Background
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထားသော ဆီထွက်သီးနှံ(မိုး)နေကြာ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ဆီထွက်သီးနှံ (မိုး)နေကြာနှင့် (ဆောင်း)နေကြာ စုစုပေါင်း ၄၀၆၂ ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ်အတွင်း ယခုနှစ်ဆီထွက်သီးနှံ (မိုး)နေကြာကို သီးသန့်/ သီးညှပ် ၄၀၁၄ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး (ဆောင်း)နေကြာသီးနှံကို ၄၈ ဧက ကျော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည်ခရိုင်အနေဖြင့် နေကြာကိုမိုးနေကြာနှင့် ဆောင်းနေကြာဟူ၍စိုက် ပျိုးကြသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း တို့ကိုစိုက်ပျိုးကြသကဲ့သို့ နေကြာသီးနှံသည်လည်း ဆီဖူလှုံရေးအတွက် စိုက်ပျိုးသင့် သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ နေကြာသီးနှံကို စိုက်ပျိုးမည် ဆိုလျှင် မျိုးကောင်းမျိုးသန့်ဖြစ်သော ရေဆင်းစပ် မျိုးနေကြာနှင့် ဆင်း ရွှေကြာ-၂တို့ကို ရွေးချယ်၍ စိုက်ပျိုးသင့်သည်။
(ယခင်တစ်ပတ်မှအဆက်)
ကသာခရိုင်၏ ဆီထွက်သီးနှံများနှင့်ပတ်သက်ပြီး မြေပြင်ကိန်းဂဏန်းအချက်အလက်များအရ ခရိုင်တွင်း လူဦးရေ၏ တစ်နှစ် စားသုံးမှုမှာ ၂၄၇၂၆၃၇ပိဿာဖြစ်ပြီး တစ်နှစ်ဆီပိဿာအထွက်နှုန်းမှာ ၉၂၇၇၂၈၈၇ ပိဿာဖြစ်သောကြောင့် ၉၀၃၀ဝ၂၅၀ ပိဿာ ပိုလျှံလျက်ရှိကြောင်း၊ ရာခိုင်နှုန်းမှာ ၉၇ဒသမ ၃၃ရာခိုင်နှုန်းပိုလျှံကြောင်း စိစစ်တွေ့ရှိရသည်။ကသာခရိုင်အတွင်း SMEs ဆီစက်များ၏တည်ရှိမှု၊ ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် စားသုံးဆီအသုံးပြု ကုန်ထုတ် လုပ်ငန်း များ အား လေ့လာကြည့်မည်ဆိုပါက ခရိုင်တွင်းမြို့နယ်များဖြစ်သည့်ကသာမြို့နယ် တွင် ဆီစက်၃၂စက်၊အင်းတော်မြို့နယ်တွင် ၅၆စက်၊ ထီးချိုင့်မြို့နယ်တွင်၃၅ စက်နှင့် ဗန်းမောက်မြို့နယ် တွင် ခုနစ်စက် စုစ
ပြည်ပမှ မြန်မာနိုင်ငံအတွင်း တင်သွင်းလာသော စားအုန်းဆီ (RBD PALM OLEIN OIL) သင်္ဘောများ စက်တင် ဘာလအတွင်း သင်္ဘောခြောက်စင်း၊ တန်ချိန် ၂၈၀၃၈ ဒသမ ၇၅၅ တန် ဝင်ရောက်ခဲ့သည်။ အောက်တိုဘာ ၄ ရက်တွင် ထီးတန်းဆိပ်ကမ်း၌ MT.Senar Morotae V.26/2022 သင်္ဘောဖြင့် စားအုန်းဆီတန်ချိန် ၃၁၇၀ တန်နှင့် အောက်တိုဘာ ၅ ရက်တွင် သီလဝါ WILMAR MYANMAR INTERNATIONAL PORT တွင်MT.Royal 79 V.14/22 သင်္ဘောဖြင့် တန်ချိန် ၆၄၉၉ တန် စုစုပေါင်း ၉၆၆၉ တန် ဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် စားအုန်းဆီသင်္ဘော နှစ်စင်း၊ တန်ချိန် ၈၆၀ဝ ထပ်မံဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
MITS (Import Section)
စက်တင်ဘာလ တတိယပတ်တွင် မုံရွာမြို့၌ ဖြစ်ပေါ် နေသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ပဲစင်းငုံသီးနှံဈေး ဆက်လက်မြင့်တက်နေပြီး မတ်ပဲ၊ ပဲတီစိမ်း(ကြီး)၊ ဆန်ပြောင်း ဖြူနှင့် (cp) ဈေးငြိမ်နေကာ ဂျုံ၊ ကုလားပဲ(မျိုးစုံ)နှင့် ပြောင်းနီ ဈေးနှုန်းများ ဈေးကျသွားကြောင်း သိရသည်။ စက်တင်ဘာလ တတိယအပတ်တွင်း ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၆၄၀ဝ၀၊ ၆၃၀ဝ၀၊ ဂျုံထွက်တိုးတစ်တင်း လျှင် ကျပ် ၆၃၅၀ဝ ပေါက်ဈေးရှိသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၆၇၀ဝ၀-၆၆၀ဝ၀၊ ဂျုံထွက်တိုး တစ်တင်း လျှင် ကျပ် ၆၅၀ဝ၀ ရှိ၍ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပြီး စက်တင် ဘာ ၅ ရက်တွင် ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်မြို့နယ်ရှိ သာဂရကျေးရွာ ငါးဆူကျေးရွာ၊ သင်တောင်းကြီးကျေးရွာ၊ အင်းကုန်းစက်မှု လယ်ယာဝန်းတွင် လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်တွင် တရုတ်စုရပ်ကွက်နှင့် စက်ရုံ အားကစားကွင်းတွင် လည်းကောင်း ၊ မြစ်သားမြို့နယ်တွင် လမ်းခွကျေးရွာနှင့် ရွှေပေါ်ကျွန်း ကျေးရွာတွင် လည်းကောင်း စားသုံးသူပြည်သူများသို့ စားအုန်းဆီများ ဈေးကားများဖြင့် ရောင်းချ လျက်ရှိရာ စားသုံးဆီတစ်ပိဿာလျှင် ကျပ် ၅၆၀ဝ နှုန်းဖြင့် လူတစ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်ရှိ မြို့နယ်တာဝန်ခံဦးတင်စိန်သည်မေ ၂၀ ရက် ညနေ ၃ နာရီတွင် ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆီလုပ်ငန်းရှင်များအားစားသုံးသူကာကွယ်ရေးဆိုင်ရာ အသိညာ ပေး ဟောပြောခဲ့သည်။အဆိုပါအခမ်းအနားတွင်မြို့နယ်တာဝန်ခံကစီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ဖြင့် ၂၀၂၁ခုနှစ် ဒီဇင် ဘာ ၂၂ ရက်မြန်မာ့အလင်း ဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါဖော်ပြချက်တွင် စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့်အခြေခံလိုအပ်ချက်အပေါ်စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့တွင်စားအုန်းဆီဈေးများ ဆက်လက်မြင့်တက်လျက်ရှိသည်။ သင်္ကြန်မတိုင်မီကာလက စားအုန်းဆီ တစ် ပိဿာလျှင် ၅၉၀ဝ- ၆၀ဝ၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်တွင်းကာလ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀ဝ၀-၆၂၀ဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့၍ သင်္ကြန်ပြီးကာလတွင် ၆၃၀ဝ-၆၆၀ဝ ကျပ်ထိ ဈေးနှုန်းမြင့်မားလာသည်။ ဧပြီလနောက်ဆုံးပတ် ဈေးနှုန်းအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ၆၉၀ဝ-၇၀ဝ၀ကျပ်ထိ ဆက်လက်မြင့်တက်လျက်ရှိသည်။စားအုန်းဆီဈေး မြင့်တက်လာရခြင်းမှာ ပြည်ပတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှ နယ်ဝယ်လက်များသို့ လိုအပ်သည့် ဆီပမာဏ လုံလောက်စွာ ဖြန့်ဖြူးရောင်းချပေးနိုင်ခြင်း