Main menu

Background

Friday, 23 Sep 2011

နှမ်းရောင်စုံတန် ၄၀၀၀ ကျော် မူဆယ်မှ အပို့ရှိ                  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၅ ဒသမ ၃၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၄၁၁၉ တန်ကျော်ကို စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ အာဆီယံကုန်တင်ယာဉ် တန်ချိန် သတ်မှတ်မှုအရ တန်ပိုတင်ဆောင်ခြင်းကို ကြပ်မတ်နေသဖြင့် သယ်ယူစရိတ်များတက်နေ တာကြောင့် ကုန်တက်များ လျော့ကျနေတယ်လို့သိရပါတယ်။ မိမိဘက်မှာ နှမ်းဖြူရော နှမ်းနက်ပါမြေပြင်ဈေးများ ယခင်အပတ် ကထက် လျော့ကျနေပြီး တစ်ဘက်နိုင်ငံမှာတော့ နှမ်းဖြူဈေးတက်နေပြီး နှမ်းနက်ဈေး ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ လိုက်ရ ပါတယ်                           မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု                ယခင်    ပြောင်းလဲမှု  %      ယခု        ယခင်   ပြောင်းလဲမှု    %နှမ်းဖြူ      ၈၅၃၀၀၀        ၈၆၃၀၀၀      ၁၀၀၀၀     ၁     ၁၂၀၆      ၁၁၇၅        ၃၁         ၃နှမ်းနက်    ၁၀၂၉၇၈၉      ၁၀၄၄၇၈၉    ၁၅၀၀၀     ၁     ၁၄၁၀      ၁၄၁၀          -          -MIRT (DOBT)

Friday, 23 Sep 2011

နှမ်းတန်ချိန် ၁၀၀၀ ခန့်အထိ ပြည်ပတင်ပို့မှု တက်လာ                   ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၆၉၀ ခန့်အထိ ရှိခဲ့ရာမှ ယခုတစ်ပတ် (စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်) အတွင်းမှာလည်း တန်ချိန် ၁၀၀၀ ခန့်အထိ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် စက်တင်ဘာလ ၉ ရက်နေ့အထိ စုစုပေါင်း နှမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၂၈၀၀၀ ကျော်ရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် ၂၃၀၀၀ ကျော်ထက်ပိုတင်ပို့လာခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက နှမ်းနီ၊ နှမ်းညိုကိုပါ တင်ပို့ခွင့်ပြုလိုက်တဲ့အပြင် ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး မြင့်တက်လာတာကြောင့် နှမ်းတင်ပို့မှု တက်လာခြင်းဖြစ်ပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့ ရန်ကုန် FOB ဈေးမှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၇၀၀-၁၈၅၀၊ နှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၄၀၀-၁၄၅၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၂၀၀-၁၂၅၀၊ နှမ်းနီ တစ်တန် ကန်ဒေါ်လာ ၁၁၀၀-၁၁၅၀ နဲ့ နှမ်းညိုတစ်တန် ကန်ဒေါ်လာ ၁၁၀၀-၁၁၅၀ ဈေးအသီးသီးဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။MIRT- MAPT

Friday, 23 Sep 2011

စားအုန်းဆီကြမ်း ဈေးပြန်တက်ပေမယ့် တင်ပို့မှုနည်းခြင်းက ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်နိုင်                 ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ယခင်ရက်များက စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေး လျော့ကျနေရာမှ စက်တင်ဘာလ ၁၄ ရက်မှာ အဝယ်ပြန်လိုက်လာလို့ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာလ အတွင်း တင်ပို့မှုနည်းခြင်း၊ လက်ကျန်ပမာဏများခြင်းနဲ့ ပတ်သက်လို့ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်နိုင် တယ်လို့ ခန့်မှန်း ထားပါတယ်။ နိုဝင်ဘာလ အခြေခံစံနှုန်း စားအုန်းဆီကြမ်းဈေးဟာ စက်တင်ဘာ ၁၃ ရက်ထက် ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန် ရင်းဂစ် ၃၀၆၅ (ကန်ဒေါ်လာ ၉၉၄)ဈေးဖြစ်ခဲ့ပါတယ်။                စက်တင်ဘာလ ပထမ ၁၅ ရက်အတွင်း ပြည်ပဝယ်လိုအားက ယခင်လထက် ၃၁ - ၃၂ ရာခိုင်နှုန်းခန့်ကျဆင်းပြီး၊ တန်ချိန် ၆၅၀၀၀၀ ခန့်သာရှိလို့ ယခုသီတင်းပတ်အတွင်း စားအုန်းဆီဈေးပြန်လည်ကျဆင်း ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါ တယ်။ အမေရိကန်စိုက်ပျိုးရေးဌာနက စက်တင်ဘာ ၁၂ ရက်မှာ အမေရိကန်သီးနှံ ထုတ်လုပ်မှု အလားအလာကို ၁ ရာခိုင်နှုန်း တိုးမြှင့်ခန့်မှန်းလိုက်ခြင်းကလည်း ဈေးနှုန်းကို ပိုမိုကျဆင်းစေနိုင်ပါတယ်။                    ပဲပုပ်ထုတ်လုပ်မှုမြင့်တက်ခြင်းဟာ ပဲပုပ်ဆီဈေးကို ကျဆင်းစေနိုင်တာကြောင့် စားအုန်းဆီထုတ်ကုန်နဲ့ ပဲပုပ်ဆီအကြားကွာဟမှု နည်းသွားနိုင်တယ်လို့ စင်ကာပူ အခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားပါတယ်။ မလေးရှားဆိပ်ကမ်းများမှာ အောက်တိုဘာလ သင်္ဘောတင်ရမယ့် သန့်စင်ပြီးစားအုန်းဆီ (Palm olein)ဈေးဟာ အာဂျင်တီးနား ဆိပ်ကမ်းများက ပဲပုပ်ဆီကြမ်းဈေးထက် တစ်တန်ကန်ဒေါ်လာ ၁၄၅ လျော့ကျနေတယ်လို့ လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ဈေး ၂ ခု ကွာဟမှုဟာ ကန်ဒေါ်လာ ၂၀၀-၂၂၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒုတိယ လဝက်အတွင်း အိန္ဒိယနဲ့ တရုတ်တို့က ဝယ်လိုအားတက်မလာဘူး ဆိုရင်ကျန်သီတင်းပတ်တွေမှာ စားအုန်းဆီဈေး ပြန်ကျဆင်းနိုင်တယ်လို့ ကွာလာ လမ်ပူ အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာ့စီးပွားရေး အခြေအနေဆိုးဝါးခဲ့ရင် ကာလတိုအတွင်း စားအုန်းဆီဈေး တစ်တန်ရင်းဂစ် ၃၀၀၀ (ကန်ဒေါ်လာ ၉၇၃)မှာရှိနိုင်တယ်လို့ လေ့လာဆန်းစစ်သူ Tanuj Shori  က ပြောကြားပါတယ်။                        လက်ငင်းဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီးစားအုန်းဆီ တစ်တန် ကန်ဒေါ်လာ ၁၀၉၅ နဲ့ ကမ်းလှမ်းခဲ့ပြီး၊ ချက်ချင်းပို့ရမယ့် စားအုန်းဆီ ကြမ်းဈေးဟာ ရင်းဂစ် ၃၀ မြင့်တက်ပြီး၊ ရင်းဂစ် ၃၁၄၀ (ကန်ဒေါ်လာ ၁၀၁၈) ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.cm

Sunday, 4 Sep 2011

ပွင့်လန်းလာသည့် ပို့ကုန် အခွင့်အလမ်းနှင့် အတူ ဂျပန်ကိုသွားသည့် နှမ်းညို                   ပို့ကုန်တိုးမြှင့်ရေး ရည်ရွယ်ချက်နဲ့ ၂ဝ၁၁ ခုနှစ် သြဂုတ်လနောက်ဆုံးပတ် မှာ ယခင်က ပြည်ပကိုတင်ပို့ ခွင့်မပြု ခဲ့တဲ့ မြေပဲ၊ မြေပဲဆီ၊ နှမ်းနီ၊ နှမ်းညိုနဲ့ နှမ်းဆီတို့ကို တင်ပို့ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ပို့ကုန်ဆိုင်ရာ ဖြေလျော့မှု ပေး လိုက်တဲ့ အခွင့်အရေးကို လက်လွတ် မခံဘဲ ပို့ကုန်လုပ်ငန်းရှင်ကုမ္ပဏီတစ်ခုမှ နှမ်းညိုတန်ချိန် ငါးရာကျော်ကို ဂျပန် နိုင်ငံကိုတင်ပို့ခွင့်ကို ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှာ လာရောက် လျှောက်ထားခဲ့ကြောင်းသတင်းရရှိပါတယ်။ ၎င်းကုမ္ပဏီမှ လျှောက်ထားတဲ့ ပို့ကုန်လိုင်စင်ကို ၂၄ နာရီအတွင်းရရှိခဲ့ပြီး ၂ဝ၁၁ခုနှစ် စက်တင်ဘာလ ၁ ရက် မှာ ပို့ကုန်လိုင်စင်ထုတ်ယူရရှိပြီ ဖြစ်ပါ တယ်။                     ပို့ကုန် အခွင့်အလမ်းကို နိုင်ငံတော်မှ ဖွင့်ပေးတာနဲ့အတူ ပို့ကုန်လုပ် ငန်းရှင်တွေကလည်း ဈေးကွက်သစ်တွေ ရရှိရေး၊ ရရှိပြီးဈေးကွက် မပျက်ရေး၊ ပြည်ပကို တိုးခဲျ့တင်ပို့နိုင်ရေး၊ ပို့ကုန် ပမာဏတိုးတက်ရေးတို့အတွက် မိမိတို့ ရဲ့ ပို့ကုန်ပစ္စည်းတွေကို စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီကောင်းမွန်ဖို့ အားထည့်ဆောင်ရွက်နိုင်စေကြောင်း Commerce Journal  မှထပ်ဆင့် ဦးဦးဖျားဖျား သတင်းပေးလိုက်ရပါတယ။် ဒေါက်တာခင်ဦးမေ

Sunday, 4 Sep 2011

အရောင်းသွက်တဲ့ မန်းနှမ်းဈေးကွက်                  မန်းဈေးကွက်အတွင်းသို့ မကွေးတိုင်းဒေသကြီးများမှထွက်ရှိတဲ့နှမ်းဖြူ၊ နှမ်းနက်များအများဆုံးဝင်ရောက်နေပြီး ဝင်ရောက် လာတဲ့နှမ်းများကို တရုတ်ဆွဲအားကောင်းနေတဲ့အတွက် မန်းဈေးကွက်မှာ အရောင်းသွက်ပြီး ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ သြဂုတ်လနောက်ဆုံးပတ်နဲ့ စက်တင်ဘာလ ပထမပတ်မှာတော့ အောင်လံသိပ္ပံ နှမ်းနက်(စမုံ)က တစ်ပိဿာ ၁၉၅၆ ကျပ်၊ တစ်တန် ၁၁၉၇၈ဝဝ ကျပ်၊ မကွေး (ခြုံကျော်) နှမ်းဖြူများကို တရုတ် အကြိုက်တွေ့နေပြီး ရောင်းဝယ်အားကောင်းနေပါတယ်။ နှမ်းနီ/ညိုကိုတော့ ဒေသတွင်းဆီစက်သမားများအပြင် တရုတ်ဝယ်လက်မှလည်း အနည်းငယ်ဝယ်ယူမှုရှိနေတာကို တွေ့ရပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့ သြဂုတ်လ အတွင်း နှမ်းဖြူ ၈၃ဝဝ တန်၊ နှမ်းနက် ၂၄ဝဝ တန်တင်ပို့ခဲ့ပြီး၊ နှမ်းဆီတစ်ပိဿာ ၂၁၅ဝ ကျပ်၊ ၂၂ဝဝ ကျပ်၊ နှမ်းဖတ်တစ်ပိဿာ ၄၂ဝ ကျပ်၊ ၄၃ဝ ကျပ်ဈေးတို့ဖြင့်ရောင်းဝယ်နေကြပါတယ်။ မန်းဈေးကွက် အတွင်းမှာ တရုတ်ဝယ်လိုအားကောင်း နေတဲ့အတွက် နှမ်းဈေးကွက်ဟာလည်း ရောင်းဝယ်အားကောင်းနေဦးမယ်လို့ ကုန်သည် များကပြောပါတယ်။ ကျော်ကျော်မိုး

Sunday, 4 Sep 2011

ယခုအပတ်ကထက် နှမ်းရောင်စုံတန် ၁၄၇ဝ ကျော်ပိုမိုတင်ပို့နိုင်                 သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ နှမ်းရောင်စုံတင်ပို့မှုဟာ ယခင်အပတ်ကထက် တန်၁၄၇၄တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းရောင်စုံတင်ပို့မှုတွေကတော့ နှမ်းဖြု ၂၂၁၄ တန်၊ နှမ်းနက် ၉၇၂ တန်၊ နှမ်းဖြူ အခွံချွတ် တန် ၃၂ဝ ကန်ဒေါ်လာ ၄ ဒသမ ၄၉၂ သန်းဖိုး ဖြစ်ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့ကစပြီး နှမ်းနီ၊ နှမ်းညိုနဲ့ နှမ်းဆီများကို ပင်လယ်ရေကြောင်းသာမက နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းကပါ တင်ပို့ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် နောင် မကြာတော့မဲ့ကာလမှာ နှမ်းရောင်စုံ တင်ပို့မှု ပိုမိုလာနိုင် ဖွယ်ရှိပါတယ်။ နှမ်းဆီတင်ပို့ရန်မှာတော့ အရည်အသွေးကောင်းမွန်မှု ရှိမရှိ စားသုံးရန် သင့်မသင့်စတဲ့ မိမိတို့ပြည်ပမှ စားအုန်းဆီတင်သွင်းရာမှာ လိုအပ်တဲ့ Quality Control စစ်ဆေးချက်တွေလို စာရွက်စာတမ်း ထောက်ခံချက်တွေ လိုအပ်မှာမို့ လတ်တလောတော့ ပို့နိုင်ကြဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခွန်တွေလည်းလျှော့ပေးတယ်။ တင်ပို့ခွင့်တွေလည်းဖြေလျှော့ပေးလိုက်တယ်ဆိုတော့ ကုန်သွယ်မှုတွေ ပိုမိုတိုးတက်လာ မှာပါလို့ ပဲနှမ်းကုန်သည်တွေထံကသိရပါတယ်။ သြဂုတ်လအတွင်း နယ်စပ်က နှမ်းရောင်စုံတန် ၉၃ဝ ကျော် တင်ပို့ ထားပြီး ဖြစ်ပါတယ်။ မိမိဘက်မြေပြင်နှမ်းဈေးများ ပြောင်းလဲမှုမရှိဘဲ တစ်ဘက်နိုင်ငံ ဈေးအနည်းငယ်လျော့နေပါတယ်။ ဒီလျော့နည်းမှု ဟာလည်း ငွေလဲနှုန်းအရ ပြောင်းလဲမှုပဲဖြစ်ပါတယ်။                         မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု            ယခင်  ပြောင်းလဲမှု   %   ယခု      ယခင်   ပြောင်းလဲမှု    %နှမ်းဖြူ      ၈၆၄၅၁၄      ၈၆၄၅၁၄        -        -    ၁၁၇၃    ၁၁၇၆         ၃         ဝ .၃နှမ်းနက်    ၁ဝ၆၄၇၈၉   ၁ဝ၆၄၇၈၉       -        -    ၁၄၃၉    ၁၄၄၃         ၄         ဝ .၃MIRT (DOBT)

Tuesday, 30 Aug 2011

ပင်လယ်ရေကြောင်းက နှမ်းတန် ၅ဝဝ ခန့် တင်ပို့                  ယခုသီတင်းပတ် သြဂုတ်လ ၁၄ ရက်မှ ၂ဝ ရက်အတွင်း ပင်လယ်ရေကြောင်းက တရုတ်၊ ကိုရီးယားနဲ့ စင်ကာပူကို နှမ်းတန်ချိန် ၅ဝဝ ခန့် တင်ပို့မှု ရှိတာ တွေ့ရပါတယ်။ ပြည်ပပို့ကုန်ဝင်ငွေ အပြောင်းအလဲ အတက်အကျ ရှိပေမယ့် ပို့ကုန်ခွန်လျှော့ချပေးမှုကြောင့် ပြည်ပတင်ပို့မှု ပိုမိုလာတာ တွေ့ရပါတယ်။ လက်ရှိနှမ်းအသစ်များလည်း ဈေးကွက် ဝင်လာပြီဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့မှု ရှိမယ်လို့ ခန့်မှန်းကြပါတယ်။                  လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၁၂ အတွင်း သြဂုတ်လ ၁၉ ရက်နေ့အထိ နှမ်းတင်ပို့မှု တန်ချိန် ၁၅ဝဝဝ ခန့် ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တင်ပို့မှုတန်ချိန် ၁၉ဝဝဝ ခန့်ရှိလို့ ယခုနှစ်တင်ပို့မှု လျော့ကျတာ တွေ့ရပါတယ်။ သြဂုတ်လ ၂၆ ရက် နှမ်း FOB ဈေးမှာ သိပ္ပံနှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၇၅ဝ-၁၈ဝဝ၊ နှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၄ဝဝ- ၁၄၅ဝ နဲ့ နှမ်းဖြူတစ်တန် ကန်ဒေါ်လာ ၁၂ဝဝ-၁၂၅ဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT - MAPT

Tuesday, 30 Aug 2011

ယခုအပတ် နယ်စပ်မှ နှမ်းရောင်စုံတင်ပို့မှု ပိုမို                  သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၄၅၂ သန်း တန်ဖိုးရှိ နှမ်းဖြူ ၂ဝ၃၃ တန် ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ၈၅၃ သန်း တန်ဖိုးရှိ နှမ်းနက် ၆ဝ၈တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ၂၄၂သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၁၈၅ တန် အပို့ရှိခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့မကွေးတိုင်းဒေသကြီးထွက် ကန်ဒေါ်လာ ၃ ဒသမ ၅၄၇ သန်း တန်ဖိုးရှိ နှမ်းဖြူ၊ နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ် ၂၈၂၇ တန်ခန့် တင်ပို့နိုင် ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူ ၉၇၁ တန်၊ နှမ်းနက် ၁၇၉ တန် တင်ပို့မှု ပိုမိုခဲ့ပြီး နှမ်းဖြူအခွံချွတ် တန် ၂ဝ လျော့နည်း တင်ပို့ခဲ့ပါတယ်။ ယခု အပတ်မှာနှမ်းဈေးများ မြင့်တက်နေတာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                           မိမိဘက်(ကျပ်/တန်)                              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု         ယခင်        ပြောင်းလဲမှု     %       ယခု         ယခင်       ပြောင်းလဲမှု           %နှမ်းဖြူ     ၈၆၄၅၁၄      ၈၃၅၁၈၂        ၂၉၃၃၂      ၄        ၁၁၇၆      ၁၁၇၆              -                  -နှမ်းနက်   ၁ဝ၆၄၇၈၉    ၉၅ဝ၂၁၄        ၁၁၄၅၇၅   ၁၂        ၁၄၄၃      ၁၄၄၂            ၁                 ဝ .ဝ၇MIRT (DOBT)

Tuesday, 30 Aug 2011

ပြည်ဈေးကွက်တွင် မြေပဲဆံများသာမက မြေပဲတောင့်များလည်း အရောင်းအဝယ်ဖြစ်                   မိုးမြေပဲအသစ်များကို ပြည်ဈေးကွက်သို့ ကြံခင်း၊ အောင်လံ၊ ရွှေတောင်နဲ့ ပေါက်ခေါင်းမြို့နယ်ဘက်မှ တစ်နေ့ လျှင် အိတ် ၂ဝဝဝ ခန့် ဝင်ရောက်လာသော်လည်း ဈေးမှာ ငြိမ်နေတာတွေ့ရပါတယ်။ ပြည်မြို့ရှိ ဆီစက် သမားများနဲ့ ရန်ကုန်ရှိ ဆီစက်သမားများက ရသလောက်အဝယ်ရှိနေတာ တွေ့ရပါတယ်။ ပြည်မြို့ရှိပွဲရုံများနဲ့ ဆီစက်သမားများက မြေပဲ တောင့်များကိုလည်း အဝယ်ရှိနေတာတွေ့ရပါတယ်။ မြေပဲ အစိုတောင့်တစ်တင်းလျှင် ၈ဝဝဝ ကျပ်ဈေးရှိပြီး၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၂ဝဝ ကျပ်နဲ့ လုံးဆံ တစ်ပိဿာလျှင် ၁၅ဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါ တယ်။ မြေပဲဆီတစ်ပိဿာလျှင် ၃၅ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း

Tuesday, 30 Aug 2011

ပြည်ပဲပုပ် ပုံမှန်အရောင်းအဝယ်ဖြစ်                 ပြည်ဈေးကွက်တွင် ပဲပုပ်ကို ယခုတစ်ပတ်မှာလက်လီဈေး၊ လက်ကား ဈေးနှစ်မျိုးဖြင့် အရောင်းအဝယ် ဖြစ် တယ်လို့ သိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို လက်လီဈေး ၁၇ဝဝဝ ကျပ်၊ လက်ကားဈေး ၁၆၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ ယခု ရက် ပိုင်းမှာတော့ ပဲပုပ်ကို ပဲပြား ပြုလုပ်သူ များသာ အဝယ်ရှိပြီး၊ တစ်နေ့ကို ၁၅ အိတ်ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲပုပ်ကို ဒေသတွင်း ဝယ် ယူသူများဖြင့်သာ အရောင်းအဝယ်ပုံမှန် ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ

Pages