Background
ဒီတစ်ပတ် စိန်တံဆိပ် အများဆုံးဝင် ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၂ ရက်မှ ၈ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၇၄၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေတန်ချိန် ၂၄၀၀ နဲ့ စိန်တံဆိပ်ဘိလပ်မြေတန်ချိန် ၅၀၀၀ အသီးသီး မှာ ယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဝင်အားကောင်းကောင်းနဲ့ တန်ချိန် ခုနစ်သောင်းလေးထောင်ကျော် တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ ယခင် အပတ်အဝင်ရဲ့ ဆယ်ပုံတစ်ပုံသာ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ဒီတစ် ပတ်မှာ ဘိလပ်မြေအဝင်အား တော်တော်လေးလျော့နည်းခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ အသွင်းလျော့ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြန်မာတရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၆၅၀၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၈၁၂ တန်ကျော် အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်မှာ တာချီလိတ်၊ မြိတ်၊ ကန်ပိုက် တီးနဲ့ မောင်တောနယ်စပ်များမှ တန် ၂၇၀၀ ကျော် အသွင်းရှိခဲ့တာမို့ ယခုအပတ်မှာ ၁၈၈၈ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၇၀၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၀၀ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၉၀၀ ၅၉၀၀ ဘိလပ်မြေ (AAA) ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(မြန်မာဆင်) ၄၈၀၀ ၄၉၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၂၀၀ ၄၁၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၂၀၀ ၄၂၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၄၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၅၀၀ ၆၅၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၃၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၃၀၀ ၅၄၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၆၅၀ ၃၇၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၁၅၀ ၅၂၅၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(စိန်)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၃၀၀ MIRT(DOBT)
ပင်လယ်ရေကြောင်းက ဓာတ်မြေသြဇာ ပုံမှန်ဝင် ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၂ ရက်မှ ၈ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၅၉၅၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းငါးထောင် ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေမှာ ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာ တန်ချိန် ၁၂၀၊ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၄၀၀ နဲ့ ဘူဂေးရီးယားနိုင်ငံမှ ကွန်ပေါင်း မြေသြဇာ တန်ချိန် ၇၅ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် သုံးရာ့လေးဆယ်ကျော် တင်သွင်းခဲ့ပြီး ဒီသီတင်းပတ် တန်ချိန် ငါးရာ့ ကိုးဆယ်ကျော်တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာ တန်ချိန် နှစ်ရာ့ငါးဆယ်ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ ဓာတ်မြေသြဇာတန် ၉၉၀၀ ကျော် အသွင်းရှိ အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၃၄ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၉၉၃၀ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၆၀၀ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ စခန်း အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုများမှာ မူဆယ်မှ ၉၆၅၈ တန်ကျော်၊ ကော့ သောင်းမှ အမိုးနီးယား ၁၇၆ တန်၊ ရိဒ်မှ ယူရီးယား ၈၆တန်နဲ့ စစ်တွေမှ ၁၀ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီး ယား၊ ကွန်ပေါင်း (NPK 10:10:5) နိုက်တြိတ်ပိုတက်ရှ်၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်း NPK ၁၅ ပတ်လည်တို့ ဖြစ်ကြပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ပြောင်းလဲမှုယခုအပတ် ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(နေရွက်လှေ-တရုတ်) ၂၃၂၀၀ ၂၃၃၀၀ ပိုတက် (ထိုင်း) ၃၆၅၀၀ ၃၃၀၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၈၀၀၀ ၂၆၅၀၀ ပိုတက် (တရုတ်) ၂၆၀၀၀ ၂၂၅၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၅၀၀ ၂၁၀၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၂၄၀၀ ၂၁၇၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၅၅၀၀ ၂၆၀၀၀ အာမို(ဒိုင်းမွန်းစတား) ၃၆၅၀၀ ၃၇၅၀၀ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၀၀၀ ၂၂၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀ ၂၂၀၀၀ ကုလားအုတ် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ တီစူပါ-(တရုတ်) 12% ၁၀၅၀၀ ၁၀၅၀၀ တီစူပါ-(တရုတ်) 16% ၁၁၀၀၀ ၁၁၀၀ တီစူပါ 15:15:15 (တရုတ်) ၃၆၀၀၀ ၃၆၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၀၀၀ ၁၆၀၀၀ ပိုတက် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀ ဓာတ်ဆား (တရုတ်) ၁၈၅၀၀ ၁၈၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၀၀၀ ၂၄၀၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၀၀၀ ၂၄၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၀၀၀ ၂၄၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၂၀၀၀ ၃၅၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၂၈၅၀၀ ၃၁၀၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၂၇၅၀၀ ၂၈၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၅၀၀၀ ၂၆၀၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀ ၁၃၅၀၀ MIRT (MAPT)
ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးကိုဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့် ဆန်စပါးတင်ပို့မှုကို ပြန်လည်ဆန်းစစ်လျှင် စစ်ကြိုခေတ်ကာလက ဆန်တန်ချိန် ၃ သန်းအထိတင်ပို့နိုင်ခဲ့ကြောင်းနဲ့ ကမ္ဘာပေါ်တွင် ဆန်အများဆုံးတင်ပို့နိုင်သော နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုအခါမှာ အရှေ့တောင်အာရှနိုင်ငံများအနက် ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံတို့နဲ့ယှဉ်ပြိုင်တင်ပို့နေရပြီး ဆန်တင်ပို့နိုင်မှုမှာလည်း ၎င်းင်းနိုင်ငံများကို မမီနိုင်သေးကြောင်း တွေ့ရှိရပါတယ်။ အလားတူ ဆန်ဈေးနှုန်းမှာလည်း ထိုင်းနဲ့ ဗီယက်နမ်က ပိုမိုရရှိနေတာကို တွေ့ရှိရပါတယ်။ ၂၀၀၃ ခုနှစ်မှစပြီး ဆန်စပါးမူဝါဒသစ်နဲ့ ဆောင်ရွက်လျက်ရှိရာ အများဆုံး ဆန်တန်ချိန် ၅ သိန်းမှ ၇ သိန်းသာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလက်ရှိ ကြိတ်ခွဲနေတဲ့ ဆန်အမျိုးအစားနဲ့ စပါးသုံးစွဲမှု မှာ ဆန်တစ်တန်ရရှိရန် စပါးတင်း ၁၀၀ သုံးစွဲရတယ်လို့ ယျေဘုယျသတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် စပါးတင်းပေါင်း သိန်း ၇၀၀ ခန့် သုံးစွဲလျက်ရှိပါတယ်။ ပေါင်းဆန်ကို စစ်ကြိုခေတ်ကတည်းက အိန္ဒိယမှနည်းပညာယူပြီး ဟင်္သာတမြို့မှစပြီး ကြိတ်ခွဲထုတ် လုပ်ခဲ့ရာ မြန်မာပြည်အနှံ့အပြား အတွေ့အကြုံများလည်းရရှိပြီးဖြစ်ပါတယ်။ ကျွန်တော်လည်း ဟင်္သာတ ခရိုင်မှာ တာဝန်ကျစဉ်က ဟင်္သာတမြို့နယ်နဲ့ အင်္ဂပူမြို့နယ်များတွင် လိုအပ်ချက်အရ ပြည်ပတင်ပို့ရန် အနံ့မဲ့ပေါင်းဆန်များ ကြိတ်ခွဲထုတ်လုပ်ခဲ့ဖူးပါတယ်။ အနံ့မဲ့ပေါင်းဆန်ကြိတ်ခွဲရန် ဝယ်ယူရရှိတဲ့ စပါးများ ထဲမှ ဆန်ဖြူကြိတ်ခွဲလျှင် ဆန်ထွက်အောက်တန်းနည်းနိုင်သော ရွှေတဆုပ်၊ ဝတီထွန်း အစရှိတဲ့ စပါး များကို အနံ့မဲ့ပေါင်းဆန်အဖြစ် ကြိတ်ခွဲခဲ့ပါတယ်။ ဆန်ဖြူကြိတ်ခွဲလျှင် ဆန်ထွက်အောက်တန်း တင်း ၃၀ မကျော်သော စပါးများကို အနံ့မဲ့ပေါင်းဆန် အဖြစ် ကြိတ်ခွဲသောအခါ စပါးတင်း ၁၀၀ လျှင် ဆန်ထွက်အောက်တန်း ၄၂ တင်းမှ ၄၅ တင်းအထိရရှိ ပါတယ်။ ဒါကြောင့် ဆန်တစ်တန်ရရှိရန် သုံးစွဲမှုမှာမှာ စပါးတင်း ၇၀ ထက်မကျော်ကြောင်း တွေ့ရှိရပါ တယ်။ ဒါကြောင့် အထက်ဖော်ပြခဲ့တဲ့ စပါးတင်းသိန်း ၇၀၀ ကို အနံ့မဲ့ပေါင်းဆန်အဖြစ် ပြောင်းလဲကြိတ်ခွဲလျှင် ဆန်တန်ချိန် ၁၀ သိန်း(တစ်သန်း)ရရှိမှာဖြစ်ပါတယ်။ ပေါင်းဆန်ဈေးဟာလည်း ဆန်ဖြူဈေးထက် တစ်တန်ကို ဒေါ်လာ ၅၀ မှ ၇၅ ခန့် ပိုမိုရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ယခင်က တန် ၇ သိန်းမှ ယခု တန်တစ်သန်း တင်ပို့နိုင်သဖြင့် တန် ၃ သိန်းအတွက် ဝင်ငွေပိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဘိုးဘွားတွေလမ်းပြခဲ့တဲ့ ပေါင်းဆန်နဲ့ ကမ္ဘာ့ဆန်ဈေးကွက်ကို နေရာယူသကဲ့သို့ ကျွန်တော်တို့လည်း ပေါင်းဆန်ထုတ်လုပ်မှုကို ပြန်လည် ဆန်းသစ်တီထွင်ပြီး ဈေးကွက်ယှဉ်ပြိုင်နေရတဲ့ ထိုင်းနဲ့ ဗီယက်နမ်ကိုကျော်တက်ကာ ထိပ်ဆုံးနေရာကို ပြန်လည်ရရှိအောင် ကြိုးစားကြပါစို့လို့ တိုက် တွန်းရေးသားလိုက်ရပါတယ်။
နို့ဆီ/နို့စိမ်း ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်နေ့ တာကာလအတွင်း နို့ဆီ ၃၂၂ ဒသမ ၅၀ တန်နဲ့ နို့ဆီ ၄၄၅ ဒသမ ၉၁ တန် စုစုပေါင်း ၇၆၈ ဒသမ ၄၁ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှု ကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်း ပတ်မှာတော့ OKတံဆိပ်နို့ဆီ ၃၂၂ ဒသမ ၅၀ တန်နဲ့ Dawn တံဆိပ် နို့စိမ်း ၄၄၅ ဒသမ ၉၁ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်က နို့ဆီ ၁၄၈ ဒသမ ၃၅ တန်နဲ့ နို့စိမ်း ၃၀၉ ဒသမ ၈၃ တန်တင်သွင်းခဲ့ တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ/စိမ်း အဝင်ပိုခဲ့တယ်လို့ ဆိုရပါမယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာလရဲ့ နို့ဆီအဝင် စုစုပေါင်းမှာ တန်ချိန် တစ်ထောင့်လေးရာကျော် ရှိခဲ့ပြီး သြဂုတ်လရဲ့ နို့ဆီအဝင်မှာ တန်ချိန် တစ် ထောင့်ရှစ်ရာကျော်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ နို့ဆီအဝင်အားပျော့ ခဲ့ပါတယ်။ နို့စိမ်းက စက်တင်ဘာလမှာ တန်ချိန်စုစုပေါင်း ၉၆၀ ကျော် ဝင်ခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၂၀၀ ကျော်သာ ဝင်ခဲ့တာကြောင့် စက်တင်ဘာလမှာ နို့စိမ်းကသိသိသာသာအဝင်ပိုခဲ့ပါတယ်။ နို့မှုန့်က စင်ကာပူ၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ တရုတ် စတဲ့နိုင်ငံစုံမှ နို့မှုန့်များကို မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလရဲ့ နို့မှုန့်တင်သွင်းမှု စုစုပေါင်းမှာ တန်ချိန် ၃၈၀ ကျော်ရှိခဲ့ပြီး သြဂုတ်လရဲ့ နို့မှုန့်အဝင်က တန်ချိန် စုစုပေါင်း ၄၃၀ ကျော် ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ နို့မှုန့်အဝင် အား လျော့ခဲ့ပါတယ်။MIRT(DOT) ယခုအပတ် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းရှိ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း မြန်မာထိုင်း နယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၃၈၅၀၀ တန်ဖိုးရှိ နို့ဆီ ၄၂ တန် (၂၂၀၀ တာ )၊ ကန်ဒေါ်လာ ၇၅၉၀၀ တန်ဖိုးရှိ နို့စိမ်း တန် ၈၀ (၄၂၀၀တာ)အသွင်းရှိခဲ့ပ့ါတယ်။ ယခင် အပတ်ကထက် နို့ဆီ ၁၆ တန်နဲ့ နို့စိမ်း ၄၈ တန် ပိုမိုတင်သွင်းခဲ့ပါတယ်။ စက် တင်ဘာလအတွင်း နို့ဆီ ၁၅၈ တန်နဲ့ နို့စိမ်း ၂၇၀ တန် တင်သွင်းထားပြီး ဖြစ် ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၁၀၅ သန်းတန် ဖိုးရှိ နို့မှုန့် ၃၇ တန် အသွင်းရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ နို့မှုန့် ၆၃ တန်ကျော်တင်သွင်းထားပြီးဖြစ်ပါ တယ်။ MIRT(DOBT)
ဒီသီတင်းပတ် ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော်တင်သွင်း စက်တင်ဘာလနောက်ဆုံးပတ်မှာတော့ ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၁ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ တရုတ်နိုင်ငံမှ ဆင်တံဆိပ်နဲ့ အခြား တံဆိပ် ဘိလပ်မြေတန်ချိန် ၂၃၅၇ ဒသမ ၆၇ နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်၊ စိန်တံဆိပ် နဲ့ အခြားတံဆိပ်ဘိလပ်မြေမျိုးစုံ ၇၂၁၂၇ ဒသမ ၀၃ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခုနစ်ထောင်ကျော်သာ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာ ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာတစ်လရဲ့ ဘိလပ်မြေတင်သွင်းမှု က တန်ချိန်တစ်သိန်းလေးသောင်းရှိခဲ့ပြီး ၂၀၁၁ သြဂုတ်လရဲ့ ဘိလပ်မြေတင်သွင်းမှု မှာ တန်ချိန် တစ်သိန်းခြောက်သောင်းကျော် ရှိခဲ့တာကြောင့် စက်တင်ဘာလရဲ့ ဘိလပ်မြေတင်သွင်းမှုက သြဂုတ်လအဝင်ထက် တန်ချိန်အနည်းငယ်လျော့နည်းခဲ့ တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ ဘိလပ်မြေ တန် ၂၇၀၀ ကျော် အသွင်းရှိ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၀ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၂၇၁၅ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၃၄၆ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၁၁၀၁ တန်၊ မြိတ်မှ ၇၃၂ တန်၊ ကန်ပိုက်တီးမှ ၈၃၂ တန်နဲ့ မောင်တောမှ တန် ၅၀ အသွင်းရှိခဲ့ပါတယ်။ စက်တင်ဘာလမှာ နယ်စပ်မှ ဘိလပ်မြေ ၅၁၀၇ တန် တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၇၀၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၀၀ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၈၀၀ ၅၉၀၀ ဘိလပ်မြေ (AAA) ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(မြန်မာဆင်) ၄၉၀၀ ၄၈၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၀၀၀ ၄၂၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၂၀၀ ၄၂၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၅၀၀၀ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၅၀၀ ၅၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၅၀၀ ၆၅၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၃၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၁၀၀ ၅၃၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၆၀၀ ၃၆၅၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၄၉၅၀ ၅၁၅၀၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(စိန်)ထိုင်း - ၅၅၀၀ - ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၃၀၀ MIRT (MAPT)
ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာတင်သွင်း စက်တင်ဘာနောက်ဆုံးပတ်ဖြစ်တဲ့ ဒီသီတင်းပတ်မှာတော့ ဓာတ်မြေသြဇာ တန်ချိန် ၃၄၃ ဒသမ ၂၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာငါးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံထုတ် ဓာတ်မြေသြဇာတစ်မျိုးတည်း သာ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၀၇ တန်ကျော်သာ တင်သွင်းခဲ့ လို့ ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် သုံးဆလောက် ပိုတင်သွင်းနိုင်တာ တွေ့ရ ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာရဲ့ ဓာတ်မြေသြဇာအဝင် စုစုပေါင်းမှာ တန်ချိန် ၁၇၁၆ သာရှိခဲ့ပြီး သြဂုတ်လရဲ့ ဓာတ်မြေသြဇာအဝင် စုစုပေါင်း မှာ တန်ချိန် ၉၉၉၈ တန်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ ဓာတ်မြေသြဇာတင် သွင်းမှုထက် တော်တော်လေး လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၂၀၀၀ ကျော် အသွင်းရှိ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိ ကာလအတွင်း မူဆယ်၊ ရိဒ်၊ ကော့သောင်း၊ စစ်တွေနဲ့ မောင်တောနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၂၁၅ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၂၆၂ တန်ကျော် တင်သွင်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်လမ်းကြောင်းမှ ဓာတ်မြေသြဇာတန် ၉၁၀၀၀ ကျော် တင်သွင်း ထားပြီးဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း၊ Folia (အရည်/အမှုန့်) ၊ နိုက်ကြိတ်ပိုတက်ရှ်၊ စင်ဂဲလ်စူပါဖော့စဖိတ်တို့ ဖြစ်ပါတယ်။ စခန်းများအလိုက် ဓာတ်မြေသြဇာတင်သွင်းမှု တွေကတော့ မူဆယ်မှ ၁၁၇၅၉ တန်၊ ကော့သောင်းမှ ၁၈၃တန်၊ မောင်တောမှ ၁၉၅တန်၊ ရိဒ်မှ ၁၁၈တန်နဲ့ စစ်တွေမှ ၆ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ပိုတက် (ထိုင်း) ၃၆၅၀၀ ၃၆၅၀၀ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၀၀၀ ၂၃၂၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၈၀၀၀ ၂၈၀၀၀ ပိုတက် (တရုတ်) ၂၅၀၀၀ ၂၆၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၂၄၀၀ ၂၂၄၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၅၅၀၀ ၂၅၅၀၀ အာမို(ဒိုင်းမွန်းစတား) ၃၆၅၀၀ ၃၆၅၀၀ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ယူရီးယား (ယူအေအီး-တရုတ်) ၁၉၀၀၀ ၁၉၀၀၀ ကုလားအုတ် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၇၀၀ ၂၂၀၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၇၀၀ ၂၂၀၀၀ တီစူပါ-(တရုတ်) 12% ၁၀၀၀၀ ၁၀၅၀၀ တီစူပါ-(တရုတ်) 16% ၁၁၀၀၀ ၁၁၀၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၅၀၀ ၃၆၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၅၀၀၀ ၁၆၀၀၀ ပိုတက် (တရုတ်) ၂၁၀၀၀ ၂၃၅၀၀ ဓာတ်ဆား (တရုတ်) ၁၇၅၀၀ ၁၈၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅၀၀ ၂၂၀၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၅၀၀ ၂၂၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၅၀၀ ၂၂၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၂၀၀၀ ၃၂၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၂၈၅၀၀ ၂၈၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၂၈၀၀၀ ၂၇၅၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၀၀၀ ၂၅၀၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀ ၁၃၅၀၀ MIRT( MAPT)
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မိုးထိ၊ မိုးမိနဲ့ ထုံးကြီးတောင် ဒေသတွင် ရွှေတူးဖော်တဲ့ အကြီးစားလုပ်ကွက်ကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။ မိုးထိ၊ မိုးမိနဲ့ ထုံးကြီးတောင်ဒေသ ရွှေလုပ်ကွက်လုပ်ကိုင်ခွင့်ကို ၆၁၀၅ ဧက အတွက် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ မှရရှိခဲ့ကြောင်း၊ လုပ်ကိုင်ခွင့် သက်တမ်းမှာ ၅ နှစ်တူးဖော်ခွင့်ရရှိခဲ့ရာ ၂၀၁၁ ခုနှစ် သြဂုတ်လမှစ၍ တင်ဒါရရှိခဲ့ခြင်း ကြောင့် ၂၀၁၆ ခုနှစ်အထိ တူးဖော်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေတူးဖော်လုပ်ကိုင် ခွင့်အတွက် ရွှေတန်ချိန် ၅ ဒသမ ၅၇၇ တန်ကို ပြန်လည်ပေးသွင်းရမှာဖြစ်ကြောင်း၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မိုးထိ၊ မိုးမိနဲ့ ထုံးကြီးတောင်ဒေသတွင် ရွှေတူးဖော်ရေး အသေးစားကုမ္ပဏီ ၃၉ ခုရှိပြီး လုပ်ကွက် ၅၆ ခုရှိရာ ယခုချပေးထားတဲ့လုပ်ကွက်မှာ အကြီးစားလုပ်ကွက် ဖြစ်ပြီး လုပ်ကွက် ၃ ခုချထားပေးကာ လုပ်ကွက်စုစုပေါင်း ၅၉ ခုမြောက် လုပ် ကွက်ဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
မုံရွာဂျုံဈေးကွက် မန်းအဝယ်သွက် ပေါ်ခါစကတည်းက ယနေ့ထိ တဖြည်းဖြည်းချင်းသာ ဈေးအတက်အဆင်း ညင်သာနေတဲ့ မုံရွာ ဂျုံဈေးကွက်ဟာ စက်တင်ဘာလအတွင်း ဂံျုဖြူသန့်တစ်တင်း ကျပ် ၁၅၂၀၀ ထိ အမြင့်ဆုံးရောက်လာခဲ့ပြီး ဂျုံအထွက်တိုးဈေးလည်း တစ်တင်း ကျပ် ၁၁၅၀၀ ထိ ဈေးလိုက်လာခဲ့တာ တွေ့ရပါတယ်။ မုံရွာဂျုံဈေးကွက်ရဲ့ သမားရိုးကျ ဖြစ်စဉ်အတိုင်း၊ ဂျုံပေါ်ခါစကတည်းက မုံရွာကုန်သည်နဲ့ လှောင်လက်တွေ ထုံးစံအတိုင်းဝယ်ယူခဲ့ကြပြီး လှောင်သက်ကာလကြာလာ တာနဲ့အမျှ ပိုးလိုက်လာလို့ ဈေးမကိုက်ပေမဲ့ ဒီရာသီမှာ ထုတ်ရောင်းကြစမြဲဖြစ်ပါတယ်။ မန္တလေးဝယ်လက်ကလည်း မုံရွာဂျုံဈေးကွက်အထာကို သိနေလေတော့ လိုအပ်ချက်သာ နေ့စဉ်ဝယ်ယူလျက်ရှိပါတယ်။ ဒီလထဲမှာတော့ မန်းအဆွဲ တော်တော်သွက်ခဲ့လို့ အခုလိုဈေးရလာခြင်းဖြစ်ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁၀၀၀ မှ ၂၀၀၀ အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကာ စက်တင်ဘာလအတွင်း မုံရွာကနေ မန္တလေးကို ဂျုံတင်းတစ်သောင်းကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်
MY BOY နဲ့ DAWNတံဆိပ် တင်သွင်း စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက် တာကာလအတွင်း နို့ဆီ/စိမ်း တန်ချိန် ၅၃၉ ဒသမ ၁၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းလေးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ မှာ ယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ထုတ်လုပ်တဲ့ My Boy တံဆိပ် နို့စိမ်း ၃၉၀ ဒသမ ၈၃ တန်နဲ့ စင်ကာပူနိုင်ငံထုတ် DAWN တံဆိပ် နို့ဆီ ၁၄၈ ဒသမ ၃၅ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ တင်သွင်း မှုမှာ တန်ချိန် ၉၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် နို့ဆီတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၅၀ ကျော်လောက် ပိုမိုတင် သွင်းခဲ့တာတွေ့ရပါတယ်။ နို့စိမ်းအဝင် ကိုကြည့်ရင် ယခင်သီတင်းပတ်တန်ချိန် နှစ်ရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်တန်ချိန် သုံးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ နို့စိမ်းတန်ချိန် ၁၀၀ လောက် ပိုမို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က အီရန်နိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ စပိန်နိုင်ငံတို့မှ အသီးသီးမှာယူတင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ရှစ်ဆယ်ကျော်တင်သွင်းခဲ့ပြီး ဒီတစ်ပတ် တန်ချိန် ၃၄ တန်သာ တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နို့ဆီ၊နို့စိမ်း၊နို့မှုန့် ယခုအပတ်အသွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၂၄ သန်း တန်ဖိုးရှိ နို့ဆီ ၂၆ တန် (၁၃၅၀ တာ) နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၀၃၁ သန်းတန်ဖိုးရှိ နို့စိမ်း ၃၂ တန် (၁၇၀၀ တာ) အသွင်းရှိခဲ့ပြီး ယခင်အပတ်က ထက် နို့ဆီ ၁၂ တန်နဲ့ နို့စိမ်း ၁၈ တန် လျော့နည်း တင်သွင်းခဲ့ပါတယ်။ ယခု အပတ် မူဆယ်နယ်စပ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၀၅၄ သန်းတန်ဖိုးရှိ လိပ်ပြာ ၂ ကောင်တံဆိပ် နို့မှုန့် ၄၀၀ ဂရမ်ပါ အထုပ် ၁၉ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က နို့မှုန့်တင်သွင်းမှုမရှိဘဲ ယခုအပတ်မှာ အသွင်းရှိတာ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၈၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀Falcon နို့ဆီ ၅၃၀ -Falcon နို့စိမ်း ၄၉၀ -ဝမ်းတီးနို့ဆီ ၆၄၀ ၆၈၀အိုကေ( နို့ဆီ) ၆၆၀ ၆၈၅အိုကေ( နို့စိမ်း) ၆၆၀ ၆၈၅ဟက်ပီးကောင်း( နို့ဆီ) ၆၀၀ -MIRT (DOT)
ထိုင်းနဲ့ စင်ကာပူမှ ဘိလပ်မြေတင်သွင်း စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ဘိလပ်မြေ ၇၉၆၇ ဒသမ ၁၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းခုနစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံမှ စိန်တံဆိပ် ဘိလပ်မြေ ၃၂၀၀ တန်၊ စင်ကာပူနိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေ တန်ချိန် ၃၀၀၀၊ အခြားတံဆိပ်ဘိလပ်မြေတန်ချိန် ၁၇၆၇ ဒသမ ၁၀ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သောင်းသုံးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တန်ချိန်ထက်ဝက်မျှ လျော့နည်းပြီး တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၁၃၀၀ ကျော်အသွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၀ ဒသမ ၁၁၇ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၃၆၉ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၆၈ တန် အသွင်းပိုခဲ့ပါတယ်။ တာချီလိတ်နဲ့ မြိတ်နယ်စပ်စခန်းများမှ အသွင်းပိုမိုခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၈၁၉ တန်ခန့်၊ ကန်ပိုက်တီးမှ တန် ၂၀၀ နဲ့ မြိတ်မှ တန် ၃၅၀ အသီးသီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ်ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၇၀၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၉၀၀ ၅၈၀၀ ဘိလပ်မြေ (AAA) ၅၂၀၀ ၅၁၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၀၀၀ ၄၉၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၀၀၀ ၄၀၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၂၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၅၀၀၀ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၅၀၀ ၅၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၅၀၀ ၆၅၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၃၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၆၀၀ ၃၆၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၄၉၅၀ ၄၉၅၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၇၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ MIRT(MAPT)
