Main menu

Background

Tuesday, 3 Jan 2012

      မန္တလေးဈေးကွက်အတွင်းသို့ ဆောင်းသီးနှံဆီနေကြာကတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလလောက်မှ ပုံမှန်ဝင်ရောက် မှာဖြစ်ပြီး၊ လက်ရှိမှာတော့ သီးနှံလက်ကျန်အဟောင်းများသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ဆီနေကြာလို မျိုးသမားများနဲ့ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များမှဝယ်ယူကြကြောင်း၊ လှောင်လက်သမားများအနေနဲ့ ပစ္စည်းကြိုက်၊ ဈေးကြိုက်မှသာ အရောင်း အဝယ်ဖြစ်ကြကြောင်း၊ မျိုးသမားများ အနေနဲ့ ၃ တင်းတစ်အိတ် ၂၄၀၀၀ ကျပ်၊ ၂၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဆီစက် သမားများအနေနဲ့ ၃ တင်းတစ်အိတ် ၂၃၀၀၀ ကျပ်၊ ၂၃၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။     ပုံမှန်အားဖြင့် တစ်နေ့ကို ဆီနေကြာအိတ် ၅၀၀ မှ အိတ် ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ ခင်ပပနိုင်

Tuesday, 3 Jan 2012

    မြေပဲဆံများကို ပြည်ဈေးကွက်သို့ အောင်လံဘက်မှ တစ်နေ့ အိတ် ၂၀၀ ခန့် ဝင်ရောက်လာကာ ယခင်အပတ်ထက် ဝင်ရောက်မှု လျော့နည်းလာပါတယ်။ မိုးများရွာသွန်းနေလို့ အရောင်းအဝယ်မှာ အေးနေခြင်း ဖြစ်ပါတယ်။ ဆီစက်များမှာလည်း ယခုအပတ်မှာ မုန်တိုင်းကြောင့် မိုးရွာနေကာ အရောင်းအဝယ်ပါးနေပြီး၊ မြေပဲဆံဈေးမှာ အနည်းငယ်ကျလာတွေ့ရပါတယ်။ မြေပဲဆီဆံတစ်ပိဿာ ၁၄၂၅ ကျပ်နဲ့ လုံးဆံတစ်ပိဿာ ၁၆၂၅ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးကျလာတာတွေ့ရပါတယ်။ဝေေ၀မင်း

Tuesday, 3 Jan 2012

    မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကနေ  ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိ ကာလအတွင်း နှမ်းဖြူ ၁၂၉၃ တန်၊ နှမ်းနက် ၁၂၈၉ တန်နဲ့ နှမ်းဖြူ (အခွံချွတ်) ၃၁၉ တန်ကျော်၊ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၀၀၂ သန်းဖိုး တင်ပို့ ခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူ တန် ၄၀၀ ကျော်နဲ့ နှမ်းနက် တန် ၄၀၀ ကျော်တင်ပို့မှုပိုမိုခဲ့တာ တွေ့ရပါတယ်။

Tuesday, 3 Jan 2012

     ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ ဆက်လက်တိုးတက်နေပါတယ်။ ယခင်သီတင်းပတ်က နှမ်းတန်ချိန် ၁၁၀၀ ခန့် တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာ ၁၉-၂၃ရက်)အတွင်းမှာ တန်ချိန် ၁၂၅၀ ခန့်အထိ တိုးတက်တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပြီး ပမာဏအများဆုံးတင်ပို့တဲ့ နိုင်ငံကတော့ ဂျပန်နိုင်ငံကိုပဲ ဖြစ်ပါတယ်။

Tuesday, 3 Jan 2012

    နှစ်ကုန်ပိုင်း ရောင်းဝယ်ရေးလျော့နည်းလို့ ဒီဇင်ဘာလ ၂၉ ရက်မှာ မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး ကျဆင်းခဲ့ပေမယ့် စားအုန်းဆီ ဒုတိယအများဆုံး ထုတ် လုပ်တဲ့ မလေးရှားမှာ မိုးသည်းထန်ခြင်းကြောင့် ထုတ်လုပ်မှုကို ထိခိုက်နိုင်တဲ့ စိုးရိမ် မှုများက ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်နိုင်ပါတယ်။ ကမ္ဘာ့ဈေးကွက် အရောင်း အဝယ် အားပျော့လာခြင်းက ရင်းနှီးမြုပ်နှံသူများ စားအုန်းဆီဝယ်ယူမှု နည်းလာတဲ့ အတွက် ဒီဇင်ဘာ ၂၈ ရက် သီတင်း ၅ ပတ်အတွင်း ဈေးမြင့်တက်ခဲ့ရာမှ ပြန်လည် လျော့ကျခဲ့တာဖြစ်ပါတယ်။

Monday, 26 Dec 2011

    တောင်ကြီးဈေးကွက်သို့ ပန်းနှမ်းများစတင်ဝင်ရောက်လာပါတယ်။ယခုတစ်ပတ်အတွင်းမှာပဲ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဟိုပုံးမြို့ နယ်များမှ  ပန်းနှမ်းများအဝင်များလာပါတယ်။ ပန်းနှမ်းများ အဝင်စိပ်လာတဲ့အတွက်ယခင်တစ်ပတ်ကထက် ပန်းနှမ်းဈေးကျလာ ပါတယ်။ ယခင်အပတ်က ပန်းနှမ်းတစ်ပိဿာ ၉၀၀ ကျပ်၊ ၉၅၀ ကျပ်မှ ယခုတစ်ပတ်မှာတော့ ပန်းနှမ်းတစ်ပိဿာ ၈၆၀ ကျပ်၊ ၈၇၀ ကျပ်ဖြင့် ဈေးအနည်းငယ်ကျလာပါတယ်။ ယခုအချိန်မှာတော့ ပန်းနှမ်းများစပေါ်ချိန်ဖြစ်လို့ လှောင်လက်များနဲ့ ဒေသတွင်းဆီစက်များမှ အဝယ်လိုက်နေတဲ့အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပါတယ်။           S.Y.H

Monday, 26 Dec 2011

    မန္တလေးမြို့တွင်းကို မကွေးတိုင်းဒေသကြီး  ရေနံချောင်း၊ ပခုက္ကူ၊ ချောက်၊ အောင်လံ၊ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူ၊ ခင်ဦး၊ ဝက်လက်၊ ရွှေဘိုနဲ့ တိုင်းတွင်းဒေသများဖြစ်တဲ့ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာနယ်များမှ ထွက်ရှိတဲ့ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်တို့ ဝင်ရောက်လာကြပြီး၊ မန္တလေးမှတစ်ဆင့်မူဆယ်သို့ ခရီးဆက်ကြပါတယ်။

Monday, 26 Dec 2011

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလ အတွင်း နှမ်းဖြူ ၈၅၄ တန်၊ နှမ်းနက်  ၈၃၁ တန်နဲ့ နှမ်းဖြူ (အခွံချွတ်)၊ ၃၂၃ တန် စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၇၇၁ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် နှမ်းဖြူရော နှမ်းနက်ပါ အပို့ပိုမိုခဲ့ပြီး ယခုတစ်ပတ်မှာလည်း နှမ်းညိုနဲ့ နှမ်းနီတင်ပို့မှု မရှိတာတွေ့ရပါတယ်။

Monday, 26 Dec 2011

     အဓိက ပဲပုပ်နဲ့ စားအုန်းဆီစိုက်ပျိုးရာဒေသများမှာ ရာသီဥတုဆိုးဝါးခြင်း အပေါ်စိုးရိမ်မှုများဖြစ်ပေါ်၍ ရင်းနှီးမြုပ်နှံသူများမှ ရောင်းချမှု နည်းလာကာ မလေး ရှား စားအုန်းဆီကြမ်းဈေးလည်း အမြင့်ဖြင့် ပိတ်ခဲ့ကြောင်း သိရပါတယ်။

Pages