Background
ဗီယက်နမ်မှ မြေသြဇာ အများဆုံးတင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်တာ ကာလအတွင်း မြေသြဇာ ၁၄၆၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကိုးသောင်းကျော်ဖိုးကို ရေကြောင်းလမ်းမှတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာများမှာ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၂၆၀ နဲ့ ဗီယက်နမ်နိုင်ငံမှ မြေသြဇာတန်ချိန် ၁၂၀၅ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် လေးရာကျော်သာတင် သွင်းခဲ့ပြီး ဒီတစ်ပတ် တန်ချိန်တစ်ထောင့်လေးရာကျော်တင်သွင်းခဲ့လို့ ဒီတစ်ပတ်တန်ချိန် တစ်ထောင်ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ အောက်တိုဘာပထမပတ်မှစပြီး ပျမ်းမျှတစ်ပတ်ကို တန်ချိန် ခုနှစ်ရာကျော် သာတင်သွင်းနိုင်ခဲ့တဲ့ ဓာတ်မြေသြဇာက ဒီတစ်ပတ်မှာ ပျမ်းမျှအဝင်ရဲ့ တန်ချိန်ထက်ဝက်ကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်မြေသြဇာအသွင်း တန်ချိန် ၃၆၀၀ နီးပါးပိုမို နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင်တောနယ်စပ်တို့မှ ကန်ဒေါ်လာ ၂ ဒသမ ၂၇၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၁၆၃၇ တန်ကို နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် တန်ချိန် ၃၅၉၀ ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ် တစ်ခုတည်းမှ တန် ၃၄၂၀ ပိုမိုခဲ့ပြီး ကော့သောင်းနဲ့ ရိဒ်စခန်း များ တင်သွင်းမှု အနည်းငယ်ပိုမိုခဲ့တဲ့အပြင် ယခင်အပတ်က အသွင်းမရှိခဲ့ပေမယ့် မောင်တောမှလည်း ယခုအပတ်မှာ အသွင်းရှိခဲ့တယ်လို့သိရပါတယ်။ မူဆယ်နယ် စပ်မှ ယူရီးယား၊ တီစူပါ၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်း (၁၀း၁၀း၅) နဲ့ (၁၅း၅း၅) တို့ အများဆုံးတင်သွင်းခဲ့ကြတယ်လို့ သိရပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ပြောင်းလဲမှုယခုအပတ် ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(ရွှေတောင်-တရုတ်) - ၂၃၀၀၀ တီဆူပါ (မြှား-တရုတ်) - ၂၈၀၀၀ ပိုတက် (တရုတ်) ၂၈၀၀၀ ၂၈၀၀၀ ပိုတက် (ထိုင်း) ၃၃၀၀၀ ၃၈၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၂၀၀ ၂၀၆၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၃၀၀ ၂၀၆၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၀၀၀ ၂၈၀၀၀ အာမို(ဒိုင်းမွန်းစတား) ၃၇၀၀၀ ၃၇၀၀၀ ပဲခူးတိုင်းဒေသကြီး ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၅၀၀ ၂၂၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ၂၂၀၀၀ ယူရီးယား (ပုလဲ-ပန်းဖူး) ၂၂၀၀၀ ၂၂၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀ ၂၀၅၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၀၅၀၀ ၂၀၅၀၀ တီစူပါ-(တရုတ်) 12% ၉၀၀၀ ၁၀၀၀၀ တီစူပါ-(တရုတ်) 16% ၁၀၀၀၀ ၁၀၅၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၀၀၀ ၃၄၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၀၀၀ ၁၆၀၀၀ ပိုတက် (တရုတ်) ၂၄၀၀၀ ၂၅၀၀၀ ဓာတ်ဆား (တရုတ်) ၁၉၅၀၀ ၁၈၀၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၅၀၀ ၂၃၀၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၀၀၀ ၂၃၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၀၀၀ ၂၃၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄၀၀၀၀ ၃၆၅၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၀၀၀ ၃၁၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၃၂၀၀၀ ၃၁၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၉၀၀၀ ၂၈၅၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀ ၁၃၀၀၀ MIRT (MAPT)
ဒီတစ်ပတ် နို့ဆီပဲဆက်ဝင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်တာကာလအတွင်း နို့ဆီတန်ချိန် တစ်ရာကျော်သာ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် ရှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီအဝင်အား တော်တော်လေး လျော့နည်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ နို့ဆီပဲအဝင်ရှိပြီး နို့စိမ်းက တင်သွင်းမှုမရှိခဲ့ပါဘူး။ နို့စိမ်းက ဒီတစ်ပတ်နဲ့ယှဉ်ရင် နှစ်ပတ်ဆက်တိုက်အဝင် မရှိခဲ့ပါဘူး။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် အောက်တိုဘာလ နို့ဆီအဝင်မှာ တန် ချိန်နှစ်ထောင်ကျော်ရှိခဲ့ပြီး စက်တင်ဘာလမှာ တစ်ထောင့်လေးရာကျော် သာရှိခဲ့တာကြောင့် အောက်တိုဘာလ မှာ နို့ဆီအဝင်ပိုခဲ့ပါတယ်။ နို့စိမ်းက အောက်တိုဘာလမှာ တန်ချိန် ငါးရာ ကျော်ရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ကိုးရာ့ခြောက်ဆယ်ကျော် ရှိခဲ့တာ ကြောင့် အောက်တိုဘာလမှာ နို့စိမ်းက အဝင်အား လျော့နည်းခဲ့ပါတယ်။ နို့မှုန့်က အောက်တိုဘာလမှာ တန် ချိန် ငါးရာကျော်ရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် သုံးရာရှစ်ဆယ်ကျော်ရှိခဲ့ တာကြောင့် အောက်တိုဘာလမှာ နို့မှုန့် အဝင်ပိုခဲ့ပါတယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ နို့ဆီ၊ နို့စိမ်း အသွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှတစ်ဆင့် နိုဝင်ဘာ ၂ ရက်မှ ၈ရက်အထိကာလ အတွင်းကန်ဒေါ်လာ ၁၂၂၅၀ တန်ဖိုးရှိ နို့ဆီ ၁၃ တန်ကျော် (၇၀၀-တာ) နဲ့ ကန်ဒေါ်လာ ၁၈၀၀၀ တန်ဖိုးရှိ နို့စိမ်း ၁၉တန်ခန့်(တာ ၁၀၀၀) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီနို့စိမ်း နယ်စပ်မှအသွင်းမရှိဘဲ ယခု အပတ်မှာအသွင်းရှိတာတွေ့ရပါတယ်။ ယခုအပတ်မှာလည်းယခင်အပတ်နည်း တူ မူဆယ်မှ နို့မှုန့်အသွင်းမရှိခဲ့ပါဘူး။ MIRT (DOBT)ို့ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း (နို့ဆီ) ၆၈၀ ၇၀၀ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ဝမ်းတီးနို့ဆီ ၆၅၀ ၆၇၅အိုကေ(နို့ဆီ) ၆၅၀ ၆၇၅အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅Luckey Cow ၅၈၀ -(နို့စိမ်း)MIRT (DOT)
ဘိလပ်မြေတန်ချိန် တစ်သောင်းခုနစ်ထောင်ကျော်ဝင် ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်တာကာလ အတွင်း ဘိလပ်မြေတန်ချိန် ၁၇၄၅၂ ဒသမ ၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီသီတင်း ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေမှာ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၇၂၈၉နဲ့ အခြား ဘိလပ်မြေ တန်ချိန် ၁၆၃ ဒသမ ၂၀ ဖြစ်ပါတယ်၊၊ တင်သွင်းခဲ့တဲ့နိုင်ငံမှာ ထိုင်းနဲ့ မလေးရှား ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ တင်သွင်းမှုမှာ တန်ချိန် နှစ်သောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်အား တန်ချိန် သုံးထောင်လောက်နီးပါး လျော့နည်းခဲ့ပါတယ်။ အောက်တိုဘာလရဲ့ ဘိလပ်မြေအဝင်ကို ကြည့်မယ်ဆိုရင် တန်ချိန် ငါးသောင်းလေးထောင်ကျော်သာ တင်သွင်းနိုင်ခဲ့ပြီး ယခင်စက်တင်ဘာလရဲ့ ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သိန်းသုံးသောင်းကျော်ရှိခဲ့တာကြောင့် အောက်တိုဘာလမှာ ဘိလပ်မြေတင်သွင်းမှုအား တော်တော်လေး လျော့နည်းခဲ့တာ တွေ့ရ ပါတယ်။MIRT (DOT) နယ်စပ်မှ ယခုအပတ် ဘိလပ်မြေအသွင်းကျ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မောင်တောနယ်စပ်စခန်းများမှ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၁၄၀ သန်း တန်ဖိုးရှိ ဘိလပ်မြေတန် ၁၄၄၀ ကျော် အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် တန်ချိန် ၈၆၆ တန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နယ်စပ် အလိုက် ဘိလပ်မြေတင်သွင်းမှုများမှာ တာချီလိတ်မှ ၈၃၆ တန်ကျော်၊ ကန်ပိုက်တီးမှ ၅၅၅ တန်နဲ့ မောင်တောမှ တန် ၅၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် လျော့နည်းရခြင်းမှာ ကန်ပိုက်တီးနဲ့ မောင်တောစခန်းများမှ အသွင်းပိုသော်လည်း တာချီလိတ်မှ အသွင်းလျော့တဲ့အပြင် မြိတ်မှ ယခုအပတ်အသွင်းမရှိခဲ့၍ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဘိလပ်မြေ ၆၆၆၅၅ တန်တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၆၅၀ ၄၆၅၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၀၀ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၃၅၀ ၄၃၅၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၆၀၀ ၅၆၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၄၈၀၀ ၅၂၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၄၀၀ ၄၇၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၁၀၀ ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၉၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၇၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၇၀၀ ၆၇၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၂၀၀ ၅၂၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄၀၀ ၅၄၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၄၅၀ ၃၅၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၃၀၀ ၅၃၀၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(စိန်)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၃၀၀ MIRT (MAPT)
အောက်တိုဘာမှာအဝင်ပို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်တာကာလအတွင်း ဓာတ်မြေ သြဇာတန်ချိန် ၄၂၅ ဒသမ ၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းငါး သောင်းနီးပါးကို ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဘူဂေးရီးယားမှ ကွန်ပေါင်းမြေသြဇာ ၄၂၅ တန်နဲ့ တရုတ်နိုင်ငံမှ AMINO Acid သုည ဒသမ ၂၀ တန်မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာ တင်သွင်းမှုက တန်ချိန် ရှစ်ရာခြောက်ဆယ်ကျော် တင်သွင်းခဲ့ပြီး ဒီတစ်ပတ် ဓာတ်မြေသြ ဇာအဝင်နဲ့ယှဉ်ရင် တန်ချိန်ထက်ဝက်မျှလျော့နည်းခဲ့တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလ ဓာတ်မြေသြဇာအဝင် စုစုပေါင်းတန်ချိန်မှာ သုံးထောင်ကျော်ရှိခဲ့ပြီး စက်တင်ဘာလရဲ့ ဓာတ်မြေသြဇာအဝင် မှာစုစုပေါင်း တန်ချိန် တစ်ထောင့်ခုနစ်ရာကျော် ရှိခဲ့တာကြောင့် အောက်တိုဘာလ မှာ ဓာတ်မြေသြဇာ အဝင်ပိုခဲ့ပါတယ်။ MIRT (DOT) ရာသီချိန်မဟုတ်၍ နယ်စပ်မှ ဓာတ်မြေသြဇာ တင်သွင်းမှုလျော့ကျလျက်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်များဖြစ်တဲ့ မူဆယ်၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆၄ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ အမျိုးအမယ်စုံ ၈၀၄၈ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၁၄၈၀ ကျော် လျော့နည်းတင် သွင်းခဲ့တာ တွေ့ရပါတယ်။ ရာသီချိန်မဟုတ်တဲ့အတွက် မူဆယ်မှတင်သွင်းမှု သိသိသာသာ လျော့နည်းခဲ့တဲ့အပြင် ကန်ပိုက်တီးနဲ့ စစ်တွေနယ်စပ်များမှလည်း ဓာတ်မြေသြဇာ အသွင်းမရှိခဲ့ပါဘူး။ ရိဒ်နဲ့ ကော့သောင်းနယ်စပ်တွေမှ ယခင်အပတ်က ထက်တင်သွင်းမှု အနည်းငယ်ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုများမှာ မူဆယ်မှ ၇၇၉၆ တန်၊ ရိဒ်မှ ၂၁၇ တန်ကျော်နဲ့ ကော့သောင်းမှ ၃၄ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ တီစူပါကွန်ပေါင်း၊ NPK 10:10:5 နဲ့ 13:5:7တို့ဖြစ်ပြီး ရိဒ်နယ်စပ်မှ ယူရီးယားနဲ့ ပိုတက်ရှ်တို့ ပုံမှန်အသွင်းရှိတာ ဖြစ်ပါတယ်။ ဧပြီလမှ အောက်တိုဘာထိ ဓာတ်မြေသြဇာတန် ၄၃၀၁၃၆ ကျော် နယ်စပ်မှ တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ပြောင်းလဲမှုယခုအပတ် ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၆၅၀၀ ၂၇၅၀၀ ပိုတက် (တရုတ်) ၂၆၀၀၀ ၂၈၀၀၀ ပိုတက် (ထိုင်း) ၃၆၅၀၀ ၃၃၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၄၀၀ ၁၉၂၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၄၀၀ ၂၀၃၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၀၀၀၂၈၀၀၀ အာမို(ဒိုင်းမွန်းစတား) ၃၇၀၀၀ ၃၇၀၀၀ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယး (ပုလဲ-ပန်းဖူး) ၂၂၀၀၀ ၂၂၀၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀ ၂၀၅၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၅၀၀ ၂၀၅၀၀ တီစူပါ-(တရုတ်) 12% ၉၀၀၀ ၉၀၀၀ တီစူပါ-(တရုတ်) 16% ၁၀၀၀၀ ၁၀၀၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၀၀၀ ၃၅၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၀၀၀ ၁၆၀၀၀ ပိုတက် (တရုတ်) ၂၄၀၀၀ ၂၄၀၀၀ ဓာတ်ဆား (တရုတ်) ၁၉၅၀၀ ၁၉၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၅၀၀ ၂၃၅၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၀၀၀ ၂၄၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၀၀၀ ၂၄၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄၀၀၀၀ ၄၀၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၀၀၀ ၃၄၀၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၃၂၀၀၀ ၃၂၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၉၀၀၀ ၂၉၀၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀ ၁၃၅၀၀ MIRT (MAPT)
နို့ဆီ အဝင်များ၊ နို့စိမ်းအဝင်နား အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက် တာကာလအတွင်း နို့ဆီ ၈၇၉ ဒသမ ၄၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းငါးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ DAWN တံဆိပ် နို့ဆီ တန်ချိန် ၄၁၀ ဒသမ ၆၅ တန်၊ OK တံဆိပ် ၃၆၄ဒသမ ၅၁ တန် နဲ့ အခြားတံဆိပ်နို့ဆီ ၁၀၄ ဒသမ ၃၀ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာ ပူဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာ နို့စိမ်း က တင်သွင်းခြင်းမရှိခဲ့ပါဘူး။ ယခင် တစ်ပတ်က ဝင်အားကောင်းကောင်းနဲ့ တန်ချိန် သုံးရာကျော်ဝင်ခဲ့ပြီး ဒီတစ် ပတ်မှာ အဝင်နားခဲ့ပါတယ်။ နို့ဆီက ယခင်တစ်ပတ်အဝင်ထက် နှစ်ဆ ပိုမို တင်သွင်းခဲ့ပါတယ်။ နို့မှုန့်က စင်ကာပူနိုင်ငံမှ ၄ ဒသမ ၅၄ တန်၊နယူးဇီလန်မှ ၁၀၀ ဒသမ ၈၀ တန်၊ သြစတြေးလျနိုင်ငံမှ ၃ တန်နဲ့ မလေးရှားနိုင်ငံမှ ၁၈ ဒသမ ၈ တန် စုစုပေါင်း ၁၂၇ ဒသမ ၁၄ တန် တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် ချိန်နှစ်ရာကျော် တင်သွင်းနိုင်ခဲ့လို့ ဒီတစ်ပတ်မှာ နို့မှုန့်အဝင်အားလျော့ခဲ့ပါ တယ်။MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းမရှိ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်ထိကာလအတွင်း နယ်စပ်များမှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တို့ အသွင်းမရှိခဲ့ပါဘူး။ အောက်တိုဘာလ တစ်လလုံး နို့ဆီ ၁၅၇ တန်ကျော် (၈၂၉၄ တာ)၊ နို့စိမ်း ၂၄၃၁တန် (၁၂၈၅၂ တာ)နဲ့ နို့မှုန့် ၅၈ တန်ကျော် တင်သွင်းထားပြီးဖြစ်ပါ တယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း (နို့ဆီ) ၆၈၀ ၇၀၀ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ဝမ်းတီးနို့ဆီ ၆၅၀ ၆၇၅အိုကေ(နို့ဆီ) ၆၅၀ ၆၇၅အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅Luckey Cow ၅၈၀ -(နို့စိမ်း)MIRT (DOT)
ဘိလပ်မြေတံဆိပ်မျိုးစုံ တန်ချိန် နှစ်သောင်းကျော်တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၀၂၈၆ ဒသမ ၀၂ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့် ခုနှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ဘိလပ်မြေအမျိုးအစားတွေကတော့ Mountain တံဆိပ် ဘိလပ်မြေတန်ချိန် ၃၅၈၆ ၊ ဆင်တံဆိပ် ဘိလပ်မြေ တန်ချိန် ၁၂၆၆၄ ဒသမ ၇၀၊ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၄၀၀၊TPI တံဆိပ် ဘိလပ်မြေ တန်ချိန် ၃၅ ဒသမ ၂၀ နဲ့ အခြားတံဆိပ် ဘိလပ်မြေ တန်ချိန် သုည ဒသမ ၁၂ တို့ ဖြစ်ပါတယ်။ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့မှ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာ ဘိလပ်မြေ တံဆိပ် မျိုးစုံ တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် တန်ချိန်တစ်သောင်း ကျော်သာ တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာ ယခင်တစ်ပတ်တန်ချိန်ထက် တစ်ဆကျော် ပိုမို တင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT(DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေ တန် ၂၃၀၀ ကျော် အသွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၀၄ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၂၃၀၀ တန်ကျော် အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ၄၈၃ တန်ခန့် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၁၀၂၇ တန်၊ မြိတ်မှ ၈၃၅ တန်ကျော်၊ ကန်ပိုက်တီးမှ ၄၄၃ တန်ဖြစ်ပြီး ယခုအပတ် မောင်တောနယ်စပ်မှ အသွင်းမရှိခဲ့ပါဘူး။MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၈၀၀ ၄၆၅၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၀၀ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၃၅၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၆၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၄၈၀၀ ၄၈၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၄၀၀ ၄၄၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၃၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၅၇၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၇၀၀ ၆၇၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၂၀၀ ၅၂၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄၀၀ ၅၄၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၅၀၀ ၃၄၅၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၃၀၀ ၅၃၀၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(စိန်)ထိုင်း - ၅၅၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၃၀၀ MIRT (MAPT)
ဗီယက်နမ်နဲ့ အိုင်ယာလန်မှ ဓာတ်မြေသြဇာတင်သွင်း အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၈၆၅ ဒသမ ၆၃၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းငါးသောင်းကျော် ဖိုးကို ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာများမှာ အိုင်ယာလန်နိုင်ငံမှ FOLIAR ဓာတ်မြေသြဇာ ၂၅ ဒသမ ၁၃ တန်နဲ့ ဗီယက်နမ် နိုင်ငံမှ ORGANIC မြေသြဇာ တန်ချိန် ၈၄၀ ဒသမ ၅၀ အသီးသီး မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတန်ချိန် ကိုးရာကျော်ဝင်ခဲ့တာမို့ ဒီတစ်ပတ် အဝင်နဲ့ယှဉ်ရင် တန်ချိန် တစ်ရာကျော်ပိုမိုတင်သွင်းနိုင်တာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၉၅၀၀ ကျော် အသွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ရိဒ်နဲ့ ကော့သောင်းနယ်စပ် များမှ ကန်ဒေါ်လာ ၁ ဒသမ ၈၃၅ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၉၅၃၀ တန်ကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိ ကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၃၉ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ရိဒ် နယ် စပ်မှ ၈၄ တန်ကျော်နဲ့ ကန်ပိုက် တီးနယ်စပ်မှ ၃၅ တန်၊ စစ်တွေနယ်စပ်မှ တန် ၂၀ အသီးသီး တင်သွင်းမှုပိုမိုခဲ့ပါ တယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ပြောင်းလဲမှုယခုအပတ် ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(နေရွက်လှေ-တရုတ်) ၂၁၂၀၀ ၂၂၀၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၇၀၀၀ ၂၆၅၀၀ ပိုတက် (တရုတ်) ၂၇၀၀၀ ၂၆၀၀၀ ပိုတက် (ထိုင်း) - ၃၆၅၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၀၀၀၀ ၁၉၄၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၅၀၀ ၂၀၄၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၀၀၀၂၈၀၀၀ အာမို(ဒိုင်းမွန်းစတား) ၃၇၅၀၀ ၃၇၀၀၀ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၀၀၀ ၂၁၅၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၀၀၀ ၂၁၅၀၀ ယူရီးယး (ပုလဲ-ပန်းဖူး) - ၂၂၀၀၀ - တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀ ၂၀၅၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၀၀၀ ၂၀၅၀၀ တီစူပါ-(တရုတ်) 12% ၁၁၀၀၀ ၉၀၀၀ တီစူပါ-(တရုတ်) 16% ၁၁၅၀၀ ၁၀၀၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၀၀၀ ၃၅၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၅၀၀ ၁၆၀၀၀ ပိုတက် (တရုတ်) ၂၃၅၀၀ ၂၄၀၀၀ ဓာတ်ဆား (တရုတ်) ၁၉၀၀၀ ၁၉၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄၀၀၀ ၂၃၅၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၀၀၀ ၂၄၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၀၀၀ ၂၄၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၅၀၀၀ ၄၀၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၁၀၀၀ ၃၄၀၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၂၈၀၀၀ ၃၂၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၀၀၀ ၂၉၀၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀ ၁၃၅၀၀ MIRT (MAPT)
တရုတ်နိုင်ငံဘက်က ပုံမှန်ဝယ်မှုရှိနေတဲ့ နှမ်းရောင်စုံကို လတ်တလော ဝယ်ယူမှုနည်းနေတာကြောင့် ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ်အေးပြီး၊ ဈေးနှုန်းကျဆင်းလာကြောင်း မန္တလေး နှမ်းကုန်သည်များ ထံမှ သိရပါတယ်။ နှမ်းဝယ်ယူမှုနည်းရခြင်းမှာ တရုတ်နိုင်ငံဘက်မှ ဒေသထွက် နှမ်းစိုက်ခင်းများ ယခုနှစ်မိုးကောင်းပြီး အထွက်နှုန်းကောင်းခြင်းကြောင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်မှ ရေလမ်းကြောင်းဖြင့် တရုတ်နိုင်ငံ ဘက်သို့ အရည်အသွေးကောင်းပြီး၊ ဈေးနိမ့်၍ ဝင်ရောက်ခြင်းကြောင့်လည်းကောင်း၊ ငွေဈေးအတက် အကျကြမ်းခြင်းကြောင့် လည်းကောင်း၊ ပြည်တွင်းမှ နှမ်းများမှာ အိန္ဒိယနှမ်းထက် အရည်အသွေးနိမ့်၍ ဝယ်ယူမှုနည်းလာခြင်းကြောင့် ကုန်သည်များထံမှ သိရပါတယ်။ Five Star ပွဲရုံမှ ကိုအောင်အောင်က " ဒီရက်ထဲမှာ မိုးလည်းရွာတော့ ဈေးကွက်အေးနေတယ်။ တရုတ် ဘက်ထွက်နေတဲ့ ပဲတီစိမ်း၊ နှမ်း၊ ပြောင်း အားလုံးဈေးကွက်အေးနေတာ။ နှမ်းဈေးက နှမ်းဖြူ တစ်ကီလိုကို ပြီးခဲ့တဲ့ ၃ရက်က အကောင်းစ ၉ ဒသမ ၃ယွမ်၊ အညံ့စ ၈ ဒသမ ၃ ယွမ်ရှိခဲ့ပြီး၊ အောက် တိုဘာ ၂၅ ရက်မှာ အကောင်းစ ၈ ဒသမ ၆၁ယွမ်၊ အညံ့စ ၈ ဒသမ ၂၅ ယွမ်ဈေးရှိတယ်။ အရည်အသွေး ပေါ်မူတည်ပြီး ဈေးနှုန်းကလည်း အမျိုးမျိုးဖြစ်နေတာ။ ဈေးမမှန်တော့ ဒီဘက်မှာလည်း မဝယ်ရဲဘူး" လို့ ပြောပါတယ်။ ရတနာထွန်းပွဲရုံမှ ကိုသိန်းစံကလည်း " နှမ်းကို တရုတ်ပြည်တွင်းထိ သွားရောင်းလို့ရတယ်။ တိုက် ရိုက်သွားရောင်းလို့ရပေမယ့် အဝယ်မလိုက်ဘူးဖြစ်နေတာ။ Export မရှိတဲ့အတွက် မန္တလေးဈေး ကွက်မှာလည်း ဈေးကွက်အေးနေတယ်။ ရှေ့တစ်ပတ်က နှမ်းညို၊ နှမ်းနီရသလောက်ဝယ်တယ်။ ဒီတစ်ပတ်မှာ နှမ်းရောင်စုံဈေးအေးနေတာ။ နှမ်းဈေးက အရင်လနဲ့ယှဉ်ရင် ၅၄ ပိဿာဝင်တစ်အိတ်ကို ကျပ် ၁၀၀၀၀ ကျော်လောက်ဈေးကျတယ်။ ဒီတစ်ပတ်မှာ တစ်ရက်ထက် တစ်ရက်ဈေးအပြောင်းအလဲဖြစ်နေတာ"လို့ ပြောပါတယ်။ ပြည်တွင်းဈေးနှုန်းမှာ အောက်တိုဘာ ၂၃ ရက်က မန္တလေးကုန်စည်ဒိုင်ဈေး တစ်အိတ် နှမ်းဖြူ ၆၃၀၀၀ ကျပ်- ၆၄၀၀၀ကျပ်၊ နှမ်းညို ၅၆၀၀၀ ကျပ်- ၆၀၀၀၀ကျပ်၊ နှမ်းနက် ၇၅၀၀၀ ကျပ်- ၉၂၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် တရုတ်ဈေးကွက်သို့ ပဲ၊ ပြောင်း၊ နှမ်းတင်ပို့မှုနည်းလာခြင်းကြောင့် သယ်ယူမှု စရိတ် တဖြည်းဖြည်းကျလာကြောင်း သိရပါတယ်။ ပဲတီစိမ်းအဟောင်းလက်ကျန်နည်းပြီး၊ ပြောင်းဈေးကျ လို့ အတင်နည်းလာခြင်းနဲ့ နှမ်းဈေးကွက်အေးလျက်ရှိခြင်းကြောင့် သယ်ယူစရိတ် လျော့ကျလာခြင်း ဖြစ်ပါတယ်။ ရတနာထွန်းပွဲရုံမှ ကိုသိန်းစံက " ပဲ၊ နှမ်းအတင်မရှိတော့ ကားများတဲ့အတွက် သယ်ယူခနေ့စဉ် ကျလာတယ်။ ဒီအချိန်မှာ ကားခကျပေမယ့် ကုန်သည်တွေအတွက် တွက်ခြေမကိုက်ဘူး။ အောက်တိုဘာ လဆန်းပိုင်းကစပြီး ကားခတက်သွားခဲ့တယ်။ အရောင်းအဝယ်က မကောင်း၊ ကားခက တက်ဆိုတော့ ကုန်သည်တွေအတွက် အဆင်မပြေဘူး။ ကားသမားတွေအတွက်လည်း စရိတ်စက များလာတယ်။ အရင်က ကားတစ်စီးတက်ရင် အသွား ဆီဂါလံ ၆၀၊ အပြန်ဆီဂါလံ ၅၀ ပေါင်းရင်တစ်ခေါက်ကို ဂါလန် ၁၁၀ ကုန်တယ်။ အောက်တိုဘာလမတိုင်မီက ကားတစ်စီးမှာ အိတ် ၇၀၀ တင်ရာက ခုလမှာ ကားတစ်စီးကို အိတ် ၂၃၀-၂၅၀ပဲတင်ရတော့ ကားတစ်စီးအစား ကားသုံးစီးလောက်တက်ရတဲ့အတွက် ဆီဂါလန် ၃၃၀ လောက်ကုန်တယ်။ စက်သုံးဆီသုံးစွဲမှုများလာတော့ ကားခမြင့်တက်လာတာပေါ့။ အောက်တိုဘာလ မတိုင်မီက အိတ်တစ်အိတ်ကို သယ်ယူစရိတ် ၃၅ ကျပ်ရှိခဲ့ပြီး၊ အောက်တိုဘာလမှာ ၇၈ ကျပ် - ၈၀ ကျပ်ထိဖြစ်သွားတယ်"လို့ ပြောပါတယ်။ မန္တလေး - မူဆယ်ကုန်သယ်စရိတ်ခမှာ အောက်တိုဘာလအတွင်း တစ်အိတ် ၈၀ ကျပ်မှ အောက်တို ဘာ ၂၄ ရက်တွင် ၇၀ ကျပ်၊ ၂၅ ရက်တွင် ၆၅ ကျပ်ထိ ဈေးနှုန်းကျဆင်းလာသော်လည်း ယခင်ဈေး မမီကြောင်း သိရပါတယ်။ ဇူးဇူး
နို့ဆီ/နို့စိမ်းတံဆိပ် အစုံတင်သွင်း အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း နို့ဆီ၊နို့စိမ်း ၆၉၉ ဒသမ ၆၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာခုနစ်သိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ တင်သွင်းခဲ့တဲ့ နို့ဆီ၊နို့စိမ်းတွေမှာ My Boy နို့စိမ်းက တန်ချိန် ၃၉၀ ဒသမ ၈၃ ၊ မာရီဂိုးနို့ဆီတန်ချိန် ၈၉ ဒသမ ၆၉ တန်၊ DAWN တံဆိပ် နို့ဆီ ၁၀၄ ဒသမ ၉၂တန်နဲ့ အခြား တံဆိပ် ၁၁၄ ဒသမ ၁၉ တန် အသီး သီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့စိမ်းတင်သွင်းမှုမှာ တန်ချိန် တစ်ရာ့သုံးဆယ်ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်သုံးရာ့ကိုးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ်အဝင်ရဲ့ ၃ ဆလောက် ပိုမိုတင်သွင်းခဲ့ပါတယ်။ နို့ဆီ တင်သွင်းမှုမှာ ယခင်တစ်ပတ် တန်ချိန် နှစ်ရာ့ငါးဆယ်ကျော်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ အဝင်တန်ချိန် သုံးရာ့ရှစ်တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်ငါးဆယ်ကျော်လောက် ပိုမိုတင် သွင်းနိုင်တာ တွေ့ရပါတယ်။ နို့မှုန့်က သြစတြေးလျနိုင်ငံမှ ၉၆ ဒသမ ၆၁ တန်၊ နယူးဇီလန်နိုင်ငံမှ ၉၀ ဒသမ ၁၆ တန်၊ စင်ကာပူနိုင်ငံမှ ၁၆ ဒသမ ၇၉ တန်၊ အီရန်နိုင်ငံမှ ၇၅ တန်နဲ့ မလေးရှားနိုင်ငံမှ သုညဒသမ ၃၀ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် အဝင်အားနည်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာ အင်တိုက်အား တိုက်နဲ့ တင်သွင်းခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ နို့မှုန့်အသွင်းအနည်းငယ်ပို နို့ဆီ၊ နို့စိမ်း အသွင်းလျော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂၇၀၄၈ တန်ဖိုးရှိ လိပ်ပြာနှစ်ကောင်တံဆိပ် နို့မှုန့် ၉ တန်ခွဲအသွင်းရှိခဲ့ရာ ယခင်အပတ်က ထက် ၂တန်ခွဲ တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ယခုအပတ်မှာ ကန် ဒေါ်လာ ၃၁၈၀၀ တန်ဖိုးရှိ နို့ဆီ ၃၄ တန် (၁၈၀၀ တာ)၊ ကန်ဒေါ်လာ ၄၅၄၂၀ တန်ဖိုးရှိ နို့စိမ်း ၄၈ တန်ခန့် (၂၅၂၀တာ)အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် နို့ဆီ ၂၇ တန်၊ နို့စိမ်း ၁၄ တန် အသွင်းလျော့ခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၇၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀ဝမ်းတီးနို့ဆီ ၆၅၀ ၆၇၅အိုကေ( နို့ဆီ) ၆၅၀ ၆၇၅အိုကေ( နို့စိမ်း) ၆၅၀ ၆၇၅MIRT (DOT)
စိန်တံဆိပ်ဘိလပ်မြေ တစ်မျိုးတည်းသာတင်သွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက် တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၁၇၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ထိုင်းနိုင်ငံ ထုတ် စိန်တံဆိပ်ဘိလပ်မြေဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှု မှာ တန်ချိန် တစ်သောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေ အဝင်နဲ့ယှဉ်ရင် တန်ချိန်သုံးထောင် ကျော်လောက် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေ တန် ၁၈၀၀ ကျော် အသွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တာချီလိတ်၊ မြိတ်၊ ကန်ပိုက်တီးနဲ့ မောင်တောတု့ိမှ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၅၈ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၈၂၃ တန် အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်က ၁၇၈၆ တန်ဝန်းကျင်အသွင်းရှိခဲ့တာမို့ ၃၇ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၈၉၇ တန်ကျော်၊ မြိတ်မှ တန် ၅၀၀ ခန့်၊ ကန်ပိုက်တီးမှ ၃၇၆ တန်နဲ့ မောင်တောမှ တန် ၅၀ အသီးသီး ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၈၀၀ ၄၈၀၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၇၀၀ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၈၀၀ ၅၇၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၄၈၀၀ ၄၈၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၄၀၀ ၄၄၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၂၀၀ ၄၃၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၇၀၀ ၆၇၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၂၀၀ ၅၂၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၃၅၀ ၅၄၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၅၅၀ ၃၅၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၂၅၀ ၅၃၀၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(စိန်)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၃၀၀ MIRT (MAPT)