Main menu

Background

Friday, 3 Feb 2012

              ယခုတစ်ပတ်အတွင်း ကားတင်သွင်းမှုများ များပြားလာသည်နှင့်အမျှ အမေရိကန်ဒေါ်လာ ဈေးနှုန်းများနှင့် အက်ဖ်အီးစီ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။                         အမေရိကန်ဒေါ်လာဈေးနှုန်းသည် ယခုတစ်ပတ်တွင် စင်တာများ၌ ရောင်း ဈေး ၈၃၅ကျပ်နှင့် ဝယ်ဈေး ၈၂၀ကျပ် ဖြင့် သုံးရက်မျှ ငြိမ်နေခဲ့ရာမှ ဇန်နဝါရီ လ ၂၆ ရက်တွင် ရောင်းဈေး ၈၄၀ ကျပ်နှင့်ဝယ်ဈေး ၈၂၅သို့ မြင့်တက်လာ ခဲ့သည်။                     ပြင်ပဈေးကွက်တွင်မူ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းထက် အက်ဖ်အီးစီ လဲလှယ်နှုန်းက ပိုမိုမြင့်တက်လာသည်ကို တွေ့ရသည်။ ပြင်ပဈေးကွက်တွင် ဇန်နဝါရီလ ၂၃ရက်နေ့က အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၁ ကျပ်၊ အက်ဖ်အီးစီတစ်ယူနစ်လျှင် ၈၃၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ တစ်ပတ် အတွင်း နောက်ဆုံးဈေးပိတ်ရက် ဖြစ် သည့် ဇန်နဝါရီလ ၂၇ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၈၂၆ကျပ် ရှိခဲ့ ပြီး အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၈၄၂ ကျပ်အထိ မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ အမေရိကန်ဒေါ်လာဈေး နှုန်းများ ဆက်လက်မြင့်တက်နေရခြင်း မှာ ကားတင်သွင်းမှုများ များပြားလာမှု ကြောင့်ဖြစ်ရကြောင်း ပြင်ပဈေးကွက်  အတွင်းမှ စုံစမ်းသိရှိရသည်။                        ''အခုဆိုရင် ဒေါ်လာဈေးကွက်က တစ်နေ့တခြား မြင့်တက်လာတယ်။ နေ့ တိုင်းလိုလို အရောင်းအဝယ်က ဖြစ်နေတယ်။ အဝယ်ထက် အရောင်းကပိုများ နေတာ။ ဒါကြောင့် ဈေးကွက်သဘော အရပြောရရင် ဈေးတက်ဖို့ဖြစ်လာတာ ပေါ့။ ကားတင်သွင်းမှုတွေ များလာသ လိုကားဝယ်တဲ့သူတွေကလည်း ကညန အခွန်ဆောင်ဖို့ အက်ဖ်အီးစီတွေကို လိုက်ဝယ်ကြတော့ အက်ဖ်အီးစီဈေးက ဒေါ်လာထက် ပိုများလာတာပဲ။ ဒါမျိုး ဖြစ်နေတာ သုံးပတ်လောက်ရှိနေပြီ။ နောက်ပိုင်းထပ်ပြီး ဈေးတက်လာဦး မယ်လို့တော့ ထင်တာပဲ။ အခုတောင် အဝယ်ပဲရှိတာ၊ အရောင်းက ထင်သ လောက် တက်မလာတော့ ဈေးကွက် ထဲမှာပစ္စည်းက နည်းသလောက်ဖြစ် နေပြီ''ဟု ဒေါ်လာပွဲစားတစ်ဦးက ပြော သည်။ အမေရိကန်ဒေါ်လာ ဈေးနှုန်းများ နှင့်အက်ဖ်အီးစီဈေးနှုန်းများ မြင့်တက် လာမှုနှင့်အတူ ပို့ကုန်ဝင်ငွေဈေးနှုန်းများ မှာလည်း မြင့်တက်လာခဲ့သည်။ ဇန်နဝါရီလ ၂၀ရက်နေ့ ဈေးပိတ်ချိန်တွင် ပို့ကုန် ဝင်ငွေဈေးနှုန်းမှာ ၈၅၄ကျပ်ဖြင့် ဈေး ပိတ်ခဲ့ပြီး ဈေးပြန်ဖွင့်ချိန်တွင် ၈၅၃ကျပ် ရှိခဲ့သည်။ ဇန်နဝါရီလ ၂၄ရက်နေ့တွင် ၈၅၈ကျပ်သို့မြင့်တက်ခဲ့ပြီးနောက် ဆက် လက်မြင့်တက်ခဲ့ရာ ဇန်နဝါရီလ ၂၆ရက် နေ့တွင် ၈၆၅ကျပ်အထိ မြင့်တက်လာ ခဲ့သည်။ ဇန်နဝါရီလ ၂၇ ရက် ဈေးပိတ် ချိန်တွင် ၈၇၀ ကျပ်သို့ မြင့်တက်ခဲ့ပြီး ဈေးပိတ်ခဲ့သည်။                         ထိုကဲ့သို့ ပို့ကုန်ဝင်ငွေဈေးနှုန်းများ မြင့်တက်ရခြင်းမှာလည်းမော်တော်ယာဉ် တင်သွင်းမည့်ကုမ္ပဏီများ၏ပို့ကုန်ဝင်ငွေ လိုအပ်ချက်ပမာဏများ များပြားလာ ခြင်းကြောင့်ဖြစ်ရကြောင်း ကုန်သည် တစ်ဦး၏ မှတ်ချက်အရသိရသည်။ ''အခုရက်ပိုင်းမှာ ပိုပြီးသိသာလာ တယ်။ ဒီပို့ကုန်ဝင်ငွေတွေက ဈေးတွေ တစ်နေ့ထက်တစ်နေ့ တက်လာတာ။ မော်တော်ယာဉ် တင်သွင်းတဲ့ကုမ္ပဏီ တော်တော်များများက ပို့ကုန်ဝင်ငွေ တွေမရှိတဲ့အခါကျတော့ ပို့ကုန်ဝင်ငွေတွေကို လိုက်ပြီးဝယ်နေကြတာ။ မော်တော်ယာဉ်တင်သွင်းမယ့်သူများလေ ပို့ ကုန်ဝင်ငွေက ဈေးတက်လေပဲ''ဟု သုံး သပ်ပြခဲ့သည်။ MTD, KM2O

Tuesday, 24 Jan 2012

    မွန်ပြည်နယ် ကြက်သွန်နီ၊ ကြက် သွန်ဖြူနဲ့ စားဖိုဆောင်သုံး သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့    ရောင်းချသူများ အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က မော်လမြိုင်မြို့ ရတနာထွန်းပွဲရုံ တန်းရှိ မွန်ပြည်နယ်ကုန်သည်/ စက်မှု အသင်းရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ အစည်းအဝေးကို မွန်ပြည်နယ်၊ စက်မှုအသင်း  ဥက္ကဋ္ဌ   ဦးတင်မော်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေး ပြည်နယ်မန်နေဂျာနဲ့ ဒုပြည် နယ် မန်နေဂျာ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူအသင်းဥက္ကဌ ဦးထွန်းအေးနဲ့ အသင်းအမှုဆောင်များ၊ အသင်းဝင် ကုန်သည်များ   တက်ရောက်ခဲ့ကြပါ တယ်။

Tuesday, 24 Jan 2012

               ပြည်ပ သွင်းကုန် ပို့ကုန်လုပ်ငန်း များ လုပ်ဆောင်ရာတွင် ငွေပေးချေမှု အပိုင်းအနေဖြင့် ယနေ့ကမ္ဘာတွင်စိတ် ချယုံကြည်ရပြီး အများက လက်ခံ ကျင့်သုံးလျက်ရှိသည့် ငွေလွှဲစာတမ်း ပေး ချေမှု  (Opening of the letter of credit payment)  စနစ်ကို သိရှိနားလည်ရန် ပြုစုတင်ပြထား သောစာအုပ်ဖြစ်သည်။ငွေလွှဲစာတမ်း စနစ်သည် ကုန်ဝယ်သူနှင့် ကုန်ရောင်း သူတို့အကြား ငွေပေးချေမှု အဆင် ပြေချောမွေ့စေရန်ကုန်ဝယ်သူ၏ဘဏ် နှင့်ကုန်ရောင်းသူ၏ဘဏ်တို့က ကြား ဝင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

Tuesday, 24 Jan 2012

          Gene  Xpert စက်သစ်နှစ်လုံး ကို ပြည်သူ့ဆေးရုံကြီး တီဘီပြင်ပလူနာ ဌာနနဲ့ အထက်မြန်မာ  တီဘီရောဂါ တိုက်ဖျက်ရေးဌာနတို့မှာ ထားရှိမယ်လို့ သိရပါတယ်။အဆိုပါစက်ကို အပြည်ပြည်ဆိုင် ရာ တီဘီရောဂါနဲ့ အဆုတ်ရောဂါတိုက် ဖျက်ရေးအဖွဲ့  (International  Union   Against  Tuberculosis  and  Lung  Disease)  မှ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး၊ စက်တစ်လုံးကို အထက်မြန်မာ တီဘီရောဂါ  တိုက်ဖျက်ရေးဌာနမှာ ၂၀၁၁ ခုနှစ်၊  ဒီဇင်ဘာလအတွင်းက သုံးစွဲလျက်ရှိပြီး စက်တစ်လုံးကို ထပ်မံ ထားရှိမှာဖြစ်ကြောင်း  သိရပါတယ်။  Gene  Xpert   စက်နဲ့ HIV ဝေဒနာ သည်များနဲ့ ကလေးများမှာ တီဘီရောဂါ စမ်းသပ်ရှာဖွေရာမှာ မှန်ကန်မြန်ဆန်တဲ့ အဖြေရရှိဖို့ ရှာဖွေပေးမှာဖြစ်ကြောင်း သိရပါတယ်။

Tuesday, 24 Jan 2012

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ဟာ တောင်ပျံမွှေးစပါးအများဆုံး စိုက်ပျိုးထွက်ရှိခဲ့တဲ့ မြို့နယ် တစ်မြို့နယ် ဖြစ်ပါတယ်။ ဒါကြောင့် ဧည့်မထစပါးများအပြင် တောင်ပျံမွှေးစပါးဈေးကွက်လည်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်လျက် ရှိတာကို တွေ့ရပါတယ်။

Tuesday, 24 Jan 2012

       ဧရာဝတီတံတား (ပခုက္ကူ)ဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံးတံတားတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်ကတော့ ပခုက္ကူကနေ လက်ပံခြေပေါ်၊ ညောင်ဦးမြို့နယ်ဘက်ကမ်း ကူးမယ်ဆိုရင် စက်လှေပေါ်မှာ ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ကားဇက်ကူးမယ်ဆိုရင် ကားငယ် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ ကုန်တင်ကားကြီး ကုန်ပါတစ်စီး ၄၀၀၀၀ ကျပ်၊ ကုန်မဲ့တစ်စီး ၂၀၀၀၀ ကျပ်ပေးပြီး၊ အချိန်ယူူကာမဖြစ်မနေ ရွေးချယ်စရာမရှိ ဖြတ်သန်းသွားလာ ခဲ့ကြရပါတယ်။

Tuesday, 24 Jan 2012

              ပြည်-မန္တလေး ကုန်စည်ပို့ဆောင် ရေးမှာ ပြည်မြို့ကို တရုတ်နိုင်ငံထုတ် ကုန်များ တင်ပို့မှုများပြီး မန္တလေးမြို့ကို ဆန်နဲ့ ကဏန်းများ တင်ပို့မှုများရာမှ လမ်းပိုင်း  အချိန်ကွာခြားခြင်းကြောင် ကဏန်းတင်ပို့မှု   နည်းလာကြောင်း သိရပါတယ်။တိုင်းလုံးကျော် ကုန်စည်ပို့ဆောင် ရေးမှ ဦးစန်းအောင်က "ပြည်-မန္တလေး က ကုန်စည်ပို့ဆောင်ရေး ပုံမှန်ပါပဲ။ ဒီနှစ်မှာထူးခြားတာက ပြည်ကနေ ဆန် များများ ပို့နေရပြီး၊ မန္တလေးကနေ ပန်း သီး၊ လိမ္မော်သီး များများပို့နေရတယ်။

Monday, 23 Jan 2012

နို့ဆီတစ်မျိုးသာ အဝင်ရှိခဲ့    ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း နို့ဆီ ၁၃၄ ဒသမ ၁၉ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ  ငါးသိန်းသုံးသောင်းကျော်ဖိုး ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီက ၁၁၄ ဒသမ ၁၉ တန်နဲ့ အခြားတံဆိပ်က တန် ၂၀ တင်သွင်းခဲ့ ပါတယ်။

Monday, 23 Jan 2012

ဒီတစ်ပတ်မောင်းတိန်းနဲ့ စိန်တံဆိပ်တင်သွင်း    ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်းလမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၆၂၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်သုံးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေက ထိုင်းနိုင်ငံမှ စိန်တံဆိပ်နဲ့ မောင်းတိန်းတံဆိပ်ဘိလပ်မြေဖြစ်ပါ တယ်။

Monday, 16 Jan 2012

နို့မှုန့်တစ်မျိုးသာ အဝင်ရှိခဲ့ဒီသီတင်းပတ်ဖြစ်တဲ့  ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာ ကာလအတွင်းမှာ နို့ဆီ၊ နို့စိမ်းကအဝင်မရှိခဲ့ပါဘူး။ ယခင် သီတင်းပတ်များက  သွင်းအားကောင်း ကောင်းနဲ့တင်သွင်းခဲ့ပြီး ဒီတစ်ပတ်မှာ အဝင် နားခဲ့ပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ ၆၁ ဒသမ ၃၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းလေးသောင်းကျော်ဖိုး တင်သွင်း ခဲ့တာတွေ့ရပါတယ်။ သြစတြေးလျ နိုင်ငံ မှ ၁၆ ဒသမ ၅ တန်၊ ယူအက်စ် အေမှာ ၈ ဒသမ ၈၂ တန်နဲ့ နယူးဇီလန် မှ ၃၆ တန် အသီးသီးမှာယူတင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ရာ့နှစ်ဆယ်ကျော်  တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာ နို့မှုန့်ရဲ့ ဝင်အားကလည်း ထက်ဝက်မျှ လျော့နည်းခဲ့တယ်လို့ ဆိုရ ပါမယ်။MIRT (DOT)

Pages