Main menu

Background

Thursday, 11 Jul 2019

       စင်ကာပူကျောင်းသားအကြားမျှော်မှန်းလစာမြင့်မားလျက်ရှိရာ အိုင်တီဘွဲ့ရ များမှာ တစ်လကိုဒေါ်လာ ၄၅၀၀ အထိရနိုင်ကြောင်း Universum ခေါ် အလုပ်ရှင် များကိုကောက်ယူသော နှစ်ပတ်လည်စစ်တမ်းကို ကိုးကား ၍ စထရိတ်တိုင်းသတင်း စာတွင်ဖော်ပြသည်။  အထူးသဖြင့် အိုင်တီဘွဲ့ရများအတွက် မျှော်မှန်းလစာမှာ စီးပွားရေးနှင့် အင်ဂျင်နီယာကျောင်းသားတို့ရ သောလစာနှင့်နှိုင်းယှဉ်ပါက ထူးထူး ခြားခြားမြင့်မားနေပြီး ဤအခြေအနေ က စင်ကာပူနိုင်ငံတွင် နည်းပညာနှင့် ဒစ်ဂျစ် တယ်ပညာရှင်များ လိုအပ်ချက် တိုးတက်မြင့်မားနေသည်ကို ပြသလျက်ရှိကြောင်း အစီရင် ခံစာတွင် ဖော်ပြသည်။ ပျမ်းမျှအားဖြင့် အိုင်တီဘွဲ့ရတို့ မျှော်မှန်းနိုင်သောလစာမှာ တစ်နှ စ်ကို ၅

Thursday, 11 Jul 2019

      နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုကြောင့် ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာသဖြင့် အိန္ဒိယနိုင်ငံ စီးပွားရေး သည် ငါးနှစ်ကြာ ကျဆင်းနေရာမှ ယခုနှစ်တွင် ပြန်လည်ဦးမော့လာလိမ့်မည်ဟု မျှော်လင့်ကြောင်း သက်ဆိုင် ရာ သတင်း ရပ်ကွက်များကို ကိုးကား၍ thehindubusinessline ဝက်ဘ်ဆိုက်သတင်းတွင်ဖော်ပြသည်။ ဧပြီ ၁ ရက်တွင်စတင်သော ယခုဘဏ္ဍာနှစ်အတွက် အမှန်စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု တန်ဖိုးသည် ခုနစ် ရာခိုင်နှုန်း  တိုးတက်မည်ဟု ဘဏ္ဍာရေးဝကြီးဌာနက ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များကို အခြေခံ၍ ခန့်မှန် ထားသည်။ မုတ်သုံမိုးရွာသွန်းမှု အခြေအနေကြောင့် စီးပွားရေးဖွံ့ဖြိုးမှုကျဆင်းမည့် အလားအလာနှင့် တိုးတက် မ

Thursday, 11 Jul 2019

    အဆင့်မြင့်နည်းပညာ ပစ္စည်းများတင်ပို့မှုကို ထိန်းချုပ်သည့်စဉ်းမျဉ်းများကို တင်းကျပ်လိုက်သည့် မူဝါဒကို ဂျပန်နိုင်ငံက ရုပ်သိမ်းပေးအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် တောင်ကိုရီးယားအစိုးရ အရေးေ ပါ် အစည်းအဝေးကို ကျင်းပခဲ့ကြောင်း NHK သတင်းဝက်ဘ်ဆိုက်တွင်ဖော်ပြသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသော ကုန်ပစ္စည်းအမယ် သုံးမျိုးအား တောင်ကို ရီးယားနိုင်ငံသို့တင်ပို့ပါက ခွင့်ပြုချက် ရ ယူရန်ဂျပန်အစိုးရက ဇူလိုင် ၄ ရက်က သတ်မှတ်ခဲ့သည်။

Thursday, 11 Jul 2019

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အား Update ပြုလုပ်ရန် အသိပေးကြေညာခြင်း

သတင်းလွှာ (၄/၂၀၁၉

Wednesday, 3 Jul 2019

      အိန္ဒိယနိုင်ငံ၏  မုတ်သုံမိုးရွာသွန်းမှုသည်  ပျမ်းမျှရွာသွန်းမှုအောက်သို့ သီတင်းလေးပတ်ဆက်တိုက် ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဇွန်၂၆ ရက်တွင် ကုန်ဆုံးခဲ့သောသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသတို့တွင် မိုးအနည်းငယ်သာ ရွာသွန်းခဲ့သည့်အတွက် အဓိသီးနှံ များစိုက်ပျိုးထုတ်လုပ်မှုနှင့် အိန္ဒိယစီးပွားရေးတစ်ခုလုံးအတွက်  စိုးရိမ်မှုများမြင့် တက်လျက်ရှိသည်။ မုတ်သုံမိုးသည် အိန္ဒိယနိုင် ငံလယ်ယာကဏ္ဍ ထုတ်လုပ်မှုနှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်  အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ အိန္ဒိယ နိုင်ငံ စိုက်ပျိုးနိုင်သောမြေ၏ ၅၅ ရာခိုင်နှုန်းသည် မိုးရေသော

Wednesday, 3 Jul 2019

        ဘဏ်လုပ်ငန်းမဟုတ်သူများပါ ပါဝင် လုပ်ကိုနိုင်ရန်အတွက်  ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းလိုင်စင်ငါးခုကို ချထားပေးမည်ဟု စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ Mon- etary Authority of Singapore (MAS) က ဇွန် ၂၈ ရက်တွင်ပြောကြောင်းချန်နယ်နယူး အေးရှသတင်းတွင် ဖော်ပြသည်။ စင်ကာပူ နိုင်ငံသည် အင်တာနက်ဘဏ်လုပ်ငန်း မူဘောင်ကို ၂၀၀၀ ပြည့်နှစ်တွင် ချမှတ်ခဲ့သည်။  ထိုမူဘောင်အရ ဆောင်ရွက်နေ သော စင်ကာပူဘဏ် လုပ်ငန်း အုပ်စုများက ထူထောင်ထားသော ဘဏ်များကို  ချပေးခြင်းဖြစ်သည်။

Wednesday, 3 Jul 2019

        ပညာရပ်ဖလှယ်ရန်နှင့် မူဝါဒမျှဝေရန်အတွက် သိပ္ပံပညာနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနတစ်ခုတည် ထောင်ရန် တောင်ကိုရီးယားနှင့် အာဆီယံအဖွဲ့တို့ သဘောတူညီခဲ့ကြသည်ဟု  တောင်ကိုရီးယား သိပ္ပံပညာနှင့် အိုင်စီတီဝန်ကြီး ဌာနက ဇွန် ၂၈ ရက်ကပြောကြောင်း ကိုရီးယားဟာရယ်သတင်းတွင်ဖော်ပြသည်။ အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသော ကိုရီးယားအာဆီယံ သိပ္ပံနှင့် နည်းပညာပူးတွဲကော်မတီ၏ လေးကြိမ်းမြောက် အစည်း အဝေးတွင် သဘောတူညီချက်ကိုရရှိခဲ့ခြင်းဖြစ်သည်။ နှစ်နှစ်တစ်ကြိမ်ကျင်းပသော ဤအခမ်းအနားသို့  အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ သိပ္ပံနှင့်နည်းပညာမူဝါဒရေးရာကို ဦးဆောင်သူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့သည်။

Wednesday, 3 Jul 2019

      စတင်  အကောင်အထည်ဖော် တော့မည့် နှစ်နိုင်ငံသဘောတူစာချုပ်အရဥရောပသမဂ္ဂ(အီးယူ) မှ သွင်းကုန်များ၏  ပြင်းထန်သော ယှဉ်ပြိုင်မှုနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရင် ဆိုင်ရဖွယ်ရှိကြောင်း ဗီယက်နမ်နယူး အေဂျင်စီသတင်းတွင်ဖော်ပြသည်။ အီးယူ-ဗီယက်နမ် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ် (EVFTA) နှင့် အီးယူ-ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်  (EVIPA) များကို ဇွန် ၃၀ ရက်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။နှစ်နိုင်ငံ သဘောတူစာချုပ်များက  ဗီယက်နမ်လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပေါ်သို့ ဂယက်ရိုက်ခတ်လာမည်ကို လေ့လာနိုင်ရန် ကွန်ဖရင့်တစ် ရပ်ကို  ဇွန် ၂၆ ရက်က ဟနွိုင်းမြို့တွင် ကျင်းခဲ့ရာ  ထိုကွန်ဖရင့် ၌

Wednesday, 3 Jul 2019

      ပြည်တွင်းသို့ ပြည်ဝင်ခွင့်ရရှိရန်အတွက် အီးဗီဇာလျှောက်ထားရာတွင် ကြားခံဝန်ဆောင်မှုပေးသည့် ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် လျှောက်ထားခြင်းကို ခွင့်မပြုတော့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။ ပြည် ဝင်ခွင့်အတွက် အီးဗီဇာ လျှောက်ထားရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အီးဗီဇာကို ဝန်ဆောင်ခ နှုန်းထား ကြီးမြင့်စွာကောက်ခံနေပြီး တစ်ဆင့်ခံဆောင်ရွက် မှုများရှိနေသည့်အတွက် www.ivisa.com မှ  တစ်ဆင့် လျှောက်ထားမှုများကို ငြင်းပယ်သွားမည်ဖြစ်သလို ဝက်ဘ်ဆိုဒ် အီးမေးလ်ဒိုမိန်းဖြစ်သည့် govereply.visa.com ဖြင့် အီးဗီဇာ လျှောက်ထားမှုများကိုလည်း ငြင်းပယ်သွားမည်ဖြစ် ကြောင်

Wednesday, 26 Jun 2019

      အာဖရိက ဝက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရန် အာရှနိုင်ငံများအား ကုလသမဂ္ဂအစားအစာအေဂျင်စီက တိုက် တွန်းထားသည့်အတွက် တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဝက်သန်း  ပေါင်းများစွာကို သုတ်သင်ခဲ့ရကြောင်း အေပီသတင်းတွင်ဖော်ပြသည်။ ကူးစက်ရောဂါသည် လာအို နိုင်ငံအထိ  ပြန့်ပွားနေကြောင်း ကုလသမဂ္ဂအစားအစာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ကြေညာချက် နှင့်အတူ     ယခုရောဂါပြန့်ပွားမှုမှာ သမိုင်းတွင်  အဆိုးရွားဆုံး  တိရစ္ဆာန် ရောဂါပြန့်ပွားမှုဖြစ်ကြောင်း ကျွမ်းကျင် သူတို့ကပြောသည်။

Pages