Main menu

Background

Monday, 27 Aug 2012

သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ သန်းကျော် ဖိုးရှိ နှမ်းဖြူ ၄၆၇ တန် ခန့်နဲ့ နှမ်းနက် ၃၈၄ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ၃၇၆ တန်ကျော် အပို့လျော့ခဲ့ပါတယ်။  ယခင်အပတ် နှမ်းဈေးများကို နှိုင်းယှဉ်ကြည့်သောအခါ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ နှမ်းဈေးများ ကျ လျက်ရှိပါတယ်-

Monday, 27 Aug 2012

အာရှအကြီးဆုံး ဝယ်လက်များ ဟာ ဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် ဝယ်လိုအား နှေးကွေးပုံမရှိဘဲ ပဲပုပ်နဲ့ ပဲပုပ်ဖတ် တင်သွင်းမှု မြင့်တက်လာ တယ်လို့ Oil  World မှ ဆိုပါတယ်။ ဧပြီလမှ ဇွန်လအထိ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှ ပဲပုပ် တန်ချိန် ၁၇ ဒသမ ၄၀၁ သန်း တင် သွင်းခဲ့လို့ ယခင်နှစ် ကာလတူနဲ့ ယှဉ်ရင် ၂၁ ရာခိုင်နှုန်းပိုမိုတင်သွင်းထားကြောင်း ဟမ်းဘတ်အခြေစိုက် သုတေသနဌာန မှ ပြောကြားပါတယ်။ တိရစ္ဆာန်အစာ အတွက် အသုံးပြုတဲ့ ပဲပုပ်ဖတ်တင် သွင်းမှုဟာ ၃ လတာအတွင်း ၇ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တန်ချိန် ၁ ဒသမ ၆၀၄ သန်းရှိခဲ့ပါတယ်။

Monday, 27 Aug 2012

ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲပြားလုပ်ငန်းရှင်များမှ နေ့စဉ် အဝယ် ရှိနေပေမယ့် ပဲပုပ်ဈေးမှာ ယခုသြဂုတ် လ ပထမပတ်အထိ ပိဿာ ၂၀ တစ် တင်းကို ၁၆၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်လီသမား များလည်း အဝယ်ရှိတာကြောင့် စုစု ပေါင်း ၁၅ အိတ် ဝန်းကျင်ခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေပါတယ်။ဆုမွန်ဆွေ

Monday, 27 Aug 2012

တောင်ကြီးဈေးကွက်မှာတော့ မြေပဲဈေးမှာ တစ်ပတ်ထက်တစ်ပတ် ဈေးတက်လာပါတယ်။ မြေပဲမှာ လက် ကျန် နည်းနေသော်လည်း ရှမ်းပဲဖြစ်တဲ့ မိုင်းရှူး၊ ကျေးသီးဘက်မှထွက်တဲ့ မြေပဲ များမှာတော့ နည်းနည်းချင်းအဝင် ရှိနေပါသေးတယ်။ စက်တင်ဘာလမှာ မြေပဲအသစ်များ စထွက်တော့မှာ ဖြစ် ပါတယ်။ ယခင်အပတ်မြေပဲ တစ် ပိဿာ ၁၇၅၀ ကျပ်မှ ယခုတစ်ပတ် မြေပဲ ဈေးမှာတစ်ပိဿာ ၁၈၀၀ ကျပ် ကိုဈေးတက်လာပါတယ်။ မြေပဲဈေး တက်တဲ့ အတွက် ပဲဆီဈေးလည်းတက် လာပါတယ်။ ပဲဆီတစ်ပိဿာ ၃၇၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေ တယ်လို့ သိရပါတယ်။          SYH

Monday, 27 Aug 2012

မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ဆီထွက်သီးနှံဈေးကွက်ဟာ လကုန်ပတ်မှာ တက်ဈေးအသီးသီးနဲ့ ဈေးပိတ် ခဲ့တာ တွေ့ရပါတယ်။

Monday, 27 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၀၀ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၂၂၇ တန်ကျော်ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။

Monday, 27 Aug 2012

ယခုတစ်ပတ် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အတွင်း ယခင်တစ်ပတ်ထက် တန် ၁၀၀ လျော့ပြီး တန်ချိန် ၄၈၀ ခန့် တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံတွေကတော့ တောင်ကိုရီးယား၊ ကူဝိတ်၊ စင်ကာပူ၊ တရုတ်၊ ယူအေအီးတို့ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် ဇူလိုင်လကုန်ထိ နှမ်းတင်ပို့မှု စုစုပေါင်း တန်ချိန် ၁၈၂၀၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူက တန်ချိန် ၉၂၀၀ ကျော်ရှိကြောင်း သိရပါတယ်။

Sunday, 29 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၆၁ သန်းတန်ဖိုးရှိ နှမ်းနက် ၄၄၁ တန်ကျော်၊ နှမ်းဖြူ ၆၃၇ တန်နဲ့ နှမ်းညို တန် ၄၀ ခန့်ကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်းမှာတစ်ဖက်နိုင်ငံသို့တင်ပို ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ နှမ်း နက် ၁၂၄ တန်၊ နှမ်းဖြူ ၄၂ တန်နဲ့ နှမ်းညို ၃၅ တန်ခန့် ယခင်အပတ်က ထက် တင်ပို့မှု ပိုမိုခဲ့တာ ဖြစ်ပါတယ်။ မိမိဘက် မြေပြင်နှမ်းဈေးများ မြင့်တက် လျက်ရှိပြီး နှမ်းဖြူနဲ့ နှမ်းနက်ဈေးများ ယခုအပတ်မှာဈေးတူနေတာ တွေ့ရပါ တယ်။ မြေပြင်နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ်-

Sunday, 29 Jul 2012

    ယခုတစ်ပတ် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အတွင်း တန်ချိန် ၅၈၀ ကျော်တင်ပို့ ခဲ့ပါတယ်။ဒီတစ်ပတ်တင်ပို့ တဲ့ နိုင်ငံတွေကတော့ေ တာင်ကိုရီးယား၊ ကူဝိတ်၊ စင်ကာပူ၊ ယူအေအီးတို့ဖြစ်ပါတယ်။

Sunday, 29 Jul 2012

    ပြည်ပဲပုပ်ဈေးကွက် ဈေးငြိမ်နေ သလို အရောင်းအဝယ်မှာလည်း ငြိမ် နေပါတယ်။ လက်ကျန် ပဲဟောင်းများ သာ ရှိနေတာကြောင့် ပဲပုပ်ဈေးမှာ တစ်တင်း ၁၆၀၀၀ ကျပ်နဲ့ငြိမ်နေခြင်း ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး (ပြည်) မြို့နယ်အတွင်း ရှိ ပေါင်း တည်၊ ပေါက်ခေါင်းနဲ့ ပန်းတောင်းမြို့နယ်များမှာ မိုးပဲပုပ်များစတင်စိုက်ပျိုးနေကာ ဧက ၁၀၀ ခန့်စိုက်ပျိုးပြီးဖြစ်သလို မိုးပဲပုပ် ထွက် ရှိပြီး ဈေးဖွင့်ချိန်မှာ ဈေးကောင်း ရရန်တောင်သူများမျှော်လင့်နေကြောင်း သိရပါတယ်။                ဆုမွန်ဆွေ

Pages