Main menu

Background

Friday, 15 Nov 2019

         အန္တရာယ်များသော ပိုးသတ်ဆေးသုံးမျိုးကို ပိတ်ပင်လိုက်သည့်အတွက် နစ်နာမှုရှိသော တောင်သူလယ်သမားများကို အကူ အညီပေးရန် ထိုင်းလယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း ဝန်ကြီး ချာလန်ချိုင်း ဆရီအွန်က နိုဝင်ဘာ ၆ ရက် တွင် ပြောကြားသည်။ အဆိုပါအဖွဲ့သည် စိုက်ပျိုး ရေးလုပ်ငန်းအပေါ် ရိုက်ခတ်မှု မှန်သမျှကို လေ့လာ ပြီး အထောက်အကူပြုမည့် အစီအမံများကို ချမှတ် သွားမည်ဖြစ်ကြောင်း နေးရှင်းသတင်းတွင် ဖော်ပြသည်။ ဓာတ်ဆေးအြွကင်းအကျန်များကို ဘေး အန္တရာယ်ကင်းအောင် စီမံခန့်ခွဲနိုင်ရေးအတွက် အဖွဲ့က နည်းလမ်းများကို ရှာဖွေနေကြောင်း ၎င်းက ပြောသည်။ လုပ်ငန်းအဖွဲ့သည် အဆိပ် အတောက်

Friday, 8 Nov 2019

      ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပသည့်   ဒေသဆိုင်ရာ  အစည်းအဝေးတွင် ကုန်သွယ်ရေး  သဘောတူညီချက်တစ်ရပ်ကို ရေး ထိုးနိုင်ရန် အရှေ့တောင်အာရှခေါင်းဆောင်များ ကြိုးစားကြလိမ့်မည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။ လက်မှတ်ရေးထိုးရန် ကြိုးပမ်းဆောင်ရွက် နေသော သဘောတူစာချုပ်မှာ ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ဖြစ်ပြီး  အောင်မြင်စွာ ချုပ်ဆိုနိုင်ပါက  ကမ္ဘာ့အကြီးမားဆုံး သဘောတူစာချုပ်ဖြစ်သည်။  တရုတ်နိုင်ငံအဖို့  ယခုစာချုပ်သည် အမေရိကန် အစိုးရဒေသတွင်းမှ ထွက်ခွာသွားချိန်တွင် အာရှ နိုင်ငံများနှင့် ကုန်သွယ်ရေးဆက်ဆံမှု ခိုင်မြဲအောင် လုပ်ဆောင်နိုင်မည့် လမ်းစရစေနိုင်

Thursday, 24 Oct 2019

      လုပ်ငန်းသစ်ထူထောင်ရေး စွမ်းရည်ပြည့်ဝရေးကို ဗီယက်နမ် ကျောင်းများနှင့် လူငယ်များကမျက်ကွယ်ပြုထားကြသည်မှာ လွန်စွာ ကြာမြင့်ပြီဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Bui The Duy က ပြောကြားကြောင်း ဗီယက်နမ်နယူးအေဂျင်စီသတင်းတွင် ဖော်ပြသည်။ ဗီယက်နမ်ထူထောင်စ စီးပွားရေးလုပ်ငန်း အသိုက်အဝန်းတွင် လုပ်ငန်းပေါင်း ၃၀ဝ၀ ခန့်ရှိသော်လည်း ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ကမ္ဘာနှင့်ယှဉ်ပါက အများကြီး နောက်ကျကျန်နေကြောင်း အောက်တိုဘာ ၁၆ ရက်ကကျင်းပသော '၂၀၁၉ ခုနှစ် ဗီယက်နမ် စီးပွားရေးထိပ်သီးဆွေးနွေးပွဲ'၌ ပြုလုပ်သော စကားဝိုင်းဆွေးနွေးပွဲ တွင် ီကပ ကပြောသည်။ အသေးစားကုမ္ပဏီများသည် စီပွားရေးလုပ်ငန်း အနာဂတ် ဖွံ့ဖ

Tuesday, 22 Oct 2019

         စင်ကာပူနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံကိုကျော်တက်ပြီး ကမ္ဘာ့ယှဉ်ပြိုင်မှု အမြင့်ဆုံး စီပွားရေးဖြစ်ရောက်ရှိလာသည်ဟု အောက်တိုဘာ ၈ ရက်ကထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာ့ယှဉ်ပြိုင်မှုအစီရင်ခံစာတွင် ပါရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ နှစ်စဉ် အဆင့်သတ်မှတ်သော နိုင်ငံများတွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံ ပါဝင်ပြီး စကေးသတ်မှတ်ချက်ကို သုည မှ ၁၀ဝ သတ်မှတ်သည်။ သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားသော အချက်များမှာ အခြေခံအဆောက်အအုံ၊ အလုပ်သမားဈေးကွက်၊ ပြည်သူ့အဖွဲ့ အစည်းများ၏ အရည်အသွေးနှင့် စီးပွားရေး လုပ်ဆောင်ရာတွင် ပွင့်လင်း မြင်သာမှု စသည့်အချက်များ ပါဝင်သည်။ အမှတ် ၁၀ဝ အနက် စင်ကာ

Tuesday, 8 Oct 2019

     ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဘိုင်းဒါးဒေသနှင့်  သဲကုန်းမြို့နယ်၊ ပုတီးကုန်း၊ ဝက်ပုတ်ဒေသများ၌ ဖရဲသီးအပါအဝင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီနှင့်  ဟင်းသီးဟင်းရွက် အမြောက်အမြား  စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး  ပဲခူး၊ ရန်ကုန် တောင်ငူ၊ ဘားအံနှင့် ကျိုက်ထိုဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယခုအခါ Win Organic Farm Myanmar Co., Ltd မှ မြန်မာနိုင်ငံ Organic ဟင်းသီးဟင်းရွက်ထွက်ကုန်များအား အခြောက်ခံ၍ ကိုရီးယားနိုင်ငံသို့  တင်ပို့လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဘိုင်းဒါးဒေသမှဂေါ်ဖီထုပ်များကို Organic ထုတ်ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်၍ ကိုရီးယားနိုင်ငံဈေးကွက်သို့ ဝယ်ယူတင်ပို့နိုင်ရန် အောက်တိုဘာ ၁

Wednesday, 2 Oct 2019

    အမေရိကန်စက်အစိတ်အပိုင်းများမပါဘဲ 5G အခြေခံစခန်းများကို  တည်ဆောက်သွားရန် အသင့်ဖြစ်နေကြောင်းနှင့် လာမည့်နှစ်တွင် ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်သွားမှာဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီတည်ထောင်သူနှင့် စီအီးအို ရန်ဇန်ဖေးက စက်တင်ဘာ ၂၇ ရက်တွင်ပြောသည်။ အောက်တိုဘာလမှစ၍ ဟွာဝေးသည် တစ်လကို 5G ဆက်သွယ်ရေးအခြေခံစခန်း ၅၀၀၀ တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် အခြေစိုက်စခန်း ၁ ဒသမ ၅ သန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်က ဖိုရမ်တစ်ခုတွင်ပြောသည်။

Thursday, 26 Sep 2019

     အိန္ဒိယနိုင်ငံ၏ နွေသီးနှံသည် တာထွက်ညံ့ခဲ့သော်လည်း ယခုအခါ အခြေ အနေမှာ  ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်းနှင့် အကောင်းဘက်သို့ ဦးတည်လာ နေပြီဖြစ်ကြောင်း လေ့လာဆန်းစစ်သူတို့၏ ပြောကြားချက်ကို ကိုးကား၍ Producer.com ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြသည်။ မုတ်သုံမိုးရွာသွန်းမှုသည်  ဇွန် ၁ ရက်မှဇူလိုင် ၁၉ ရက်အထိ ကာလအတွင်း ပုံမှန်ရွာသွန်းမြဲအောက် ၁၈ ရာခိုင်နှုန်း ကျဆင်ခဲ့သော်လည်း ဇွန် ၁ ရက်မှ စက် တင်ဘာ ၁၁ ရက်အထိကာလကို ကြည့်ပါက ပျမ်းမျှရွာသွန်းမှုအထက် ၁၉ ရာခိုင် နှုန်း မြင့်မားခဲ့သည်။ ဇူလိုင် ၁၉ ရက်အထိ ပဲသီးနှံစိုက်ပျိုးမှု အခြေအနေမှာ ယခင်နှစ် ကထက် ဧကခုနစ်သန်းကျော်ပိုမိုခဲ့ပြီး စက်တင်ဘာ ၁၃ ရက်အထိ အခြေအနေမှာ တ

Thursday, 26 Sep 2019

    အက်ပဲအိုင်ဖုန်းသုံးမျိုးဖြစ်သော iPhone 11,  iPhone 11 Pro eJY iPhone 11 Pro Max တို့ကို စင်ကာပူတွင် စက် တင်ဘာ ၂၀ ရက်က စတင်ရောင်းချခဲ့ကြောင်း channelnewsasia သတင်းတွင် ဖော်ပြသည်။ အိုင်ဖုန်းများ ကို ရောင်းချရန် မူလသတ်မှတ်ထားသောရက်ထက် တစ်ရက်စော၍ ရောင်းချခြင်းဖြစ်ပြီး  အောချတ်လမ်းရှိ  အက်ပဲစတိုးဆိုင် အပြင်ဘက်တွင် လူအများအပြား  တန်းစီစောင့်ဆိုင်းနေကြသည်။ မိုဒယ်အမျိုးအစား သုံးခုစလုံးကို စင်ကာပူတွင် စက်တင်ဘာ ၁၃ ရက်ကတည်းက ကြိုတင်မှာယူထား ခြင်းဖြစ်သည်။

Pages