Main menu

Background

Sunday, 12 Dec 2010

နှမ်းတန်ချိန် ၁၂ဝဝ ခန့်နဲ့ ဆက်လက်တင်ပို့                ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်အတွင်းမှာ တန်ချိန် ၁၂ဝဝ ခန့်နဲ့ ဆက်လက် တင်ပို့မှု အားကောင်းနေပါတယ်။ နှမ်းစိုက်ပျိုးတဲ့ ဒေသအသီးသီးမှာ နှမ်းအသစ်တွေလည်း ဝင်လာပြီဖြစ်ပြီး တရုတ်ဘက်က အဆွဲနည်းနည်းအေးသွားလို့ ပြည်တွင်းဈေးလည်း လျော့ကျလာတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန်FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၉၂ဝ- ၁၉၇ဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၂ဝ-၁၆၇ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန် ဒေါ်လာ ၁၄၂ဝ-၁၄၇ဝ အသီးသီး ရှိကြောင်း သိရပါတယ်။                                                                                                                               MIRT - MAPT

Monday, 6 Dec 2010

 ကလေးပဲပုပ်မန်းသို့ တိုက်ရိုက် စီးဆင်းနေ                     မုံရွာကုန်စည်ဒိုင်မှာ နိုဝင်ဘာလ ပဲပုပ်ဈေးမှာ တစ်တင်း ၁၄ဝဝဝ ကျပ်မှ ၁၅၃ဝဝ ကျပ်အတွင်းသာ ဈေးငြိမ် နေ ခဲ့ပြီး နယ်အဆွဲမရှိသလောက် နည်းပါး ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်း ပဲလက်လီသမားများ အဝယ်အသင့် အတင့်ရှိခဲ့ကာ ပဲဟောင်းလက်ကျန်သမားတွေ အနည်းငယ်ထုတ်ရောင်းမှု ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုနှစ် ပဲပုပ်ဈေးကွက်ကို လေ့လာတဲ့ အခါ မတ်လအတွင်း တစ်တင်း ၁၇၅ဝဝ ကျပ်ထိ အမြင့်ဆုံး တက်ခဲ့ပြီး ဖေဖော်ဝါရီလထဲမှာ တစ်တင်း ၁၂ဝဝဝ ကျပ်ထိ အနိမ့်ဆုံးကျဆင်းခဲ့တာ တွေ့ရ ပါတယ်။ ကလေး၊ ကလေးဝ နယ်က ပဲပုပ်အများစုကတော့ မုံရွာ ကုန်စည်ဒိုင်ကို မဝင်ဘဲ  မန္တလေးဈေးကွက် ဆီ တိုက်ရိုက်တင်ပို့ ရောင်းချခဲ့ကြရာ နိုဝင်ဘာလထဲမှာ တင်း ၁၇ဝဝ နီးပါး ရှိတယ်လို့ သိရပါတယ်။   ထွန်းလှိုင် 

Monday, 6 Dec 2010

 ပြည်ပဲပုပ်လက်ကျန်နည်းလာ          ပြည်ဈေးကွက်အတွင်း ပဲပုပ်မှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၇၅ဝဝ ကျပ်ဖြင့် ယခင်အပတ်များက အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ်တွင်လည်း လက်လီ လက်ကား ဝယ်ယူသူများရှိသော်လည်း အရောင်းအဝယ် အနည်းငယ် အေး ကြောင်း သိရပါတယ်။ ပြည်ဈေးကွက် အတွင်း ပဲပုပ်လက်ကျန် အနည်းငယ်သာ ကျန်ရှိတော့တာကြောင့် ယခု တစ်ပတ် ပဲပုပ်ဈေးမှာ ယခင်တစ်ပတ် ထက် တစ်တင်းလျှင် ၁ဝဝဝ ကျပ် ဈေးမြင့်ကာ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၈၅ဝဝ ကျပ် ဈေးရှိကြောင်း သိရပါတယ်။                                                                                                      ဆုမွန်မွန်လှိုင်

Monday, 6 Dec 2010

အရောင်းအဝယ်ပုံမှန်ဖြစ်တဲ့ ပြည်မြေပဲဆံ               ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ဆောင်းနဲ့အတူ အေးလျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံကို ဆီစက်သမား များမှ အဝယ်ရှိနေလို့ တစ်နေ့ကို မြေပဲဆံအိတ် ၉ဝဝ-၁ဝဝဝ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ လုံးဆံအဝယ် သိပ်မရှိတာကြောင့် အရောင်းအဝယ်ပါးလျက်ရှိပါတယ်။ မြေပဲဆံကို မကွေးတိုင်းရှိ မြို့နယ်များမှ တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ ပြည် ဈေးကွက်တွင် ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၅ဝဝ ကျပ်၊ လုံးဆံတစ်ပိဿာ ၁၇ဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ မြေပဲဆီ တစ် ပိဿာကို ၃၄ဝဝ ကျပ် ဖြစ်နေပါတယ်။ ဝေဝေမင်း

Monday, 6 Dec 2010

ပစ္စည်းဝင်ပေမဲ့ နယ်အဆွဲနှေးလို့ မုံရွာနှမ်းဈေးအေးလာ            မုံရွာဒေသဝန်းကျင်က မိုးနှမ်းတွေ ရိတ်သိမ်းမှုစတင်နေပြီး နိုဝင်ဘာလ ဆန်းကစလို့ ဈေးကွက်ထဲဝင်ခဲ့ရာက လကုန်ပိုင်းမှာ ပစ္စည်းအဝင်လှိုင်လာတယ်လို့ ဆိုပါတယ်။ မန္တလေးအဆွဲ ပုံမှန်မရှိခဲ့ဘဲ၊ ဒေသခံစက်သမားတွေရဲ့ ဝယ်ယူမှု တစ်ခုထဲကြောင့် နှမ်းဈေးကျခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ နှမ်းအမျိုးအစားအလိုက်တစ်တင်း ပေါက်ဈေးအနိမ့်အမြင့်ကို လေ့လာတဲ့အခါ နှမ်းညို ၂၁၅ဝဝ ကျပ်မှ ၂၃၂ဝဝ ကျပ်၊ နှမ်းဝါ ၂၄၃ဝဝ ကျပ်မှ ၂၄၅ဝဝ ကျပ်၊ နှမ်းနီ ၂၃ဝဝဝ ကျပ်မှ ၂၄၅ဝဝ ကျပ်နဲ့ နှမ်းဖြူ ၂၄၅ဝဝ ကျပ်မှ ၂၆ဝဝဝ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်းမှာတော့ နှမ်းညို ၂၁၅ဝဝ ကျပ်၊ နှမ်းနီ ၂၃၂ဝဝ ကျပ်နဲ့ နှမ်းဖြူ ၂၅ဝဝဝ ကျပ်အသီးသီးဈေးအေးသွားခဲ့ပါတယ်။ နှမ်းအဟောင်းဝယ်သူမရှိလို့ ဈေးမဖွင့်နိုင်ခဲ့ဘူးလို့လည်း ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မန္တလေးအဆွဲအေးခဲ့လို့ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို တင်း ၆ဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ရာ ယခင်လကထက် ၂ ဆ နီးပါး လျော့ကျသွားကြောင်း သိရပါတယ်။ ထွန်းလှိုင်

Monday, 6 Dec 2010

 နယ်စပ် နှမ်းတင်ပို့မှုပိုမို                မြန်မာတရုတ်နယ်စပ်ရှိ နှမ်း ၆၉၉ ဒသမ ၈ တန် ကန်ဒေါ်လာ ဝ ဒသမ ၉၉၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မှာ နှမ်းဖြူ ၅၆ တန်၊ နှမ်းနက် ၃၈၉ တန်ခန့်နဲ့ နှမ်းအခွံချွတ် ၂၅၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၆ဝဝ ခန့်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၁ဝဝ ခန့်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နှမ်းပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ်                                                          မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု                  ယခင်             ပြောင်းလဲမှု    %          ယခု       ယခင်      ပြောင်းလဲမှု          %နှမ်းဖြူ           ၁၁၂၂၁၁၇          ၁၁၅၇၅၃၄          ၃၅၄၁၇        ၃        ၁၃ဝ၁       ၁၃ဝ၇         ၆                   ဝ .၅နှမ်းနက်         ၁၄၂၄၈ဝ၁          ၁၅၃၈၅၂၇        ၁၁၃၇၂၆        ၈       ၁၆ဝ၄       ၁၆၅၃        ၄၉                    ၃MIRT (DOBT)

Monday, 6 Dec 2010

 ဒီတစ်ပတ်ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၁၅ဝဝ ခန့်အတင်ရှိ             ယခင်သီတင်းပတ်တွေက ပြည်ပအဝယ်ရှိပေမဲ့ ဈေးမကိုက်လို့ သိပ် မတင်ဖြစ်ခဲ့တဲ့ နှမ်းဟာ ယခုတစ်ပတ် နိုဝင်ဘာလ ၂၂ ရက်မှ ၂၉ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝ ခန့်ကို တိုးတက်တင်ပို့လာခဲ့တာတွေ့ရပါတယ်။ နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကို ဖြစ်ပါတယ်။ နယ်စပ်မှတစ်ဆင့် တရုတ်ဘက်က အဝယ်များလို့ ပြည်တွင်း ဈေး အနည်းငယ်အေးတာကြောင့် Oversea တင်ပို့သူတွေ ပြန်လည်တင်ပို့လာနိုင်တာ ဖြစ်ပါတယ်။ ရန်ကုန်FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ သိပ္ပံ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၉၁ဝ-၁၉၆ဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၁ဝ-၁၆၆ဝနဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၄၁၅-၁၄၆၅၊ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT - MAPT

Monday, 6 Dec 2010

 ဈေးကစားသူများကြောင့် စားအုန်းဆီကြမ်း ဈေးမြင့်တက်             သုံး ရက်ကြာ ကျင်းပတဲ့ အင်ဒိုနီးရှား စားအုန်းဆီ ညီလာခံနဲ့ ဈေးနှုန်း အလားအလာများ ထွက်ပေါ်လာပြီး ဈေးကစားသူများ ဝယ်ယူမှုတွေရှိလာလို့ နိုဝင်ဘာလ ၃ဝ ရက်နေ့ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီအခြေခံစာချုပ်ဈေးဟာ ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၄၈၆ (ကန်ဒေါ်လာ ၁၁ဝ၅) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံ စားအုန်းဆီအဓိက စိုက်ပျိုးတဲ့ ဒေသများမှာ မိုးသည်းထန် ရွာသွန်းနေခြင်းက ရိတ်သိမ်းမှုကို အနှောင့်အယှက်ဖြစ်စေတာမို့ လာမယ့် ရက်တွေမှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ တစ်တန်ကိုရင်းဂစ် ၃၆ဝဝ-၃၇ဝဝ (ကန်ဒေါ်လာ၁၁၄၁-၁၁၇၃) ဖြစ်လာနိုင်တယ်လို့ ကွာလမ်လာပူရှိ ကုန်သည်တစ်ဦးက ဆိုပါတယ်။              မလေးရှားရဲ့ ၂ဝ၁ဝ အတွက် စားအုန်းဆီကြမ်း ထုတ်လုပ်မှုဟာ မလေးရှား စားအုန်းဆီအဖွဲ့ (MPOB ) က ခန့်မှန်းတဲ့ တန်ချိန် ၁၇ ဒသမ ၃ သန်းထက်လျော့ကျဖွယ်ရှိတယ်လို့ ကုန်သည်အချို့နဲ့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ထွက်ရှိမှုဟာ (MPOB )ခန့်မှန်းတာထက် တန်ချိန် ငါးသိန်း ကျဆင်းဖွယ် ရှိတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ နိုဝင်ဘာလ စားအုန်းဆီ တင်ပို့မှုဟာ အောက်တိုဘာလထက် ၁၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၅၇ သန်းရှိတယ်လို့ SGS မှဆိုပါတယ်။ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ EU တို့က ဝယ်လိုအားကောင်းဖွယ်ရှိတာကြောင့် ဒီဇင်ဘာလမှာ တင်ပို့မှု အရှိန်ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် စားအုန်းဆီဈေးမြင့်တက်ခြင်းနဲ့ ဒေလီယံကုန်စည် ဒိုင်မှာ ကြိုပွိုင့်ဈေးမြင့်တက်ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။           လက်ငင်းဈေးကွက်မှာ ဖေဖော်ဝါရီ၊ မတ်လအတွက် စားအုန်းဆီ တစ်တန်ကို ကန်ဒေါ်လာ ၁၁၃ဝ၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလအတွက် ဈေးဟာ ကန်ဒေါ်လာ ၁ဝ၉၅ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာလည်း ရင်းဂစ် ၃၅ မြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၅၄၅ (ကန်ဒေါ်လာ ၁၁၂၄) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                   ယုဇန၊Sources: palmoilhq.com

Monday, 29 Nov 2010

ရှမ်းမြေပဲအဝင်လှိုင်        ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးဈေးကွက်သို့ မြေပဲများ အဝင်လှိုင် လာပေမဲ့ ဈေးမာနေပါတယ်။ ဟိုပုံး၊ ဆီဆိုင်၊ ညောင်ရွှေ၊ မိုင်းရှုး၊ မိုးနဲ မောက်မယ်စတဲ့ နယ်စုံမှ မြေပဲများဝင်ရောက်လျက်ရှိပါတယ်။ ယခင်တစ်ပတ် မြေပဲတစ်ပိဿာ ၁၆၅ဝ ကျပ်ရှိပြီး၊ ဒီတစ်ပတ်မှာတော့ မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးဖြင့် ဈေး အနည်းငယ် တက်လာပါတယ်။ မြေပဲအဝင်လှိုင်ပေမဲ့ ကားတင်ခဈေး အနည်းငယ်တက်လို့ ဈေးတက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မြေပဲဆီဈေးမှာ အသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်၊ အရောတစ်ပိဿာ ၃၂ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေပါတယ်။                                          စောယုထွေး

Monday, 29 Nov 2010

မုံရွာ ဈေးကွက် နှမ်းအသစ်ဝင်      စစ်ကိုင်းတိုင်းဒေသကြီးမှာ နှမ်းကို တစ်နှစ်ကို ၃ ကြိမ်စိုက်ပျိုးကြရာ ဆောင်းနှမ်းက နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများမှာ ထွက်ပေါ်ချိန်ဖြစ်လို့ ယခုမုံရွာဈေးကွက်ကို နှမ်းအသစ်များစတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ အရာတော်၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ နှမ်းများ မုံရွာမြို့ကို ဝင်ရောက်လာပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်အတွင်း နှမ်းတစ်ပိဿာ အနိမ့်၊ အမြင့်ဈေးမှာ နှမ်းဖြူ ၁၆၃၃ ကျပ်၊ ၁၇၃၃ ကျပ်၊ နှမ်းနီ ၁၅၃၃ ကျပ်၊ ၁၆၃၃ ကျပ်၊ နှမ်းညို ၁၄၃၃ ကျပ်၊ ၁၅၆၇ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာဒုတိယပတ် အတွင်း နှမ်းတင်း ၂၃ဝဝ ကျော်၊ နိုဝင်ဘာတတိယပတ်အတွင်း နှမ်းတင်း ၂၆ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူ၊ နီ တစ်ရက်ကို ပျမ်းမျှတင်း ၆ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ နှမ်းဆီပေါက်ဈေးမှာ တစ်ပိဿာ လက်ကား ၂၉၅ဝ ကျပ်၊ လက်လီ ၃၁ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                                            သန်းသန်းတင်

Pages