Main menu

Background

Monday, 12 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၅ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၁၃၈ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် က ထက်တန် ၂၀ ကျော် အပို့ပိုခဲ့ပါ တယ်။ ဖေဖော်ဝါရီလမှာ ပဲပုပ်စေ့ ၃၆၈ တန်ကျော် တင်ပို့ခဲ့ပြီး ဧပြီလမှ ဖေဖော် ဝါရီလကုန်ထိပဲပုပ်စေ့တန် ၁၁၀၀ နီးပါး နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။

Monday, 12 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၇၅ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၂၇၀ ခန့်၊ နှမ်းဖြူ ၁၂၁ တန်ကျော်နဲ့ နှမ်းဖြူ(အခွံချွတ်)  ၁၈ တန်ခွဲကို ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၃၂၂ တန်သာ တင်ပို့ခဲ့တာမို့ ယခုအပတ် မှာ ၈၈ တန်ခန့် တင်ပို့မှု ပိုမိုခဲ့တာ ဖြစ်ပါတယ်။

Monday, 12 Mar 2012

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခုတစ်ပတ်လည်း တန် ၄၅၀ ကျော်သာရှိလို့ ယခုလပိုင်း အပတ်စဉ်တင်ပို့မှုမှာ တန် ၅၀၀ အောက်မှာသာရှိနေကြောင်း သိရပါတယ်။ ဒီတစ်ပတ်မှာလည်း စင်ကာပူ၊ ဂျပန်နဲ့ ကိုရီးယားတို့ကို တင်ပို့ပါတယ်။

Monday, 5 Mar 2012

    ဥရောပဗဟိုဘဏ်မှ ဥရောပဘဏ်များကို အတိုးနှုန်းသက်သာတဲ့ချေးငွေထုတ် ချေးဖို့ မျှော်လင့်ချက်ရှိပေမယ့် ပြည်ပဝယ်လိုအားနှေးကွေးခြင်း၊ ရင်းဂစ် တန်ဖိုး ခိုင်မာခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီကြမ်းဈေး ကျဆင်းခဲ့ပါတယ်။ ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ ၂၇ ရက်၊ မေလစာချုပ်ဈေးက  သုည ဒသမ ၈ ရာခိုင်နှုန်း လျော့ကျပြီး တစ်တန်ရင်းဂစ် ၃၂၇၀(ကန်ဒေါ်လာ ၁၀၉၀) ဖြစ်လာပါတယ်။

Monday, 5 Mar 2012

    တောင်ကြီးဈေးကွက်မှာ ပန်းနှမ်းဈေးမှာ အနည်းငယ်တက်လာပါတယ်။ အဝင်လည်း အနည်းငယ် နည်းလာတဲ့အတွက် ဈေးတက်လာတယ်လို့ သိရပါတယ်။ ပန်းနှမ်းတစ်ပိဿာ ၉၄၀ ကျပ် - ၉၅၀ ကျပ်ဈေးရှိ ပါတယ်။ လက်ကျန်နည်းလာ ပေမယ့် ပုံမှန်အဝင်တော့ရှိနေပါတယ်။ တောင်ကြီးဈေးကွက်မှ ဒေသတွင်း ဆီစက်များကို တစ်ပတ်ကုန်ချိန် လေးသောင်း၊ ငါးသောင်းခန့် အရောင်း အဝယ် ဖြစ်ပြီး၊ အောင်ပန်းဈေးကွက်မှ တစ်ဆင့် မန္တလေးမြင်းခြံဘက်သို့ တစ်ပတ် အိတ် ၁၀၀၀ -၁၅၀၀ ကြားစီးဆင်းခဲ့တယ်လို့ သိရပါတယ်။              SYH

Monday, 5 Mar 2012

    ပြည်ဈေးကွက်အတွင်း ပဲပုပ် လက်ကျန်များနဲ့သာ အရောင်း အဝယ်ဖြစ် လျက်ရှိတာကိုတွေ့ရပါ တယ်။ ပဲပုပ်သစ်များ ဝင်ရောက်မှု ပါး လာခဲ့ပြီး၊ ပဲပုပ်ဈေးမှာတော့ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် ဈေးလျော့သွား ခဲ့တာကိုတွေ့ရပါ တယ်။ ပဲဈေးကွက်အတွင်း ပဲပုပ်သီး နှံမှာ နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ တစ်ခါတစ်ရံမှသာ အရောင်းအဝယ် ဖြစ်ခဲ့ကာ အိတ် ၄၀၀ ကျော်မျှ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ သာယာဝတီခရိုင် အတွင်းမှ ထွက်ရှိတဲ့ ပဲပုပ်သီးနှံများကတော့ ရန် ကုန်ကို တိုက်ရိုက်တင်ပို့တဲ့အတွက် ပြည်ဈေးကွက်မှ ပဲပုပ်ဝင်ရောက်မှု နည်း ကာ လက်ကျန်လည်း နည်းခဲ့လို့ အရောင်းအဝယ်အေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။             ဆုမွန်ဆွေ

Monday, 5 Mar 2012

    တောင်ကြီးဈေးကွက်မှာ မြေပဲတစ်ပိဿာ ၁၃၇၀ ကျပ် - ၁၄၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ဈေးကွက်ကို မြေပဲအဝင်နည်းလာပေမယ့် အဝင်နဲ့အထွက်မျှ နေပါတယ်။ တောင်ကြီးဈေးကွက်ကို ရှမ်းပဲလို့ခေါ်တဲ့ မိုင်းရှူး၊ ကျေးသီး၊ မောက်မယ် ဘက်မှထွက်တဲ့ မြေပဲများသာအဝင်ရှိပါတော့တယ်။ တစ်ပတ်ကို မြေပဲ ၂၅ ပိဿာဝင်အိတ် ၁၅၀၀ နဲ့ ၂၀၀၀ ကြား အရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက်မှ သိရပါတယ်။                                                                                 SYH

Monday, 5 Mar 2012

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ဖေဖေါ်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၈၁ သန်း တန်ဖိုးရှိ ပဲပုပ် စေ့ ၁၁၈ တန် တင်ပို့မှု ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ၃၆၈ တန်ကို တရုတ် သို့ တင်ပို့ထားပြီးဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံ မြေပြင်ပေါက်ဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိဘက် မြေပြင်ဈေး မှာမူ မြင့်တက်လျက်ရှိပါတယ် -

Monday, 5 Mar 2012

    ပြည်ပကို ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်များထက် သိသိသာသာ လျော့ကျလာပါတယ်။ ယခင် တစ်ပတ်ကစပြီး တန်ချိန် ၄၆၀ သာလျော့ကျတင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်) အတွင်းမှာလည်း တန်ချိန် ၃၆၀ ကျော်သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခုတစ်ပတ် တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ကိုရီးယားနဲ့ မလေးရှားကို ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံး ရန်ကုန် ၤဥြ ဈေးကွက်မှာ နှမ်းအရောင်းအဝယ် ဖြစ်မှုဟာ တန်ချိန် ၂၀၀ ခန့်သာရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိ ကြောင်း သိရပါတယ်။                                          MIRT - MAPT

Monday, 5 Mar 2012

ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလတွင်ကန်ဒေါ်လာသုည ဒသမ ၄၅၅ သန်းတန်ဖိုးရှိ နှမ်းနက် ၂၁၈ တန်ခန့်၊ နှမ်းဖြူ ၇၃ တန်ခန့်နဲ့ နှမ်းဖြူ(အခွံချွတ်)  ၃၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းရောင်စုံ အပို့သိသိသာသာ လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် တန် ၇၄၀ အပို့လျော့ခဲ့တာ ဖြစ်ပါတယ်။

Pages