Background
နို့ဆီ/နို့စိမ်း တန် ၅၀၀ ကျော်ဝင် ဒီသီတင်းဖြစ်တဲ့ ဒီဇင်ဘာ ၄ ရက် မှ ၁၀ ရက်တာ ကာလအတွင်း နို့ဆီ ၂၃၆ ဒသမ ၀၇ တန်နဲ့၊ နို့စိမ်း ၃၀၄ ဒသမ ၇၆ တန် စုစုပေါင်းတန်ချိန် ၅၄၀ ဒသမ ၈၃ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ငါးသိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ OK တံဆိပ် နို့စိမ်းနဲ့ DAWN တံဆိပ်နို့ဆီ ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင် သီတင်းပတ် အဝင်ပျောက်ခဲ့တဲ့ နို့စိမ်း က ဒီသီတင်းပတ်မှာ အားကောင်းစွာနဲ့ ဝင်လာတာ တွေ့ရပါတယ်။ ယခင် သီတင်းပတ် တန်ချိန် တစ်ရာ့သုံးဆယ် ကျော်အဝင်ရှိခဲ့တဲ့ နို့ဆီက ဒီတစ်ပတ် မှာ တန်ချိန် တစ်ရာ့ခုနစ်ဆယ်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် နို့ဆီ/နို့စိမ်းအဝင် စုစုပေါင်းတန်ချိန်နဲ့ ကြည့်မယ်ဆိုရင် ဒီတစ်ပတ်မှာ ယခင် အပတ်ထက် တန်ချိန် သုံးရာ့ခုနှစ်ဆယ် ကျော်လောက် အဝင်ပိုခဲ့ပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ စပိန်၊ USA၊ နယူးဇီလန်နဲ့ ထိုင်းနိုင်ငံတို့မှ မှာယူတင် သွင်းခဲ့ပါတယ်။ ဝင်လာတဲ့တန်ချိန်များ မှာ ၃၃ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းခုနစ်သောင်း နီးပါးဖိုးဖြစ်ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ရာ့လေးဆယ်ကျော် အဝင် ရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ သုံးဆယ့်သုံး တန်ကျော်သာ အဝင်ရှိခဲ့လို့ ဒီသီတင်း ပတ်မှာ နို့မှုန့်အဝင် လျော့နည်းခဲ့ပါ တယ်။ MIRT (DOT)နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းရှိဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၃၇၀၀ တန်ဖိုးရှိ နို့ဆီ ၃ ဒသမ ၇၉ တန် (တာ-၂၀၀) နဲ့ ကန် ဒေါ်လာ ၆၈၃၀၀ တန်ဖိုးရှိ နို့စိမ်း ၇၂ တန်(တာ-၃၈၀၀)အသွင်းရှိခဲ့ရာ ယခင် အပတ်ကထက် နို့ဆီ ၁၁ တန်ကျော်နဲ့ နို့စိမ်း ၆၂ တန်ကျော် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၈၈၂၆၀ ကျော် တန်ဖိုးရှိ နို့မှုန့် ၃၁ တန်အသွင်းရှိခဲ့ပြီး ယခင် အပတ်ကတော့ နို့မှုန့်တင်သွင်းခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။ ကော့သောင်း နယ်စပ်မှာ နို့ဆီ ၁ တာကို ၂၆၈၀၀ ကျပ်နဲ့ နို့စိမ်း ၁ တာ၂၇၈၄၀ ကျပ် ဈေးပေါက်တယ်လို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) ၆၈၀ ၇၀၀ ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ ဝမ်းတီးနို့ဆီ ၇၀၀ ၇၀၀ အိုကေ(နို့ဆီ) ၆၅၀ ၆၇၅ အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅MIRT(DOT)
ထိုင်းဘိလပ်မြေတန်ချိန် နှစ်သောင်းနီးပါးဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း တန်ချိန် ၁၉၃၄၅ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခြောက် သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ထိုင်းနိုင်ငံထုတ် ဘိလပ် မြေတစ်မျိုးသာ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၇၄၀၀ နဲ့ တခြားတံဆိပ်ဘိလပ်မြေက တန်ချိန် ၁၁၉၄၅ တင်သွင်းခဲ့ပါတယ်။
ဒီတစ်ပတ် မြေသြဇာအဝင်အေးဒီသီတင်းပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၀ ရက်ကာလအတွင်း ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဓာတ်မြေသြဇာ တန်ချိန် ၇၃၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းရှစ်သောင်းကျော်ဖိုး တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဘူဂေးရီးယားနိုင်ငံမှ မြေသြဇာတန်ချိန် ၂၅၀ နဲ့ တရုတ်နိုင်ငံမှ အာမိုဓာတ်မြေသြဇာ တန်ချိန် ၅၀၀ တို့ဖြစ်ပါတယ်။
နို့ဆီအဝင် ပုံမှန်ရှိပြီး နို့စိမ်းအဝင်အေးလာ ပင်လယ်ရေကြောင်းလမ်းမှ ပြည် တွင်းကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်တာကာလအတွင်း နို့ဆီ ၁၃၁ ဒသမ ၁၅ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ တစ်သိန်းသုံးသောင်းကျော် ဖိုးကိုတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် တန်ချိန် နှစ်ရာ့သုံးဆယ်ကျော်ဝင် ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တန်ချိန် တစ်ရာ့ သုံးဆယ်ကျော်သာ ဝင်ခဲ့တာကြောင့် ဒီသီတင်းပတ် နို့ဆီအဝင် တန်ချိန် တစ်ရာနီးပါး လျော့နည်းခဲ့ပါတယ်။
ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေ ဆက်တိုက်ဝင်ဒီသီတင်းပတ်မှာလည်း ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေများ ဆက်တိုက်ဝင်နေ ပါတယ်။ ဒီတစ်ပတ်မှာ သြကညအငေည ဘိလပ်မြေနဲ့ အခြားတံဆိပ်ဘိလပ်မြေများ တန်ချိန် ၁၈၀၈၅ ဒသမ ၁၅ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ငါးသိန်း ကျော်ဖိုးကို တင်သွင်းခဲ့တာတွေ့ရပါတယ်။
ထိုင်း၊ ဗီယက်နမ်၊ တရုတ်နိုင်ငံတို့မှ မြေသြဇာမျိုးစုံဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၂၀၃၂ ဒသမ ၅၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းလေးသောင်းကျော်ဖိုး တင်သွင်းခဲ့ပါတယ်။
ရှမ်းပြောင်းတွေလည်း ဈေးကွက်ကို အဝင်များနေပါပြီ။ အောက်တို ဘာလအထိ ပြောင်းသစ်တွေက အစိုဓာတ်ကြောင့် ဝယ်ယူမှုနည်းပြီး၊ လက်ကျန်အဟောင်းတွေသာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဒီနှစ်ပြောင်း အထွက်က မနှစ်ကလိုပဲ ပုံမှန်သာရှိပါတယ်။ ဒါပေမယ့် ဒီနှစ်က သယ်ယူခ တွေ ဈေးမြင့်တာကြောင့် ဝယ်ဈေးကိုချပြီး၊ ဝယ်ယူနေရတယ်လို့ သိရပါတယ်။ နယ်အစုံကထွက်ပြီဖြစ်လို့ ဈေးကွက်ကို အဝင်များလာပြီး၊ တစ်ရက် ကို ပိဿာချိန် တစ်သိန်းကျော်ဝင်တယ်လို့ သိရပါတယ်။ အစိုဓာတ် အနည်း ငယ်ကျန်နေသေးတာကြောင့် လှောင်လက်တွေ ဝယ်မလှောင်သေးပေမယ့် အစာစပ်ကုမ္ပဏီတွေက ဝယ်ယူနေတာရယ်။ ရန်ကုန်၊ မန္တလေးဝယ်လက် တွေ ဝယ်ယူနေတာကြောင့် အရောင်းသွက်နေပြီး တစ်ပတ်ကို ပိဿာချိန် ၁၀ သိန်းခန့်အရောင်းအဝယ်ဖြစ်နေပါတယ်။ စပေါ်ကာစ စက်တင်ဘာလ မှာ ပြောင်းအသစ်က တစ်ပိဿာ ၂၀၀ ကျပ်နဲ့ ဈေးကွက်ကိုစဝင်လာပြီး အောက်တိုဘာ၊ နိုဝင်ဘာလလယ်အထိ ဈေးက တစ်ပိဿာ ၂၁၀ ကျပ် - ၂၂၀ ကျပ်ဈေးနဲ့သာ ပတ်ချာလည်ရှိနေပါ တယ်။ နိုဝင်ဘာလကုန်လောက်မှာတော့ ဈေးအနည်းငယ်တက်လာပြီး၊ လက်ရှိ တစ်ပိဿာပေါက်ဈေးက ၂၂၅ ကျပ်- ၂၃၀ကျပ် ဈေးရှိလာပါတယ်။ အစိုဓါတ်ကုန်ပြီး ပြောင်းခြောက်ချိန်ရောက်တဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီ လတွေဆိုရင် လှောင်လက်တွေဝယ်ရင်တော့ ဒီ့ထက်ဈေးတက်နိုင်တယ်လို့ ပဲ၊ ပြောင်းလုပ်ငန်းရှင်တွေထံမှ သိရပါတယ်။ ဧဧခိုင်
မန္တလေး နှမ်းဈေးကွက်တွင်းကို ကျောက်ဆည်၊ စဉ့်ကိုင်၊မြစ်သား၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပခုက္ကူ၊ မြောင်မြို့နယ်များမှ နှမ်းဖြူဝင်ရောက်ပါတယ်။ မန္တလေးကုန်စည်ဒိုင်ရဲ့ ယခင်အပတ် နှမ်းဖြူ တစ်ပိဿာ ၁၅၁၁ ကျပ် - ၁၅၅၆ ကျပ် - ၁၅၇၈ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ပြီး ယခုအပတ်မှာလည်း ၁၅၂၂ ကျပ် - ၁၅၅၆ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်လို့ ဈေးငြိမ်တယ်လို့ ဆိုရပါမယ်။ ယခင် အောက်တိုဘာလမှာ နှမ်းဖြူတစ်ပိဿာကို ၁၆၀၀ ကျပ် - ၁၆၂၂ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုလနှမ်းဖြူဈေးဟာ ယခင်လနဲ့ နှိုင်း ယှဉ်ပါက ဈေးအေးသွားတာကို တွေ့ရပါတယ်။ ဈေးအေးနေပေမယ့် တရုတ် ဝယ်လက်မှ ပုံမှန်အရောင်းအဝယ်ရှိပါတယ်။ ဒေသတွင်း နှမ်းအခွံချွတ်စက် များမှလည်း ဝယ်ယူအခွံချွတ်ပြီး (တန်ဖိုးမြှင့်ထုတ်ကုန် သီးနှံ) တင်ပို့ရောင်းချ ကြောင်း သိရပါတယ်။ ၁၆ မိုင် စစ်ဆေး ရေးဂိတ်မှ အောက်တိုဘာလမှာ နှမ်းဖြူ၆၆၆၄ တန်ခန့် စီးထွက်သွားလို့ တစ်ရက်ကို ပျမ်းမျှ ၂၁၅ တန်ခန့် စီးထွက် သွားပြီး၊ ယခုနိုဝင်ဘာ ၂၇ ရက်အထိ ၂၈၂၅ တန်ခန့် စီးထွက်သွားလို့ တစ်ရက်ကို ပျမ်းမျှ ၁၀၅ တန်ခန့် စီးထွက် သွားကြောင်း သိရပါတယ်။ နိုဝင်ဘာလ ကုန်ထိ နှမ်းဖြူတန် ၃၁၄၀ ခန့် စီးထွက် သွားနိုင်ကြောင်း ခန့်မှန်းရပါတယ်။ ဈေးငြိမ် ဈေးအေးနေပေမယ့် တရုတ်ဝယ်လက်မှ ပုံမှန်အရောင်းအဝယ် ဆက်လက်ဖြစ်နေမှာဖြစ်ကြောင်း၊ နှမ်းအခွံချွတ်များလည်း တင်ပို့ရကြောင်း နှမ်းကုန်သည်ကြီးတစ်ဦးမှ ပြောကြား ကြောင်း သိရပါတယ်။ နှမ်းနက်ကတော့ မြင်းမူ၊ ချောင်းဦး၊ ဝက်လက်၊တောင်တွင်းကြီး၊ နတ်မောက် စတဲ့ဒေသများမှ ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်က နှမ်းနက် တစ်ပိဿာ ၁၆၄၄ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုအပတ် မှာ ၁၇၇၈ကျပ်-၁၉၃၃ကျပ်နဲ့ အရောင်းအဝယ်ဖြစ်လို့ ဈေးမာလာတာကို တွေ့ရပါတယ်။ ၁၆ မိုင် စစ်ဆေးရေးဂိတ်မှ အောက်တိုဘာလအတွင်း ၅၈၈၆ တန် ခန့်အထွက်ရှိတာကြောင့် တစ်ရက်ကို ၁၉၀ တန်ခန့်စီးထွက်သွားပြီး ယခုနိုဝင် ဘာလ ၂၇ ရက်ထိ ၃၂၀၄ တန်ခန့် အထွက်ရှိလို့ တစ်ရက်ကို ၁၂၀ တန်ခန့် စီးထွက်သွားတာကို တွေ့ရပါတယ်။ နှမ်းညိုများ အထွက်ရှိသော်လည်း နည်းပါးကြောင်း၊ ဒေသတွင်းဆီစက်များမှ ပုံမှန်ဝယ်ယူကြိတ်ခွဲတာကို တွေ့ရပါ တယ်။ နှမ်းနက်မှာ ဈေးအေးဈေးငြိမ်ပြီး၊ အရောင်းအဝယ်မှာလည်း ပုံမှန်မျှသာရှိ ကြောင်း၊ တရုတ်ဝယ်လက်မှလည်း ပုံမှန် အရောင်းအဝယ်ရှိသော်လည်း ဝယ်ယူမှုကျဆင်းကြောင်း၊ ဝယ်လက်ရဲ့ ဈေးအပေါ်မူတည်ပြီး အရောင်းအဝယ် ပြုလုပ်ကြရကြောင်း၊ ပဲ၊ ပြောင်း၊ နှမ်း ကုန်သည်တစ်ဦးမှ ပြောကြားပါတယ်။ နိုဝင်ဘာလကုန်ထိ နှမ်းနက် ၃၆၀၀ တန်ခန့် စီးထွက်သွားနိုင်လို့ ယခင် အောက်တိုဘာလနဲ့ နှိုင်းယှဉ်ရင် ၂၃၀၀ တန်ခန့် အပို့လျော့နိုင်ကြောင်း လေ့လာသုံးသပ်ရပါတယ်။ စိုးအောင်-လွင်အေး
တစ်ပတ်အတွင်း ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော်ဝင်် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၇၃၃၀၄ ဒသမ ၄၁ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်ဆယ့်သုံးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၆၂၉ ဒသမ ၅၀ ၊ ဆင်တံဆိပ်ဘိလပ်မြေ ၆၃ တန်နဲ့ အခြားတံဆိပ်ဘိလပ်မြေမျိုးစုံ ၇၁၆၁၁ ဒသမ ၉၁ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် ခြောက်သောင်းကျော် တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီသီတင်းပတ် ဘိလပ်မြေအဝင်နဲ့ ယှဉ်ရင် တန်ချိန် ကိုးထောင်ကျော်လောက် ပိုမို တင်သွင်းခဲ့တာတွေ့ရပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိခဲ့လို့ ဆောက်လုပ်ရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင ်လာကြသဖြင့် ဘိလပ်မြေ ဖြုန်းအားကောင်းခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းထုတ်လုပ်မှုသာမက ပြည်ပ ဘက်မှလည်း အင်တိုက်အားတိုက် မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်ဘိလပ်မြေ အသွင်း တန် ၂၀၀၀ ကျော်ဝင် နိုဝင်ဘာ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ် နယ်စပ်ကုန်သွယ်ရေး စခန်းတွေက ဘိလပ်မြေ ၂၂၈၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၈၄ သန်းဖိုး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ် ကထက် တန် ၁၀၀ ကျော် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ၁၀၅၉ တန်၊ တာချီလိတ်မှ ၁၀၈၀ တန်နဲ့ မြိတ်နယ်စပ်မှ တန် ၁၅၀ တို့ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၆၅၀ ၄၆၅၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၀၀ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၃၅၀ ၄၃၅၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၇၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၂၀၀ ၅၂၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၅၀၀ ၄၄၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၂၀၀ ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၇၀၀ ၄၅၀၀ ပဲခူးတိုင်းဒေသကြီး ဘိလပ်မြေ(ကြံ့) မြိုင်ကလေး ၄၂၀၀ ၄၂၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၅၃၀၀ ၅၄၀၀ ဘိလပ်မြေ(စိန်) ထိုင်း ၅၂၀၀ ၅၃၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၆၀၀ ၆၇၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(မြို့တော်) - ၄၄၀၀ - ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၄၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄၀၀ ၅၁၅၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၅၀၀ ၃၃၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၃၀၀ ၅၂၅၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၄၀၀ ၅၄၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၂၀၀ ၄၂၀၀ MIRT (MAPT)
ဓာတ်မြေသြဇာတန်ချိန် တစ်ထောင့်ကိုးရာကျော်တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ ၁၉၁၄ ဒသမ ၇၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်း သုံးသောင်းကျော်ဖိုးကို ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အစ္စရေးနိုင်ငံမှ ဓာတ်မြေသြဇာ ၁၀၄ ဒသမ ၅၅ တန်၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေ သြဇာ တန်ချိန် ၁၅၃၆ ၊ မလေးရှားနိုင်ငံမှ ဓာတ်မြေသြဇာ ၂၁ ဒသမ ၂၁ တန်၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ် ၂၀၅ တန်၊ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာ ၄၈ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခြောက်ရာနီးပါး တင်သွင်း ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ယခင်တစ်ပတ်တန်ချိန် ထက် ၄ ဆ နီးပါးလောက် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ယခုတစ်ပတ် နယ်စပ်က ဓာတ်မြေသြဇာ ၁၅၀၀၀ ကျော်သွင်း နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ ကော့သောင်းနဲ့ ရိဒ်စခန်းတွေကနေ နိုဝင် ဘာ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း ဓာတ်မြေသြဇာ ၁၅၃၃၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၈၇ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်တင်သွင်းမှု ထက် တန် ၂၀၀၀ ကျော်လျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၅၁၈၇ တန်နီးပါး၊ ကော့သောင်းမှ ၆၂ တန်နဲ့ ရိဒ်မှ ၈၉ တန် အသီးသီးဖြစ်ကြပါတယ်။ ယခုအပတ်မှာ မောင်တောစခန်းကလည်း တင်သွင်းမှုမရှိတာတွေ့ရပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာ တွေကတော့ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်း (၁၀း၁၀း၅)နဲ့ (၁၅း၅း၅)၊ စင်ဂယ် စူပါဖော့စဖိတ်၊ ထရိုင်စူပါဖော့စဖိတ်နဲ့ ယူရီးယားဓာတ်မြေသြဇာတို့ ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ပြောင်းလဲမှုယခုအပတ် ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၀၀၀ ၂၃၀၀၀ - ပိုတက် (ကနေဒါ) ၂၈၅၀၀ ၂၉၀၀၀ ပိုတက် (ထိုင်း) ၃၈၀၀၀ ၃၆၅၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(ရွှေတောင်-တရုတ်) ၂၀၆၀၀ ၂၀၀၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၆၀၀ ၂၀၅၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၀၀၀ ၂၆၀၀၀ အာမို(ဒိုင်းမွန်းစတား) ၃၇၅၀၀ ၃၇၀၀၀ ပဲခူးတိုင်းဒေသကြီး ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ ယူရီးယား (ပုလဲ-ပန်းဖူး) ၂၂၅၀၀ ၂၂၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၀၀၀ ၂၁၀၀၀ တီစူပါ-(တရုတ်) 12% ၁၀၅၀၀ ၁၀၅၀၀ တီစူပါ-(တရုတ်) 16% ၁၁၀၀၀ ၁၁၀၀၀ တီစူပါ 15:15:15 (တရုတ်) ၃၇၀၀၀ ၃၅၅၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၅၀၀ ၁၆၅၀၀ ပိုတက် (တရုတ်) ၂၃၅၀၀ ၂၇၅၀၀၀ ဓာတ်ဆား (တရုတ်) ၁၈၀၀၀ ၁၈၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆၅၀၀ ၃၆၅၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၁၅၀၀ ၃၁၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၃၁၀၀၀ ၃၁၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၈၅၀၀ ၂၈၅၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၀၀၀ ၁၃၀၀၀ MIRT (MAPT)
