဲ့ DAWN  နို့ဆီ ၁၁၄ ဒသမ ၁၉ တန် အသီးသီး  မှာယူတင်သွင်းခဲ့ပါတယ်။ ဧပြီလ ပထမပတ်အတွင်း နို့ဆီ တန် ငါးရာကျော်တင်သွင်းနိုင်ခဲ့တာကြောင့် နို့ဆီအဝင်က ပထမပတ်နဲ့ စတုတ္ထပတ် မှာ အများဆုံးတင်သွင်းခဲ့တာ တွေ့ရပါ တယ်။နို့မှုန့်က ဧပြီလ ဒုတိယပတ်အတွင်း စင်ကာပူနိုင်ငံနဲ့  စပိန်နိုင်ငံတို့မှ ၄၇ ဒသမ ၉၁ တန်တင်သွင်းခဲ့ပြီး စတုတ္ထ ပတ်မှာတော့ တရုတ်နိုင်ငံ၊ စင်ကာပူ နိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့မှ နို့မှုန့် ၁၆၄ ဒသမ ၅၀ တန် တင်သွင်းခဲ့ပါ တယ်။ ဒါကြောင့် ဧပြီလအတွင်း နို့မှုန့် အဝင်  တန်ချိန်ကိုကြည့်ရင်  ဧပြီလ စတုတ္ထပတ်မှာ နို့မှုန့်အများဆုံး ဝင်ခဲ့ တာ ဖြစ်ပါတယ်။    MIRT (DOT)

Monday, 14 May 2012

    ပြည်တွင်းဈေးကွက်တွေမှာ နှမ်းလက်ကျန်လျော့နည်းလာသလို ပြည်တွင်းနှမ်းဈေးမြင့်တက်မှုကြောင့် ပင်လယ်ရေ ကြောင်းက နှမ်းတင်ပို့မှုမှာ ပြန်လည်လျော့ကျခဲ့ပါတယ်။ မတ်လ နောက်ဆုံးပတ်အတွင်း နှမ်းရောင်စုံတန်ချိန် ၉၀၀ ကျော် တင်ပို့မှုရှိခဲ့ရာမှ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၂၆၀ ကျော်သာ ကိုရီးယားကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။     တရုတ်နယ်စပ်ဖက်မှ အဆွဲရှိနေတာကြောင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလ ၂၀ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့နိုင်မှုမှာ တန်ချိန် ၁၇၀၀ ကျော်ရှိခဲ့လို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ ပမာဏတန် ၆၀၀ ကျော်ထက် တိုးတက်တင်ပို့နိုင်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြည်ပဝယ်ဈေး ပြောင်းလဲမှုမရှိလို့ ငြိမ်နေကြောင်း သိရပါတယ်။MIRT - MAPT 

Monday, 14 May 2012

ဒွန်း၊ မာရီဂိုးနဲ့ အိုကေနို့ဆီများဝင်ခဲ့ဒီလရဲ့ပထမပတ်ဖြစ်တဲ့ ဧပြီ ၁ ရက်မှ ၇ ရက်တာကာလအတွင်း နို့ဆီ ၅၀၈ ဒသမ ၆၇၇ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ငါးသိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်က တန် ကိုးဆယ်ကျော်သာ  ရှိခဲ့တာကြောင့် ဒီတစ်ပတ်နို့ဆီအဝင်ပိုခဲ့ပါတယ်။ နို့စိမ်း က ဒီတစ်ပတ်မှာအဝင်မရှိခဲ့ပါဘူး။ နို့မှုန့် က အင်ဒိုနီးရှားနိုင်ငံမှ သုည ဒသမ ၉၉ တန်နဲ့ စပိန်နိုင်ငံမှ သုည ဒသမ ၃၆၅ တန်မှာယူတင်သွင်းခဲ့တာ  တွေ့ရပါ တယ်။ ယခင်သီတင်းပတ်နို့မှုန့်က တန် ရှစ်ဆယ်ကျော်တင်သွင်းခဲ့ပြီး ဒီတစ်ပတ် မှာ ၁ တန်ကျော်သာ တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင်လျော့ နည်းခဲ့ပါတယ်။        MIRT (DOT)

Sunday, 8 Apr 2012

ဒွန်းနို့ဆီတစ်မျိုးသာဝင်ဒီသီတင်းပတ်ဖြစ်တဲ့ မတ် ၂၅ ရက်မှ ၃၁ ရက်တာကာလအတွင်း နို့ဆီ/စိမ်း တန်ချိန် ၉၁ ဒသမ ၃၅ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ တစ်သိန်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ်မှာ ဒွန်းနို့ဆီတစ်မျိုးသာ တင် သွင်းတာ တွေ့ရပါတယ်။ နို့စိမ်းက တင် သွင်းခြင်း မရှိခဲ့ပါဘူး။

Sunday, 8 Apr 2012

ဘိလပ်မြေတန် ခြောက်သောင်းကျော်ဝင်ဒီသီတင်းပတ်ဖြစ်တဲ့ မတ် ၂၅ ရက်မှ ၃၁ ရက်တာ ကာလအတွင်း ဘိလပ် မြေ တန်ချိန် ၆၅၅၅၃ ဒသမ ၈၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးဆယ့်ငါး သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စိန်တံဆိပ်ဘိလပ် မြေတန်ချိန် ၁၀၉၀၀ နဲ့ အခြားတံဆိပ် ဘိလပ်မြေမျိုးစုံ တန်ချိန် ၅၄၆၅၃ ဒသမ ၈၂ တန်တင် သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှု က တန်ချိန် နှစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေ အဝင်တန်ချိန်နဲ့ ယှဉ်ရင် ၃ ဆကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။

Monday, 2 Apr 2012

အိုကေနို့စိမ်း တစ်မျိုးသာဝင်    ဒီသီတင်းပတ်ဖြစ်တဲ့ မတ် ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း နို့ဆီ^စိမ်း တန်ချိန် ၂၆၅ ဒသမ ၈၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ် သိန်းရှစ်ထောင်ကျော်ဖိုးကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ  မှာယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ နို့ဆီ အဝင်မရှိခဲ့ပါဘူး။ နို့စိမ်းက နှစ်ပတ် ဆက်တိုက် အဝင်ပျောက်ခဲ့ပြီး ဒီတစ်

Pages