Main menu

Background

Friday, 29 Nov 2019

        ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးထုတ် ကုန် များ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဌာနခွဲ၏ ပြောပြချက်အရ ဗီယက်နမ် ဆန် ထုတ်လုပ်သူများနှင့် ပြည်ပသို့ ဆန် တင်ပို့သူများသည် ဆန်အရည်အသွေး အပေါ် အာရုံစိုက်ရန် လိုအပ်ကြောင်း သိရှိရသည်။ ယခုနှစ်၏ ပထမ ၁၀ လအတွင်း ပြည်ပသို့ ဆန်တင်ပို့ခဲ့သော စုစုပေါင်း ပမာဏမှာ တန်ချိန် ၅ ဒသမ ၅၆ သန်း နှင့် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃  ဘီလီယံ အသီးသီးရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် အလားတူကာလနှင့် နှိုင်း ယှဉ်ပါက ပမာဏအားဖြင့် ၆ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ဖိုးအား ဖြင့် ၉ ဒသမ ၁ ရာခိုင်နှုန်း

Monday, 25 Nov 2019

           အိမ်ခြံမြေလုပ်ငန်းအုပ်စုဖြစ်သော Asset Work Crop (AWC) နှင့် Marriott International တို့က ပတ္တယားနှင့်ဖူးခက်တို့တွင် ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီသုံးခုနှင့်တွဲဖက်ပြီး လုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ကြောင်း နေးရှင်း သတင်းတွင် ဖော်ပြ သည်။ စီးပွားရေးလုပ်ငန်း၊  ခရီးသွားနှင့် အပျော် ခရီးထွက်သူများနှစ်မျိုးစလုံးအတွက် ဝန်ဆောင်မှု ပေးနိုင်မည့် MICE (Meetings, incentives, conferences and exhibitions)  ခေါ် အစည်း အဝေး၊ ဆွဲဆောင်မှုပေးသည့် လုပ်ငန်းရပ်များ၊ ကွန်ဖရင့်နှင့် ပြပွဲများကျင်းပနိုင်သော ဟိုတယ်များ နှင့် အထောက်အကူပြုလုပ်ငန်းများကို    တည် ဆောက်ပြီး ကမ္ဘာ့အဆင့်မီ  ခရီးသွားလုပ်ငန်းကို ဆောင်ရွက

Friday, 15 Nov 2019

       ကုန်သွယ်ရေး  သဘောတူညီချက် အဆင့်(၁)အဖြစ် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ရရှိထားသော သဘောတူညီချက်အရ လက်ရှိ ကောက်ခံနေသော အကောက်ခွန်များအားပြန်လည် ရုပ်သိမ်းခြင်းကို အိမ်ဖြူတော်နှင့် ပြင်ပ အကြံ ပေးများ၏ ပြင်း ပြင်းထန်ထန် ဆန့်ကျင်မှုနှင့်  ရင်ဆိုင်နေရကြောင်း ဤဆွေးနွေးမှုနှင့် နီးစပ်သောသတင်း ရင်းမြစ်များ၏ ပြောကြားချက်ကို ရိုက်တာသတင်းတွင် ကိုးကားဖော်ပြသည်။ အကောက်ခွန် ပြန်လည်ရုပ်သိမ်းရေးသည်  တရုတ် ဒုတိယဝန်ကြီးချုပ် လျူဟီနှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့  အောက်တိုဘာက  တွေ့ဆုံ ဆွေးနွေးစဉ်က  ပါဝင်ခြင်းမရှိကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြော သည်။  အကောက်ခွန်  လျှော့ချရေးကို သဘောတူထားပြီးဖြစ

Friday, 15 Nov 2019

       အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံနှင့် စပ်လျဉ်းသည့် သွင်းကုန် မူဝါဒများအပေါ် ျွှွှဥ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နှင့် ရုရှားတို့က မေးခွန်းများ ထပ်မံ မေးမြန်းထားကြောင်း ွှ့န့ငညိက ဘကျငညနျူငညန သတင်းစာ တွင် ဖော်ပြထားသည်။ WTO ၏ စိုက်ပျိုးရေးကော်မတီအစည်းအဝေးကို အောက်တိုဘာလက ကျင်းပခဲ့ရာ အိန္ဒိယအနေဖြင့် ပဲတင် သွင်းမှုနှင့်စပ်လျဉ်း၍ ယာယီခွဲတမ်းသတ်မှတ်ချက်များကို သတ်မှတ် ဖော်ဆောင်ခဲ့သည်မှာ နှစ်နှစ်အထက် ကျော်လွန် လာပြီဖြစ်ကာ ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းအရ မည်သို့ ဆောင်ရွက်သည်ကို အကျိုးသင့်အကြောင်းသင့် ရှင်းလင်းစေလိုပြီး လာမည့် ၂၀၂၀ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးသည်နှင်

Friday, 15 Nov 2019

         အန္တရာယ်များသော ပိုးသတ်ဆေးသုံးမျိုးကို ပိတ်ပင်လိုက်သည့်အတွက် နစ်နာမှုရှိသော တောင်သူလယ်သမားများကို အကူ အညီပေးရန် ထိုင်းလယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း ဝန်ကြီး ချာလန်ချိုင်း ဆရီအွန်က နိုဝင်ဘာ ၆ ရက် တွင် ပြောကြားသည်။ အဆိုပါအဖွဲ့သည် စိုက်ပျိုး ရေးလုပ်ငန်းအပေါ် ရိုက်ခတ်မှု မှန်သမျှကို လေ့လာ ပြီး အထောက်အကူပြုမည့် အစီအမံများကို ချမှတ် သွားမည်ဖြစ်ကြောင်း နေးရှင်းသတင်းတွင် ဖော်ပြသည်။ ဓာတ်ဆေးအြွကင်းအကျန်များကို ဘေး အန္တရာယ်ကင်းအောင် စီမံခန့်ခွဲနိုင်ရေးအတွက် အဖွဲ့က နည်းလမ်းများကို ရှာဖွေနေကြောင်း ၎င်းက ပြောသည်။ လုပ်ငန်းအဖွဲ့သည် အဆိပ် အတောက်

Friday, 8 Nov 2019

      ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပသည့်   ဒေသဆိုင်ရာ  အစည်းအဝေးတွင် ကုန်သွယ်ရေး  သဘောတူညီချက်တစ်ရပ်ကို ရေး ထိုးနိုင်ရန် အရှေ့တောင်အာရှခေါင်းဆောင်များ ကြိုးစားကြလိမ့်မည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။ လက်မှတ်ရေးထိုးရန် ကြိုးပမ်းဆောင်ရွက် နေသော သဘောတူစာချုပ်မှာ ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ဖြစ်ပြီး  အောင်မြင်စွာ ချုပ်ဆိုနိုင်ပါက  ကမ္ဘာ့အကြီးမားဆုံး သဘောတူစာချုပ်ဖြစ်သည်။  တရုတ်နိုင်ငံအဖို့  ယခုစာချုပ်သည် အမေရိကန် အစိုးရဒေသတွင်းမှ ထွက်ခွာသွားချိန်တွင် အာရှ နိုင်ငံများနှင့် ကုန်သွယ်ရေးဆက်ဆံမှု ခိုင်မြဲအောင် လုပ်ဆောင်နိုင်မည့် လမ်းစရစေနိုင်

Thursday, 24 Oct 2019

      လုပ်ငန်းသစ်ထူထောင်ရေး စွမ်းရည်ပြည့်ဝရေးကို ဗီယက်နမ် ကျောင်းများနှင့် လူငယ်များကမျက်ကွယ်ပြုထားကြသည်မှာ လွန်စွာ ကြာမြင့်ပြီဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Bui The Duy က ပြောကြားကြောင်း ဗီယက်နမ်နယူးအေဂျင်စီသတင်းတွင် ဖော်ပြသည်။ ဗီယက်နမ်ထူထောင်စ စီးပွားရေးလုပ်ငန်း အသိုက်အဝန်းတွင် လုပ်ငန်းပေါင်း ၃၀ဝ၀ ခန့်ရှိသော်လည်း ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ကမ္ဘာနှင့်ယှဉ်ပါက အများကြီး နောက်ကျကျန်နေကြောင်း အောက်တိုဘာ ၁၆ ရက်ကကျင်းပသော '၂၀၁၉ ခုနှစ် ဗီယက်နမ် စီးပွားရေးထိပ်သီးဆွေးနွေးပွဲ'၌ ပြုလုပ်သော စကားဝိုင်းဆွေးနွေးပွဲ တွင် ီကပ ကပြောသည်။ အသေးစားကုမ္ပဏီများသည် စီပွားရေးလုပ်ငန်း အနာဂတ် ဖွံ့ဖ

Tuesday, 22 Oct 2019

         စင်ကာပူနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံကိုကျော်တက်ပြီး ကမ္ဘာ့ယှဉ်ပြိုင်မှု အမြင့်ဆုံး စီပွားရေးဖြစ်ရောက်ရှိလာသည်ဟု အောက်တိုဘာ ၈ ရက်ကထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာ့ယှဉ်ပြိုင်မှုအစီရင်ခံစာတွင် ပါရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ နှစ်စဉ် အဆင့်သတ်မှတ်သော နိုင်ငံများတွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံ ပါဝင်ပြီး စကေးသတ်မှတ်ချက်ကို သုည မှ ၁၀ဝ သတ်မှတ်သည်။ သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားသော အချက်များမှာ အခြေခံအဆောက်အအုံ၊ အလုပ်သမားဈေးကွက်၊ ပြည်သူ့အဖွဲ့ အစည်းများ၏ အရည်အသွေးနှင့် စီးပွားရေး လုပ်ဆောင်ရာတွင် ပွင့်လင်း မြင်သာမှု စသည့်အချက်များ ပါဝင်သည်။ အမှတ် ၁၀ဝ အနက် စင်ကာ

Tuesday, 8 Oct 2019

     ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဘိုင်းဒါးဒေသနှင့်  သဲကုန်းမြို့နယ်၊ ပုတီးကုန်း၊ ဝက်ပုတ်ဒေသများ၌ ဖရဲသီးအပါအဝင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီနှင့်  ဟင်းသီးဟင်းရွက် အမြောက်အမြား  စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး  ပဲခူး၊ ရန်ကုန် တောင်ငူ၊ ဘားအံနှင့် ကျိုက်ထိုဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယခုအခါ Win Organic Farm Myanmar Co., Ltd မှ မြန်မာနိုင်ငံ Organic ဟင်းသီးဟင်းရွက်ထွက်ကုန်များအား အခြောက်ခံ၍ ကိုရီးယားနိုင်ငံသို့  တင်ပို့လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဘိုင်းဒါးဒေသမှဂေါ်ဖီထုပ်များကို Organic ထုတ်ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်၍ ကိုရီးယားနိုင်ငံဈေးကွက်သို့ ဝယ်ယူတင်ပို့နိုင်ရန် အောက်တိုဘာ ၁

Wednesday, 2 Oct 2019

    အမေရိကန်စက်အစိတ်အပိုင်းများမပါဘဲ 5G အခြေခံစခန်းများကို  တည်ဆောက်သွားရန် အသင့်ဖြစ်နေကြောင်းနှင့် လာမည့်နှစ်တွင် ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်သွားမှာဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီတည်ထောင်သူနှင့် စီအီးအို ရန်ဇန်ဖေးက စက်တင်ဘာ ၂၇ ရက်တွင်ပြောသည်။ အောက်တိုဘာလမှစ၍ ဟွာဝေးသည် တစ်လကို 5G ဆက်သွယ်ရေးအခြေခံစခန်း ၅၀၀၀ တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် အခြေစိုက်စခန်း ၁ ဒသမ ၅ သန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်က ဖိုရမ်တစ်ခုတွင်ပြောသည်။

Pages