Main menu

Background

Monday, 2 Jan 2023

ကမ္ဘာကျော် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla သည် တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ စက်ရုံတွင် ၎င်းတို့၏ မော်တော်ကားထုတ်လုပ်နေမှုကို ယာယီရပ်ဆိုင်းထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Tesla အနေဖြင့် ထိုကဲ့သို့ မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းများကို ယာယီရပ်ဆိုင်းမှုတွင် တရားဝင် အသိပေးထုတ်ပြန်ခြင်းမရှိဘဲ စက်ရုံတွင်း ညွှန်ကြားမှုတစ်ခုသာဖြစ်ကြောင်း အတွင်းအသင်းတစ်ခုအရသိရသည်ဟု ရိုက်တာသတင်း ဌာနက ဆက်လက်ဖော်ပြထားသည်။

Monday, 19 Dec 2022

တရုတ်နိုင်ငံသို့ မော်တော်ကားသုံး ချစ်ပ်ပြားများ တင်ပို့နေသည့် နိုင်ငံ များထဲတွင် အမေရိကန်နိုင်ငံသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိနေသည်။  လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံသို့ ချစ်ပ်ပြားများ တင်ပို့မှုကို ရက်အကန့်အသတ်မရှိ  ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ထိုကဲ့သို့ အမေရိကန်နိုင်ငံအနေဖြင့် ချစ်ပ်ပြားများ တင်ပို့မှုကို ရပ်ဆိုင်း လိုက်ခြင်းကြောင့် တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ တိုင် ကြားထားကြောင်းနှင့် နှစ်နိုင်ငံ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Wednesday, 14 Dec 2022

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ   ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၀ဝ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ  တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ယခုတစ်ပတ် အတွင်း သြစတြေး လျနိုင်ငံ၊  ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက် ပရပ်စ်နိုင်ငံ၊  အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှား နိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်

Tuesday, 22 Nov 2022

ကာတာနိုင်ငံသည် ကမ္ဘာ့ဖလား ပြိုင်ပွဲမစတင်မီ  နှစ်ရက်အလိုတွင် ကစားကွင်းများအတွင်း  ဘီယာရောင်း ချမှုကို  ပိတ်ပင်တားမြစ်လိုက်ကြောင်း စီအင်န်ဘီစီ သတင်းဌာနက နိုဝင်ဘာ ၁၉ ရက်တွင် ရေးသားဖော်ပြထားသည်။
ကာတာနိုင်ငံသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမစတင်မီ နှစ်ရက်အလို ဖြစ်သည့် နိုဝင်ဘာ ၁၈ ရက်တွင် ဘောလုံး အားကစားကွင်းများအတွင်း  ဘီယာ ရောင်းချမှုအားလုံးကို  တားမြစ်ပိတ်ပင် လိုက်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA) က  နိုဝင်ဘာ ၁၉ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

Wednesday, 9 Nov 2022

ဥရောပနိုင်ငံသို့ ပဲပင်ပေါက်ပြုလုပ်မည့် ပဲတီစိမ်းတင်ပို့ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI)  နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (M.O.C) တို့ သဘောတူညီချက်အရ ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုး ဆောင် ရွက်ခဲ့ကြသည်။

Wednesday, 2 Nov 2022

ပြင်သစ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့်  SIAL Paris Inspire Food Business  ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံသစ်သီးဝလံ  ပန်းမန်စိုက်ပျိုး ရောင်းချသူများအသင်းမှ ဝင်ရောက်ပြသသည့်  အသီးအနှံခြောက်မျိုး အနက် မက္ကဒေးမီးယားကို ပိုမို စိတ် ဝင်စားကြကြောင်း သိရသည်။အဆိုပါ ကုန်စည်ပြပွဲကို  အောက်တိုဘာ ၁၅ ရက်မှ ၁၉ ရက် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသင်းမှ ပြသသည့် ထောပတ်သီး၊ သရက် သီး၊ ဝဥ၊ မက္ကဒေးမီးယား၊ နာနတ်သီးနှင့် ကယန်းငရုတ်သီး တို့အနက် မက္ကဒေးမီးယားကို   ပြပွဲလာရောက်သူများက  ပိုမိုစိတ်ဝင်စားမှုရှိခဲ့ ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။“အသီးအနှံ ခြောက်မျိုးမှာ သူတို့ စိတ်ဝင်စားတာ မ

Friday, 28 Oct 2022

BMWသည် ၎င်းတို့၏ လျှပ်စစ်မီနီကားထုတ်လုပ်မှုကို တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ပြီး  တိုးချဲ့ထုတ်လုပ်နေပြီဖြစ် ကြောင်း သိရသည်။BMW  အနေဖြင့်  ပထမဆုံး  လျှပ်စစ်မီနီကားများကို ၂၀၁၉ ခုနှစ် ဇူလိုင်လကပင် အင်္ဂလန်ရှိ အောက်စ ဖို့ဒ်ရှိုင်းယားတွင်ထုတ်လုပ်နေရာ ၂၀၂၄ ခုနှစ်တွင် လျာထားချက် အတိုင်းအစီးရေလေးသောင်း ပြည့်မည်ဖြစ်သည်။BMW  အနေဖြင့်၎င်းတို့၏ လျှပ်စစ်မီနီကား ထုတ်လုပ်မှုကို  တရုတ်နိုင်ငံတွင် တိုးချဲ့ထုတ်လုပ်ခြင်းသာ ဖြစ်ပြီး အင်္ဂလန်ရှိ အောက်စ်ဖို့ဒ်ရှိုင်းယား၌ ထုပ်လုပ်မှုမှာ ဆက်လက် ရှိနေမည်ဖြစ်ကြောင်း သိရသည်။ BMW သည် တရုတ်နိုင်ငံ တွင် လျှပ်စစ်မီနီကား ထုတ်လုပ်ရေးအတွက် မော်တော်ကား စက်ရုံကို ၂၀၂၀ြုပြည့်

Friday, 28 Oct 2022

အောက်တိုဘာလ တတိယပတ်ထဲသို့ ရောက်ရှိလာချိန်တွင်  ဂျပန်ယန်းငွေ တန်ဖိုးသည် သိသိသာသာ ကျဆင်းမှုများရှိလာပြီး နှစ်ပေါင်း ၃၂ နှစ်အတွင်း စံချိန်တင် ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၂၀ ရက် တွင် ဖော်ပြထားသည်။အောက်တိုဘာ ၂၀ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၁၄၉ ယန်းနှင့် ညီမျှနေခြင်းကြောင့် နှစ်ပေါင်း ၃၂ နှစ်အတွင်း အနိမ့်ဆုံးတန်ဖိုး ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။ဂျပန်ယန်းငွေတန်ဖိုး သိသိ သာသာကျဆင်းနေမှုကို ဂျပန်အာဏာပိုင် များက ထပ်မံသတိပေးထားပြီး  ငွေကြေးဈေးကွက်ကို စောင့်ကြည့်နေကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ရူနီချီဆူဇူကီးက ပြောဆိုခဲ့ကြောင်း သိရသည်။

Thursday, 13 Oct 2022

တရုတ်အစိုးရသည်တိရစ္ဆာန်အစာအဖြစ် ပဲပိစပ်တင်သွင်းမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း စက်တင်ဘာလပထမအပတ်က  ကြေညာခဲ့ပြီး ပြည်တွင်းပဲပုပ်လိုအပ်ချက်အတွက် သွင်းကုန်အပေါ်တွင်သာ မှီခိုနေခြင်းသည်   နိုင်ငံ၏ စားနပ် ရိက္ခာဖူလုံရေးပန်းတိုင်များနှင့် ဆန့်ကျင်နေကြောင်း   တရုတ်နိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည်ကမ္ဘာပေါ်တွင် ပဲပိစပ် အများ ဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ရစ္ဆာန်အစာ အတွက် ဝယ်လိုအားမြင့်မှုကအဓိကအချက်ဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA))၏ အချက်အလက်များ အရ ၂၀၁၉ခုနှစ် တစ်နှစ်တည်းတွင်တရုတ်နိုင်ငံ၏ ပြည်တွင ပဲပိစပ်သုံးစွဲမှုမှာမက်ထရစ်တန်ပေါင်း ၁၁၀ ဒ

Thursday, 13 Oct 2022

ဂျာမနီနိုင်ငံဝန်ကြီးချုပ် Mr. Olaf Scholzသည် စက်တင်ဘာလနောက်ဆုံးအပတ်တွင်   ယူအေအီးနိုင်ငံသို့ သွားရောက်၍ LNG ဓာတ်ငွေ့  ဝယ်ယူရရှိနိုင် ရေးအတွက်တွေ့ဆုံဆွေးနွေးသဘောတူညီမှုများ ပြုလုပ်ခဲ့သည်။ ယူအေအီးနိုင်ငံ  Abu Dhabi မြို့တွင် ဝန်ကြီးချုပ် နှင့်ကိုယ်စားလှယ်အဖွဲ့သည် သမ္မတMr.

Pages