Background
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်များထက် ပိုမိုလို့လာပါ တယ်။ ပြည်တွင်းမိုးနှမ်းအသစ်များ ထွက်ပေါ်လာတဲ့ ကာလဖြစ်သလို ပြည်ပအဝယ်ရှိနေလို့ တင်ပို့မှု ပိုမိုလာခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့အထိ တစ်ပတ်အတွင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၃၀၀ ခန့်ရှိပြီး တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ တရုတ်နဲ့ မလေးရှားတို့ကို ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက စက်တင်ဘာလအတွင်းမှာ နှမ်းတန်ချိန် ၃၈၀၀ ခန့်တင်ပို့ခဲ့ပြီး သြဂုတ်လအတွင်းမှာ တန်ချိန် ၂၄၀၀ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလအတွင်းမှာ တန်ချိန် ၄၈၀၀ ခန့်တင်ပို့မှုရှိခဲ့လို့ ယခုနှစ် စက်တင်ဘာလမှာ တင်ပို့မှု လျော့ကျခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့အထိ လက်ရှိဘဏ္ဍာနှစ်အတွင်းမှာ နှမ်းစုစုပေါင်း တန်ချိန် ၄၈၀၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၇၅ သန်းခန့်ရှိကြောင်း သိရပါတယ်။MIRT -MAPT
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ သုည ဒသမ ၀၄၁ သန်းတန်ဖိုးရှိ ပဲပုပ် စေ့ ၅၉ တန်ကို စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း မှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် တန် ၂၀ ခန့်တင်ပို့မှု လျော့နည်းခဲ့ တယ်လို့သိရပါတယ်။ မိမိဘက်မြေပြင် ပေါက်ဈေးဟာ ယခင်အပတ်ကထက် ကျပ် ၇၉၃၀ ဝန်းကျင်လျော့နည်းခဲ့ပြီး ပဲပုပ်စေ့တစ်တန်ကို ၅၁၃၄၂၆ ကျပ် ပေါက်လျက်ရှိပါတယ်။MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၆ ဒသမ ၇၄၁ သန်းတန်ဖိုးရှိ နှမ်းနက် ၂၄၇၀ တန်ခန့်၊ နှမ်းဖြူ ၁၁၅၃ တန်၊ နှမ်းညို ၁၁၁ တန်နဲ့ကန်ဒေါ်လာသုည ဒသမ ၄၈၂ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၈၅ တန်ခန့်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် နှမ်းရောင်စုံတင်ပို့မှု တန် ၁၆၀ ကျော်လျော့နည်းခဲ့ပြီး နှမ်းဖြူအခွံချွတ်ကိုတော့ ယခင်အပတ်က အပို့မရှိခဲ့ပါ ဘူး။ မြေပြင်နှမ်းပေါက်ဈေး များကိုကြည့်တဲ့အခါ နှမ်းဖြူဈေးကျသော်လည်း နှမ်းနက်ဈေးအနည်းငယ် ပိုတာတွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံမြေပြင်နှမ်းပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-
ပြည်တွင်းဈေးကွက်များကို မိုးနှမ်း အသစ်ဝင်လာနေပြီ ဖြစ်လို့ ပြည်ပကို နှမ်းတင်ပို့မှု လည်း ပြန်လည်တိုးတက်လာ တာ တွေ့ရပါတယ်။ စက်တင်ဘာလ ၁၄ ရက် အထိ စုစု ပေါင်း နှမ်းတန်ချိန် တစ်သောင်းကျော် တင်ပို့ခဲ့လို့ ပြီးခဲ့တဲ့ တစ်ပတ် တင်ပို့မှုတန်ချိန် ၃၃၆ တန်ထက် ပိုမိုလာပါတယ်။ ဒီတစ်ပတ်မှာ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ တရုတ်တို့ကို တင်ပို့ကြောင်း သိရပါတယ်။ ယခု ဘဏ္ဍာနှစ် စက်တင်ဘာလ ၁၄ ရက်အထိ စုစုပေါင်း နှမ်း တန်ချိန် ၃၇၀၀၀ ကျော် တင်ပို့ထားပြီးတဲ့အနက် နယ်စပ်မှ တရုတ်ကို တန်ချိန် ၂၅၀၀၀ ကျော် တင်ပို့မှု ပါဝင်တယ်လို့ သိရပါတယ်။MIRT- MAPT
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၆ ဒသမ ၁၄၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၃၉၅၆ တန်ခန့်ကို စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ အပို့ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ ၆ ဒသမ ၀၅၈ သန်း တန်ဖိုးရှိ နှမ်းနက် ၁၈၅၃ တန်ခန့်၊ နှမ်းဖြူ ၁၈၀၇ တန်ခန့်၊ နှမ်းညို တန် ၂၄၀ ခန့်နဲ့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၁ သန်းတန်ဖိုးရှိ နှမ်းနီ ၅၆ ဒသမ ၉၂၀ တန်ကို အပို့ရှိခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း ပြည်ပကို နှမ်းတင်ပို့မှုက ပြန်လျော့လာတာ တွေ့ရပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၂၅၀ အထိ တိုးတက်တင်ပို့နိုင်ခဲ့ရာမှ စက်တင် ဘာလ ၈ ရက်အထိ နှမ်းတန်ချိန် ၃၃၆ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ် မှာ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်ကို တင်ပို့ခြင်းဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် စက်တင်ဘာလ ၉ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၆ သောင်းနီးပါးရှိပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၇ သန်းခန့်ရရှိထားရာ ယခင်နှစ် ကာလတူတင်ပို့ပြီးမှု တန်ချိန် ၃ သောင်းနီးပါး၊ကန်ဒေါ်လာ ၃၈ သန်း ခန့်ထက် ပမာဏရော တန်ဖိုးပါ ပိုမိုကြောင်း သိရပါတယ်။မြေပဲဆန်တင်ပို့မှု မှာ လည်း ယခုဘဏ္ဍာနှစ် စက်တင်ဘာလ ၉ ရက်အထိမှာ တန်ချိန် ၃၂၀၀၀ ကျော် တင်ပို့ထားပြီးကြောင်း သိရပါတယ်။ MIRT - MAPT
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ တမူးနယ်စပ်များမှ ကန်ဒေါ်လာသုည ဒသမ ၀၆၂ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ တန် ၉၀ ကျော်ကို စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ အပို့ ရှိခဲ့ ပါတယ်။ မူဆယ်မှတန် ၈၀ ခန့်နဲ့တမူးမှ ၁၀ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ မိမိဘက် ပဲပုပ်စေ့မြေပြင်ဈေး အနည်းငယ် လျော့ကျသော်လည်း တစ် ဖက်နိုင်ငံ ဈေးများ ပြောင်းလဲမှု မရှိတာ ကို နှစ်ဖက်မြေပြင်ပေါက်ဈေးနှုန်းများ အရ သိရပါတယ်-
ပြည်ဈေးကွက် ပဲပုပ်ဈေးမှာ စက် တင်ဘာလပထမပတ်အတွင်းပိဿာ၂၀ တစ်တင်းကို ၂၀၀၀၀ ကျပ်နဲ့ ၂၀၀၀၀ အထက်ဈေးကောင်းရနေပါတယ်။ ဈေး ကွက်အတွင်းကို ပဲပုပ်အဝင်လည်း မရှိ သလို ပစ္စည်းလက်ကျန် ပြတ်နေတာ ကြောင့်လည်း ဈေးကောင်းနေတာ ဖြစ် ပါတယ်။ ယခု တစ်ပတ်မှာတော့ ဈေး ကွက်အတွင်း ပဲပုပ်အရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။ဆုမွန်ဆွေ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာသုညဒသမ ၀၇၇ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၁၁၂ တန် ကျော်ကို သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင် ခဲ့ပါတယ်။ယခင်အပတ် တင်ပို့မှုထက် ၁၀၂ တန်ခန့် တင်ပို့မှု လျော့နည်းခဲ့ ပါတယ်။ ပဲပုပ် ဈေးများ ကျဆင်းနေတဲ့ အတွက် အပို့လျော့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ယခင်အပတ် ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါ တယ် - မိမိဘက် (ကျပ်/ တန်) ယခု ယခင် ပြောင်းလဲမှု %၅၂၂၄၀၉ ၅၄၈၉၅၈ ၂၆၅၄၉ ၅ တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု ယခင် ပြောင်းလဲမှု %၆၁၂ ၆၄၂ ၃၀ ၅MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ နှမ်းရောင်စုံ တင်ပို့မှုရှိသလို မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီနယ်စပ်မှ နှမ်းနီအပို့ရှိနေပါတယ်။ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှကန်ဒေါ်လာ ၃ ဒသမ ၃၁၉ သန်းတန်ဖိုးရှိ နှမ်းနက် ၁၁၁၉ တန်ကျော်၊ နှမ်းဖြူ ၁၂၉၀ တန်ခန့်နဲ့ နှမ်းညိုတန် ၄၀ ကျော် စုစုပေါင်းနှမ်းရောင်စုံ ၂၄၄၉ တန်ကျော်နဲ့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၃ သန်းတန်ဖိုးရှိ နှမ်းနီ ၇၆ တန်အပို့ရှိခဲ့ပါတယ်။
