Background
အိမ်ခြံမြေဈေးကွက် အငှားဈေးကွက် ဖြစ်နေ ယခုလတ်တလော ရန်ကုန်မြို့ အိမ်၊ခြံ၊မြေဈေးကွက်အတွင်း အရောင်း အဝယ်များနှေးလာပြီး အငှားဈေးကွက် သို့ ဦးဆောင် နေကြောင်း အိမ်၊ခြံ၊မြေ လုပ်ကိုင်သူ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။ ''အခုဈေးကွက်တစ်ခုလုံးက အငှား ဈေးကွက်ဖြစ်နေတယ်။ ရာခိုင်နှုန်းနဲ့ ကြည့်မယ်ဆိုရင် အရောင်းအဝယ်က ၂ဝ ရာခိုင်နှုန်း လောက်ပဲရှိမယ်။ ကျန်တဲ့ ၈ဝ ရာခိုင်နှုန်းက အငှားဈေးကွက်ပဲ ငှားတဲ့သူတွေကလည်း ရန်ကုန်မြို့ထဲ Down town ၆မြို့နယ်နဲ့နီးတဲ့ နေရာ တွေကိုပိုပြီး ကြိုက်ကြတယ်။ အရောင်း အဝယ်ကတော့အေးတယ်။ မြေကောအိမ်ပါ အပါအဝင် ကျပ်သိန်း ၃ဝဝဝဝန်းကျင်လောက် အရောင်းအဝယ်ဖြစ် တယ်။ ကွန်ဒိုတွေလည်း အရောင်း နှေး သွားတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတစ်လလုံးကို အရောင်းအဝယ်ထက်အငှားက ပိုဖြစ် တယ်''ဟု ၎င်းကပြော ကြားသည်။ ယခုလတ်တလော ဖြစ်ပေါ်နေ သော အရောင်းအဝယ်ဈေးနှုန်းများမှာ ဗိုလ်တထောင်မြို့နယ်တွင် မြေညီထပ် ကျပ်သိန်း ၉ဝဝဝန်း ကျင် ဗဟန်းမြို့ လနယ်တွင် လုံးချင်း ကျပ်သိန်း ၃ဝဝဝ ဝန်းကျင် ကွန်ဒိုတိုက်ခန်းကျပ်သိန်း ၄ဝဝ မှ ၁ဝဝဝ ဝန်းကျင်နှင့် ဒဂုံမြို့နယ်တွင် မြေ တစ်ပေပတ်လည်ကျပ် ၅ သောင်း မှ ၂ သိန်းဝန်းကျင်အထိ ဈေးရှိကြောင်းသိရ သည်။ မင်းသန့််
လိုင်စင်သစ်ထုတ်ပေးမှု ရပ်တန့်သွားသော်လည်း လေလံများဆက်၍ ကားဈေးကျဆင်း လိုင်စင်မဲ့ကားများ အခွန်ပေးဆောင်ကာ လိုင်စင်သစ်ထုတ်ပေးမှုအား ပြီးခဲ့ သည့်လ နောက်ဆုံးပတ်တွင် ရပ်တန့်ခဲ့ပြီးနောက် စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းပိုင်းတွင် အခွန်ဆောင်ပြီး လိုင်စင်သစ်၊ အက္ခရာသစ် (၄ဂ/၅ဂ) ရရှိပြီးသောကားများ ပြန်လည်ဈေးမာလာသလို ဖြစ်ခဲ့သည်။ ''ယာဉ်ရောင်းဝယ်ရေးစခန်းများ (ကားပွဲစားတန်း)များတွင် မိုဒယ်လ်မြင့် အက္ခရာမြင့်ကားများ အမျိုးစုံစွာ၊ အသွင်စုံစွာ၊ အရောင်အသွေးစုံစွာဖြင့် ပြသ ရောင်းချကြပြီး လူဝင်လူထွက်များလာကာ စည်ကားလာသလိုဖြစ်နေရာမှ ယခု လ ဒုတိယပတ်တွင် စီးရေ ရာကျော် လေလံပွဲထပ်မံကျင်းပမည့်သတင်းများ ပါရှိလာ၍ လိုင်စင်သစ်ရှိပြီးကားများလည်း အရောင်းအဝယ်ပါးလာကာ ဈေးကွက်ထဲရှိနှင့်ပြီးသား အက္ခရာနိမ့်ကားဟောင်းများမှာမူ အရောင်းအဝယ်မရှိ သလောက်ပင်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကားဈေးကွက်၏ လတ်တလောအခြေအနေမှာ အရောင်းအဝယ်လုပ် ရာတွင် ထိပ်ဆုံးမှရှိနေသည့် လိုင်စင်သစ်ကားများ နည်းနည်းစီ ဈေးဆင်းလာရ သည်မှာ ဝယ်စီးသူအများစုအနေဖြင့် ကားလေလံများထပ်မံစိပ်လာပါက ကား ဈေး ဒီထက်နိမ့်ဆင်းနိုင်သည် ယူဆ၍ တစ်ကြောင်း၊ လိုင်စင်သစ်ကားများ ထောင်ချီ ဝင်ရောက်ခဲ့ပြီး ထိုအထဲတွင် အမှန်အကန်စီးမည့်သူ ထက်ဝက်ခန့် ပါကြောင်း၊ ယင်း၏ထက် ဝက်ခန့်(သို့တည်းမဟုတ်) လေးပုံတစ်ပုံခန့်မှာပြန် ရောင်းရန် လိုင်စင်ယူထားသောကားများဖြစ်ကာ ရောင်းလိုအားနှင့်ဝယ်လိုအားမမျှသဖြင့် ရောင်းလိုသူများပြီး လိုင်စင်သစ်ဖြစ်စေကာမူ ဈေးကျဆင်းလာရခြင်း ဖြစ်ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းများမှ သုံးသပ်ကြသည်။ ယခုလ တတိယပတ်ခန့် နေပြည်တော်တွင်ပြုလုပ်သည့် လေလံပွဲတွင် လည်း အမြင့်ကားများပါဝင်ကြောင်း ကြားသိရသည်။ SN
ဝါကျွတ်ခါနီးကာလတွင် ပုံမှန်ထက် အငှားပိုမိုရှိလာ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းဝါကျွတ်ခါနီးကာလတွင် ပုံမှန်အငှား ဈေးကွက်ထက် ပိုမိုအငှားရှိလာကြောင်း အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီများ က သိရသည်။ ''ဝါကျွတ်ခါနီပြီးဆိုတော့ အငှားနေ ထိုင်သူအချို့ စာချုပ်ပြည့်ခါနီးလို့ အိမ် ရှာသူတွေ စာချုပ်ပြည့်လို့ အခန်းရှာသူ တွေကြောင့် ပုံမှန်ထက်အငှားလိုက်လာ တယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် လုပ်ငန်းသမားတွေကလဲ နေရာရှာလာ ကြာတာတွေ့ရပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကို ဆရာစံလမ်း ပြည်လမ်းမ ပေါ်နဲ့ ကမ္ဘာအေးစေတီလမ်းမပေါ်တွေ မှာ နေရာကောင်းမယ်၊ ခြံကျယ်မယ်ဆိုရင် ဆိုင်ဖွင့်ဖို့ တစ်လကိုကျပ်သိန်း ၄ဝ အထိ ပေးငှားမယ်ဆိုပြီး နေရာရှာခိုင်း သူတွေလည်း အတော်များများရှိလာ တယ်။ အောက်တိုဘာလအတွင်း လုံး ချင်းအငှားအနေနဲ့ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ တွေထဲမှာ တစ်လကို ကျပ် ၅ သိန်းက နေ ကျပ်သိန်း ၄ဝ၊ ရန်ကင်း၊ မင်္ဂလာ တောင်ညွန့်နဲ့ ဗဟန်းမြို့နယ်ထဲက ကွန်ဒိုအငှားအနေနဲ့ တစ်လကို အနိမ့် ဆုံး ၇ သိန်းကနေ အမြင့်ဆုံး ကျပ်သိန်း ၄ဝ ထိ တည့်ပြီး အငှားဖြစ်သွားတာ တွေ့ရှိပါတယ်''ဟု တာမွေမြို့နယ် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတစ်ခုက သတင်းပေးပြောကြား သည်။ ခင်မျိုးသွယ်
မြို့လယ်နှင့် မနီးမဝေးမြေကွက်များ အရောင်းအဝယ်ရှိလာ ရန်ကုန်မြို့လယ်နှင့် မနီးမဝေးနေရာများရှိ မြေကွက်များအရောင်းအဝယ်ရှိလာကြောင်း အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီများထံက သိရသည်။ ''စက်တင်ဘာလ ၂ဝ ရက်နောက်ပိုင်း ရန်ကုန်မြို့လယ်နဲ့ မနီးမဝေး မြို့နယ်တွေဖြစ်တဲ့ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မရမ်းကုန်းမြို့နယ်တွေထဲက မြေကွက်များအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်ထဲက RC နှစ်ထပ်၊ မြေကွက် ပေ ၈ဝ ပတ်လည်ကို ကျပ်သိန်း ၃ဝဝဝနဲ့တည့်သွားတယ်။ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း ပေါ်က ဧကတစ်မတ်လောက်ရှိတဲ့မြေကွက်နဲ့RC နှစ်ထပ်ကို ကျပ်သိန်း ၁၈ဝဝ ဝန်းကျင် အင်းစိန်မြို့နယ် ၁ဝ မိုင်ကုန်း ဝန်းကျင်မှာ မြေကွက်သက်သက်ကို ကျပ်သိန်း ၅ဝဝ၊ ကျပ်သိန်း ၁၂ဝဝ နေရာအနေ အထားပေါ်မူတည်ပြီး ခေါ်ဈေး နဲ့တည့်ကြတယ်။ အဲဒီဝန်းကျင်မှာပဲ RC နှစ်ထပ်ပါ မြေကွက်တစ်ကွက်က ကျပ်သိန်း ၁၈ဝဝ နဲ့ အဆင်ပြေသွားတယ်။ မင်္ဂလာဒုံဘက်ကစက်မှုဇုန်မြေကွက်တွေမှာ တစ်ဧကကို ကျပ်သိန်း ၅၅ဝ နဲ့ သိန်း ၆ဝဝ ကြားတည့်ကြတယ်။ ရွှေလင်ပန်း စက်မှုဇုန်က ခေါ်ဈေးမြင့်ပေမယ့် တကယ်တည့်တော့ တစ်ဧကကို ကျပ်သိန်း ၅ဝဝ-၆ဝဝ တွေနဲ့ပါ။ အမှတ် ၃ လမ်းမပေါ်က၂၅ ဧကဝန်းကျင် မြေကွက်ကို ကျပ်သိန်း ၂ဝဝဝ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်'' ဟု ယူနီတီအိမ်မြေခြံကဦးဇော်ဇော်က အတည်ပြုပြောကြားသည်။ ခင်မျိုးသွယ်
ွRuby Mart (ရန်ကုန်) ဖွင့်ရန် စီစဉ် မြဝတီထရေးဒင်း လီမိတက်နှင့် အာရှလှိုင်းကျော်မိသားစု ထရေးဒင်း ကုမ္ပဏီလီမိတက်၊ ခေတ်သစ်ဦး ထရေး ဒင်းကုမ္ပဏီလီမိတက်နှင့် ငွေစကားဝါ ထရေးဒင်း ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ဖက်စပ်ဖွင့်လှစ်မည့်Ruby Mart (ရန်ကုန်) ကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်တွင် အောက်တိုဘာလ ၉ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ် သည်။ Ruby Mart မြေညီထပ်တွင် Supermarketကိုဖွင့်လှစ်၍ ပထမ ထပ်တွင် ဖက်ရှင်ပစ္စည်း အရောင်းဆိုင် များ၊ ဒုတိယထပ်တွင် လျှပ်စစ်ပစ္စည်း များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ စာရေး ကိရိယာနှင့် ပရိဘောဂများကို ရောင်းချ ပေးမည်ဖြစ်သည်။ တတိယထပ်တွင်ွှှု IT Floor အနေဖြင့်သတ်မှတ်၍ ကွန်ပျူ တာများ၊ ကင်မရာများ၊ မိုဘိုင်းဆိုင်များ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများကိုလည်း ကောင်း၊ အပေါ်ဆုံးထပ်တွင် ကလေး ကစားစရာနှင့် အရုပ်ကောင်တာများ ဖွင့်လှစ်၍ ကစားစရာပစ္စည်းများ ရောင်း ချပေးမည်ဖြစ်သည်။ ထို့အပြင် စားသောက်ဆိုင်ငယ် သုံးဆိုင်ကိုလည်း ဖွင့် လှစ် ရောင်းချပေးသွားမည်ဖြစ်သည်။ အဆိုပါ Ruby Mart မှာ စတုရန်း ပေ ၅ဝဝဝဝကျော် ကျယ်ဝန်းပြီး ငါးထပ် အဆောက်အအုံဖြစ်ကာ ကားအစီးရေ ၁ဝဝ ခန့် တစ်ပြိုင်တည်း ရပ်နားနိုင် သည့် ကားပါကင်ပါရှိကြောင်း သိရ သည်။ ခင်မ်မျိုးသွယွယ်
မန္တလေးစက်မှုဇုန်(၂) အတွက် ဈေးသစ်ကြီးပေါ်ပေါက်လာတော့ မည် မန္တလေးမြို့၊ စက်မှုဇုန်(၂)၊ ကနောင်မင်းသားကြီးလမ်း၊ ၄၈လမ်းနဲ့ ၄၉ လမ်း ကြားတွင် မြင့်မိုရ်ဦးဆောက်လုပ်ရေးနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အကိုျးတူပူးပေါင်း၍ စက်မှု(၂)ဈေးသစ်ကြီးကို ယခုလမှစ၍ ဆောက် လုပ်လျက်ရှိ ရာ ၂ဝ၁၂ ခုနှစ် မတ်လပိုင်းတွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရပါတယ်။ စက်မှု (၂) ဈေးသစ်ကြီးမှာ RC နှစ်ထပ် လူနေဆိုင်ခန်း ၄ဝ ခန်း၊ ပံျကျဈေးဆိုင်ခန်း ၅၄ဝ ခန်း၊ အထည်ဆိုင်ခန်း ၁၂၄ ခန်းနဲ့ ဈေးရုံးနဲ့ ရေစင်များ ပါရှိမှာဖြစ်ပါတယ်။ မန္တလေးစက်မှုဇုန်တွင် ဇုန်(၁)၌ ဈေးကြီးတစ်ဈေးရှိပြီး စက်မှုဇုန် (၂)အတွက် ဈေးကြီး မကြာခင်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ မြင့်မိုရ်ဦးဆောက်လုပ်ရေး ဒါရိုက်တာ ကိုတိုးမြင့်အောင်က '' ဇုန် ၂ အနေနဲ့ ဈေးမရှိသေးတဲ့အတွက် အဆင့်မြင့့်ဈေးဆောက်လုပ်မှာပါ။ ဈေးနားတစ်ဝိုက်က စိန်ပန်းစက်မှုဇုန်၊ လလအကွက် ၊ H အကွက်၊ ထွေးမယ်တောစုရွာ၊ ရွာသစ်ကလေး ရွာတွေအတွက် ဈေးရောင်း၊ ဈေးဝယ်အဆင်ပြေမယ်။ ဈေးကြီးကို မီဘေးလုံခြုံရေး အတွက်လည်း စည်ပင်နဲ့ညှိနှိုင်းဆောင်ရွက်မယ်။ RC နှစ်ထပ် သိန်း ၃၅ဝ ကို ၅ ရစ်သွင်းလို့ရတယ်။ ၁၈ လအတွင်း ညှိနှိုင်းဆောင်ရွက်ပေးမယ်။ ၄၉ လမ်းပေါ်က သိန်း ၃၂ဝကျပ်အဆင်ပြေသလိုသွင်းလို့ရတယ်။ အထည်ဈေးဆိုင်ခန်းက မျက်နှာစာ ပေါ်ဆို သိန်း ၅ဝ၊ အတွင်းဘက်ခြမ်း သိန်း ၄ဝ ကျပ်၊ ၅ လအတွင်း ၃ ရစ်ခွဲ သွင်းလို့ရပါတယ်။ ပြန်ကျဈေးသည်တွေအတွက် မူလပိုင်ရှင် ၆၄ ခန်းကို ၂ သိန်း ၅ သောင်းနဲ့ ၃ ရစ်ခွဲသွင်းလို့ရမယ်။ ထပ်လိုချင်ရင် ၃ သိန်း ၂ သောင်းနဲ့ ရာင်းချ ပေးမယ်။ ဈေးသူဈေးသားမဟုတ်ဘဲ အပြင်ကဝယ်မယ်ဆို ၅ သိန်းနဲ့ရောင်းချပေး မယ်''လို့ ပြောပါတယ်။ စက်မှုဇုန်(၂) ဈေးကြီးကို ပံျကျဈေးလေးမှ အဆင့်မြင့်ဈေးအဖြစ် တည် ဆောက်မှာဖြစ်ပြီး ဧရိယာ ၄ ဒသမ ၄၄ ဧကကျယ်ဝန်းပါတယ်။ ဇူးဇူး
ကားကောင်း ကားသန့်များနှင့် ကားဟောင်းများ ဈေးတန်းနှစ်မျိုးဖြင့် ရပ်တည်နေ ရန်ကုန်မြို့ကားဈေးကွက်မှာ ဇူလိုင် ၂၃ ရက်ခန့်မှစ၍ လိုင်စင်မဲ့ကားများ အခွန်ပေးဆောင် လိုင်စင်သစ်ထုတ်ပေးချိန်မှ ယခုလ ၂၄ရက်ထိ နှစ်လနီးပါးခန့် ကာလအတွင်း ဈေးကွက်တွင်းသို့ ကားကောင်းကားသန့်များဝင်ရောက်လာသဖြင့် ဝယ်စီးများ အကြိုက်ဖြစ်သလို ယခင်ရှိနှင့်ပြီး ကားဟောင်းများမှာလည်း ဈေးတန်း တစ်ခုဖြင့် ရပ်တည်နေကြောင်း သိရသည်။ ထိုသို့ အခွန်ပေးဆောင်လိုင်စင်ချထားခြင်း ဆောင်ရွက်ပေးမှုကြောင့် ဝယ် ရောင်းများသာမက ဝယ်စီးများပါ လူတန်းစားအများစု မိမိကြိုက်နှစ်သက်ရာကား ရွေးချယ်စီးနင်းခွင့်ရခဲ့ပြီး မိုဒယ်အမြင့်များ၊ ပုံစံသစ်များ၊ အသွင်ဆန်းပြားသည့် ကား များ ပြောင်းလဲစီးနင်း လာကြောင်း သိရသည်။ ကားလောကနှင့်မစိမ်းသောသူများမှာလည်း အခွန်ဆောင်လိုင်စင်သစ် ယူ မည့်ကားအား မိမိစိတ်ကြိုက်ပုံစံ မိမိကိုယ်တိုင် ရှာဖွေဝယ်ယူကာ ကိုယ်ပိုင် အမည်ပေါက်ကား စီးနင်းလာကြပြီး ကားလောကနှင့် အကျွမ်းတဝင်မရှိဘဲ မျက်မြင် စိတ်ချယုံကြည် ရသောကားမှသာ စီးချင်သူများမှာ မိမိအမည်ပေါက်မရသော်လည်း အမြင့်ကား၊ အသန့်ကားများအား အက္ခရာနံပါတ်ထွက်ပြီးသားအဆင့် စိတ်ကြိုက် ရွေးချယ်ဝယ်ယူစီးနင်းကြောင်း သိရသည်။ ကားဈေးကွက်တွင်းသို့ အခွန်ဆောင်လိုင်စင်သစ် ရယူထားသော ကားများ စီးရေထောင်ဂဏန်းချီ ဝင်ရောက်လာချိန်တွင် သြဂုတ်လ ဆန်းပိုင်းမှစ၍ ကားဈေး များစွာ တဖြည်းဖြည်းကျဆင်းလာကာ ငွေကြေးအသင့်အတင့်သာတတ်နိုင်၍ ကား စီးရန် အစီအစဉ်မရှိသူများပါ သိန်း ၁ဝဝ အောက်တန်ဖိုးရှိကားများ ဝယ်ယူစီးနင်းလာကြောင်း သိရသည်။ ယခုကားဈေးကွက်အတွင်း ယခင်ကကဲ့သို့ ကားဟောင်းများ၊ အများစု ရှိမနေဘဲ ယခင်လေလံအောင်ခဲ့ပြီးသော ကားများ၊ ဌာနဆိုင်ရာမှ အသစ်ထုတ်လုပ် ရောင်းချသော မိုဒယ်မြင့် အဆင့်မြင့်ကားများ၊ စက်မှုဇုန်များမှ ပြောင်းလဲထုတ်လုပ် လာသည့် ပုံစံသွက် အမြင့်ကားများ၊ အခွန်ပေးဆောင် လိုင်စင်သစ်ရယူထားသည့် ကားများစသည်ဖြင့် ဝယ်စီးမည့်သူများအကြိုက် ရွေးချယ်စရာ ကားကောင်း/ ကားသန့် များလာကြောင်း၊ ဈေးတန်းများမှာ လိုင်စင်သစ် အက္ခရာနံပါတ်ဖြင့် ကားသန့်များမှာ ဈေးတန်းတစ်ခု၊ ယခင်ရှိပြီး ကားဟောင်းများမှာ ဈေးတန်းတစ်ခု ဖြစ်နေသော်လည်း ယခုချိန် ကားဝယ်စီးမည်ဆိုက မိမိသုံးစွဲနိုင်သည့်ငွေကြေးတန်ဖိုး နှင့်ကိုက်ညီမည့် ကားမျိုးဝယ်နိုင်ကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင် ကိုမြင့် ကျော်မှ ပြောသည်။ SN
တန်ဖိုးနည်းစက်မှုဇုန်အကွက်များအရောင်းအဝယ်လိုက် ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းတန်ဖိုးနည်းစက်မှုဇုန်မြေကွက်များ အရောင်းအဝယ်လိုက်လာကြောင်း အိမ်ခြံမြေကုမ္ပဏီ များမှ သိရသည်။ '' သြဂုတ်လနောက်ဆုံးပတ်နဲ့ စက်တင်ဘာလဆန်းပိုင်းအထိ တန်ဖိုးနည်း စက်မှုဇုန်မြေကွက်တွေ အရောင်းအဝယ်လိုက်လာ ပါတယ်။ တန်ဖိုးအားဖြင့် ၁ ဧကကို ကျပ်သိန်း ၄၅ဝ၊ ၈ဝဝ၊ ၁ဝဝဝ ဝန်းကျင်တွေပါ။ ဒီရက်တွေမှာ သာကေတ စက်မှုဇုန်မှာ ၁ စတုရန်း ပေကို ကျပ်နှစ်သောင်း၊ လှိုင်သာယာစက်မှုဇုန် ၅၊ ဒဂုံ အရှေ့ စက်မှုဇုန်နဲ့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွေဟာ ၁ ဧကကို ကျပ်သိန်း ၄၅ဝ နဲ့ ၅၅ဝ ဝန်းကျင်၊ မင်္ဂလာဒုံစက်မှုဇုန်မှာ ၁ ဧကကို ကျပ်သိန်း ၅ဝဝ ဝန်းကျင်၊ ဝါးတစ်ရာ စက်မှုဇုန်မှာ ၁ ဧကကို ကျပ်သိန်း ၂၅ဝ နဲ့ ၂၇ဝ ကြား၊ လှိုင်သာယာ စက်မှုဇုန် ၅၊ ရွှေပြည်သာစက်မှုဇုန် ၁ နဲ့ ၂ တွေမှာ ၁ ဧကကို ကျပ်သိန်း ၁ဝဝဝ ဝန်းကျင်နဲ့ အရောင်းအဝယ်တွေ ရှိခဲ့ပါတယ်။ စက်မှုဇုန်ရဲ့ အရောင်း အဝယ်က အရင်တုန်းက ၁ ရာခိုင်နှုန်းလောက်ဘဲရှိခဲ့ တာပါ။ အခုအနေအထား ဆိုရင် ၅ ရာခိုင်နှုန်း လောက်အထိ တက်လာပါတယ် '' ဟု ကျောက်တံတားမြို့နယ် အခြေစိုက်အိမ်ခြံမြေ ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ပါသည်။အလားတူ အငှားဈေးကွက်တွင်လည်း လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ ဗဟန်း မြို့နယ်၊ ဒဂုံမြို့နယ်နှင့် မရမ်းကုန်း မြို့နယ်ရှိ တာဝါများ၊ ကွန်ဒိုများနှင့်လုံးချင်းတိုက်များလည်း အငှားဖြစ်ခဲ့သည်ဟု ဆိုသည်။ ခင်မိုျးသွယ်
အခွန်ဆောင်ပြီးကားများသာ အဝယ်ရှိပြီး ပုံမှန်ကားများ အရောင်းများ အဝယ်ရှားနေ ယခုနှစ်ဇူလိုင်လအတွင်းမှစတင်၍ ဆောင်ရွက်ပေးခဲ့သည့် လိုင်စင်မဲ့ကားများ ၈၅ရာခိုင်နှုန်း အခွန်ငွေပေးသွင်းကာ တရားဝင်ယာဉ် မှတ်ပုံတင်ပေးခြင်းသည် သက် တမ်းတစ်လစွန်းစွန်း ရှိလာသည့်အချိန်တွင် အခွန်ပေးသွင်းပြီး ယာဉ်မှတ်ပုံတင် သည့်လူအတော်အသင့် များလာပြီး နေရာစုံမှ ရန်ကုန်ကားဈေးကွက်နှင့် မန္တလေး ကားဈေးကွက်အခြေပြု၍နောက်ဆုံးအက္ခရာဖြင့် ကားသစ်ကားဆန်းများဈေး ကွက် အတွင်းသို့ အတော်များများ ဝင်ရောက်လာကြောင်း သိရသည်။ ဈေးကွက်အတွင်း ဝင်ရောက်လာသော အခွန်ဆောင်ပြီးကားများသည် ပုံစံ အဆန်းအသစ်များဖြစ်ခြင်း၊ ကားသန့်ခြင်းများကြောင့် လူအများ စိတ်ဝင်စားကြပြီး ဝယ်ယူရန်ရည်ရွယ် ထားသူများမှာလည်း ဈေးကွက်အတွင်း ရှိနှင့်ပြီးဖြစ်သည့်ကား ဟောင်းများထက် ယခု လတ်တလော ရောက်ရှိလာသည့် အက္ခရာ (၄ဂ/) ထွက် ကားသန့်များကိုသာ ဝယ်ယူတတ်ကြောင်း၊ အပေါ်ဝိုင်း (ဟံသာဝတီတွင်) ယခင်ရှိ ပြီး ကားဟောင်းများ ရောင်းသည့်လူများကာ အဝယ်ရှားနေပြီး တစ်စီးတစ်လေ ဝယ်မည့်သူရှိပါကလည်း အခွန်ဆောင်ပြီး နောက်ဆုံးထုတ် အက္ခရာထွက် ကား များနှင့် ယှဉ်သော်ရောင်းပန်းမလှဖြစ်နေသဖြင့် ဈေးနှိမ်ကာ ဝယ်တတ်ကြောင်း သိရသည်။ ယခုအခါ အပေါ်ဝိုင်းနှင့် အခြားနေရာများတွင် လူမေးများ၊ လူကြိုက်များ သည်မှာ ပုံစံထူးခြားလှသည့် (၄ဂ/) ယာဉ်များဖြစ်ပြီး ကွက်ပျောက်ကားများ (ယခင် အရောင်းအဝယ်သိပ်မဖြစ်၊ လိုင်းမဝင်ဟု သတ်မှတ်ထားသည့်ကား)သာ ဖြစ်ကာ ဂျပန်နိုင်ငံ လုပ်ကား များသာမက ထိုင်းနိုင်ငံလုပ်ကားများလည်း ပါဝင်နေကြောင်း သိရသည်။ ၎င်းတို့၏ ဈေးတန်းမှာ အသွင်ဆန်းမော်ဒယ်ဖြစ်သဖြင့် ဈေးများသည်ဟု မဆိုသာဘဲ အလှအပကြိုက်သူများမှာ ကွက်ပျောက်ကားများ ဝယ်စီးကြကြောင်း၊ ပြီးခဲ့သည့် မိုးဦးကျကာလက သိန်း ၇ဝဝ စွန်းစွန်းခန့် ဈေးကွက်ရခဲ့သော (၂ဝဝ၁) မော်ဒယ်လ် အစစ်စတာ(ဖင်ခုန်း)၊ ဗင်များမှာ ယခုအခါ သိန်း ၅ဝဝ စွန်းစွန်းဖြင့်သာ ဝယ်ယူလာနိုင်ပြီး ဈေးကွက်ပျောက်မော်ဒယ်လ်မြင့် ကားများမှာလည်း ထိုဈေး နီးနီးပင် ခေါ်ယူသဖြင့် ဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေကြောင်း သိရ သည်။ သို့ဖြစ်၍ လတ်တလောကား ဈေးကွက်အခြေအနေအားမေးကြည့်ရာ အခွန် ဆောင် လိုင်စင်ဝင်ပြီး မော်ဒယ်လ်မြင့် အက္ခရာမြင့် ကားများ လတ်တလော ရောင်း ပန်းလှနေပြီး ၂ဝဝ ကျပ်သိန်းဝန်းကျင် (၄ဂ/) ထွက် ကားသန့်များ အဝင်ရှိနေသဖြင့် ယခုအချိန်တွင် တတ်နိုင်သလောက်ငွေကြေးဖြင့် နောက်ဆုံးထုတ်အက္ခရာမြင့် ကား စီးနိုင်ကြောင်း အပေါ်ဝိုင်းဝါရင့်အကိုျးဆောင် ကိုမြင့်ကျော် မှပြောသည်။