Background
ဆောက်လုပ်ရေး လုပ်ငန်းများမှာ အဓိကအသုံးပြုနေတဲ့ မြေအုတ်များကို စပါးခွံ၊ ထင်း စသည်တို့ကို အသုံးပြု ထုတ်လုပ်ရတာကြောင့် မြေဆီလွှာ ခန်း ခြောက်မှုနဲ့ လေထုညစ်ညမ်းမှုရှိခြင်း၊ မြေအုတ် အရည်အသွေးမှာ အုတ် ၁၀၀၀ ပြုလုပ်ရင် ၁၀၀ ပျက်စီးမှုရှိခြင်း၊ အုတ်ပြတ်ခြင်း၊ အက်ကြောင်းများ အက် ခြင်း၊ တစ်ခါတစ်ရံ အုတ်ဆိုဒ်တူညီမှု မရှိတဲ့အခါ အုတ်တိုင်၊ ရေကန်၊ အဆောက်အအုံများတွင် မလှမပ သေသပ်မှုမရှိခြင်းစတဲ့ အားနည်းချက်များ အပြင် နေရာကျယ်ကျယ်၊ လုပ်သားများများ၊ မြို့နဲ့ဝေးတဲ့ တောရွာများတွင်သာ အများဆုံး ပြုလုပ်လေ့ရှိပါတယ်။ အရည်အသွေးမြင့် ကွန်ကရစ်အုတ် များကို ပြုလုပ်ရာမှာ စပါးခွံ၊ ထင်းစတဲ့ လောင်စာမလိုအပ်တာကြောင့် မြေဆီ လွှာ ခန်းခြောက်မှုနဲ့ သဘာဝပတ်ဝန်း ကျင် ထိခိုက်စေခြင်းမရှိတဲ့အပြင်၊ ကွန် ကရစ်ပြုလုပ်ရင် ပျက်စီးမှုမှာ ၁၀ လုံးခန့် သာရှိခြင်း၊အုတ်ပြတ်ခြင်း၊ အက်ကြောင်းများ အက်ခြင်းမရှိဘဲ ဘိလပ်မြေပါဝင် တဲ့အတွက် မြေကြီးအုတ်ထက် မာကျော မှုမြင့်မားခြင်း၊ အရည်အသွေးကောင်း မွန်ပြီး အချောကိုင်ရာမှာလည်း ဘိလပ် မြေကုန်ကျမှုနည်းပါးခြင်း၊ အုတ်ဆိုဒ် ပြည့်ဝပြီး၊ ဘေးမျက်နှာပြင် ညီညာတဲ့ အတွက် ညီညာတဲ့ နံရံနဲ့ လှပတဲ့ အဆောက်အအုံတို့ကို ဖန်တီးပေးနိုင်တဲ့ အားသာချက်များရှိခြင်း၊ ကွန်ကရစ် အုတ်ရိုက်စက်မှာ အလွယ်တကူ ရွှေ့ ပြောင်းနိုင်ပြီး နေရာကျယ်ကျယ်၊ လုပ် သားအင်အား များစွာမလိုအပ်ဘဲ မြို့ ပေါ်မှာပင် ကွန်ကရစ်အုတ်လုပ်ငန်းကို ပြုလုပ်နိုင်တာကြောင့် လောင်စာမလို၊ မြေကြီးမလိုတဲ့အတွက် သဘာဝပတ် ဝန်းကျင်ထိခိုက်မှုကို သက်သာကြောင်း သိရှိရပါတယ်။ ရန်ကုန်၊ တောင်ဒဂုံစက်မှုဇုန်တွင် ပြုလုပ်တဲ့ ကွန်ကရစ်အုတ်ရိုက်စက် ၁ လုံး၊ တန်ဖိုးငွေကျပ် တစ်ဆယ့်ခြောက်သိန်းနဲ့ တစ်ကောင်အား ဗိုင်ဗရေတာ (Vibrator)မော်တာနှစ်လုံးကို အသုံးပြု ခြင်းဖြင့် သိပ်သည်းစေပြီး၊ ခြေနင်းလက်ဖိစနစ်ဖြင့် ကွန်ကရစ်အုတ်များကို ပြုလုပ်လျက်ရှိကြောင်း ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ လုပ်သား ၆ ဦးနဲ့ တစ်စုကို အုတ် ၂၀၀၀ ခန့်ပြုလုပ်နိုင် ကြောင်း၊ ယခုအချိန်ထိ အုတ်ရေ ၁၀၀၀၀ ခန့် ရောင်းချပြီးကြောင်း သိရ ပါတယ်။ ကွန်ကရစ်အုတ်များ ပြုလုပ်ရာမှာ မြစ်သဲ ၆ ဆ၊ ဘိလပ်မြေ ၁ ဆ ရောစပ် ပြုလုပ်ပြီး ၂၄ နာရီအခြောက်ခံ၍ ရေနဲ့တွေ့ရင် ပိုပြီးမာတဲ့အတွက် တစ်ပတ်ခန့် ရေလောင်းပေးရကြောင်း သိရပါတယ်။ ကွန်ကရစ်အုတ်ဈေးမှာ ဘိလပ်မြေဈေးနှုန်းအပေါ် မူတည်ပြီး အတက်၊ အကျရှိနိုင်သော်လည်း လက်ရှိရောင်း ဈေးမှာ အုတ်တစ်လုံးကို မြေပုံ ၆၀ ကျပ်၊ အရောက်ပို့ရင် ၇၀ ကျပ်နှုန်းရှိပြီး၊ အုတ် ရိုက်စက်ကို ကိုယ်တိုင်ပြုလုပ်ပြီး လုပ် ငန်းတိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက် ရှိရာ လက်ရှိတွင် ရန်ကုန်မှ အုတ်ရိုက် စက်ကိုနမူနာယူပြီး အရည်အသွေး ပိုမို ကောင်းမွန်အောင် ပြုပြင်ထုတ်လုပ်ထားတဲ့ အုတ်ရိုက်စက်တစ်လုံး ပြုလုပ် ပြီးစီး၍ ကုန်ကျစရိတ်မှာ ကျပ်ငွေ တစ် ဆယ့်ငါးသိန်းသာ ကုန်ကျမှုရှိကြောင်း၊ ပုသိမ်မြို့ မဉ္ဇူလမ်း၊ အမှတ် (B-24) တွင် M တံဆိပ် ကွန်ကရစ်အုတ်များ ပြုလုပ် ရောင်းချပေးလျက်ရှိကြောင်း အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းရှင် ဦးအောင်ကျော်မင်းမှ ပြောကြားပါ တယ်။ မင်းမင်းဦး
ဒီတစ်ပတ်တန်ချိန် ငါးရာကျော်တင်သွင်း သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာကာလအတွင်း နို့ဆီ၊နို့စိမ်းတန်ချိန် ၅၁၃ ဒသမ ၁၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိုကေတံဆိပ် နို့ဆီတန် ချိန် ၄၀၈ ဒသမ ၁၉ နဲ့ ဒွန်းနို့စိမ်းတန် ချိန် ၁၀၄ ဒသမ ၉၂ တန် မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် နှစ်ရာ့ခြောက်ဆယ်ကျော် တင်သွင်းခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှာ အရင် တစ်ပတ်တန်ချိန်ထက် တစ်ဆကျော်ပိုမို ပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့စိမ်းက ယခင်သီတင်းပတ်တန်ချိန် အတိုင်း ၁၀၄ ဒသမ ၉၂ တန် တင် သွင်းခဲ့ပါတယ်။ ဒါကြောင့် ယခင်တစ်ပတ်က နို့ဆီ၊ နို့စိမ်းစုစုပေါင်း တန်ချိန် သုံးရာ့ခြောက်ဆယ်ကျော် တင်သွင်းခဲ့ ပေမဲ့ ဒီတစ်ပတ်မှာယခင်တစ်ပတ်ထက် တန်ချိန် တစ်ရာ့လေးဆယ်ကျော် ပိုမို တင်သွင်းနိုင်တာ တွေ့ရပါတယ်။ နို့မှုန့်က သြစတြေးလျ၊ ထိုင်း၊ စင်ကာပူနဲ့ ဂျပန်စတဲ့နိုင်ငံစုံက မှာယူတင် သွင်းခဲ့တာ တန်ချိန် ၅၆ ဒသမ ၁၈ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်ရာကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာ နို့မှုန့်အဝင်လျော့နည်းပြီး တင် သွင်းခဲ့ပါတယ်။MIRT (DOT) နို့ဆီအသွင်းပို၊ နို့စိမ်းပုံမှန်သွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၁၇၅၀၀ တန်ဖိုးရှိ နို့ဆီ ၁၈ ဒသမ ၉၆ တန် (၁၀၀၀ တာ)နဲ့ ကန်ဒေါ်လာ ၅၂၅၀ တန်ဖိုးရှိ နို့စိမ်း ၅ တန် ကျော် (၃၀၀ တာ) ကို နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက နို့ဆီ ၄ တန်ခန့် (တာ ၂၀၀) အသွင်းပိုခဲ့ပြီး နို့စိမ်းတင်သွင်း မှုကတော့ ယခင်အပတ်ကထက် တန် ၅၀ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း (နို့ဆီ) ၆၈၀ ၇၀၀ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ဝမ်းတီးနို့ဆီ ၇၀၀ ၇၀၀အိုကေ(နို့ဆီ) ၆၅၀ ၆၇၅အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅Lucky Cow ၅၈၀ -(နို့စိမ်း)MIRT(DOT)
ဘိလပ်မြေတန်ချိန် ခြောက်သောင်းကျော်ဝင် ဒီသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၆၃၅၅၅ ဒသမ ၂၁ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနှစ်သိန်း ကျော်ဖိုးကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ဘိလပ်မြေက ထိုင်းနိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေနဲ့ အခြားတံဆိပ်ဘိလပ်မြေတန်ချိန် ၅၅၄၉၃ ဒသမ ၇၈ ၊ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၁ ဒသမ ၄၃ နဲ့ စင်ကာပူနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၈၀၅၀ ကို တင်သွင်းခဲ့ပါတယ်။ ဒါကြောင့် ဒီသီတင်းပတ်မှာ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေကို အများဆုံးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် တန်ချိန် သုံးသောင်း နီးပါး သွင်းအားကောင်းကောင်းနဲ့ တင်သွင်းခဲ့တဲ့ဘိလပ်မြေက ဒီတစ်ပတ်မှာ ပိုမို အားကောင်းစွာနဲ့ တင်သွင်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၁၀၀၀ ကျော် ယခင်အပတ်ထက်အသွင်းပို နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း များဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်၊ ချင်းရွှေဟော်နဲ့ မောင်တော နယ်စပ် များမှ ကန်ဒေါ်လာ သုည ဒသမ ၂၁၁ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၁၅၈ တန် ခန့်အသွင်းရှိခဲ့ရာ ယခင်အပတ် တင်သွင်းမှုထက် ၁၀၄၆ တန် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းတဲ့ ပမာဏတွေကတော့ ကန်ပိုက်တီးမှ ၁၀၃၀ တန်၊ တာချီလိတ်မှ ၉၂၅ တန်ခန့်၊ မြိတ်မှ ၁၁၇ တန်ခန့်၊ ချင်း ရွှေဟော်မှ တန် ၅၀ နဲ့ မောင်တောမှ ၃၆ တန် အသီးသီးတင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၆၅၀ ၄၆၅၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၀၀ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၃၅၀ ၄၃၅၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၇၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၃၀၀ ၅၂၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၈၀၀ ၄၅၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၂၀၀ ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၄၇၀၀ ပဲခူးတိုင်းဒေသကြီး ဘိလပ်မြေ(ကြံ့) မြိုင်ကလေး ၄၂၀၀ ၄၂၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(စိန်) ထိုင်း ၅၂၀၀ ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၇၀၀ ၆၆၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၂၀၀ ၅၃၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄၀၀ ၅၄၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၅၀၀ ၃၅၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၃၀၀ ၅၃၀၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၅၀၀ ၅၄၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၂၀၀ MIRT (MAPT)
ဘူဂေးရီးယား၊ နယ်သာလန်နှင့် ဗီယက်နမ်မှ မြေသြဇာဝင် နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၅၉၆ ဒသမ ၆၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းနီးပါးဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ အာမိုမြေသြဇာ ၆၀ တန်နဲ့ အမိုင်နိုအက်ဆစ် သုည ဒသမ ၃၅ တန်၊ ဘူဂေးရီးယားမှ မြေသြဇာ တန်ချိန် ၁၀၀၊ နယ်သာလန်မှ ကွန်ပေါင်းမြေသြဇာ ၇၅ တန်၊ ဗီယက်နမ်နိုင်ငံမှ မြေသြဇာ ၃၀၇ ဒသမ ၅၀ တန်၊ မလေးရှားနိုင်ငံမှ မြေသြဇာ ၃ ဒသမ ၇၅ တန် နဲ့ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၅၀ အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်တန်ချိန် တစ်ထောင့်လေးရာကျော်တင်သွင်းနိုင်ပေမဲ့ ဒီသီတင်းပတ်မှာ ခြောက်ရာနီးပါးသာ တင်သွင်းနိုင်ခဲ့လို့ ဒီတစ်ပတ်ဓာတ်မြေသြဇာအဝင်က ယခင် တစ်ပတ်ထက် အဝင်အားလျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ဓာတ်မြေသြဇာ တန် ၁၇၀၀၀ ကျော်သွင်း နယ်စပ်ကုန်သွယ်ရေးစခန်များဖြစ်တဲ့ မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင် တောနယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၅၃၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၇၅၂၇ တန်ကို နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း အသွင်းရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုထက် တန်ချိန် ၅၈၈၉ တန်ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာတင်သွင်းတဲ့ ပမာဏများကတော့ မူဆယ်မှ ၁၇၀၇၁ တန်၊ ရိဒ်မှ ၂၆၄ တန်ကျော်၊ မောင်တောမှ ၁၄၆ တန်ကျော်နဲ့ ကော့သောင်းမှ ၄၅ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ တီစူပါ၊ Sulphur Coated Urea ၊ ကွန်ပေါင်း (၁၀း၁၀း၅) နဲ့ (၁၅း၅း၅) ၊ ၁၅း ပတ်လည်နဲ့ အမိုးနီး ယမ်းနိုက်တြိတ်တို့ဖြစ်ပြီး ရိဒ်မှ ယူရီးယား၊ ကော့သောင်းနဲ့ မောင်တောတို့မှ အမိုးနီးယမ်း နိုက်တြိတ်တို့ တင်သွင်းကြတာ ဖြစ်ပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ပြောင်းလဲမှုယခုအပတ် ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(ရွှေတောင်-တရုတ်) ၂၃၀၀၀ ၂၂၀၀၀ ယူရီးယား(နေရွက်လှေ-တရုတ်) - ၂၂၀၀၀ -- ပိုတက် (ကနေဒါ) - ၂၈၅၀၀ ပိုတက် (ထိုင်း) ၃၈၀၀၀ ၃၈၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်)၂၀၆၀၀ ၂၀၆၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၆၀၀ ၂၀၆၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၀၀၀ ၂၈၀၀၀ အာမို(ဒိုင်းမွန်းစတား) ၃၇၀၀၀ ၃၇၅၀၀ ပဲခူး ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ ယူရီးယား (ပုလဲ-ပန်းဖူး) ၂၂၅၀၀ ၂၂၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀ ၂၁၀၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)၂၀၅၀၀ ၂၀၅၀၀ တီစူပါ-(တရုတ်) 12% ၁၀၀၀၀ ၁၀၅၀၀ တီစူပါ-(တရုတ်) 16% ၁၀၅၀၀ ၁၀၀၀၀ တီစူပါ 15:15:15 (တရုတ်) ၃၄၀၀၀ ၃၇၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၀၀၀ ၁၆၅၀၀ ပိုတက် (တရုတ်)၂၅၀၀၀ ၂၃၅၀၀၀ ဓာတ်ဆား (တရုတ်) ၁၈၀၀၀ ၁၈၀၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆၅၀၀ ၃၆၅၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၁၅၀၀ ၃၁၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၃၁၀၀၀ ၃၁၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၈၅၀၀ ၂၈၅၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၀၀၀ ၁၃၀၀၀ MIRT (MAPT)
ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးကို ဦးတည်လျက်ဖြေလျော့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ် ဇူလိုင် ၁ ရက်မှစပြီး ပို့ကုန်များအပေါ် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ် ငန်းခွန် ငါးရာခိုင်နှုန်းသာပေးဆောင်ဖို့ လျှော့ပေါ့သတ်မှတ်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံရဲ့ အဓိကပို့ကုန် ခုနစ်မျိုးဖြစ်တဲ့ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများ (ကန့်သတ်ကုန်ပစ္စည်းများ မှအပ) တို့အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ကို ၁၄-၂-၂၀၁၂ နေ့အထိ ခွင့်ပြုပေး ခဲ့ပါတယ်။ CMP လက်ခစားစနစ်အပေါ် ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ကိုလည်း ၁၈-၂-၂၀၁၂ နေ့အထိ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။ ထပ်မံပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ပြည်ပသို့ ဆားတင်ပို့မှုအပေါ် ကုန်သွယ် လုပ်ငန်းခွန်ကင်း လွတ်ခွင့်ပြုလိုက်ပြီဖြစ်လို့ နှစ်ရာခိုင်နှုန်းသာ ကောက်ခံတော့မယ်ဆိုတဲ့ သတင်းကောင်းကို ကြားသိရပါတယ်။ ဒါကြောင့် ဆားတင်ပို့မှုလုပ်ငန်း ပိုမိုအောင်မြင်တိုးတက်လာပြီး ဆားထုတ်လုပ်သူများရဲ့ လူနေမှုဘ၀ မြင့်မားလာခြင်း၊ ဆင်းရဲမှုလျော့ပါးခြင်းစတဲ့ အလားအလာကောင်းများ ရရှိ တော့မယ့်အကြောင်း ဆားထုတ်လုပ်သူများနဲ့ ဆားတင်ပို့သူများ ကို အသိပေးလိုက်ပါတယ်။ ဒေါက်တာခင်ဦးမေ
ပြောင်းအပြင် ပဲနဲ့နှမ်းများကိုလည်း ဖောက်စစ်ပေးစေလိုတဲ့ဆန္ဒ မူဆယ်ကုန်သည်များမှာ ရှိနေတယ်လို့ ကုန်စည်ဒိုင်မှူး ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။ ယင်းကိစ္စနဲ့ပက်သက်ပြီး မူဆယ်စခန်း တာဝန်ခံက ပဲပြောင်းနှမ်း ကုန်စည်ဒိုင်မှာ ပြောင်းအပြင် အခြားပဲနဲ့ နှမ်းများပါ ဈေးကွက်ဖြစ်ပေါ်အောင် ကြိုးစားဖို့လိုအပ်ကြောင်း၊ ပြောင်းဈေးကွက် မိမိဘက်ဖြစ်ပေါ်ရေး ကုန်သည်များကုမ္ပဏီများ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်ကြောင်း၊ နိုင်ငံတော်မှ NGO များကို မြေတောင်မြှောက်ပေးနေချိန်မှာ ဌာနဆိုင်ရာက မူဘောင်နဲ့အညီ ကူညီပံ့ပိုး ပေးနေသလို အသင်းအဖွဲ့များက ကြိုးပမ်းအားထုတ်ကြဖို့လိုကြောင်း ပြော ကြားပါတယ်။ ပဲနှမ်းဈေးများမှာ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးများဖြစ်နေ တဲ့အတွက် နေ့စဉ်တစ်ဘက် ကုန်သည်နဲ့ အမှန်တကယ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းအတိုင်း ဈေးဖွင့်ရန်လိုအပ်ကြောင်း၊ ဝယ်ယူတဲ့ နိုင်ငံမတူလျှင် ဈေးနှုန်းလည်း မတူနိုင်ကြောင်း၊ ဒါပေမဲ့ အမှန်တကယ်ဈေးကွက် မဖြစ်သေးတာကြောင့် ဈေးနှုန်းလည်း မဖွင့်နိုင်သေးဘဲဖြစ်နေတာလို့ စခန်းတာဝန်ခံ ဦးရန်နိုင်ထွန်းက ဆိုပါတယ်။ ပဲနဲ့နှမ်းကို မိမိဘက်ဈေးကွက်ဖြစ်ပေါ်ရေးအတွက် ကုန်သည်များက ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ ပဲနဲ့နှမ်းကို ပြောင်းကဲ့သို့ ဈေးကွက်ဖြစ်ပေါ်ရေး၊ မိမိအကျိုးစီးပွား တစ်ခုတည်းကို မကြည့်ဘဲ အမျိုးသားအကျိုးစီးပွားကို ကြည့်ရှုရန် လိုအပ်ကြောင်း၊ စည်းလုံးညီညွတ်မှုမရှိဘဲ တစ်ဦးကောင်းမလုပ် ကြရန်နဲ့ တစ်ဖက်ကုန်သည် လာရောက်ဝယ်ယူတဲ့အဆင့်သို့ရောက်ရှိရေး ကုန်စည်ဒိုင်နဲ့ ပူးပေါင်းဆောင် ရွက်ရန်လိုကြောင်းလို့ စခန်းတာဝန်ခံက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။MIRT(DOBT)
ထိုင်းနိုင်ငံရဲ့ အဝတ်အထည်တင်ပို့မှုက နှစ်စဉ် ၇ ဒသမ ၀၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်းတင်ပို့မှုက ကန်ဒေါ်လာ ၂ ဒသမ ၅၄၄ ဘီလီယံ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ အထည်ချုပ်အသင်း Thai Garment Manufacturers Association (TGMA) က နောက်ဆုံးထုတ်ပြန်တဲ့ စာရင်း အင်းတွေအရ သိရှိရပါတယ်။ ဒါပေမဲ့ ယခုနှစ်ဆန်းပိုင်းမှာ တိုးတက်နှုန်းက နှေးကွေးသွားကြောင်းနဲ့ စက်တင်ဘာလက သင်္ဘောတင်ပို့မှုက ၅ ဒသမ ၀၅ ရာခိုင်နှုန်း လျော့ကျကာ ကန်ဒေါ်လာ ၂၇၂ ဒသမ ၆ သန်း ရရှိခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန်ပြည်ထောင်စုက အကြီးမားဆုံးသော ပို့ကုန်ဈေးကွက်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီးစုစုပေါင်းတင်ပို့မှုရဲ့ ၃၅ ဒသမ ၁၁ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိကြောင်း၊ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၅ ဒသမ ၈၃ ရာ ခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်းနဲ့ စက်တင်ဘာလ တစ်လတည်း သင်္ဘောတင်ပို့မှုမှာ ၂၆ ဒသမ ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါတယ်။ အခြားဈေးကွက်တွေအားလုံးကို သင်္ဘော တင်ပို့မှုမှာ သိသိသာသာတိုးတက်ခဲ့ကြောင်းနဲ့ အဓိကမှာ ဂျပန်ကိုတင်ပို့မှုက ဇန်နဝါရီလမှ စက်တင်ဘာ လအတွင်း ၃၆ ဒသမ ၇ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ကြောင်း သိရှိရတယ်။ အီးယူကို တင်ပို့မှုက ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရာမှာ ၃ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနဲ့ စုစုပေါင်းတင်ပို့မှုရဲ့ ၃၀ ဒသမ ၇ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရတယ်။ ဒါပေမဲ့ စက်တင်ဘာလက သင်္ဘောတင်ပို့မှုက ၉ ဒသမ ၂၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်။ အီးယူအတွင်းမှာ ဂျာမဏီက အဓိက ပို့ကုန်ဈေးကွက်ဖြစ်ပြီး ယခုနှစ်မှာ ၁၁၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနဲ့ ဗြိတိန်ကို တင်ပို့မှုက ၅ ဒသမ ၂ ရာခိုင်နှုန်းကျဆင်း သွားခဲ့ကြောင်း သိရှိရပါတယ်။TGMA အသင်း အဆင့်မြင့်ညွှန်ကြားရေး မှူး Mr Yuttana က ဂျပန်ရဲ့ ဈေးကွက်ဝေစုက အခြားနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံမှ ပြောင်းလဲကာ ထိုင်းကို ကုန်အမှာသိသိသာသာတက်သွားခဲ့ကြောင်း ပြောကြား လိုက်တယ်။ Source:.just-style.com, အေးမွန်မွန်လှိုင်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ရွှေလှံကျေးရွာဟာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ရေစကြို မြို့မှ အရှေ့ဘက်ကမ်း သုံးမိုင်ခန့်အကွာတွင် တည်ရှိပါတယ်။ ယင်းရွာမှ ဆန်ကောလုပ်ငန်းဟာ မိရိုးဖလာ စဉ်ဆက်မပြတ် ပြုလုပ်တဲ့လက်မှုလုပ်ငန်းဖြစ်ပြီး ရွှေလှံကျေးရွာထွက် ကုန်ပစ္စည်း များမှာ ဆန်ကော၊ ဆန်ကာ၊ ဆန်ကာခုံး၊ ရေအိုးဖုံး၊ ထမင်းစား ပွဲအုပ်၊ ကလေးပုခတ်၊ ဈေးရောင်းခံတောင်းတို့ ဖြစ်ပါတယ်။ ရွှေလံှကျေးရွာမှာ အိမ်ခြေပေါင်း ၇၀၀ ကျော်ရှိပြီး တောင်သူလုပ်ကိုင်သူ နည်းပါးပြီး၊ ဆန်ကောလုပ်ကိုင်သူ တစ်ရွာလုံး နီးပါးရှိကြောင်း သိရပါတယ်။ တောင်သူလုပ်ကိုင်သူ တချို့ မိသားစုများက နံနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ တောင်သူလုပ်ငန်း လုပ်ပြီး နေ့ပိုင်းနဲ့ ညပိုင်းချိန်များမှာသာ ဆန်ကောလုပ်ငန်းကိုလုပ်ကိုင်ကြပါတယ်။ " ကျွန်တော်တို့ရွာက ဆန်ကောလုပ်ကိုင်သူ တစ်ရွာလုံးနီးပါးပါ ပဲ။ ကလေးကအစ လူကြီးများမကျန်ပေါ့။ လိုအပ်တဲ့ ကုန်ကြမ်းက တော့ ဝါးနဲ့ ကြိမ်ပါပဲ။ ဒီကုန်ကြမ်းက အထက်ပိုင်း ခန္တီး၊ ကသာ၊ ထီးချိုင့်တို့က ဝါးဖောင်၊ ကြိမ် ဖောင်တွေနဲ့ စုန်ဆင်းယူရပါတယ်။ ဆန်ကောကို အချော၊ အကြမ်း နှစ်မျိုးလုပ်ပါတယ်။ မြင်းခြံသုံး အချော၊ ရေစကြိုသုံး (ထန်းလျက်၊ တောင်းအုပ်) အကြမ်းတွေပါ။ ငွေကြေးတတ်နိုင်သူများက ရွာထဲက ထွက်ကုန်တွေကို ဝယ်ယူစု ဆောင်းရောင်းချခြင်း၊ နယ်လှည့်ရောင်းသူများကို အဟောင်းပေး အသစ်ယူ စနစ်နဲ့ပေးခြင်း၊ ငွေထုတ်ပေးပြီး ကုန် ချောပြန်ယူခြင်း၊ တချို့ကတော့ ကိုယ်တိုင်လုပ်ကိုင်ရောင်းချခြင်းတို့အပြင် ကိုကြီး ကျော်နတ်ပွဲနဲ့ ရေစကြို၊ ပခုက္ကူ၊ မကွေး၊ မြောင်မြို့တို့ရှိ တန်ခိုးကြီး ဘုရားပွဲတော်များ၊ မတ္တရာ၊ ရွှေဘို၊ မုံရွာ၊ ရေဦး၊ တန့်ဆည်မြို့များနဲ့ မန္တလေး၊ မြင်းခြံမြို့များကို တင်ပို့ရောင်းချကြတယ်"လို့ ဒေသခံ ဆန်ကောလုပ်ကိုင်သူ ကိုသိန်းဆွေက ပြောပြပါတယ်။ ရွှေလှံကျေးရွာ ထုတ်ကုန်ပစ္စည်းများဟာ အနားကွပ်များ စိပ်ပြီး၊ သေသပ်ခိုင်ခံ့တာကြောင့် ဝယ်ယူသုံးစွဲသူများ အထူးနှစ် ခြိုက်ကြပြီး ဈေးနှုန်းမှာလည်း ကျပ် ၃၀၀ မှ ၈၀၀၀ ထိရှိကြောင်း သိရပါတယ်။
ဒီတစ်ပတ် မာရီဂိုးနဲ့ ဒွန်းတံဆိပ်များတင်သွင်း သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း နို့ဆီ ၂၆၂ ဒသမ ၃၀ တန်နဲ့ နို့စိမ်း ၁၀၄ ဒသမ ၉၂ တန်၊ တန်ဖိုးအားဖြင့် စုစု ပေါင်း ကန်ဒေါ်လာ သုံးသိန်းခြောက် သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ဒွန်းနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ မာရီဂိုးနို့ဆီ ၁၃၁ ဒသမ ၁၅ တန်တင်သွင်းပြီး ဒွန်းတံဆိပ်နို့စိမ်း ကို ၁၀၄ ဒသမ ၉၂ တန် တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းနှစ်ပတ် ဆက် တိုက်အဝင်ပျောက်ခဲ့တဲ့ နို့စိမ်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းတာဖြစ်ပါတယ်။ နို့ဆီက ယခင်သီတင်းပတ် တန်ချိန် တစ်ရာကျော်သာ တင်သွင်းနိုင်ခဲ့ပေမယ့် ဒီတစ်ပတ်မှာ ပြီးခဲ့တဲ့ တစ်ပတ် ထက် တန်ချိန် တစ်ရာ့ငါးဆယ်ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ နို့ဆီ၊ နို့စိမ်း အဝင်ပိုခဲ့ပါတယ်။ နို့မှုန့်က နယူးဇီလန်မှ ၁၁၄ ဒသမ ၂၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခြောက်သောင်းကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် ၉၀ ကျော်သာ အဝင်ရှိခဲ့လို့ ဒီတစ်ပတ်မှာ နို့မှုန့်အဝင်ပိုခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်းအသွင်းပိုမို မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၁၄၁၀၀ တန်ဖိုးရှိ နို့ဆီ ၁၅ တန် (၈၀၀ တာ)နဲ့ ကန်ဒေါ်လာ ၆၀၄၅၀ တန်ဖိုးရှိ နို့စိမ်း ၆၃ တန် (၃၃၀၀တာ)အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် နို့ဆီ ၁ တန်ခွဲကျော်နဲ့ နို့စိမ်း ၄၄ တန်ကျော် အသွင်းပိုခဲ့တယ် လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှ နို့မှုန့် အသွင်းတန့်နေတာ တစ်လကျော်ရှိနေပြီ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်း နို့ဆီလက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း (နို့ဆီ) ၆၈၀ ၇၀၀ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ဝမ်းတီးနို့ဆီ ၆၅၀ ၆၇၅အိုကေ(နို့ဆီ) ၆၅၀ ၆၇၅အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅Luckey Cow ၅၈၀ -(နို့စိမ်း)MIRT (DOT)
ဒီတစ်ပတ် ဆင်တံဆိပ်တစ်မျိုးတည်းသာဝင် နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၉၅၆၃ ဒသမ ၂၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၅ သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ်မြေတစ်မျိုးတည်းသာ တင်သွင်းတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်သောင်းခုနစ်ထောင် ကျော် တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာ တန်ချိန်သုံးသောင်းနီးပါး တင် သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်လောက် ပိုမိုတင်သွင်းဖြန့်ဖြူးနိုင်တာ တွေ့ရပါတယ်။ MIRT(DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေ အသွင်းလျော့ တာချီလိတ်၊ မြိတ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၉၉ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၁၁၁ တန်ကို နိုဝင်ဘာ ၉ ရက်မှ ၁၅ အထိကာလအတွင်း အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၃၃၀ ခန့် လျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခုအပတ်မှာ ယခင် အပတ်က အသွင်းမရှိခဲ့တဲ့ မြိတ်နဲ့ ချင်းရွှေဟော်စခန်းများမှ အသွင်းရှိသော်လည်း တာချီလိတ်၊ ကန်ပိုက်တီးနယ်စပ်များက တင်သွင်းမှုများဟာ ယခင်အပတ်ကထက်တန် ၃၀၀ ကျော် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရပါတယ်။ တာချီလိတ် နယ်စပ် ကုန် သွယ်ရေးစခန်းကတော့ ၎င်းစခန်းအနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီနဲ့ ဆောက်လုပ် ရေးပစ္စည်းများတင်သွင်းနိုင်မှု လျော့နည်းနေတယ်လို့ ဆိုပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၆၅၀ ၄၆၅၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၀၀ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၃၅၀ ၄၃၅၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၆၀၀ ၅၇၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၂၀၀ ၅၃၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၇၀၀ ၄၈၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၂၀၀ ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၉၀၀ ၅၀၀၀ ပဲခူးတိုင်းဒေသကြီး ဘိလပ်မြေ(ကြံ့) မြိုင်ကလေး - ၄၂၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၃၀၀ ဘိလပ်မြေ(စိန်) ထိုင်း - ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၇၀၀ ၆၇၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၂၀၀ ၅၂၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄၀၀ ၅၄၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၅၀၀ ၃၅၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၃၀၀ ၅၃၀၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၃၀၀ MIRT (MAPT)