Background
စွမ်းအင်ချွေတာရန်၊ ကုန်ထုတ်လုပ်ငန်းတိုးမြှင့်ရန်နှင့် ကုန်ထုတ်လုပ်မှု အရည်အသွေးကိုမြှင့်တင်ရန် ကုန်ထုတ်လုပ်မှုလိုင်းများအား ဆန်းသစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများနှင့် ပြန်လည်စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ရန် သြဂုတ် ၂၁ ရက်က ဟနွိုင်းမြို့တွင်ပြလုပ်သော ဖိုရမ်သို့ တက်ရောက်လာသူတို့က တိုက် တွန်းကြောင်း ဗီယက်နမ်နယူးသတင်းတွင်ဖော်ပြသည်။ စက်မှုလုပ်ငန်းကဏ္ဍမှ စွမ်းအင်သုံးစွဲမှုပမာဏမှာ နိုင်ငံစုစုပေါင်းသုံးစွဲမှုရဲ့ ၄၇ ရာခိုင်နှုန်းရှိကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ စွမ်းအင်ချွေတာရေး ဖိုရမ်သို့ တင်ပြသော အစီရင်ခံစာအရ တွေ့ရသည်။ လောလောဆယ်တွင် ပင်မ စွမ်းအင်အရင်းအမြစ်များသည် စီးပွားရေး
အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံတန်ဖိုးရှိ အမေရိကန် သွင်းကုန်များအား လက်တုံ့ပြန် အခွန်တိုးမြှင့်ကောက်ခံရန် တရုတ်နိုင်ငံကသြဂုတ် ၂၃ ရက်တွင်ဆုံးဖြတ်ကြောင်း ချန်နယ် နယူးအေရှသတင်းတွင် ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံကြီး နှစ်ခု အချင်းချင်း ကာလရှည်ကြာစွာအငြင်းပွားနေရာမှ လက်တုံ့ပြန်သည့်အနေဖြင့် ရှိရင်းစွဲအခွန်နှုန်းကို ၁၀ ရာခိုင်နှုန်း ပိုဆောင်း ကာ ကောက်ခံမည်ဖြစ်သည်။ တရုတ်နိုင်ငံက နောက်ဆုံးအကြိမ် အခွန်တိုးမြှင့်ေ ကာက်ခံ ခြင်းမှာ အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ်တွင် အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံပြီး နောက်ပိုင်းဆောင်ရွက်ခြင်းဖြစ်သည်။ တိုးမြှင့်ကောက်ခံမည့် ပစ္စည်းများတွင် အီလက်ထရ
ယခုသီတင်းပတ်အတွင်း လက်ထောက်အဆင့်တာဝန်ရှိသူများ စေ့စပ်ညှိနှိုင်းရေးမှူးများ အချင်းချင်း အပြုသဘော ဆက်သွယ်မှုများပြုလုပ်ပြီး နောက်ကုန်သွယ်မှု ဆွေးနွေးပွဲများ ကျင်းပရန် အမေရိကန်နှင့် တရုတ် အရာရှိ များက စီစဉ်လျက်ရှိကြောင်း အိမ်ဖြူတော်စီးပွားရေးအကြံပေး လာရီကတ်ဒလိုက သြဂုတ် ၂၂ ရက်က ပြော ကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဂျပန်စီးပွားရေးဝန်ကြီး တိုရှီမိစု မိုတဲဂီနှင့် အမေရိကန် ကုန်သွယ်ေ ရး ကိုယ်စားလှယ် လိုက်ဟိုက်ဇာတို့၏ ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကိစ္စများအတွက် ဆွေးနွေးမှု များမှာ ရလဒ်ကောင်းများထွက်ပေါ်နေ ကြောင်း ကတ်ဒလို ကပြောသည်။
၂၀၁၉ ခုနှစ် ကျန်ကာလများတွင် ရေနံဈေးကွက် အလားအလာမှာ ကျဆင်းရန်ရှိကြောင်း အိုပက်အဖွဲ့က သြဂုတ် ၁၆ ရက်တွင်ထုတ်ပြန်သည်။ ကမ္ဘာ့စီးပွားရေးနှေး ကွေးမှုနှင့် ၂၀၂၀ ပြည့်နှစ်တွင် ပြိုင်ဘက် ထုတ်လုပ်သူ များက တိုးမြှင့်ထုတ်လုပ်သဖြင့် ဖြစ်ပေါ်လာသော စိန် ခေါ်မှုများကြောင့် ယခုကဲ့သို့ လျှော့ချခန့်မှန်းခြင်းဖြစ်ပြီး အိုပက်ဦးဆောင်သောဖြန့်ဖြူးရေးထိန်းချုပ်မှုများ လိုအပ် မည်ဖြစ်ကြောင်း သုံးသပ်သည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနံ ဝယ်လိုအားကို တစ်ရက် လျှင် စည် ၄၀၀၀၀ ကျဆင်းကာ စည် ၁ ဒသမ ၁ သန်းသို့ ရောက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင်မူ ဈေးကွက်ဝယ်လိုအား အနည်းငယ် မြင့်တက်လာမည်ဟု အိုပက်အဖွဲ့၏လစဉ် အစီရင်ခံစာတွင် ဖော်ပြ သည်။ အမ
ဟွာဝေး Mate 20 X (5G)ကို တရုတ်နိုင်ငံတွင် သြဂုတ် ၁၆ ရက်၌ စတင်ရောင်းချကြောင်း ဂလိုဘယ်တိုင်းမ် သတင်းတွင်ဖော်ပြသည်။ ရောင်းချသော မိုဘိုင်းဖုန်းမှာ တစ်ခုနှင့်တစ်ခု မတူညီသော SA နှင့် NSA ကွန်ရက် နှစ်ခုစလုံးတွင်အသုံး ပြုနိုင်ပြီး ထိုသို့အသုံးပြုနိုင်မည့်ဖုန်းများ အနက် ယခုဖုန်းမှာ ပထမဆုံးထုတ် လိုက်သော မိုဘိုင်းဖုန်းအမျိုးအစား ဖြစ်သည်။ ဟွာဝေး၏ လှုပ်ရှားမှုသည် 5G ကွန်ရက်ကိုတစ်နိုင်ငံလုံး၌ စီးပွား ဖြစ်ရောင်း ချရန် ခြေတစ်လှမ်း ပြင် လိုက်ခြင်းဖြစ်သည်။ ဂလိုဘယ်တိုင်းမ် သတင်း ထောက်က ပေကျင်းမြို့တွင်းပိုင်းရှိ စတိုးဆိုင်နှစ်ဆိုင်ကို သွားရောက် စုံစမ်းရာ ဖုန်းတန်ဖိုးကို ၆၁၉၉
အာရှတိုက်ရှိ လုပ်ငန်းကျွမ်းကျင်မှုများကို စုစည်းပေးခြင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ၊ အစိုးရများနှင့် နိုင်ငံစုံဘဏ်များအား ပူးပေါင်းပေးခြင်းတို့ဖြင့် စင်ကာပူနိုင်ငံက ဒေသတွင်း ဖွံ့ဖြိုးရေးအခက်အခဲများကို ဖြေရှင်းပေးပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ် ကြောင်း စထရိတ်တိုင်းမ်သတင်းတွင်ဖော်ပြသည်။ အခြေခံအဆောက်အအုံသည် အာရှတိုက်အောင်မြင်မှုအတွက် အချက် အချာဖြစ်ပြီး စင်ကာပူသည် အာရှအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးနိုင်ပြီး ဒေသတွင်းရှိအလားအလာများကိုထုတ် ဖော်ပေးရန် အကူပေးနိုင်ကြောင်း စင်ကာပူဝါရင့်ဝန်ကြီး တဲအိုချီဟင်းက သြဂုတ် ၁၅ ရက်
အမေရိကန်နိုင်ငံသို့ သွားရောက်မည့်သူများအနေဖြင့် လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးများ အတွက် ခွင့်ပြုသည့် ဗီဇာနှစ်မျိုးကို တပေါင်းတည်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သြဂုတ် ၁၂ ရက် တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးအတွက် ခွင့်ပြုသည့် ဗီဇာနှစ်မျိုးကို တပေါင်းတည်း လျှောက်ထားရာတွင် တစ်ကြိမ်လျှင် ပြည်ဝင်ခွင့်ဗီဇာ သုံးလအထိ အကျုံးဝင် မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ခရီးသွားရာလာတွင် ပိုမိုလွယ်ကူစေရန်နှင့် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သည့် နောက်ထပ်ခြေလှမ်းတစ်ခု ဆောင်ရွက်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြ
တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အထူး ရန်ပုံ ငွေတစ်ရပ် ပေးအပ်ထားသည်။ ယင်းရန်ပုံငွေမှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေဟု အမည်ရသည်။ ယင်းအထူးရန်ပုံ ငွေဖြင့် မြန်မာနိုင်ငံတွင် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း ၁၂ ခု အကောင်အထည်ဖော်မည်။ ယင်းရန်ပုံငွေ ပေးအပ်ထောက်ပံ့ခြင်းသည် ဒုတိယအကြိမ် ဖြစ် သည်။ ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ စတင် ကြောင်း အသိပေးကြေညာခြင်း အခမ်းအနား တစ်ရပ် ကျင်းပခဲ့သည်။
လာမည့် နှစ်လအတွင်း စင်ကာပူ ရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(SMEs) ၏ လေးပုံ သုံးပုံ နီးပါးသည် ဖွံ့ဖြိုးတိုးတက်လိမ့်မည်ဟု စစ်တမ်းတစ်စောင်တွင် ဖော်ပြထား ကြောင်း စထရိတ်တိုင်းမ် သတ င်းတွင် ဖော်ပြသည်။ ထ့ို ပြင် ယင်းတို့အနက် ရာခိုင်နှုန်း ၉၀ က ပြည်ပနှင့် စီးပွားရေးအဆက်အသွယ်များ ရရှိထားပြီးဖြစ်ကြောင်း ပြောသည်။ သို့သော်လည်း မတည်ရင်း နှီးငွေနှင့် ငွေကြေးစီးဆင်းမှု အခက်အခဲက ပြည်ပတွင် လုပ်ငန်းတိုးချဲ့ရေး လုပ်ငန်းကို အဟန့်အတားဖြစ်စေခဲ့ ကြောင်း စစ်တမ်းတွင်ပါဝင်သော လုပ် ငန်းသုံးပုံတစ်ပုံက ပြောသည်။
ယခုနှစ်အကုန်တွင် ဒေသတွင်းဘက်စုံစီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP ) ကို အာဆီယံအ ဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဆွေး နွေးဖက် ခြောက်နိုင်ငံတို့ အပြီးသတ်ဆွေးနွေးနိုင် လိမ့်မည်ဟု အာဆီယံ အထွေထွေအတွင်းရေးမှူး ဒါတိုလင်းဂျော့ဟွိုင်က ခန့်မှန်းကြောင်း ဗီယက်နမ် နယူးစ်သတင်းတွင် ဖော်ပြသည်။ RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီး ပါးရှိသော ဈေးကွက်ကို လွှမ်းမိုးထားပြီး ကမ္ဘာ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန်၏ သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးလျက်ရှိသဖြင့် ကမ္ဘာပေါ်တွင်အကြီး မားဆုံးကုန်သွယ်ရေး သဘောတူစာချုပ်တစ်ခု ဖြစ်လာမည်။