Background
မန်း-မူဆယ်ပြေးဆွဲနေသော ၆ ဘီးကားဈေးများ ဦးမော့လာ တန်ပိုများ ကန့်သတ်ချိန်မှစ၍ ၆ ဘီးကားဈေးများ ဦးမော့လာတာကိုတွေ့ရပါတယ်။ ယခင် ၆ ဘီးကားတစ်စီး တန်ဖိုးမှာ ကျပ်သိန်း ၁၈ဝ ဝန်းကျင်ရှိရာ ယခုကျပ်သိန်း ၂၅ဝ မှ ၃ဝဝ ဝန်းကျင်ထိ မြင့်တက်လာပါတယ်။ ၆ ဘီးကားတစ်စီး အလေးချိန်မှာ ၉ တန်ခွဲဝန်းကျင်ရှိပြီး၊ ယခုတန်ပိုများ ပြောင်းလဲသတ်မှတ်လိုက်ရာ ကား၏ လေးလျော့၊ တံခါးပိတ်ပြုတ်၊ အမိုးကိုင်းတစ်ဝက်ဖြုတ်နှင့် တာယာဆိုဒ် ယခင် ၁၁-ဝဝ-၂ဝ မှ ယခု ၁ဝ-ဝဝ-၂ဝ ပြောင်းလဲ ဝိတ်လျော့အသုံးပြုခဲ့ရာ ကား၏အလေးချိန်မှာ ၇ တန်ခွဲမှ ၈ တန်သာရှိကြောင်း သိရပါတယ်။ ၆ ဘီးကားတစ်စီး၏ ကုန်တင်ခမှာ ရာသီပေါ်သီးနံှ (ဖရဲသီး)တစ်တန် တစ်သိန်းနှစ်သောင်းဖြစ်ပြီး၊ အခြားကုန်စုံသယ်ယူခမှာ ယခင်တစ်ပိဿာ ၃ဝ ကျပ်၊ ၃၅ ကျပ်မှ ယခု တစ်ပိဿာ ၆ဝ ကျပ်ကျော်ဖြင့် အလုပ်ဖြစ်နေပါတယ်။ ကျော်ဇင်သန်း
နေပြည်တော်-ရန်ကုန် အဆင့ ်မြင့ ် အဝေးပြေးမော်တော်ယာဉ်လိုင်းအတွက် ကျပ်သိန်း ၂ဝဝဝ တန်ဘတ်စ်များ မတ်လတွင်တစ်စီး နှစ်ကုန်ပိုင်းတွင်လေးစီး ထပ်မံရောက်ရှိမည် နေပြည်တော်-ရန်ကုန် အဆင့်မြင့် မော်တော်ယာဉ်လိုင်းအဖြစ် ပြေးဆွဲနေသည့် ကျပ်သိန်း ၂ဝဝဝ တန်ဖိုးရှိ Elite Express ကားများ မတ်လပထမအပတ် တွင် တစ်စီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် လေးစီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါ ယာဉ်လိုင်းတာဝန်ခံ ဦးထွန်းမြင့်စံက ပြောကြားသည်။ ၎င်းယာဉ်လိုင်းသစ်ကို ပထမ အဆင့် သုံးစီးဖြင့် နေပြည်တော်- ရန်ကုန် ခရီးစဉ်တွင် စတင်ပြေးဆွဲလျက် ရှိပြီး မလေးရှားနိုင်ငံမှ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ဆွီဒင်နိုင်ငံမှ ထုတ်လုပ် ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းအတွက် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ လျှော့ချထား သော ကားများဖြစ်ကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကား လေးစီး ထပ်မံရောက်ရှိလာမည်ဖြစ်ရာ စုစုပေါင်း ရှစ်စီးဖြင့် နေပြည်တော်ကို ဗဟိုပြု၍ နေပြည်တော်-ရန်ကုန် ခရီးစဉ်အပြင် နေပြည်တော်-မန္တလေး၊ နေပြည်တော်-တောင်ကြီးခရီးစဉ်များကို တိုးခဲျ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းယာဉ်လိုင်းမှာ လက်ရှိ ပြေးဆွဲနေသော ယာဉ်လိုင်းများနှင့် ကွဲပြားခြားနားချက်များ ပါဝင်ကြောင်း သိရသည်။''တစ်ဦးကို နားကြပ်တစ်ခုစီနဲ့ မိမိစိတ်ကြိုက် ဖျော်ဖြေရေး အစီ အစဉ်ကို ခံစားရမှာ ဖြစ်ပါတယ်။ ဖုန်းနဲ့ အခြား အီလက်ထရောနစ်ပစ္စည်းများ အားသွင်းနိုင်ဖို့ ပလပ်ပေါက်တွေလည်း ထားပေးထားပါတယ်။ ကားပေါ်မှာ ရေခဲသတ္တာ၊ ရေနွေးဓာတ်ဘူး၊ ဘေစင် တွေ အရေးပေါ်ထွက်ပေါက် အစရှိတာ တွေပါရှိပါတယ်''ဟု အထက်ပါပုဂ္ဂိုလ် ကပြောကြားသည်။၎င်းမော်တော်ယာဉ် လိုင်းတွင် အခမဲ့ဝန်ဆောင်မှုများအဖြစ် ရေသန့်ဘူး၊ စနိုးတာဝါများ ပေးဝေခြင်း၊ ယာဉ်စီးနေစဉ် အခမဲ့ အဝင်ဖုန်း လက်ခံ ပြောဆိုခြင်း၊ ယာဉ်ပေါ်တွင် ချမ်းလျှင် ခြုံထည်ပါရှိခြင်း၊ အရေးပေါ်သုံးစွဲနိုင်ရန် အခြေခံဆေးဝါးများ ပါရှိခြင်း၊ ကြိုတင် ငွေပေး ဖုန်းကတ်များကို မူရင်းဈေး အတိုင်း ရောင်းချခြင်းစသည့်ဝန်ဆောင် မှုများကို ဝန်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ယာဉ်စီးခနှုန်းထားမှာ လက်ရှိပြေးဆွဲနေသော ယာဉ်စီးခ နှုန်းထား များအတိုင်း ကျပ် ၆ဝဝဝ ဖြစ်ကြောင်း သိရသည်။ ကိုဖြိုး
ဖေဖော်ဝါရီအတွင်း ကားလေလံပွဲများပြားသဖြင့် ကားဈေးကွက်အနည်းငယ်အေးစက် ၂ဝ၁၁ ခုနှစ်ဖေဖော်ဝါရီလအတွင်း ကားလေလံပွဲများ ကျင်းပမှုများပြားခဲ့ပြီး အလယ်အလတ်ကားများ ပါဝင်မှု များပြားခဲ့ခြင်းကြောင့် ကားဈေးကွက်တွင်း အနည်းငယ်အေးစက်ခဲ့ကြောင်း သိရသည်။ အဆိုပါလေလံပွဲများတွင် မော်တော်ယာဉ်ပါဝင်မှုသည် ယခင်ကားလေလံပွဲ များထက် အစီးရေနည်းပါးခဲ့ပြီး အလယ်အလတ်ကားများသာပါဝင်ခဲ့ကာ လေလံ အောင်မြင်ဈေးကျဆင်းနိုင်ခြင်းကြောင့် သွားရောက်လေလံဆွဲကြသူများရှိကြောင်း သိရသည်။ ''ဖေဖော်ဝါရီလထဲ ကားလေလံတွေကများနေတဲ့အပြင် တစ်ပွဲနဲ့ တစ်ပွဲ ရက်သိပ်မကွာဘူး၊ ကားပွဲစားတွေက နောက်ဆုံးလက်ကျန်လို့ ခန့်မှန်းတဲ့အတွက် သွားတဲ့သူများတယ်။ လေလံဈေးလဲ ကျဆင်းနိုင်တယ်''ဟု ကားပွဲစားတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီလနောက်ဆုံးအပတ်ဖြစ်သည့် ၂၂ ရက် ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ကားလေလံပွဲများ ဆက်တိုက်ကျင်းပခဲ့ပြီး ကားအစီးရေ ၂ဝဝ ကျော်ပါဝင်ခဲ့ကြောင်း၊ ကားများသည် မော်ဒယ်လ်မြင့် ပါဝင်မှုနည်းပြီး ဈေးကွက် အကြိုက် ဗင်၊ ဆလွန်း၊ ပစ်ကပ်ကားများပါဝင်မှုများကြောင်း၊ ထို့အပြင် ကုန်တင် ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ ဂျစ်ကားများလည်းပါဝင်ခဲ့ပြီး ဆိုင်ကယ် ၃ဝဝ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။ လက်ရှိကားဈေးကွက်သည် ဈေးနှုန်းများကျဆင်းမှုကြောင့် အရောင်းအဝယ် ဖြစ်မှု နည်းပါးလာလျက်ရှိပြီး ကြိုက်ရောင်းကြိုက်ဝယ်နှင့် လုပ်ငန်းသုံးကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ''အခွန်ဆောင်ထားတဲ့ကားတွေရဲ့ ဈေး ကွက်ကလဲ အေးသွားတယ်၊ CNG တက္ကစီရောင်းချမှုနဲ့ လုပ်ငန်းသုံးကားတွေ အဝယ် လိုက်တယ်။ ဇုန်ထုတ်ကားတွေထွက်လာတော့ ကားဈေးကွက်က အေးဖို့ပဲရှိတယ်'' ဟု ဟံသာဝတီ ကားပွဲစားတစ်ဦးက ပြောကြားသည်။ လေလံအောင်ကားများအား တစ်နေရာတည်းတွင် One Stop Service ပြုလုပ်ပေးခြင်းကြောင့် သွားရောက်ကြ သူများစိတ်ဝင်စားကြပြီး ဈေးကွက်ရှိကားများဖြစ်ပါက လိုအပ်သလို ပြုပြင်ရောင်းချ နိုင်ကြောင်း၊ လေလံပွဲများတွင် ကားအရေအတွက် နည်းပါးလာခြင်း လေလံပွဲများ ပြုလုပ်မှုများပြားခြင်းတို့ကြောင့် လေလံဈေးနှုန်း ကျဆင်းလာပါက ဈေးကွက်ရှိကား ဈေးနှုန်းများ ထပ်မံကျဆင်းနိုင်ကြောင်း သိရသည်။ ကိုဖြိုး
ရန်ကုန်ကားလေလံပွဲပြီးသော်လည်း အရောင်းအဝယ်အသင့်အတင့်ရှိ ရန်ကုန်မြို့တွင်းရှိ ကားပွဲစားဝိုင်းများတွင် ယခုတလော လေလံပွဲများအပြီး ရောက်ရှိလာသော ကားများနှင့် ယခင် ရှိပြီး ကားဟောင်းများ၊ စက်မှုဇုန်ထုတ် အဆင့်မြင့်ကားများ ပြန်လည်ဝင်ရောက်လာကြသဖြင့် အနည်းငယ်ပြန်လည် စည် ကားလာခဲ့သည်။ လေလံပွဲမတိုင်မီရက်များက ဝယ်ရောင်းအများစုမှာ လေလံပွဲသွားနေသဖြင့် လူနည်းပြီး စည်ကားမှုလျော့သွား သော်လည်း ယခုရက်ပိုင်းအတွင်း အောက်ကား၊ အလယ် အလတ် ကားအသန့်များအနည်းငယ်ပြန်၍ အရောင်းအဝယ် ဖြစ်ကြောင်း၊ လေလံအောင်ပြီး ပြန်လည်ဆင်ယင်ရောင်းချကားများ၊ ဝယ်ယူခွင့် ပါမစ်ကျပြီးမှ တစ်ဆင့်ရောင်းချသည့် ကားများစသည်ဖြင့် အသင့်အတင့် အရောင်းအဝယ်ဖြစ်လာ ကြောင်း သိရသည်။ သို့ရာတွင် ယခုကာလအရောင်းအဝယ်သည် ယခင်နှစ်ကုန် နှစ်လခန့်ကအောက်ကားများ ၁ဝ သိန်း၊ သိန်း ၂ဝခန့် အပေါ်ကားများ သိန်း ၅ဝ၊ သိန်း ၈ဝ ခန့် ပြန်မာခဲ့သော အခြေအနေအား မမီသော်လည်း အရင်ကနှင့်စာလျှင် အရောင်းများလာပြီး တစ်စီးစ၊ နှစ်စီးစ အရောင်းအဝယ်ဖြစ် လာကြောင်း သိရသည်။ ယခုရက်ပိုင်း အတွင်းဝိုင်းများတွင် ၈၈ထုတ် အက်(စ်) အီး လီမိတက် (သ)အက္ခရာအား သိန်း ၂ဝဝ ခန့်ဖြင့် လည်းကောင်း၊ ၈၈ ထုတ်ကိုရိုလာဗင် ၂က (ဓာတ်ဆီ)အား သိန်း ၂၁ဝ ဖြင့်လည်းကောင်း၊ ၉၂ ထုတ် ၇က ဖင်ကောက်ဒီဇယ်စပ် အား ၃၇၅ သိန်းဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရသည်။ ယခုလ ၁၆ ရက်က ကျင်းပပြီးစီးခဲ့သော နေပြည်တော် ကားလေလံတွင် အမြင့်ကား ဝက်ဂွန်များအများဆုံးပါဝင်ပြီး ပါဂဲျရိုးအား အဆင့်လိုက် သိန်း ၅ဝဝ မှ သိန်း ၇ဝ၀ ထိ လည်းကောင်း၊ ဆပ်(ဖ်)ဝက်ဂွန်အား အဆင့်လိုက် သိန်း ၅ဝဝ မှ သိန်း ၇ဝဝ အထက်ထိလည်းကောင်း သတ်မှတ်လေလံ အောင်ကြကြောင်း သိရသည်။ ယခုနောက်ပိုင်း အမြင့်ကားဝယ်သည့် လူများသည် လည်း ပြုပြင်မွမ်းမံပြင်ဆင်ပြီးယာဉ်များသာ ရှာဝယ်ကြသဖြင့် လေလံအောင်ကားများအား အခြားကားထက်ပို၍ စိတ်ဝင်စားခံရခြင်းဖြစ်ကြောင်း အပေါ်ဝိုင်းမှ ဝါရင့်အကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။ SN
၂ဝ၁၁ ထုတ် လယ်ယာ ၂ဝ ထွန်စက်များ အရစ်ကျဖြင့် ဝယ်ယူနိုင် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာ ၂ဝ ထွန်စက် အစီးရေ ၃ဝဝဝ စီးကို ၂ဝ၁၁ ခုနှစ်တွင် စတင်ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ လယ်ယာ ၂ဝ ထွန်စက်ကို တရုတ်နည်းပညာအခြေခံ၍ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ၊ ကျောက်ဆည်မြို့၊ အင်းကုန်းရပ်တွင် ထုတ်လုပ်ခဲ့ကြောင်း၊ လယ်ယာ ၁၆ နဲ့ လယ်ယာ ၂၂ ထွန်စက်များကို ထုတ်လုပ်ပြီးကြောင်းသိရပါတယ်။ မတ္တရာမြို့နယ်၊ အမှတ် ၄၃ ထွန်စက်စခန်းမှ ဦးသိန်းဝင်း (ဦးစီးအရာရှိ)က ''လယ် ၂ဝ ထွန်စက်ကို ဒီလ အတွင်းမှာ ထွန်စက်စခန်းများမှာ ရောင်းချပေးနေပါတယ်။ တောင်သူတွေအတွက် နှစ်ရစ်ခွဲပြီး ဝယ်ယူနိုင်ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်တာဖြစ်တဲ့အတွက် စက်အပိုပစ္စည်း အလွယ်တကူရနိုင်တယ်။ ပြည်ပက ပစ္စည်းထက် လေးသိန်းနီးပါးဈေးလျော့ပြီး အရည်အသွေးတူညီတယ်'' လို့ ပြောပါ တယ်။ လယ်ယာ ၂ဝ ထွန်စက်ဖြင့် ထယ်ထိုးပါက တစ်ဧကလျှင် ဒီဇယ် ၂ ဂါလန်၊ ထွန်မွှေပါက တစ်ဧကလျှင် ဒီဇယ် ၁ ဒသမ ၃၃ ဂါလန် ကုန်မည်ဖြစ်ပြီး၊ စပါးရေ တင်လုပ်ငန်းများတွင် ရေစုပ်စက်အဖြစ် အသုံးပြုနိုင်ကြောင်း သိရပါတယ်။ စက်ပစ္စည်းအစိတ်အပိုင်းအလိုက်ဈေးနှုန်းများမှာ - ရေတွက်ပုံ-ကျပ် (သိန်း)ပစ္စည်းအမည် လက်ငင်းပေး အရစ်ကျပေးဆပ်ရမည့်ငွေ ပေါင်း ချေရမညငွေ ဝယ်ယူသည့်နေ့ ၁ နှစ်ပြည့ ်နေ့ ၂ နှစ်ပြည့ ်နေ့လက်တွန်းကိုင်း ၉ .၃ဝ ၃ .၆ဝ ၃ .၄ဝဝ ၃ .ဝဝ ၁ဝ .ဝဝဝအင်ဂျင် ၃ .၇ဝ ၁ .၂ဝ ၁ .၅ဝဝ ၁ .၄၆ ၄ .၁၆ဝ၃၈ လက်မသံဘီး ၁ .၁၂ ဝ .၅ဝ ဝ .၃၇၅ ဝ .၃၆ ၁ .၂၃၅၂ သွားထယ် ဝ .၉၅ ဝ .၃ဝ ဝ .၃၈ဝ ဝ .၃၉ ၁ .ဝ၇ဝစုစုပေါင်း ၁၅ .ဝ၇ ၅ .၆ဝ ၅ .၆၅၅ ၅ .၂၁ ၁၆ .၄၆၅
မန္တလေးစက်မှုဇုန်ဈေးကွက်တွင် ကုန်တင်ယာဉ်များ အရောင်းအဝယ်ဖြစ် ယခုနှစ်တွင် မန္တလေးစက်မှုဇုန် ဈေးကွက်အတွင်း ကုန်တင်ယာဉ်များ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ လတ်တလောတွင် ကုန်သယ်ယူ ပို့ဆောင်ခြင်းများ၍ ယာဉ်ဝယ်ယူသူ များလာခြင်းကြောင့် ကားဈေးနှုန်း မြင့်တက်ပြီး ပစ္စည်းရှားလာကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ 'ဒီနှစ်မှာ ကုန်တင်ယာဉ်အသုံးပြုတာများလာတဲ့အတွက် ကားလိုအပ် ချက်ကများနေပါတယ်။ ကုန်တင်ယာဉ် အသစ်ဝင်ရောက်တာလည်း မရှိသေး တော့ရောင်းမယ့်သူနည်းပြီး ဝယ်မယ့်သူ များနေတာ။ ပြီးခဲ့တဲ့နှစ်က ဈေးငြိမ်ပြီး အရောင်းအဝယ်အေးခဲ့ပေမယ့် ဒီနှစ် ဆန်းပိုင်းကစပြီး အရောင်းအဝယ် ဖြစ်လာလို့ ဈေးမြင့်တက်လာတယ်'လို့ ကုန်တင်ယာဉ်ပွဲစားတစ်ဦးက ပြောပါတယ်။ ၁၂ ဘီးကားတစ်စီးလျှင် ယခင်က ကျပ်သိန်း ၆၅ဝ ရှိခဲ့ရာမှ ယခုကျပ်သိန်း ၇ဝဝ ဝန်းကျင်၊ ၁ဝ ဘီးကားတစ်စီးလျှင် ကျပ်သိန်း ၄၅ဝ ရှိခဲ့ရာမှ ယခုကျပ်သိန်း ၅၅ဝ ဝန်းကျင်၊ ၆ ဘီးကားတစ်စီးလျှင် ကျပ်သိန်း ၂၅ဝ ရှိခဲ့ရာမှ ယခုကျပ်သိန်း ၃ဝဝ နဲ့အထက်ထိ ဈေးမြင့်တက်လာ ကြောင်း သိရပါတယ်။ ဇူးဇူး
နှစ်ကူးမှာ အဟောင်းနှင့်အသစ် လဲသူများကြောင့် မန်းကားဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ် မန္တလေးကားဈေးကွက်တွင် တရုတ်နှစ်သစ်ကူးရာသီ အမီ ကားအဟောင်းရောင်းပြီး အသစ်ဝယ်စီးသူ အချို့ရှိ၍ ကားဈေးကွက် ပုံမှန်အရောင်းအဝယ်ရှိကြောင်း (လမ်း ၆ဝ) ကားရောင်းဝယ်ရေးစခန်းမှ သိရပါတယ်။ ''ကားဈေးကွက်က အေးတယ်လည်းမဟုတ်၊ သွက်တယ်လည်းမဟုတ်ဘဲ မှန်မှန်ဘဲဖြစ်နေတာ။ ဇန်နဝါရီလဆန်း ပိုင်းကစာရင်တော့ ဈေးကွက်အေးတယ်။ နှစ်သစ်ကူးနီးတဲ့ အတွက် ကားလဲစီးသူအချို့ရှိသလို တခြားစီးပွားရေးဘက် အမှီပြုကြတာလည်းရှိတယ်။ ဒီတစ်ပတ်ကားလေလံပွဲကလည်း မဆွဲကြတော့ ကားနည်းတယ်။ လေလံပွဲမတိုင်ခင်က ဈေး ကွက်အတိုင်းပဲ အရောင်းအဝယ်ရှိနေတယ်။ စူပါဆလွန်း၊ လိမီတက် ၊ နောက်ဆွဲဗင်၊ မတ်တူး၊ ရွှေငါး၊ ကားတွေတော့ လတ်တလောမှာ လူကြိုက်များတယ်''ဟု လမ်း၆ဝ ကားရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ကားဈေးနှုန်းမှာ အတက်အကျမရှိဘဲ ဇန်နဝါရီလ လယ်ကအတိုင်း ပုံမှန်ဈေးဖြင့် အရောင်းအဝယ်ရှိပါတယ်။ ကားဈေးနှုန်းများမှာ လီမိတက် ၈၈ ယ ၈၉ မော်ဒယ်၊ ဘ/လ/သ/အ အက္ခရာ ကားကောင်းကားသန့် ကျပ်သိန်း ၂၁ဝ ဝန်းကျင်၊ စူပါဆလွန်း ၈၆ယ၈၉ မော်ဒယ်၊ လ/သ/အ အက္ခရာ ကားသန့် ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊ နောက်ဆက်တွဲဗင် ၈၆ယ၈၇ မော်ဒယ်၊ လ/သ/အ အက္ခရာ ကားသန့် ကျပ်သိန်း ၁၈ဝ နဲ့ ၂ဝဝကြား၊ မတ်တူး (ရွှေငါး) ၂ဝဝ၂-၂ဝဝ၃ မော်ဒယ် ၄ဂ၊ ၅ဂ အက္ခရာ ကားသန့် ကျပ်သိန်း ၈၅ဝ ဝန်းကျင်ရှိ ကြောင်း သိရပါတယ်။ ဇူူးးဇူး
စက်မှုဇုန်ထုတ် အဆင့်မြင့်ကားများ ဦးဆောင်နေသည့် ကားဈေးကွက် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် တရုတ်နှစ်သစ်ကူး ပွဲတော်ကာလနှင့် တိုက်ဆိုင်နေသဖြင့် ရန်ကုန်မြို့၏ ကား ပွဲစားတန်းများတွင် ကားဝင်ကားထွက် လူဝင်/လူထွက်ပါးကာ ဈေးတန်းမှာ လည်း အကျဖက်သို့ ဦးတည်နေခဲ့ သည်။ ဆက်လက်ပြုလုပ် နေသည့် ကား လေလံပွဲများ၊ ၂ဝ၁၁ ခုနှစ် နှစ်လယ် အထိ ထုတ်လုပ်ခွင့်ပြုထားသော စက်မှု ဇုန်ထုတ် အဆင့်မြင့် အမ်ပီဗွီ (ဘက်စုံ သုံးလူစီးယာဉ်) များဝင်ရောက်လာခြင်း၊ ကားအရောင်းပြခန်းများ များပြားလာ ပြီး ရောင်းချလာခြင်းစသည်တို့ကြောင့် လည်း ဈေးတန်းနေပြီး အရောင်း အဝယ်ပါးကာ အကျဘက်သို့ တဖြည်းဖြည်းရောက်လာကြောင်း သိရသည်။ ကားပွဲစားတန်းများထဲတွင် ယခု ကာလခေတ်စားလာသည်မှာ စက်မှုဇုန် ထုတ် အဆင့်မြင့်ယာဉ်များဖြစ်ကာ ကားသစ်စီးနိုင်ပြီး ဈေးနှုန်းသက်သာ၍ လူအမေးများနေခြင်းဖြစ်ကြောင်း သိရသည်။ ယခုတင်သွင်းပြသနေသည့် စက်မှုဇုန်ထုတ်အဆင့်မြင့်လူစီးယာဉ်ငယ် များသည် ပြည်တွင်းစက်မှုဇုန်များတွင် တပ်ဆင်ထုတ်လုပ်ခြင်းဖြစ်သလို စက်မှု ကော်မတီ၏ သတ်မှတ်ချက်နှင့် ညီညွှတ်သဖြင့် တရုတ်နိုင်ငံမှ ယာဉ်စီးလုံး တင်သွင်းရောင်းချပေးသည့် ကားများ လည်းပါကြောင်း၊ အလားတူကုမ္ပဏီ များမှ ကိုရီးယားနည်းပညာဖြင့် တပ်ဆင် ထုတ်လုပ်ထားသည့် ကားများ လည်း ပါဝင်သဖြင့် တန်ဖိုးနည်းပြီး ပစ္စည်းစုံသော ကားသစ်များအား ကား မဝယ်ရသေးသူများအကြိုက်တွေ့လာပြီး ဝယ်ယူလာကြသဖြင့် မကြာသေးမီက ကျင်းပပြီးစီးခဲ့သော ကားအရောင်းပြပွဲ တစ်ခုအပြီးတွင် အဆိုပါတရုတ်နိုင်ငံ ထွက်ကားများ လက်ကျန်မရှိလောက် အောင် ရောင်းချရကြောင်း သိရသည်။ ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့ သော နေပြည်တော်မှ ကားလေလံတွင် ယာဉ် ကောင်းများပါရှိဦး ယခုရက်ပိုင်း ဖေဖော်ဝါရီလ ပထမအတွင်း ပြုလုပ်သည့် ကားလေလံမှာ ကားစီးရေနဲပြီး လက်ကျန်ကားများသာပါကြောင်း သိရ သည်။ လာမည့်ကာလများတွင် ဂျပန် ဟွန်ဒါကုမ္ပဏီကြီးမှ ယာဉ်ထုတ်လုပ်မှု တွင် ပါဝင်လာမည်ကြားသိရ၍ လည်း ကောင်း၊ အဆင့်မြင့်ဇုန်ထုတ် ကားများ သာမက ပြည်ပနှင့် ဖက်စပ်ထုတ်မည့် ကားများ စသည်ဖြင့် ရွေးချယ်စရာများ လာသဖြင့် နောက်ပိုင်းကားဈေးကွက် မှာ ဝယ်သူဈေးကွက် ဖြစ်လာနိုင်သည် ဟု ဝါရင့်ယာဉ်အကျိုးဆောင်များမှ ဆိုကြသည်။ SN
တန်ဖိုးကြီး လမ်းမတန်းမြေကွက်များထက် အတွင်းပိုင်းမြေကွက်များ အရောင်းအဝယ်ဖြစ်မှုများတဲ့ ရန်ကုန် အိမ်ခြံမြေဈေးကွက် ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်သည် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်မှုများရှိသကဲ့သို့ ငှားရမ်းမှုများလည်း များပြားခဲ့ကြောင်း သိရသည်။ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြရာတွင် ကျပ်သိန်း ၁ဝဝဝ မှ ကျပ်သိန်း ၁ဝဝဝဝ ကြား တန်ဖိုးရှိ အိမ်ခြံမြေများအရောင်းအဝယ်ဖြစ်ကြ ကြောင်း သိရသည်။''တန်ဖိုးကြီးတဲ့ လမ်းမတန်းမြေကွက်တွေ အရောင်းအဝယ်ဖြစ် တာနည်းတယ်။ အတွင်းပိုင်းတွေဖြစ်တာများတယ်'' ဟု ယူနတီက ကိုဇော်ဇော်က ပြောကြားသည်။ စီးပွားရေးအရ အချက်အချာကျသည့် နေရာများသည်ရောင်းချ လိုမှုနည်းပါးသည့်အတွက် ခေါ်ဈေးများကို အဆမတန် မြှင့်တင်ထားခြင်းကြောင့် အခြားအဖွဲ့များပါ ဈေးနှုန်းမြှင့်တက်လာပြီး ရင်းနှီးမြှုပ်နံှလိုသူများ ရှိနေသည့် အတွက် ဝယ်လိုအားလည်း မြင့်တက်လျက်ရှိကြကြောင်း၊ အိမ်ခြံမြေဈေးနှုန်းများ သည် ၃ နှစ်အတွင်း မြှင့်တက်လာမှုသိသာလာပြီး ယခင်က တစ်ပေလျှင် ကျပ် ၁ဝဝဝဝ ခန့်ကို ဝယ်သူမရှိကြသည့် တောင်ဥက္ကလာပအတွင်းပိုင်း အိမ်ခြံမြေများ သည် ကျပ် ၇ဝဝဝဝ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ အိမ်ခြံမြေဈေးကွက်အတွင်း ငှားရမ်းရမှုများသည် ကိုယ်ပိုင်စီးပွားရေးနှင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင်လိုသူများနှင့် ဈေးနှုန်းမြင့်တက်လာမှုကို မျှော်လင့်ထားသည့် ပိုင်ရှင်များကြောင့် ငှားရမ်းမှုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။''မြို့တွင်းမှာ တော့ ငှားရမ်းကြတာက အရောင်းဆိုင်ဖွင့်ကြဖို့ပါ၊ စမ်းချောင်းမှာ တိုက်တစ်ခုလုံး ငှားပြီး ကော်ဖီဆိုင်ဖွင့်တဲ့သူတွေလဲရှိတယ်'' ဟု ပွဲစားတစ်ဦးက ပြောကြားသည်။ အငှားဈေးကွက်တွင် ရိုးရိုးတိုက်ခန်းများနည်းတူ ကွန်ဒိုတိုက်ခန်းများ ငှားရမ်းမှုများ ပြားပြီး လုံးချင်းငှားရမ်းမှုများလည်းရှိကြောင်း၊ ရိုးရိုးတိုက်ခန်းများသည် တာမွေ၊ မေတ္တာညွန့်၊ စမ်းချောင်းစသည့်မြို့နယ်များတွင် အမြင့်ဆုံးတစ်လသုံးသိန်းဖြင့် ငှားရမ်းမှုများရှိကြောင်း၊ ကွန်ဒိုတိုက်ခန်းများသည် ဗဟန်း၊ လှိုင်၊ ကျောက်တံတားစသည့် မြို့နယ်များတွင် အမြင့်ဆုံး ၁၆ သိန်းဖြင့် ငှားရမ်းကြကြောင်း သိရသည်။ ကိုဖြိုး
ကူးပါးတာယာမှ ၂ ဒသမ ၅ ရာခိုင်နှုန်း ဈေးနှုန်းတိုးမည် ကူးပါးတာယာနဲ့ ရော်ဘာကုမ္ပဏီ က ခရီးသည်တင် ကားနဲ့ အပေါ့စား ကားတာယာတွေကို ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး ၂ ဒသမ ၅ ရာခိုင်နှုန်း ဈေးတက်တော့မှာဖြစ်ကြောင်း သိရပါတယ်။ အကြောင်းရင်းကတော့ ကုန် ကြမ်းဈေးနှုန်းတွေ မခန့်မှန်းနိုင်လောက် အောင် မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါ တယ်။ ကူးပါးကုမ္ပဏီက ၂ဝ၁ဝ နိုဝင်ဘာက နောက်ဆုံးအကြိမ် ဈေးတက်ခဲ့ ပြီး ဈေးနှုန်းတိုးတာ ၆ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့ပြီဖြစ်ပါတယ်။ အလားတူစွာပဲ မီချီလင့်ကုမ္ပဏီကလည်း တာယာဈေးနှုန်းကို ဖေဖော်ဝါရီလမှာ တာယာဈေး နှုန်းတွေ မြှင့်တင်ဖို့ရှိကြောင်း သတင်း ရရှိပါတယ်။ Source: MTD,KZW
