Background
ဓာတ်မြေသြဇာ အဝင်ငြိမ် ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတင်သွင်းခြင်း မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ်များမှာ အပတ်စဉ် တန်ချိန် တစ်ထောင်ကျော်မှ နှစ်ထောင်ကျော်ကြား တင်သွင်းနိုင်ခဲ့ပေမဲ့ ဒီတစ်ပတ် မှာတော့ ဓာတ်မြေသြဇာ အဝင်နားခဲ့ပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ ဓာတ်မြေသြဇာ အသွင်းသိသိသာသာပို စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၆ ဒသမ ၀၉၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၃၀၆၈၆ တန်အသွင်း ရှိခဲ့ပါတယ်။ ဓာတ်မြေသြဇာ ထည့်သုံးနိုင်တာနဲ့အမျှ အပင်ဖြစ်ထွန်းမှု အားကောင်း တာကြောင့် စိုက်ပျိုးရေးသွင်းအားစုများကို ဝယ်ယူသုံးစွဲမှုများလို့ အသွင်းများနေ တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် တင်သွင်းမှုများမှာ မူဆယ်နယ်စပ်မှ ၂၇၂၂၆ တန်ကျော်၊ ကော့သောင်းမှ တန် ၃၄၀၀ နဲ့ ရိဒ်မှ တန် ၆၀ ခန့် အသီးသီး ဖြစ်ပါတယ်။ ကန်ပိုက်တီးနဲ့ မောင်တောမှ ယခုအပတ် ဓာတ်မြေသြဇာ တင်သွင်းနိုင်မှု မရှိတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ နိုက်တြစ်ဖော့စဖိတ်၊ တီစူပါဖော့စဖိတ်နဲ့ စင်ဂဲစူပါဖော့စဖိတ်တို့ ဖြစ်ကြပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ်ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ပိုတက် (ထိုင်း) ၃၂၅၀၀ ၃၂၅၀၀ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၅၀၀ ၂၂၀၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၆၀၀၀ ၂၈၀၀၀ ပိုတက် (တရုတ်) ၂၃၀၀၀ ၂၆၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၀၅၀၀ ၂၀၉၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၂၀၀၀ ၂၂၇၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၄၅၀၀ ၂၅၅၀၀ အာမို(ဒိုင်းမွန်းစတား) - ၃၆၅၀၀ - တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၀၅၀၀ ၂၁၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀ ၂၁၀၀၀ ယူရီးယား (ယူအေအီး-တရုတ်) ၁၉၀၀၀ ၁၉၀၀၀ ကုလားအုတ် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀ ၂၁၇၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁၅၀၀ ၂၃၀၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၀၀၀ ၂၁၇၀၀ တီစူပါ-(တရုတ်) 12% ၁၀၅၀၀ ၁၀၀၀၀ တီစူပါ-(တရုတ်) 16% ၁၁၅၀၀ ၁၁၀၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၀၀၀ ၃၅၅၀၀ တီစူပါ 10:10:5 (တရုတ်) ၁၅၀၀၀ ၁၅၀၀၀ ပိုတက် (တရုတ်) ၂၀၀၀၀ ၂၁၀၀၀ ဓာတ်ဆား (တရုတ်) ၁၇၅၀၀ ၁၇၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅၀၀ ၂၂၅၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၅၀၀ ၂၂၅၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၅၀၀ ၂၂၅၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၂၀၀၀ ၃၂၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၂၈၅၀၀ ၂၈၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၂၈၀၀၀ ၂၈၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၀၀၀ ၂၆၀၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀
ဒီသီတင်းပတ် ဘိလပ်မြေအဝင်လျော့ စက်တင်ဘာ ၁၁ ရက် မှ ၁၇ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၃၃၇၀ ဒသမ ၆၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်တစ်သိန်း ကျော်ဖိုး ကို ပင်လယ်ရေကြောင်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများ မှာ ထိုင်းနိုင်ငံမှ စိန်တံဆိပ်ဘိလပ်မြေ ၁၃၂၁၈ ဒသမ ၆၅ တန်နဲ့ ဆင်တံဆိပ် ဘိလပ်မြေ ၁၅၂ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်၊၊ ယခင်သီတင်းပတ် သွင်းအားကောင်းကောင်းနဲ့ တန်ချိန်လေးသောင်းကျော်ထိ တင်သွင်းနိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ တန်ချိန်တစ်သောင်းကျော်သာ တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ် မှာ ဘိလပ်မြေအဝင် လျော့ခဲ့ပါတယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေအသွင်းပို စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၀ ဒသမ ၁၉၈ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၈၉၄ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ထက် ပိုမိုတင်သွင်းခဲ့ပါ တယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၆၄၇ တန်၊ ကန်ပိုက်တီးမှ ၁၀၉၄ တန်နဲ့ မောင်တောမှ တန် ၆၀ အသီးသီး ဖြစ်ပါတယ်။ တာချီလိတ်မှ အသွင်းလျော့ သော်လည်း ကန်ပိုက်တီးမှ အသွင်းပိုခဲ့တဲ့အတွက် ယခုအပတ် တင်သွင်းမှု တန် ၁၅၀၀ ကျော် ပိုမိုရခြင်းဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ ပြည်နယ်အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၇၀၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၉၀၀ ၅၉၀၀ ဘိလပ်မြေ (AAA) ၅၁၀၀ ၅၂၀၀ ဘိလပ်မြေ(မြန်မာဆင်) ၄၉၀၀ ၅၀၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၀၀၀ ၄၀၀၀ ဘိလပ်မြေ(ကျားခေါင်း) ၄၉၀၀ ၅၁၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၅၀၀၀ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၅၀၀ ၅၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၅၀၀ ၆၅၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၃၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၆၀၀ ၃၆၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၄၉၅၀ ၄၉၅၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄၅၀ ၅၇၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၃၀၀ ၄၅၀၀ MIRT (MAPT)
ဒီသီတင်းပတ် နို့ဆီ၊ နို့စိမ်း နှစ်မျိုးလုံးတင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း နို့ဆီ ၉၁ ဒသမ ၁၁ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ကိုးသောင်းကျော်ဖိုး၊ နို့စိမ်းက ၂၀၉ ဒသမ ၈၄ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော်ဖိုး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်း မှုမှာ တန်ချိန် ငါးရာကျော်ထိတင်သွင်းခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တော်တော် လေးလျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့စိမ်းက နှစ်ပတ်ဆက် တိုက်အဝင်မရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ DAWN တံဆိပ်နို့စိမ်းများကို တင်သွင်း ခဲ့တာဖြစ်ပါတယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၇၆ ဒသမ ၄၄ တန်နဲ့ ထိုင်းနိုင်ငံမှ ၅ ဒသမ ၅၀ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့မှုန့်တင်သွင်းမှုမှာ တန် ချိန် ၁၃၀ ကျော်ရှိခဲ့တာကြောင့် ဒီသီ တင်းပတ်မှာ တန်ချိန် ၅၀ ကျော် လောက် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နို့ဆီ၊ နို့စိမ်း ပုံမှန်သွင်း နို့မှုန့် အသွင်းမရှိပြန် မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၀ ဒသမ ၀၃၆ သန်း တန်ဖိုးရှိ နို့ဆီ ၃၈ တန် (၂၀၀၀ တာ)နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၀၄၈ သန်း တန်ဖိုးရှိ နို့စိမ်း တန် ၅၀ (၂၆၀၀ တာ) ကို စက် တင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလ အတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကလည်း နို့ဆီ တန် ၄၀နဲ့ နို့စိမ်း ၅၁ တန် အသွင်းရှိခဲ့တာမို့ နို့ဆီ၊ နို့စိမ်း တင်သွင်းမှုဟာ ပုံမှန်အနေအထား ရှိနေပါတယ်။ မူဆယ်နယ်စပ်မှ နို့မှုန့် အသွင်းမရှိကြောင်း သိရပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၈၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀Falcon နို့ဆီ ၅၂၀ -Falcon နို့စိမ်း ၄၉၀ -ဝမ်းတီးနို့ဆီ ၆၄၀ ၆၅၀အိုကေ( နို့ဆီ) ၆၆၀ ၆၇၅အိုကေ( နို့စိမ်း) ၆၆၀ ၆၇၅ဟက်ပီးကောင်း( နို့ဆီ) ၆၀၀ -MIRT (DOT)
ဗီယက်နမ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့မှ ဓာတ်မြေသြဇာတင်သွင်း စက်တင်ဘာပထမပတ်အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၄၇၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာများမှာ ဗီယက်နမ်နိုင်ငံမှ ယူရီးယားမြေသြဇာ တန်ချိန် ၃၀၀၊ ရုရှားနိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၅၀၄ နဲ့ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၆၇၅ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် နှစ်ထောင့်သုံးရာကျော် တင်သွင်းနိုင်ခဲ့ပေမယ့် ဒီတစ်ပတ် တန်ချိန်တစ်ထောင့်လေးရာကျော်တင်သွင်းခဲ့တာကြောင့် ဒီသီတင်းပတ် မှာတန်ချိန် ရှစ်ရာကျော် လျော့နည်းပြီးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်လရဲ့ ဓာတ်မြေသြဇာတင်သွင်းမှု စုစုပေါင်းမှာ တန်ချိန် လေးထောင့်ငါးရာကျော်ရှိခဲ့ပြီး သြဂုတ်လရဲ့ ဓာတ်မြေသြဇာ တင်သွင်းမှုမှာ တန်ချိန်ရှစ်ထောင့်ငါးရာကျော် ရှိခဲ့တာကြောင့် သြဂုတ်လမှာ ဓာတ် မြေသြဇာအဝင် အားကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၂၄၀၀၀ ကျော်အသွင်းရှိ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ် ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်းနဲ့ ကန်ပိုက်တီးနယ်စပ် စခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၈၅၃သန်း တန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၂၄၁၄၉ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၅၁၀၀ ခန့် ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုကိုကြည့်လျင် မူဆယ်မှ ၂၃၁၆၉ တန် ကျော်၊ ချင်းရွှေဟော်မှ တန် ၂၀၀၊ ကော့သောင်းမှ ၆၇၁ တန်နဲ့ ရိဒ်မှ ၁၀၉ တန် ခန့် အသီးသီးတင်သွင်းခဲ့တာဖြစ်ပါတယ်။ မူဆယ်မှ ၄၁၆၆ တန်နဲ့ ရိဒ်မှ ၄၆ တန် လည်း ပိုမိုတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ စင်ဂဲလ်စူပါဖော့ စဖိတ်၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ တီစူပါဖော့စဖိတ်နဲ့ ကွန်ပေါင်း (၁၅း၅း၅) တို့ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် ရန်ကုန်တိုင်းဒေသကြီးအမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု (မာလာမြိုင်) ပိုတက် (ထိုင်း) ၃၂၅၀၀ ၃၂၅၀၀ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၅၀၀ ၂၀၅၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၅၃၀၀ ၂၇၅၀၀ ပိုတက် (တရုတ်) ၂၃၅၀၀ ၂၂၈၀၀ မန္တလေးတိုင်းဒေသကြီးယူရီးယား(တရုတ်-ရွှေတောင်) ၁၈၅၃၀ ၁၉၁၃၀ ယူရီးယား(ပန်းဖူး-တရုတ်) ၁၉၈၃၀ ၁၉၈၃၀ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၄၁၃၀ ၂၄၁၃၀ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၅၀၀ ၂၀၅၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀ ၂၀၅၀၀ ယူရီးယား (ယူအေအီး-တရုတ်) ၁၉၀၀၀ ၁၉၀၀၀ ကုလားအုတ် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၀၀၀ ၂၀၀၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) - ၂၀၅၀၀ - ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၀၀၀ ၂၀၀၀၀ တီစူပါ-(တရုတ်) 12% ၁၀၅၀၀ ၉၅၀၀ တီစူပါ-(တရုတ်) 16% ၁၁၀၀၀ ၁၀၀၀၀ တီစူပါ 15:15:15(တရုတ်) ၃၆၀၀၀ ၃၅၅၀၀ တီစူပါ 10:10:5(တရုတ်) ၁၅၀၀၀ ၁၆၅၀၀ ပိုတက် (တရုတ်) ၂၀၅၀၀ ၂၁၀၀၀ ဓာတ်ဆား (တရုတ်) ၁၇၀၀၀ ၁၆၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၂၇၀၀ ၃၂၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၂၈၅၀၀ ၂၈၅၀၀
ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ်မြေ အများဆုံးတင်သွင်း စက်တင်ဘာ ပထမပတ်အတွင်း ဘိလပ်မြေတန်ချိန် ၁၂၇၅၀ ဒသမ ၈၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀၈၂၁၅၈ ဖိုးကို ပင်လယ်ရေကြောင်းလမ်း ကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ဘိလပ်မြေမှာ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ်မြေ ၁၂၇၃၉ ဒသမ ၈၄ တန်နဲ့ အခြားတံဆိပ်ဘိလပ်မြေ တန်ချိန် ၁၁ ဒသမ ၀၃ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ဆင်တံဆိပ်ဘိလပ် မြေကို အများဆုံးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တန်ချိန် နှစ် သောင်းသုံးထောင်နီးပါးတင်သွင်းနိုင်ခဲ့ပေမယ့် ဒီသီတင်းပတ်မှာ တန်ချိန်တစ်သောင်း နှစ်ထောင်ကျော်သာ တင်သွင်းနိုင်ခဲ့တာကြောင့် ဘိလပ်မြေလျော့နည်းပြီး တင်သွင်း ခဲ့တာတွေ့ရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်လရဲ့ ဘိလပ်မြေအဝင် စုစုပေါင်းမှာ တန်ချိန်တစ်သိန်းလေးသောင်းကျော်ရှိခဲ့ပြီး သြဂုတ်လရဲ့ ဘိလပ်မြေ အဝင်စုစုပေါင်းမှာ တန်ချိန် တစ်သိန်းငါးသောင်းကျော်ရှိခဲ့တာကြောင့် သြဂုတ်လမှာ ဘိလပ်မြေတန်ချိန် တစ်သောင်းကျော်လောက်အဝင်ပိုခဲ့ပါတယ်။MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ ပိုမိုအသွင်းရှိ စက်တင်ဘာလပထမပတ်မှာ နယ်စပ်စခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၅ သန်း တန်ဖိုးရှိတဲ့ ဘိလပ်မြေ ၁၃၇၅တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀၀ နီးပါးပိုမိုတင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ တန် ၇၉၀ ၊ ကန်ပိုက်တီးမှ တန် ၄၀၀ နဲ့ မြိတ်မှ ၁၈၅ တန် အသီးသီးတင်သွင်းခဲ့ တာဖြစ်ပါတယ်။ မြိတ်မှ ယခင်အပတ် တင်သွင်းမှုထက် လျော့နည်းခဲ့သော်လည်း ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်တွေမှာ ယခင်အပတ်ကထက် တင်သွင်းမှု ပိုမိုခဲ့ ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ပြည်နယ် ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၇၀၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၅၇၀၀ ဘိလပ်မြေ (AAA) ၅၅၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၀၀၀ ၅၂၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၃၀၀ ၄၂၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၁၀၀ ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၆၀၀ ၄၃၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၅၀၀၀ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၇၀၀ ၅၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၄၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၉၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၃၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂၅၀ ၅၂၅၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၆၅၀ ၃၆၅၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၁၀၀ ၅၁၀၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၉၀၀ ၆၄၅၀
DAWN နဲ့ OK နို့ဆီတင်သွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ စက်တင်ဘာပထမသီတင်းပတ် အတွင်း နို့ဆီတန်ချိန် ၆၁၂ ဒသမ ၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်း ကျော်ဖိုးကိုတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ စင်ကာပူနိုင်ငံထုတ် DAWN တံဆိပ်နဲ့ OK တံဆိပ်နို့ဆီ များကို တင်သွင်းခဲ့ပါတယ်။DAWN တံဆိပ်နို့ဆီ ၂၇၉ ဒသမ ၅၀ တန်နဲ့ OK တံဆိပ်နို့ဆီ ၃၃၃ ဒသမ ၄၇ တန် မှာယူတင်သွင်းဖြစ်ပါတယ်။ ယခင် သီတင်းပတ်တန်ချိန် လေးရာကျော်တင် သွင်းခဲ့ပြီး ဒီတစ်ပတ်မှာလည်း သွင်းအားကောင်းစွာနဲ့ တန်ချိန်ခြောက်ရာ ကျော်ထိ မှာယူတင်သွင်းခဲ့တာ တွေ့ရ ပါတယ်။ ဒီတစ်ပတ်မှာတော့ နို့စိမ်း အသွင်း နားခဲ့ပါတယ်။ လချုပ်အနေနဲ့ ဇူလိုင်လရဲ့ နို့ဆီ/စိမ်း အဝင်စုစုပေါင်းမှာ တန်ချိန်နှစ်ထောင် ကျော်ရှိခဲ့ပြီး သြဂုတ်လရဲ့ အဝင်စုစုပေါင်းမှာ တန်ချိန်တစ်ထောင့်လေးရာ ကျော်သာရှိခဲ့တာကြောင့် သြဂုတ်လမှာ နို့ဆီ/စိမ်း အဝင်အားလျော့ခဲ့ပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့မှ တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်နို့မှုန့်အဝင်မှာ တန်ချိန် ၅၇ တန်ကျော်ရှိခဲ့ပြီး ယခင် သီတင်းပတ် ၂၃ တန်ကျော်သာရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၃၀ ကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOT) နယ်စပ်မှ နို့ဆီ အသွင်းပို နို့မှုန့်နဲ့ နို့စိမ်း အသွင်းလျော့ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်ထိကာလအတွင်း မူဆယ်နယ်စပ် မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၇ သန်းတန်ဖိုးရှိ နို့မှုန့် ၄၄ ဒသမ ၅ တန် အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၁၅ တန်ကျော် တင်သွင်းမှု လျော့နည်း ခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၀၅၂ သန်းတန် ဖိုးရှိ နို့ဆီ ၅၅ တန်ခန့်(၂၉၀၀ သေတ္တာ) နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၃၂သန်း တန်ဖိုးရှိ နို့စိမ်း ၁၃၈ တန် (၇၂၅၀ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ ၉ တန် ပိုမိုတင်သွင်းခဲ့ပြီး နို့စိမ်း ၁၂၅ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၈၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀Falcon နို့ဆီ ၅၂၀ -Falcon နို့စိမ်း ၄၉၀ -ဝမ်းတီးနို့ဆီ ၆၄၀ ၆၅၀အိုကေ( နို့ဆီ) ၆၆၀ ၆၇၅အိုကေ( နို့စိမ်း) ၆၆၀ ၆၇၅MIRT (DOT)
ခေတ်နဲ့အညီ အမီလိုက်နိုင်တဲ့ အက်တောကျေးရွာက ယာတောင်သူ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ မုံရွာမြို့နယ်ခွဲ တာဝန်ခံမှ အဖွဲ့ခေါင်းဆောင်အဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မြို့နယ်အဆင့် ကွင်းဆင်း ဆောင်ရွက်ခဲ့စဉ်မှာ ဒေသတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိတဲ့ ပြည်ပပို့ကုန်ပဲမျိုးစုံဆိုင်ရာ စိုက်ပျိုးခြင်း မှ ဈေးကွက်တင်ခြင်းအထိ လုပ်ငန်းကွင်းဆက်အခြေအနေတွေကို လေ့လာမေးမြန်းခဲ့ပါတယ်။ မျက်မြင်အားဖြင့် မုံရွာမြို့နယ်၊ နယ်မြေ ၂ရှိ ကျေးရွာ ၅၂ ရွာလုံး မိုးသီးနှံအနေနဲ့ ပဲစင်းငုံ ကို အားပြုစိုက် ပျိုးခဲ့ကြတာတွေ့ရပါတယ်။ လက်ရှိ မုံရွာကုန်စည်ဒိုင်ပေါက်ဈေးတစ်တင်း ၁၁၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အတွင်းသာ ရှိပေမယ့် စိတ်ဓါတ်မကျဘဲ ပေါင်းလိုက်၊ ဆေးဖျန်းလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်မှုကြောင့်၊ စိုက်ပျိုး သမျှ အပင်တွေအောင်မြင်ဖြစ်ထွန်းလျက်ရှိတာ တွေ့ရပါတယ်။ သတင်းမီဒီယာနဲ့ နည်းပညာဈေးကွက် စတဲ့ ခေတ်မီအတွေးအခေါ် အသိပညာ တွေ ယှက်နွှယ်ပိုင်ဆိုင်လာကြပြီဖြစ်လို့၊ ဈေးနှုန်းကျဆင်းမှုဆိုးကျိုးကို ကာကွယ်နိုင်အောင် ဈေး ကောင်းရ၊ မျိုးကောင်းမျိုးသန့်များကို အထွက်တိုးအောင် စိုက်ပျိုးထားကြတာ တွေ့ရပါတယ်။ အက်တောကျေးရွာက တောင်သူ ဦးမြင့်အောင်ကတော့ သူ့မှာယာမြေ ၁၅ ဧက ပိုင်ဆိုင်ပြီး၊ မိုးသီးနှံအဖြစ် နှမ်း၊ ပြောင်းနဲ့ ပဲစင်းငုံကို စိုက်ပျိုးခဲ့သလို ဆောင်းသီးနှံအဖြစ် ကုလားပဲအဓိက စိုက်ပျိုးခဲ့ကြောင်း သိရပါတယ်။ ကုလားပဲစိုက်ပျိုးရာမှာ သမားရိုးကျ မျိုးဟောင်းများ စိုက်ပျိုးခြင်း မရှိဘဲ ဈေးကွက်ဝင် ဠ၇ နဲ့မျိုးသစ်ဖြစ်တဲ့ ၉၂၄ မျိုးကို စမ်းသပ် စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း သိရပါတယ်။ ပုံမှန်စိုက်နေကြတဲ့ ဠ၂ နဲ့ ၉၂၉ အနေနဲ့ တစ်ဧက တင်း ၂၀ ခန့်သာ အများဆုံးထွက်ရှိခဲ့ပြီး၊ ယခုစိုက်ပျိုးတဲ့ မျိုးသစ် ၉၂၄ ဟာ တစ်ဧက ၂၅ တင်းမှ တင်း ၃၀ ထိထွက်လို့ အကျိုးအမြတ် ပိုမိုရရှိခဲ့တယ်လို့ ဆိုပါတယ်။ သာမန်ရောင်းတန်းဝင် ကုလားပဲအပင်မျိုးအဖြစ် ပြန်လည်ရောင်းချဖို့၊ တစ်ဧက သန့်သန့် စိုက်ပျိုးခဲ့ပြီး၊ ဒေသခံတောင်သူတွေကို မျိုးသစ်တစ်တင်း ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်နီးပါး ရောင်းချတဲ့ အတွက် ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံ မျိုးကောင်းမျိုးသန့်ထုတ်ဖို့ တစ်ဧက သီးသန့်စိုက်ပျိုးခဲ့ပြီး၊ ပြီးခဲ့တဲ့ မိုးဦးက မျိုးအဖြစ် တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ ရောင်းချခဲ့ရလို့ တွက်ခြေကိုက်ခဲ့ကြောင်း ပြောပြသိရှိရပါတယ်။ ထို့အတွက် မုံရွာ ွှဏှုှ အဖွဲ့အနေနဲ့ ကွင်းဆင်းရောက်ရှိရာ ကျေးရွာတွေက ပဲစိုက်တောင်သူတွေနဲ့ တွေ့ဆုံတဲ့အခါ မျိုးကောင်းမျိုးသန့်ရရှိရေး ချိတ်ဆက်ပေးနိုင်ခဲ့သလို တောင်သူအချင်းချင်း နည်းပညာဖလှယ်ပေးခြင်းဖြင့် ကျေးလက်ပြည်သူတွေရဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်စိတ်တစ်ဒေသအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ကူညီရသည်မှာ ဝမ်းမြောက်ရပါကြောင်း....။ ထွန်းလှိုင်
အိန္ဒိယ ပဲမျိုးစုံထုတ်လုပ်မှု ယခင်နှစ်ထက် ၉ ဒသမ ၆၉ ရာခိုင်နှုန်း ကျဆင်းနိုင် အိန္ဒိယ မိုးပဲမျိုးစုံထုတ်လုပ်မှုဟာ ယခင်နှစ်က တန်ချိန် ၇ ဒသမ ၁၂ သန်းရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပဲစင်းငုံ ထုတ်လုပ်မှုက ယခင်နှစ်ပမာဏခန့် ထွက်ရှိနိုင်ပေမဲ့ ပဲတီစိမ်းကတန်ချိန် ၂၁ ဒသမ ၀၃ ရာခိုင်နှုန်း ခန့်နဲ့ မတ်ပဲကတန်ချိန် ၁၆ ဒသမ ၄၃ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ်အတွက် ပဲထုတ်လုပ်မှုကို ပထမအကြိမ်ခန့်မှန်းမှုနဲ့ ယခင်နှစ် စတုတ္ထအကြိမ် ခန့်မှန်းထွက် ရှိမှုရဲ့ အပြောင်းအလဲကို ဖော်ပြလိုက်ပါတယ် တန်ချိန်သန်းပေါင်းပဲအမျိုးအစား ၂၀၁၀-၁၁ ၂၀၁၁-၁၂ ပြောင်းလဲမှု (စတုတ္ထအကြိမ်ခန့်မှန်း) (ပထမအကြိမ်ခန့်မှန်း)ပဲစင်းငုံ ၂ .၈၉ ၂ .၉ ၀ .၃၅မတ်ပဲ ၁ .၄ ၁ .၁၇ - ၁၆ .၄၃ပဲတီစိမ်း ၁ .၅၂ ၁ .၂ - ၂၁ .၀၅စုစုပေါင်း ၇ .၁၂ ၆ .၄၃ - ၉ .၆၉ယမင်းခင်၊ Source: nns commodityonline
နှစ်ကြိမ်မြုပ် နှစ်ခါစိုက်တဲ့ လယ်သမား ယခုနှစ် မုတ်သုံမိုးကတော့ ကောင်းလွန်းပါတယ်။ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရဲ့ သြဂုတ်လကုန် အထိ ပုံမှန်မိုးရွာရက် ၈၉ ရက်နဲ့ မိုးရေချိန်က ၈၂ ဒသမ ၈၇ လက်မဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်က သြဂုတ်လကုန်ထိ မိုးရွာသွန်းမှု အခြေအနေများကို ပြန်ကောက်ကြည့်ရရင်လည်း ၂၀၀၉ ခုနှစ်မှာ မိုးရွာ ရက် ၈၆ ရက်နဲ့ ၈၂ ဒသမ ၁၀ လက်မ၊ ၂၀၁၀ ခုနှစ်မှာ မိုးရွာရက် ၇၉ ရက်နဲ့ ၆၅ ဒသမ ၂၈ လက်မ၊ ယခုနှစ် ၂၀၁၁ ခုနှစ်မှာ မိုးရွာရက် ၁၀၁ ရက်နဲ့ ၉၇ ဒသမ ၄၃ လက်မအထိ ရွာသွန်းခဲ့ပါတယ်။ ဒါကြောင့်လည်း တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု သုံးကြိမ်ထိဖြစ်ခဲ့ပြီး၊ မိုးစပါးစိုက်ပျိုးရာတွင် ထိခိုက်မှု ပျက်စီးမှုရှိခဲ့ပေမယ့် ရေကျပြန်ပေါ်ပါ က ပြန်စိုက်ကြပါ တယ်။ ရေကြောင့် ပျက်စီးသွားတဲ့ မိုးစပါးစိုက်ဧက ၂၃၂၀၈ ဧကအနက် စက်တင်ဘာလ ၁၃ ရက်နေ့အထိ ၈၄၃၈ ဧက ကို စိုက်ပျိုးပြီးဖြစ်ရာ ကျန်စိုက်ပျိုးရန်ဧကများကို စက်တင်ဘာလကုန်အပြီး၊ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက် လျက်ရှိပါတယ်။ ကဝမြို့မရပ်ကွက်က လယ်သမားကြီးတစ်ဦးဖြစ်တဲ့ ဦးဝင်းနဲ့တွေ့ဆုံခဲ့ရာ “ကျွန်တော့်မှာ လယ် ၈ ဧကရှိတယ်ဗျာ ရေနှစ်ကြိမ်မြုပ်တယ်၊ ဒါကြောင့် နှစ်ခါပြန်စိုက်တာ ပြီးသွားပြီဖြစ်ပါတယ်။ တစ်ခါပြန် စိုက်တဲ့အခါ ငှားလုပ်မယ်ဆိုရင် စက်ခုတ်ခနဲ့ ထွန်မွှေခက တစ်ဧကကို ကျပ် ၁၀၀၀၀ နဲ့ မျိုး ၂ တင်းဖိုး ကျပ် ၈၀၀၀ ကုန်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ်တိုင်လုပ်တော့ မျိုးဖိုးပဲ ပိုကုန်တာပေါ့။ ဒုတိယအကြိမ်ပြန်စိုက်တဲ့အခါ အောင်ရေမီအောင် ရက် ၉၀စပါးမျိုးပဲစိုက်တယ်၊ တော်သလင်းမိုး ကန် သင်းကျိုးဆိုတဲ့အတိုင်း သီတင်းမကျွတ်ခင် မိုးရွာရင် အောင်ရေစုထားမယ်- ကျွန်တော်တို့လယ်သမားတွေ အတွက် သဘာဝကိုအံတုဖို့ ဇွဲပဲလိုပါတယ်”လို့ ပြောကြားသွားပါတယ်။ TT- ပဲခူး
တန်ချိန် ၅၇၀ ကျော်တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၅၇၂ ဒသမ ၃၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၈၈၄၂၀ ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ က စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာတော့ DAWN တံဆိပ် နို့ဆီ ၂၂၈ ဒသမ ၃၈ တန်နဲ့ OK တံဆိပ် နို့ဆီ ၃၄၄ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ၆၁၂ တန်ကျော် တင်သွင်းခဲ့ပေမဲ့ ဒီသီတင်း ပတ်မှာ ၅၇၂ တန်ကျော်သာ တင်သွင်း နိုင်တာကြောင့် ဒီသီတင်းပတ်မှာ တန်ချိန် ၄၀ လောက်လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က ဒီသီတင်းပတ်မှာ မလေးရှားနိုင်ငံမှ ၆ ဒသမ ၇၂တန်၊ ဗီယက်နမ် နိုင်ငံ မှ ဒသမ၂၄၆ တန်၊ ဖိလစ်ပိုင်နိုင်ငံ မှ ၂ ဒသမ ၈၉ တန်၊ နယူးဇီလန်မှ ၉၉ ဒသမ ၆၀ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံမှ ၂၁ ဒသမ ၇၆ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် ၅၇ တန်ကျော်သာတင်သွင်းခဲ့ပြီး ဒီတစ် ပတ်မှာတော့ တန်ချိန် တစ်ရာ့သုံးဆယ် ကျော်တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ် ပတ် နို့မှုန့်တင်သွင်းမှုမှာ တန်ချိန် ခုနှစ် ဆယ်ကျော်လောက် ပိုမိုတင်သွင်းနိုင် ခဲ့ပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ နို့ဆီနဲ့ နို့စိမ်းသာ အသွင်းရှိ ယခုအပတ် ကော့သောင်းနယ်စပ် မှ ကန်ဒေါ်လာ ၃၂၇၅၀တန်ဖိုးရှိ နို့ဆီ တန် ၄၀ (၂၁၀၀သေတ္တာ)နဲ့ ကန် ဒေါ်လာ ၄၈၇၅၀ တန်ဖိုးရှိ နို့စိမ်း ၅၁ တန် (၂၇၀၀ သေတ္တာ) အသွင်းရှိခဲ့ပါ တယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ နို့မှုန့် အသွင်းမရှိဘူးလို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၈၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀Falcon နို့ဆီ ၅၂၀ -Falcon နို့စိမ်း ၄၉၀ -ဝမ်းတီးနို့ဆီ ၆၄၀ ၆၅၀အိုကေ( နို့ဆီ) ၆၆၀ ၆၇၅အိုကေ( နို့စိမ်း) ၆၆၀ ၆၇၅ဟက်ပီးကောင်း(နို့ဆီ) ၆၀၀ -MIRT (DOT)