Main menu

Background

Sunday, 30 Oct 2011

ဓာတ်မြေသြဇာတန်ချိန် ကိုးရာ့ကိုးဆယ်ကျော်တင်သွင်း                  ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၉၉၀ ဒသမ ၅၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ မလေးရှားနိုင်ငံမှ သြဂဲနစ်မြေသြဇာ သုည ဒသမ ၅၀ တန်၊ ကိုရီးယားနိုင်ငံ မှ ဓာတ်မြေသြဇာ တန်ချိန် ၃၄၀၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းနဲ့ အခြားဓာတ်မြေ သြဇာ တန်ချိန် ၄၀၀နဲ့ ဘူဂေးရီးယားမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၂၅၀ အသီး သီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာက တင်သွင်းမှုမှာ တန်ချိန် ၅၉၀ ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဓာတ်မြေသြဇာ တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်လေးရာကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ် မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင်တောနယ်စပ်စခန်းများမှ ဓာတ်မြေသြဇာအသွင်းရှိ                      အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင်တောနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၈၈၀ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၉၆၄၈ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ရိဒ်နယ်စပ်ပေါက်နှစ်ခုမှသာ အသွင်းရှိခဲ့ပြီး ယခုအပတ်မှာ နယ်စပ်အတော်များများ က အသွင်းရှိတာတွေ့ရပါတယ်။ ဒါပေမဲ့ တန်ချိန်အားဖြင့် ၈၇၅ တန်ခန့် ယခင် အပတ်ကထက် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၉၃၃၇ တန်ကျော်၊ မောင်တောမှ ၁၉၅ တန်ကျော်၊ ကော့သောင်းမှ ၆၄ တန်ကျော်နဲ့ ရိဒ်မှ ၅၁ တန်ကျော် အသီးသီးဖြစ်ပါတယ်။                           မူဆယ်နယ်စပ်မှ ယခုအပတ်အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာများ ကတော့  Urea Compound 10:10:5 ၊ Single Super Phosphate ၊ Ammonium Sulphate ၊ T Super Phosphate ၊ Nitric Phosphate တို့ ဖြစ်ပါတယ်။ ကောင့်သောင်းမှ အမိုးနီးယား၊ မောင်တောမှ ယူရီးယား၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ယူရီးယား တို့ တင်သွင်းကြတာဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း              ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်   တိုင်းဒေသကြီး/ပြည်နယ်                  အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ပြောင်းလဲမှုယခုအပတ်  ရန်ကုန်တိုင်းဒေသကြီး     (မာလာမြိုင်)  ယူရီးယား(နေရွက်လှေ-တရုတ်)   ၂၃၂၀၀    ၂၁၂၀၀    တီဆူပါ (သံကွင်း-တရုတ်)  ၂၈၅၀၀    ၂၇၀၀၀    ပိုတက် (တရုတ်)  ၂၆၀၀၀    ၂၇၀၀၀  မန္တလေးတိုင်းဒေသကြီး  ယူရီးယား(တရုတ်-ရွှေတောင်)  ၂၀၄၀၀   ၂၀၀၀၀   ယူရီးယား(ပန်းဖူး-တရုတ်)  ၂၁၁၀၀  ၂၀၅၀၀   ကွန်ပေါင်း 15:15:15  (တရုတ်)      ၂၆၀၀၀   ၂၈၀၀၀   အာမို(ဒိုင်းမွန်းစတား)   ၃၇၅၀၀   ၃၇၅၀၀  တောင်ငူ   ယူရီးယား (ရွှေတောင်-တရုတ်)       ၂၂၀၀၀   ၂၂၀၀၀   ယူရီးယား (ကမ္ဘာလုံး-တရုတ်)  ၂၂၀၀၀   ၂၂၀၀၀   ကုလားအုတ် (တရုတ်)   ၂၃၅၀၀    ၂၃၅၀၀  တောင်ကြီး  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)  ၂၁၅၀၀   ၂၁၀၀၀   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)      ၂၂၀၀၀   ၂၁၅၀၀   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)  ၂၁၅၀၀   ၂၁၀၀၀   တီစူပါ-(တရုတ်) 12%  ၁၀၀၀၀   ၁၁၀၀၀   တီစူပါ-(တရုတ်) 16%  ၁၁၅၀၀    ၁၁၅၀၀   တီစူပါ 15:15:15  (တရုတ်) ၃၅၅၀၀    ၃၅၀၀၀     တီစူပါ 10:10:5 (တရုတ်) ၁၇၀၀၀   ၁၆၅၀၀   ပိုတက် (တရုတ်) ၂၃၀၀၀   ၂၃၅၀၀   ဓာတ်ဆား (တရုတ်)      ၁၈၀၀၀   ၁၉၀၀၀  မော်လမြိုင်  ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄၀၀၀   ၂၄၀၀၀   ပုလဲ(သေး)(ရွှေပျား 46% တရုတ်)  ၂၄၀၀၀   ၂၄၀၀၀   ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)၂၄၀၀၀   ၂၄၀၀၀   ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15  ၃၅၀၀၀   ၃၅၀၀၀   ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15        ၃၁၀၀၀   ၃၁၀၀၀   ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8     ၂၈၀၀၀     ၂၈၀၀၀   တီစူပါ (တရုတ်) သံကွင်း 46%      ၂၆၀၀၀    ၂၆၀၀၀   တီစူပါ (တရုတ်) မျှားကမ္ဘာ 16%  ၁၃၅၀၀    ၁၃၅၀၀                                                                       MIRT (MAPT)  

Sunday, 30 Oct 2011

နယ်စပ်မှ ဒီဇယ်ဆီဂါလန် ၉၅၀၀၀ နီးပါး ယခုအပတ်မှာ အသွင်းရှိ                      အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ၀ ဒသမ ၃၁၇ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၉၄၉၆၁ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ဒီဇယ်ဆီ ၄၀၅၆၄ ဂါလန်ခန့် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ဓာတ်ဆီကိုတော့ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်မှသာ အသွင်း ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၉၉၅၆ ဂါလန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၀၇၈ ဂါလန် လျော့နည်း တင်သွင်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး                    ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်                                                                                                        အောက်တိုဘာလ ၂၀၁၁ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် နေပြည်တော်     ရန်ကုန်      မန္တလေး     နေပြည်တော်     ရန်ကုန်     မန္တလေး၂၄     ၄၅၀၀              ၄၃၀၀       ၄၂၀၀         ၃၂၀၀             ၃၂၀၀       ၃၂၀၀၂၅     ၄၅၀၀              ၄၃၀၀       ၄၂၀၀         ၃၂၀၀             ၃၂၀၀       ၃၂၀၀၂၆     ၄၅၀၀              ၄၃၀၀       ၄၂၀၀         ၃၂၀၀             ၃၂၀၀       ၃၂၀၀၂၇    ၄၅၀၀               ၄၂၀၀       ၄၁၀၀         ၃၃၀၀             ၃၂၀၀       ၃၂၀၀၂၈    ၄၅၀၀               ၄၂၀၀      ၄၁၀၀          ၃၃၀၀             ၃၂၀၀       ၃၂၀၀               ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်                                                                         အောက်တိုဘာလ၂၀၁၁ (ကျပ်)ရက်    အောက်တိန်း    ဓာတ်ဆီ     ဒီဇယ်    အဆင့်မြင့်ဒီဇယ်၂၄         ၃၇၀၀          ၂၅၀၀       ၃၄၀၀        ၃၆၀၀၂၅         ၃၇၀၀          ၂၅၀၀       ၃၄၀၀       ၃၆၀၀၂၆         ၃၇၀၀          ၂၅၀၀       ၃၄၀၀       ၃၆၀၀၂၇         ၃၇၀၀         ၂၅၀၀       ၃၄၀၀       ၃၆၀၀၂၈         ၃၇၀၀        ၂၅၀၀        ၃၄၀၀       ၃၆၀၀MIRT-DOT

Monday, 24 Oct 2011

                  စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာများ ရာသီကုန်လာပြီဖြစ်တဲ့အတွက် ယခုရက်ပိုင်း ဈေးကျလာတယ်လို့ သိရပါတယ်။ မိုးတွင်းကာလ စိုက်ပျိုးရာသီ အရောင်းသွက်တဲ့ ဓါတ်မြေသြဇာမှာ ယခင်တစ်ပတ်ကအထိ အရောင်းသွက် ဈေးမာခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ တရုတ်ဓာတ်မြေသြဇာ အရောင်းသွက်တဲ့ မန္တလေးဈေးကွက်မှာ တစ်အိတ် ကျပ် ၅၀၀ ဝန်းကျင် ဈေးနှုန်းကျဆင်းကြောင်း သိရပါတယ်။ ဈေးကျလာတဲ့ တရုတ်ဓာတ်မြေသြဇာဈေးများကတော့ ယူရီးယား (ရွှေတောင်)တစ်အိတ် ကျပ် ၂၀၄၀၀၊ ယူရီးယား(ပန်းဖူး)တစ်အိတ် ကျပ် ၂၁၁၀၀၊ တီစူပါ GTSP ၄၆ ရာခိုင်နှုန်း တစ်အိတ် ကျပ် ၂၅၆၀၀၊ တီစူပါ GTSP ၁၆ ရာခိုင်နှုန်းက ကျပ် ၁၀၆၀၀ ဈေးရှိပြီး တီစူပါ GTSP ၁၂ ရာခိုင်နှုန်းက ဈေးကွက်မှာ ပစ္စည်းပြတ်နေကြောင်း သိရပါတယ်။ သင်းသင်းမြတ်

Monday, 24 Oct 2011

OK နို့ဆီနဲ့ DAWN နို့စိမ်းများ တင်သွင်း                   ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်တာ ကာလ အတွင်း နို့ဆီ/စိမ်း ၃၈၆ ဒသမ ၇၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခုနစ်သောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင် သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်တင်သွင်းမှု မရှိခဲ့တဲ့ နို့စိမ်းက ဒီတစ်ပတ်မှ ပြန် လည်တင်သွင်းလာခဲ့တာ ဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့နို့စိမ်းက DAWN တံဆိပ် ဖြစ်ပြီး တန်ချိန်က ၁၃၁ဒသမ ၁၅ တန် ဖြစ်ပါတယ်။ နို့ဆီက ဒီတစ်ပတ်မှာတော့ OK တံဆိပ်နို့ဆီ ၂၅၅ ဒသမ ၆၄ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတန်ချိန် ခြောက်ရာကျော်အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင် တစ်ပတ်ထက် နို့ဆီအဝင်လျော့နည်းခဲ့တာ တွေ့ရပါတယ်။                  နို့မှုန့်က ဒီတစ်ပတ်မှာ သြစတြေးလျ နိုင်ငံမှ ၁၈ တန်ပဲ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်နိုင်ငံစုံမှ တန်ချိန် ခုနစ်ဆယ်ကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ အဝင်လျော့နည်းခဲ့ပါတယ်။ MIRT (DOT)  နယ်စပ်မှယခုအပတ် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းပို                      ကော့သောင်းနယ်စပ်မှ အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလ အတွင်း ကန်ဒေါ်လာ ၀ ဒသမ ၀၅၆ သန်းတန်ဖိုးရှိ နို့ဆီ တန် ၆၀ ကျော် (၃၁၉၄ တာ)နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၈ သန်းတန်ဖိုးရှိ နို့စိမ်း ၆၁ တန်ကျော် (၃၂၃၂ တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ တန် ၄၀ နဲ့ နို့စိမ်း ၆ တန်အသွင်းပိုခဲ့ပါ တယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၂၁ သန်းတန်ဖိုးရှိ နို့မှုန့် ၇ တန် အသွင်းရှိခဲ့ရာ ယခင်အပတ်က ထက် နှစ်တန် အသွင်းပိုမိုခဲ့တာ တွေ့ရ ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                   နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်  နို့ဆီလက်လီဈေး             ကျပ်/တစ်ဘူး                               ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )                ၆၇၀     ၇၀၀ဒွန်း( နို့စိမ်း)                ၆၂၀    ၆၅၀Falcon နို့ဆီ                ၅၃၀     -Falcon နို့စိမ်း              ၄၉၀      -ဝမ်းတီးနို့ဆီ                ၆၅၀   ၆၇၅အိုကေ( နို့ဆီ)             ၆၅၀    ၆၇၅အိုကေ( နို့စိမ်း)           ၆၅၀     ၆၇၅MIRT (DOT)

Monday, 24 Oct 2011

ဘိလပ်မြေတန်ချိန် တစ်သောင်းငါးထောင်ကျော် တင်သွင်း                  ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၅၂၁၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင် သွင်းခဲ့တာက ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများဖြစ်ပါတယ်။ ဆင်တံဆိပ်ဘိလပ်မြေ ၃၁၅ တန်၊ စိန်တံဆိပ်ဘိလပ်မြေ ၁၀၅၀၀ တန်နဲ့ အခြားတံဆိပ်ဘိလပ်မြေ ၄၄၀၀ တန် အသီးသီးမှာယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ခါတင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေ ထဲမှာ စိန်တံဆိပ်ဘိလပ်မြေက တန်ချိန်အများဆုံး တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်မှာ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ၇၄၀၀ သာ ရှိခဲ့တာကြောင့် ဒီသီတင်းပတ်မှာ ယခင်တစ်ပတ် ဘိလပ်မြေတင်သွင်းခဲ့တဲ့ တန်ချိန်ထက် ၂ ဆ ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ယခုအပတ် ဘိလပ်မြေအသွင်းပိုမို                     အောက်တိုဘာ ၁၂ ရက်မှ ၁၈ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ထိုင်းနယ်စပ်ရှိ တာချီလိတ်နဲ့ မြိတ်နယ် စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၇၅ သန်းတန်ဖိုးရှိ ဘိလပ် မြေ ၁၇၈၆ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကတော့ ဘိလပ်မြေ ၈၁၂ တန်သာအသွင်းရှိခဲ့တာမို့ ယခုအပတ်မှာ ၉၇၄ တန်တင်သွင်းမှု ပိုမိုခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ၈၁၅ တန်၊ တာချီလိတ်မှ ၅၅၆တန်ကျော်နဲ့ မြိတ်မှ ၄၁၅ တန်ခန့် အသွင်းရှိခဲ့တာ ဖြစ်ပါတယ်။ ကန်ပိုက်တီးမှတင်သွင်းတဲ့ ဘိလပ်မြေတွေက Port Land တံဆိပ်၊ တာချီလိတ်မှ တင်သွင်းတဲ့ ဘိလပ်မြေတွေကတော့ ငှက်၊ ကျားနဲ့ TPI တို့ ဖြစ်ကြပါတယ်။MIRT (DOBT)  ပြည်တွင်းဈေးကွက် ဈေးနှုန်း              ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်  တိုင်းဒေသကြီး/ ပြည်နယ်   အမျိုးအစား           ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း  ၄၇၀၀ ၄၈၀၀  (လက်ကား)  ဘိလပ်မြေ (စိန်)  ၄၆၀၀ ၄၇၀၀   ဘိလပ်မြေ (မောင်းတိန်း)  ၄၆၀၀ ၄၆၀၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၉၀၀  ၅၈၀၀   ဘိလပ်မြေ (AAA)  ၅၁၀၀  ၅၃၀၀   ဘိလပ်မြေ(မြန်မာဆင်)  ၄၉၀၀  ၄၈၀၀   ဘိလပ်မြေ(ဆင်မင်း)  ၄၁၀၀ ၄၄၀၀   ဘိလပ်မြေ(ကျားခေါင်း)  ၅၁၀၀  ၅၁၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၂၀၀ ၄၂၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း  ၅၅၀၀ ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း  ၆၀၀၀  ၆၀၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၅၀၀ ၄၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း  ၆၅၀၀ ၆၇၀၀   ဘိလပ်မြေ(ခြင်္သေ့)  ၅၃၀၀ ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)  ၅၅၀၀ ၅၅၀၀   ဘိလပ်မြေ(နဂါး)  ၅၃၀၀ ၅၂၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၄၀၀  ၅၃၅၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး  ၃၇၀၀  ၃၅၅၀၀   ဘိလပ်မြေ(စိန်)ထိုင်း  ၅၂၅၀ ၅၂၅၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း  ၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၃၀၀  ၄၅၀၀                                                                       MIRT (MAPT) 

Tuesday, 18 Oct 2011

                 ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုရင် မန္တလေးမြို့တွင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ကထိန်ပွဲတော်ကို စည်စည်ကားကား ကျင်းပတာ နှစ်စဉ်နှစ်တိုင်းဖြစ်ပါတယ်။ ယခုလိုရာသီမှာ ဘုန်းတော်ကြီးကျောင်းများအတွက် လိုအပ်တဲ့ ပစ္စည်းနဲ့ ရဟန်းသံဃာများအသုံးပြုရန်အတွက် စောင်၊ ခြင်ထောင်၊ တဘက်စတဲ့ ပစ္စည်းများကို လှူဖွယ်ပစ္စည်း အဖြစ် လှူဒါန်းကြ ပါတယ်။                ဈေးကွက်မှာဝင်ရောက်နေတဲ့ အိတ်၊ စောင်၊ ခြင်ထောင်၊ တဘက် ကြီး၊ သေးတို့ကို တရုတ်နဲ့ ထိုင်းပစ္စည်းများ ရောင်းဝယ်မှုအားကောင်းနေပါတယ်။ ဈေးနှုန်းဈေးကွက် အနေနဲ့ တစ်ယောက်အိပ်စောင် ၁ ထည်ကို ၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ နှစ်ယောက်အိပ် ၁ထည်ကို ၁၂၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ထိ အသားထူ၊ အပါးကို မူတည်ရောင်းပါတယ်။ တဘက်မှာ လည်း ချည်သား၊ စီလွန်သားရှိပြီး၊ ချည်သား တဘက်တစ်ထည် ခြုံစောင်အဖြစ်အသုံးပြုတဲ့အကြီး ၄၅၀၀ ကျပ်မှ ၉၀၀၀ကျပ်၊ စီလွန်ထည် ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ထိရှိပြီး၊ မျက်နှာသုတ် တဘက်များကတော့ တစ်ထည်ကို ၈၀၀ ကျပ်မှ ၃၀၀၀ ကျပ် အစားစားရှိပါတယ်။ တဘက်အသေးကတော့ ၁ ထည်ကို ၂၅၀ ကျပ်မှ ၅၀၀ ကျပ်ထိရှိကြောင်း၊ မန္တလေးမြို့တွင် ယခုလိုရာသီ ချိန်မှာ အရောင်းအဝယ်သွက်ကာ တန်ခူးလရာသီအထိ ရောင်းဝယ်မှုအားကောင်းနေတယ်လို့ သိရပါတယ်။ ယဉ်ယဉ်အေး

Tuesday, 18 Oct 2011

                  ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကုလားကွဲကျေးရွာအုပ်စု၊ ပြင်ဦးလွင်နှင့် မိုးကုတ်ကားလမ်းရှိ ၄၂ မိုင်တိုင်တွင် မွေးမြူရေးဇုန်သစ် တစ်နေရာ ဖော်ထုတ်မည်ဖြစ်ကြောင်း သိရပါတယ်။                      အသစ်ဖော်ထုတ်မယ့် မွေးမြူရေးဇုန် ဧရိယာမှာ ဧက ၂၅၀၀ အကျယ်အဝန်း ရှိကြောင်းသိရပါတယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်ကြီးက " မွေးမြူရေးဇုန်မှာ အသားစားနွားနဲ့ နို့စားနွား မွေးမြူသင့်တယ်။ မွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့ မွေးမြူရေးဇုန် မှာ မွေးမြူရေးလုပ်မယ်ဆို လိုအပ်တဲ့ နည်းပညာ၊ မျိုးစပ်ခြင်းများ ကူညီပေး မယ်။ ပြည်တွင်းမှာ နှစ်စဉ် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တင်သွင်းနေရတဲ့အတွက် နို့စား နွားဖွံ့ဖြိုးမှ ပြည်ပသွင်းကုန် လျော့နည်း မယ်။ ပြည်ပကို အမဲသား အများဆုံး တင်ပို့နေရတဲ့အတွက် အသားစားနွား များများမွေးမယ်ဆို တရုတ်နဲ့ အရှေ့ အလယ်ပိုင်းဒေသတွေကို အေးခဲအမဲ သား တိုးပြီးတင်ပို့နိုင်မှာဖြစ်တယ်။ ဒါ ကြောင့် မွေးမြူရေးဇုန်သစ် တစ်နေရာ ဖော်ထုတ်ပြီး မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်သင့်တယ် "လို့ ပြောပါတယ်။ မွေးမြူရေးဇုန်သစ် ဖော်ထုတ်မယ့် နေရာမှာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် နေရာရယူလိုပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများ မှာ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ ဇူးဇူး

Monday, 17 Oct 2011

                     ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ရာသီအလိုက် လှိုင်လှိုင်ပေါ်မှုနဲ့ ဈေးကွက်အခွင့်အလမ်း ဖြစ်ပေါ်လာမှုကြောင့် စီးထွက်ပမာဏနဲ့ ဈေးနှုန်း နိမ့်/မြင့် ဖြစ်ပေါ်ရခြင်း အား စက်တင်ဘာ တတိယပတ်နဲ့ နောက်ဆုံး တစ်ပတ်အား တစေ့ တစောင်း နှိုင်းယှဉ်လေ့လာတင်ပြပါတယ်။                          ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိသော သီးနှံများ အနက်မှ ပြောင်းဖူးစေ့နဲ့ တညင်းသီး သီးနှံတို့ရဲ့ စီးထွက်ပမာဏနဲ့ ဈေးနှုန်းနိမ့်/မြင့်မှုများ လေ့လာကြည့်ပါက စက်တင်ဘာတတိယပတ် တွင် ပြောင်းစေ့ပိဿာ ၁၃၇၀၀၀ မှ နောက်တစ်ပတ်တွင် ပိဿာ ၂၁၅၀၀၀ စီးထွက်၍ ပိဿာ ၇၈၀၀ စီးထွက်မှုပိုကြောင်း တွေ့ရှိရပါ တယ်။ ဈေးနှုန်းမှာ တစ်ပိဿာ ၃၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ပြောင်းသီးနှံများ လှိုင်လှိုင်ပေါ်နေသော်လည်း ဈေးငြိမ်နေခြင်းမှာ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ ဝယ်လိုအားရှိ၍ဖြစ်ပါတယ်။ ပစ္စည်းများရဲ့ အရည်အသွေးကောင်းရန် လိုပါတယ်လို့ ကုန်စည်ဒိုင်များမှ သိရပါ တယ်။ စက်တင်ဘာနောက်ဆုံးတစ်ပတ်တွင် စီးထွက် ပိဿာ ၂၁၅၀၀၀ ရှိ၍ ဒေသရောင်းဝယ်မှုတန်ဖိုး (Volume of Local Trade) မှာ ကျပ်သိန်း ၆၄၅ ခန့်ရှိကြောင်း လေ့လာလို့ရပါတယ်။ တညင်းသီးရဲ့ စက်တင်ဘာတတိယပတ်တွင် စီးထွက်မှုပိဿာ ၃၇၅၀၀ မှ နောက်ဆုံးတစ်ပတ်တွင် ပိဿာ ၁၃၃၀၀၀ စီးထွက်၍ ပိဿာ ၉၅၀၀၀ စီးထွက်မှုပို၍ ပြည်နယ်တွင်း ရပ်စောက်၊ ရွာငံ၊ လွိုင်လင်၊ ကွန်ဟိန်း ဒေသများမှထွက်ရှိကာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးများသို့ တင်ပို့ကြောင်း သိရှိရပါတယ်။ စိုက် ပျိုးထုတ်လုပ်သူများ၊ ကုန်သည်ပွဲစားများမှာ ကုန်သွယ်မှုငွေပမာဏ များသောကြောင့် အကျိုးအမြတ်များခံစားရမှာ သေချာပါတယ်။ ပြောင်းသည် ရာသီပေါ်သီးနှံဖြစ်၍ တညင်းသီးမှာ နှစ်ရှည်ခံ သီးနှံဖြစ်သဖြင့် ရေတိုရေရှည် အကျိုးရှိရလေအောင် ဝင်ငွေကောင်း သော တညင်းသီးပင် စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုပါတယ်။ တညင်းသီးဒေသရောင်းဝယ်မှုတန်ဖိုး (Volume of Local Trade)  မှာ ကျပ် ၄၉၈ သိန်းခန့်ရှိကြောင်း လေ့လာ၍ရပါတယ်။ ပြည်တွင်းပြည်ပ အလျားအနံ ပြေးလွှားရောင်းဝယ်တဲ့အပြင် ပြည်ပ ဈေးကွက်ဝင်ဆံ့တဲ့ ပြောင်းနဲ့ ပြည်တွင်းဈေးကွက်တွင်သာ ကျင်လည် နေသော တညင်းသီးတို့ရဲ့ ဒေသထုတ်လုပ်မှုတန်ဖိုး နှိုင်းယှဉ်၍ကြည့် ပါက စဉ်းစားစရာဖြစ်လာမှာ သေချာပါတယ်။                              စိုက်ပျိုးထုတ်လုပ်သော တောင်သူများ၊ ကုန်သည်ပွဲစားများ အနေဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်သတင်းအချက်အလက်များ သီးနှံရဲ့ဒေသဈေးနဲ့ ဈေးကွက်ဈေးနှုန်းများသိဖို့ လိုပါတယ်။ လုပ် ငန်းတစ်ခုရဲ့အားသာချက်၊ အားနည်းချက်များ ထိန်းကျောင်းတည့်မတ် ရာတွင် သတင်းနဲ့စာရင်း အဓိကဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ လက်ကားကုန်စည်ဒိုင်များ၊ အစုအဖွဲ့များ၊ အသင်းအဖွဲ့ များမှ သတင်းနဲ့စာရင်းအရ ပြောင်းသီးနှံနဲ့ တညင်းသီး သီးနှံအား တစေ့တစောင်း နှိုင်းယှဉ်တင်ပြ အကြံပြုလိုက်ပါတယ်။ ဉာဏ်လင်း၊တောင်ကြီး

Monday, 17 Oct 2011

နို့ဆီတန်ချိန် ခြောက်ရာကျော် တင်သွင်း                     အောက်တိုဘာ ၂ ရက်မှ ၈ ရက် တာကာလအတွင်း နို့ဆီတန်ချိန် ၆၁၉ ဒသမ ၆၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို မှာ ယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ တော့ DAWN  တံဆိပ် နို့ဆီ ၂၈၈ ဒသမ ၅၃ တန်နဲ့ OK တံဆိပ် နို့ဆီ တန်ချိန် ၃၃၁ ဒသမ ၁၀ တန် အသီးသီးမှာ ယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်ကလည်း တန်ချိန်ခြောက်ရာကျော် တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာလည်း ယခင်သီတင်းပတ်အဝင်ကို အမှီလိုက်ခဲ့ တယ်လို့ဆိုရပါမယ်။ သီတင်းကျွတ်ပွဲတော်အမီ ဖြုန်းအားကောင်းခဲ့လို့ ဒီတစ်ပတ်မှာလည်း အဝင်အား ကောင်း ကောင်းနဲ့ဆက်တိုက်ဝင်လာခဲ့တာ တွေ့ရပါတယ်။                       နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန် နိုင်ငံမှ ၂၅ ဒသမ ၂၀ တန်၊ စင်ကာပူ နိုင်ငံမှ ၃ ဒသမ ၅၉ တန်နဲ့ သြစတြေးလျနိုင်ငံမှ ၄၈တန်၊ စုစုပေါင်း ၇၆ ဒသမ ၇၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းကျော်ဖိုးကို မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ရာ့သုံးဆယ်ကျော် တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာတော့ နို့မှုန့်အဝင်အား လျော့ခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းလျော့                       မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁၉၅၅၀ တန်ဖိုးရှိ နို့ဆီ ၂၁ တန် (၁၁၀၀ တာ)၊ ကန်ဒေါ်လာ ၅၂၆၅၀ တန်ဖိုးရှိ နို့စိမ်း ၅၅ တန် (၂၉၀၀ တာ)နဲ့ ကန်ဒေါ်လာ ၁၄၂၃၆ တန်ဖိုးရှိ နို့မှုန့် ၅ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် နို့ဆီ တာ ၁၁၀၀၊ နို့စိမ်း ၁၃၀၀ တာနဲ့ နို့မှုန့် ၃၂ တန် အသွင်းလျော့ ခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                        နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး         ကျပ်/တစ်ဘူး                           ရန်ကုန်    မန္တလေးဒွန်း( နို့ဆီ )              ၆၇၀      ၇၀၀ဒွန်း( နို့စိမ်း)             ၆၂၀      ၆၅၀Falcon နို့ဆီ             ၅၃၀       -Falcon နို့စိမ်း           ၄၉၀       -ဝမ်းတီးနို့ဆီ              ၆၅၀    ၆၇၅အိုကေ( နို့ဆီ)            ၆၅၀    ၆၇၅အိုကေ( နို့စိမ်း)           ၆၅၀   ၆၇၅ဟက်ပီးကောင်း( နို့ဆီ) ၆၃၀     -MIRT (DOT)

Monday, 17 Oct 2011

ဒီတစ်ပတ် စိန်တံဆိပ် အများဆုံးဝင်                ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၂ ရက်မှ ၈ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၇၄၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေတန်ချိန် ၂၄၀၀ နဲ့ စိန်တံဆိပ်ဘိလပ်မြေတန်ချိန် ၅၀၀၀ အသီးသီး မှာ ယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဝင်အားကောင်းကောင်းနဲ့ တန်ချိန် ခုနစ်သောင်းလေးထောင်ကျော် တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ ယခင် အပတ်အဝင်ရဲ့ ဆယ်ပုံတစ်ပုံသာ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ဒီတစ် ပတ်မှာ ဘိလပ်မြေအဝင်အား တော်တော်လေးလျော့နည်းခဲ့ပါတယ်။    MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ အသွင်းလျော့                 မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြန်မာတရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၆၅၀၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၈၁၂ တန်ကျော် အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်မှာ တာချီလိတ်၊ မြိတ်၊ ကန်ပိုက် တီးနဲ့ မောင်တောနယ်စပ်များမှ တန် ၂၇၀၀ ကျော် အသွင်းရှိခဲ့တာမို့ ယခုအပတ်မှာ ၁၈၈၈ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။  MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း                   ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်   တိုင်းဒေသကြီး/  ပြည်နယ် အမျိုးအစား                ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ယခုအပတ်    ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး    ဘိလပ်မြေ(ဆင်)ထိုင်း   ၄၇၀၀   ၄၇၀၀  (လက်ကား)  ဘိလပ်မြေ (စိန်)  ၄၆၀၀ ၄၆၀၀   ဘိလပ်မြေ (မောင်းတိန်း)   ၄၆၀၀  ၄၆၀၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း      ၅၉၀၀  ၅၉၀၀   ဘိလပ်မြေ (AAA)     ၅၁၀၀  ၅၁၀၀   ဘိလပ်မြေ(မြန်မာဆင်)  ၄၈၀၀  ၄၉၀၀   ဘိလပ်မြေ(ဆင်မင်း)  ၄၂၀၀ ၄၁၀၀   ဘိလပ်မြေ(ကျားခေါင်း)  ၅၁၀၀ ၅၁၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၂၀၀  ၄၂၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း      ၆၀၀၀ ၆၀၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၅၀၀၀  ၄၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း      ၆၅၀၀ ၆၅၀၀   ဘိလပ်မြေ(ခြင်္သေ့)  ၅၃၀၀  ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)      ၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(နဂါး) ၅၃၀၀  ၅၃၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၃၀၀  ၅၄၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး      ၃၆၅၀  ၃၇၀၀   ဘိလပ်မြေ(စိန်)ထိုင်း     ၅၁၅၀   ၅၂၅၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း     ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၃၀၀   ၄၃၀၀   MIRT(DOBT) 

Pages