Background
ရန်ကုန်မှာ မော်တော်ယာဉ်ပြပွဲများ စိပ်လာသလို အရောင်းအဝယ်လည်းအေးလာ ရန်ကုန်မြို့ကားဈေးကွက်မှာ ယခင် ရက်သတ္တပတ်က ရုံးပိတ်ရက်၊ကျောင်း ပိတ်ရက်များအပြီး ကားဈေးတန်းများ ၁ဝ သိန်းမှ သိန်း ၂ဝ ခန့်ထိပြန်မာခဲ့ပြီး နောက်ပိုင်းတွင် အရောင်းအဝယ်ပြန် အေးခဲ့ပြီး လက်ရှိဈေးတန်းများနှင့်ပင် တန့်နေကြောင်း သိရသည်။ ယခုတလောအတွင်း ကားပြပွဲများ စိပ်လာသလို လူစိတ်ဝင်စားမှုရှိ သင့်သလောက်ရှိသော်လည်း ဒီထက် ပို၍ဈေးသက်သာလာဦးမလားဆိုသည့် အတွေးနှင့် အရောင်းအဝယ် ထင်သလောက်မဖြစ်ကြဟုလည်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က စက်မှု ဇုန်ထုတ်ကားကုမ္ပဏီတစ်ခုက တရုတ် နိုင်ငံနှင့် ဖက်စပ်ထုတ်လုပ်ထားသည့် တန်ဖိုးနည်း လူ ငါးဦးဆံ့ လူစီး ဝက်ဂွန် ယာဉ်ငယ်များအား ကျပ်သိန်း ၁ဝဝ နှင့် ၁၅ဝ ကြား ဈေးတန်းတစ်ခုဖြင့် ရောင်း ချပေးခဲ့ပြီး စာရင်းသွင်း ကြိုတင်ငွေသွင်း ကာ အချိန် သုံးလစောင့်ဆိုင်းရမည် ဖြစ်ကြောင်း ပြပွဲမှပြန်လာသူ ယာဉ် ဝယ်/ ရောင်းတစ်ဦးမှ ပြောသည်။ ယခုလ တတိယပတ်တွင်လည်း ဂျပန် မစ်ဆူဘီရှီကုမ္ပဏီနှင့် ဖက်စပ် ဆောင်ရွက်နေသော မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းကြီးတစ်ခုက တပ်မတော်ခန်းမတွင် ၎င်းတို့ထုတ်လုပ် ထားသော အဆင့်မြင့်ယာဉ်များအား သက်သာခံစားခွင့်နှင့် ဆွဲဆောင်မှုများ ပေးကာ ပြသရောင်းချပေးနေသည်ဟု သိရသဖြင့် ကားသစ်စိတ်ဝင်စားသူ များ လာရောက်နိုင်သည့်အတွက် အရောင်းအဝယ်အခြေအနေ အသင့် အတင့် ရှိလာနိုင်ကြောင်း သုံးသပ်ကြ သည်။ နောက်ထပ်လည်း ကားပြပွဲများ ရှိလာနိုင်သလို ဂျပန်၊ ကိုရီးယားစသည့် အဆင့်မီကားများထုတ်လုပ်သော နိုင်ငံ များမှ နာမည်ကြီး ကားကုမ္ပဏီများ မြန်မာနိုင်ငံသို့ မော်တော်ယာဉ်လုပ်ငန်း ရင်းနှီးမြှုပ်နံှရန် လာရောက်ဆွေး နွေးနေကြကြောင်း သိရှိရသဖြင့် လာ မည့်အနာဂတ်တွင် လူအများယခုထက် ပို၍ အဆင့်မီကားများ သုံးစွဲလာနိုင် မည်ဟု ယူဆရသော်လည်း အဆင့်မြင့် ကားများသည် အပေါ်ဈေးတန်း တစ်ရပ်ဖြစ်နေပြီး လက်ရှိသုံးစွဲပြီး ယာဉ် ဟောင်းများမှာလည်း သူ့ဈေးတန်းနှင့် သူ ရှိနေဦးမည်ဖြစ်ကြောင်း အပေါ် ဝိုင်းမှ ယာဉ်ဝါရင့်အကျိုးဆောင် ကိုမြင့် ကျော်မှ သူ့အမြင်ကိုပြောပြသွားသည်။ SN
မန္တလေးမှာ လေလံရှိ၍ ယခုတစ်ပတ် ကားအရောင်းအဝယ်အေး နှစ်ဆန်းပိုင်းတွင် ကားအရောင်းအဝယ် အနည်းငယ်ရှိခဲ့ပြီး၊ ယခုတစ်ပတ်တွင် လေလံပွဲရှိ၍ အရောင်းအဝယ် အေးလျက်ရှိကြောင်း မန္တလေးကားဈေးကွက် အတွင်းမှ သိရပါတယ်။ 'ပြည်တွင်းမှာ ကားကုမ္ပဏီတွေ ဝင်လာနိုင်တဲ့အတွက်လည်း အရောင်း အဝယ် ပြန်အေးလာတယ်။ မန္တလေးမှာ တာတာကားကုမ္ပဏီ ဝင်လာမယ်ကြားလို့ ဝယ်ရောင်းသမားတွေက စောင့်ကြည့်နေတဲ့သဘောပေါ့။ ဒီတစ်ပတ်မှာ ကားလေ လံပွဲလည်းရှိတော့ အဲဒီဘက်လည်း စိတ်ဝင်စားနေကြလို့ ဈေးကွက်အေးနေတယ်။ ကားတွေသာဝင်လာရင် ဈေးကဒီထက်ကျနိုင်တယ်။ ဒါကြောင့်ဝယ်မယ့်သူကလည်း စောင့်ကြည့်အနေအထားမှာရှိတယ်' လို့ ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးဝင်းမြင့်ဦး က ပြောပါတယ်။ ကားဈေးကွက်အတွင်းတွင် လီမိတက်၊ စူပါဆလွန်း၊ မှန်ခုံး ဗင်ကားများမှာ လက်ရှိဈေးဖြင့် ဈေးတန်းပြီး အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ကားဈေး နှုန်းမှာ ယခင်လအတိုင်း အပြောင်းအလဲမရှိဘဲ ပုံမှန်ဈေးရှိပါတယ်။ လီမိတက် ကားသန့် ဘ၊ လ၊ သ၊ အ ၈၈ က သိန်း ၂၁ဝ ကျပ်ဝန်းကျင်၊ စူပါဆလွန်းကားသန့် လ၊ သ၊ အ ၈၆ က သိန်း ၁၅ဝ ကျပ်ဝန်းကျင်၊ အောက်ဆွဲဗင် ၈၆ က ကားသန့် လ၊ သ၊အ (၁.၃) အင်ဂျင် သိန်း ၁၇ဝ-၁၈ဝ ကျပ် ဝန်းကျင်၊ (၁.၅) အင်ဂျင် သိန်း ၂ဝဝ၊ ၂၁ဝ ကျပ်ဝန်းကျင်၊ ရှေ့ဆွဲဗင် ၁က၊ ၂က ၈၈-၈၉ က သိန်း ၂၁ဝ- ၂၂ဝ ကျပ်ဝန်းကျင်၊ မှန်ခုံးဗင် (ဖင်ကောက်) ကားသန့် ၄ဂ၊ ၅ဂ (၂ဝဝ၁-၂ဝဝ၂) က သိန်း ၄၈ဝ-၅ဝဝ ကျပ်ဝန်းကျင်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
အရစ်ကျစနစ်ဖြင့် အိမ်ရာရောင်းချမှု ဝယ်သူစိတ်ဝင်စားမှုရှိနေ အိမ်ရာဈေးကွက်အတွင်း အရစ်ကျစနစ်ဖြင့် အိမ်ရာ၊ တိုက်ခန်း ရောင်းချ မှုများကိုဝယ်ယူသူများက ပိုမိုစိတ်ဝင်စားလာ ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီများက သိရသည်။ ''အရောင်းပြပွဲတွေမှာ တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတာကို လူတွေပိုစိတ်ဝင်စားလာတာကို တွေ့ ရတယ်။ ဒါကြောင့် အိမ်ရာပြခန်း အရောင်းပွဲတော်တွေနဲ့အတူ အရစ်ကျစနစ်နဲ့ ရောင်းချမှုတွေပိုပြီးပြုလုပ်ရောင်းချ လာကြ တယ်။ အရစ်ကျစနစ်နဲ့ဝယ်ယူဖို့ကို ငွေတတ်နိုင်သူရော၊ ငွေမတတ်နိုင်သူပါ ဝယ်ယူကြတာတွေ့ရတယ်။ အချို့စီးပွားရေး သမားတွေက တိုက်ခန်းကို အရစ်ကျနဲ့ဝယ်ပြီး ကျန်တဲ့ငွေကို စီးပွားရေးလုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နံှလို့ရတယ်ဆိုတဲ့အတွေး နဲ့ ဝယ်သူလည်းရှိတယ်။ အချို့ တစ်ခန်းလုံးဝယ်ဖို့ ငွေကြေးမတတ်နိုင်သူကျပြန်တော့ အလုပ်လုပ်ရင်း ငွေသွင်းသွားလို့ရ တာကြောင့် ဝယ်ယူလာကြတယ်။ အရစ်ကျစနစ်နဲ့ ရောင်းတဲ့တိုက်ခန်းတန်ဖိုးက ကျပ်သိန်း ၁ဝဝ ကနေ ၁၅ဝဝ အထိပါဝင် လာသလို အရစ်ကျစနစ်ကိုလည်း ၂ ရစ်၊ ၃ ရစ်၊ ၄ ရစ်အထိ ပုံစံတွေထွင်ရောင်းလာကြတယ်။ အဲဒီစနစ်ကြောင့် လူတန်းစားအစုံ ဝယ်ယူလာနိုင်တယ်" ဟုကျောက်တံတားမြို့နယ်အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးကပြောသည်။
အဝေးပြေးယာဉ်လိုင်းများနှင့် ကုမ္မဏီကြိုပို့ယာဉ်များအား ကားသစ်များ အသုံးပြုမှုများပြား အဝေးပြေးယာဉ်လိုင်းများသာမက ကုမ္ပဏီဝန်ထမ်း အကြိုအပို့ယာဉ်များ ကို အသုံးပြုုရာတွင် ယခင်ကကဲ့သို့ ကားဟောင်းများ အသုံးပြုခြင်း မပြု တော့ဘဲ ကားသစ်များကို အသုံးပြုမှု များပြားလာကြောင်း သိရသည်။ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ခရီးသည် တင်ကားများ တင်သွင်းခြင်းကို သတ်မှတ်ချက်များနဲ၊အညီ လွတ်လပ်စွာ တင်သွင်းခွင့်ပြုပြီးနောက်ပိုင်း ယခုကဲ့သို့ ကားသစ်များကို အသုံးပြုလာနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ''ကားသစ် ဖြစ်ရမည်၊ ဘယ်မောင်းဖြစ်ရမည် စတဲ့ စည်းကမ်းချက်တွေနဲ့ညီရင် တင်သွင်းမှု ခွင့်ပြုထားပါတယ်။ အဲဒီခွင့်ပြုချက် ပြုပြီးနောက်ပိုင်းမှ အဝေးပြေးယာဉ်တွေ ရော ကုမ္ပဏီပိုင်ကားတွေပါ ကားသစ် တွေ အသုံးပြုလာနိုင်တာပါ''ဟု ကား တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးကပြော ကြားသည်။ လက်ရှိတွင် အဝေးပြေး ယာဉ်လိုင်းများတွင် ကိုရီးယားနိုင်ငံ ထုတ် အဝေးပြေးယာဉ်များကို အသုံးပြု မှုများပြားပြီး ရွှေမန်းသူ အဝေးပြေး ယာဉ်လိုင်းသည် တရုတ်နိုင်ငံထုတ် ကားများကို အသုံးပြုလျက်ရှိကြောင်း၊ ထို့အပြင် ပုဂ္ဂိကဘဏ်များသည် ဝန်ထမ်း ကြိုပို့ယာဉ်များအသုံးပြုရာတွင် ကိုရီးယားနိုင်ငံထုတ် ယာဉ်များကို အသုံးပြုလျက်ရှိကြကြောင်း၊ အဆိုပါ ကားများသည် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီသည့်အပြင် တန်ဖိုးအားဖြင့် ဈေးနှုန်းသင့် တင့်သည့် အနေအထားတွင် ရှိကြ ကြောင်း၊ အဝေးပြေး ယာဉ်လိုင်းများ သည် ဈေးကွက်အနေအထားအရ ကျပ်သိန်း ၁ဝဝဝ ဝန်းကျင် ကားများ ကိုသာ အသုံးပြုနိုင်ကြပြီး ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် အဝေးပြေးယာဉ်များနှင့် ဈေးနှုန်းတူညီမှုရှိကြကြောင်း၊ သို့သော် ကိုရီးယားနှင့် တရုတ်နိုင်ငံထုတ် ကား များသည် ကားသစ်များဖြစ်ခြင်းနှင့် သုံးစွဲထားသည့် ပစ္စည်းများသည် အသစ်များဖြစ်ခြင်းကြောင့် ပိုမိုသုံး စွဲကြခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် လမ်းကြမ်းခရီးစဉ်များ ၌ ကားဟောင်းများနှင့် လေးအသုံးပြု ထားသည့်ကားသစ်များသာ အသုံးပြု ကြရကြောင်း သိရသည်။ ကိုဖြိုး
ဈေးကျဆင်းလာတဲ့ ဂျပန် ဆိုက်ကယ် တရုတ်နိုင်ငံလုပ်ဆိုင် ကယ်များဝင်လာပြီးနောက် ဂျပန်ဆိုင်ကယ်ဈေးကွက်မှာ ဈေးနှုန်းရော၊ အရောင်းအဝယ်ပါ သုံးပုံနှစ်ပုံခန့် ကျဆင်းလာခဲ့သည်ဟု သိရသည်။ ယခင်က စိမ်းရွင်(၁ယ) သိန်း ၃ဝ၊ ၄ဝ ကျပ်ထိ ပေါက်ခဲ့တဲ့ဘီးများမှာ တရုတ်ဘီးများ ဈေးကွက်အတွင်း နေရာရလာပြီးနောက် ၁၅ သိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်း ခဲ့ပါသည်။ အကျဘီးများမှာ အဝယ်မရှိသလောက်ဖြစ်ပြီး၊ ဈေးကွက်ပျောက်လျက်ရှိကြောင်း သိရသည်။ ဆိုင်ကယ်ဝယ်ရောင်းတစ်ဦးက ''တရုတ်ဆိုင်ကယ်တွေဝင်လာတော့ သာမန် လက်လုပ်လက်စားအားလုံး စီးနိုင်တဲ့ဈေးနှုန်းနဲ့ ဝင်လာတဲ့အတွက် ဂျပန်ဘီးက ဈေး မြင့်တော့ အဝယ်ပါးလာပါတယ်။ ၂ဝဝ၈ မှာတစ်ကြိမ်၊ ၂ဝ၁ဝ မှာ တစ်ကြိမ် လိုင်စင်ချထားပေးတဲ့အတွက် လိုင်စင်တစ်ခါချရင် ဂျပန်ဘီးဈေးတစ်ခါကျတယ်။ ၂ဝဝ၈ ခုနှစ်က ဂျပန်ဘီးဈေးနဲ့ ၂ဝ၁ဝ ခုနှစ် ဂျပန်ဘီးဈေးက ၃ ပုံ ၂ ပုံ လောက် ကွာနေပြီ။ ဘီးကခိုင်ခံ့ လို့ကြိုက်ပေမယ့် တရုတ်ဘီးလို ဒီဇိုင်းမစုံ၊ အရောင်မစုံဘူး။ အသစ်လည်းမဟုတ်တော့ လူငယ်အများစုက မစီးချင်ကြဘူး။ ဂျပန်ဘီးက အသစ်မဝင်တဲ့အတွက် ရှိပြီးသားဘီးကိုပဲ အသစ်ပြန်ရှိုင်းပြီး အရောင်းအဝယ်လုပ်နေ ကြရတယ်။ ပစ္စည်းတင်ဖို့အတွက်တော့ အောက်ဘီးလေးတွေကို အသုံးပြုကြတယ်။ ပြန်ရောင်းလို့တော့ မလွယ်ဘူးပေါ့။ လိုင်စင် ထပ်ချပြီး၊ တရုတ်ဘီးတွေဆက်ဝင် နေရင် ဂျပန်ဘီးဈေးကွက်က ပျောက်နိုင်တယ်'' ဟု သုံးသပ်ပြောကြားသည်။ လတ်တလောမှာ ဘီးကောင်း၊ ဘီးသန့် ၁ဝ သိန်းအောက်ဝန်းကျင် ဂျပန်ဆိုင်ကယ်များ အဝယ်ရှိကြောင်း သိရသည်။ ဇူးဇူး
အောက်ကားများ ကားသန့်ပါက အရောင်းအဝယ်ရှိပြီး ဈေးအနည်းငယ်မာ ရန်ကုန်မြို့၏ ကားဈေးကွက် ဖြစ်သော ဟံသာဝတီဝိုင်း၊ ကျောက်မြောင်း ဝိုင်းစသော ယာဉ်ရောင်းဝယ်ရေးစခန်း (ကားပွဲစားတန်း)များတွင် ခရစ္စမတ်ပွဲ တော်ကာလမှစ၍ နောက်ပိုင်း ကျောင်း ပိတ်ရက်၊ ရုံးပိတ်ရက်များ ဆက်လာ၍ လူရှင်းသွားသည့်နည်းတူအရောင်းအဝယ် လည်းကဲျနေကြောင်း သိရသည်။ သို့ရာတွင် ယခင်ကထက် လူကဲျ၊ လူရှင်းသွားသော်လည်း သိန်း ၂ဝဝ ပတ်လည်၊ သိန်း ၁ဝဝ နှင့် သိန်း ၂ဝဝ ကြားကားများ ပြန်လည်လူမေးများ လာပြီး ဈေးတန်းအရ ၁ဝ သိန်း၊ သိန်း ၂ဝ ခန့် ပြန်မာလာကြောင်း၊ လက်ရှိ ရောင်းချနေသော စက်မှုဇုန်ထုတ် စူပါကက်စတန် အဆင့်မြင့် ၈ ယောက်စီး ဟိုက်အေ့စ်ယာဉ်များလည်း ဈေးမာရာ မှ ပါဝင်လာကြောင်း သိရသည်။ အပေါ်ဝိုင်း ပွဲစားတန်းမှ ဝါရင့် ဝယ်ရောင်းတစ်ဦးကမူ ''ဈေးတန်းတွေ ကတော့ ပြန်မာလာပါတယ်၊ ဒါပေမယ့် ဝယ်တဲ့လူကလည်း သန့်တဲ့ကား၊ ရှင်းတဲ့ကားမှသာဝယ်တဲ့အတွက် သန့် တဲ့အောက်ကားဈေးကွက်ဖြစ်တယ်''ဟု ရှင်းပြခဲ့ပြီး အမှန်တကယ် ဈေးကွက် တွင်းအခြေအနေမှာလည်း ထိုသဘော အတိုင်းပင်ဖြစ်နေကြောင်း သိရ သည်။ ကားလေလံပွဲများမှာ ဆက်လက် ကျင်းပနေဆဲဖြစ်ပြီး ဇန်နဝါရီလ ဒုတိယ ပတ် နေပြည်တော်တွင် ပြုလုပ်မည့် လေလံပွဲမှာ ကားစီးရေ ရာဂဏန်းမ ကျော်ဘဲ ဆိုင်ကယ်များသာ စီးရေ ထောင်ကျော်ကြောင်း သိရသည်။ သို့ရာတွင် ယခုလေလံပွဲများမှာ ကားဈေးများ ကျဆင်းနေခြင်း၊ ဌာန ဆိုင်ရာထုတ်ကားများ၊ စက်မှုဇုန်ထုတ် ကားများ၊ အများအပြား ဝင်ရောက်လာ ခြင်း စသည့်အချက်များကြောင့် ယခင် ကလောက် စိတ်ဝင်စားမှုမရှိဘဲ သတင်း စောင့်ခြင်း၊ ဈေးနှုန်း စောင့်ကြည့်ခြင်း များသာ ပြုလုပ်ကြကြောင်း သိရသည်။ SN
တာယာများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လျက်ရှိ မိုးတွင်းကာလတွင် တာယာများ အရောင်းအဝယ် ကျဆင်းခဲ့သော်လည်း ယခု ပွင့်လင်းရာသီမှစ၍ တာယာများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း တာယာရောင်း ဝယ်သူတစ်ဦးက ပြောကြားသည်။ ''ယခု ပွင့်လင်းရာသီရောက်လာတော့ ခရီးသွားလုပ်ငန်းမှာ အသုံးပြုတဲ့ မော် တော်ယာဉ်တွေအတွက် ဝယ်ယူမှုတွေများလာတယ်။ နယ်ကနေပြီးတော့ မှာတာ တွေလည်း များလာတယ်။ တောင်တက် တောင်ဆင်းခရီးတွေများတဲ့ နေရာတွေမှာ ဆိုရင် တာယာတွေက ပန်းတွေပါးနေလို့မဖြစ်ဘူး။ ပန်းပါးနေရင် ဘရိတ်မမိတာတို့၊ စလစ်ဖြစ်တာတို့ ဖြစ်တတ်တယ်။ ဒါကြောင့် ဒီခရီးသွား ရာသီအမီ ယာဉ်တွေ ကြံ့ခိုင်မှုရှိဖို့အတွက် ယာဉ်တွေကို ပြင်ဆင်လာကြရတယ်''ဟုယင်းက ပြောကြားသည်။ တာယာများအသုံးပြုရာတွင် ယခင်ကဈေးနှုန်းသက်သာသော တရုတ်တာယာ များကို အများဆုံးအသုံးပြုကြသော်လည်း ယခုနောက်ပိုင်းတွင် အရည်အသွေးပြည့် မီသော တာယာများကို ရွေးချယ်အသုံးပြုလာကြကြောင်း သိရသည်။ ''တရုတ်တာယာတွေက မြို့တွင်း အတွက်လောက်ပဲ အသုံးပြုဖို့သင့်ပါတယ်။ ဈေးနှုန်းအနေနဲ့ကလည်း တရုတ်တာယာနဲ့ အခြားအရည်အသွေး မြင့်တာယာ တွေနဲ့ယှဉ်ရင် ဈေးနှုန်းက ၁ဝ ရာခိုင်နှုန်းလောက် ကွာဟမှုရှိတယ်။ အဲဒီလို ဈေးနှုန်း ကွာဟမှုရှိတဲ့အတွက် တရုတ်တာယာတွေကိုပဲ အသုံးများနေကြတယ်။ ယခုနောက်ပိုင်း ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့မော်တော်ယာဉ်တွေက ဂျပန်တာယာ၊ အင်ဒို နီးရှားနဲ့ ထိုင်းတာယာတွေကို အများဆုံးအသုံးပြုလာကြတယ်''ဟု ယင်းက ထပ်မံ ပြောကြားသည်။ မင်းသန့်
မန်းအိမ်ခြံမြေတွင် ရင်းနှီးမြူပ်နံှမှု ကိန်းဂဏန်း ပိုကြီးလာ ၂ဝ၁ဝ ခုနှစ် မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြူပ်နံှမှုကိန်းဂဏန်း များပိုကြီးလာကြောင်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများထံမှ သိရသည်။ ''၂ဝ၁ဝ ခုနှစ်တစ်နှစ်လုံးကိုခြုံကြည့်ရင် မနှစ်ကထက် အရောင်းအဝယ်၊ အနုတ်အသိမ်း ပိုကောင်းလာတယ်။ ဈေးကွက်သွက်လက်မှုက ထက်ဝက် လောက်ကို တက်လာတယ်။ အိမ်ခြံမြေမှာ တစ်ဦးချင်းရဲ့ ရင်းနှီးမြူပ်နံှမှုကို ကြည့်ရင် ကိန်းဂဏန်းကြီးတဲ့ အိမ်ခြံမြေတွေမှာပိုပြီးရင်းနှီးမြူပ်နံှလာကြတယ်။ အရောင်းအဝယ် အေးသွားတယ်ဆိုပေမယ့် အရောင်းအဝယ်ရဲ့ရင်းနှီးမြူပ်နံှမှု မှာ ကိန်းဂဏန်းပိုကြီးလာတယ်။ ဒါကြောင့် လောလောဆယ် ရွှေဈေးက အတက်အကျမြန်တဲ့အတွက် ဈေးကွက်အေးနေတယ်။ ကားဈေးကွက်က လည်း မန္တလေးမှာ ဈေးကွက်အေးတယ်။ ငွေဈေးကြည့်ပြန်တော့ မာနေတယ်။ ဒီနှစ်ရဲ့ ကျောက်အရောင်းအဝယ်က ယခင်နှစ်ကထက် အရောင်းအဝယ်ပိုပြီး ကိန်း ဂဏန်းကြီးလာတယ်။ ဒါကြောင့်အိမ်ခြံ မြေဘက်မှာ ကိန်းဂဏန်းတန်ဖိုးကြီးကြီး တွေပိုပြီး ရင်းနှီးမြူပ်နံှလာကြတယ်''ဟု ထွန်းသစ္စာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးတင်မောင်က ပြောကြားသည်။ ခင်မျိုးသွယ်
လေလံပွဲလေးများရှိလာပြီး စက်မှုဇုန်ထုတ် ကားအရောင်းပြခန်းများတိုးလာ ယခုလ၏ ရက်သတ္တပတ်အတွင်း ရန်ကုန်မြို့ကားဈေးကွက် အခြေအနေ မှာ ယခင်အတိုင်းပင် ဈေးကျဈေးအေး နေဆဲဖြစ်သော်လည်း အောက်ကားများ၊ CNG သုံး အငှားယာဉ်များ၊ ၂ဝဝ သိန်းနှင့် ၃ဝဝ သိန်းဝန်းကျင်သာဈေး ရှိသည့် စက်မှုဇုန်ထုတ် အဆင့်မြင့် ဟိုက်အေ့(စ်)ယာဉ်များသာ အရောင်း အဝယ်ရှိကြောင်း သိရသည်။ နေပြည်တော်တွင်လည်း လေလံ ပွဲများ ကြိုကြားကြိုကြားရှိနေပြီး ယခုလ ၂ဝ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် လေလံပွဲနှင့် ၂၈ ရက်နေ့တွင် ပြုလုပ်မည့် လေလံပွဲများသည် အိမ်စီးကား အနည်းငယ်သာပါဝင်နေပြီး ကားကောင်းများ နည်းပါးသည်ဟု သိရသဖြင့် လူအများ စိတ်ဝင်စားမှု၊ အထူးသဖြင့် ဝယ်ရောင်း များစိတ်ဝင်စားမှု နည်းပါးခဲ့သည်။ ဒီဇင်ဘာ ၂ဝ တွင်ပင် ရန်ကုန်တွင် ကားစီးရေ ၂ဝ ကျော်ပါဝင်သည့် လေလံပွဲ တစ်ခု အရောင်းဖွင့်ခဲ့ပြီး ရန်ကုန်တွင် ကားများရှိခြင်း၊ ကားကောင်းများ ပါဝင်မှု နည်းခြင်းတို့ကြောင့် လေလံ အောင်မြင်သူများကြောင်း သိရသည်။ သို့ရာတွင် ယခုပြုလုပ်သည့် လေလံပွဲများမှာ ကားများ ဈေးကျဆင်းနေမှုကြောင့် ယခင်ကလောက် စိတ်ဝင် စားမှုမရှိခဲ့ကြောင်း အပေါ်ဝိုင်းဝါရင့် အကျိုးဆောင်များထံမှ သိရသည်။ အငှားယာဉ် သတ်မှတ်ကာလပြည့်မီ သဖြင့် ယာဉ်အမည်ပေါက်များအား ပြန်လည်ရောင်းချပေးနေသော ပါရမီ အငှားယာဉ် အက္ခရာ ၉ခ များသည် ရောင်းအားမသွက်ဘဲ အရောင်းအဝယ် အေးနေသဖြင့် ငွေသွင်းကာလအား ယခုလကုန်အထိ တိုးမြှင့်ပေးထားပြီး ဈေးနှုန်းများမှာ ယခင်အတိုင်းဖြစ်ကာ ယခုကာလတွင် အနည်းငယ် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။ ယခုကာလအတွင်း လူသိများပြီး ကားပွဲစားတန်းအတွင်း အများဆုံးရှိ နေကာ လူသုံးများလာသောယာဉ်များ မှာ စက်မှုဇုန်ထုတ်အဆင့်မြင့် စူပါကပ် ဟိုက်အေ့(စ်)ယာဉ်များဖြစ်ပြီး ကား ဈေးများမှာ ကျနေသည့်ကြားမှာပင် သတ်မှတ်ဈေးတစ်ခု ဆွဲတင်လာနိုင် ကြောင်း၊ အဆင့်မြင့်ဇုန်ထုတ်ကား အရောင်းဌာနများမှာလည်း အချက် အချာကျရာ လမ်းမကြီးများတွင်လည်း ကောင်း၊ ယာဉ်အင်ဂျင်ဆက်စပ်ပစ္စည်း များ အရောင်းဆိုင်များရှိရာ ကျောက် ကုန်းတစ်ဝိုက်တွင် ၎င်းလုပ်ငန်းတိုးခဲျ့ ဖွင့်လှစ်လာကြပြီး လူအများ စိတ်ဝင် စားမှု ယခင်ကထက် ပိုလာသည်ကို တွေ့ရကြောင်း အပေါ်ဝိုင်းမှ ဝါရင့် ယာဉ်အကျိုးဆောင်မှ ပြောသည်။ SN
အဆင့်မြင့်စက်ပစ္စည်းများ ထုတ်လုပ်မည့် စက်မှုဇုန်တစ်ခု ထူထောင်ရန်စီစဉ် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် အဆင့်မြင့်စက် ပစ္စည်းများ ထုတ်လုပ်မည့် စက်မှုဇုန် တစ်ခု ထူထောင်လုပ်ကိုင်ရန် စီစဉ်နေ ပြီဖြစ်သည်။ ''အဆင့်မြင့် စက်ပစ္စည်းတွေနဲ့ အကြီးစား ကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်မဲ့ နွားထိုးကြီး စက်မှုဇုန်ဟာ မြင်းခြံ-နဘူးအိုင်လမ်း၊ မိုင်တိုင် ၄၇၂/၂ ပေါ်မှာ တည်ရှိပါတယ်။ စက်မှုဇုန် အကျယ်အဝန်းက ဧက ၆ဝဝဝ ကျော် ပါ။ အခုတောင်ကတုံးတွေ ရှင်းလင်းပြီး တိုင်းတာနေတဲ့အဆင့်ထိရောက်နေပါတယ်။ ဧက ၁ဝဝဝ ကျော်ပြီးစီးပြီးဖြစ် ပါတယ်။ ဒီစက်မှုဇုန်မှာ အမှတ်(၂)စက် မှု ဝန်ကြီးဌာနကနေ ကားအိပ်ဇော ပစ္စည်းတွေ၊ မြင်းခြံ-ဆားခါးကျေးရွာမှာ ရှိတဲ့သံမဏိစက်ရုံကထွက်တဲ့ ကုန်ကြမ်း တွေကို အသုံးပြုပြီး စက်ရုံအဆောက် အအုံတွေရဲ့ ှStructure ထုပ်၊ ယောက်၊ ဒိုင်းမြှားတွေကို သံမဏိနဲ့ ကုန်ချောတွေ ထုတ်လုပ်ကြတယ်။ ဒါ့အပြင် စက်မှု လက်မှုသိပ္ပံအထက်တန်း ကျောင်းကို လည်း ဖွင့်လှစ်မယ်လို့သိရပါတယ်'' ဟု ယင်းစီမံကိန်းတွင် ပါဝင်စီစဉ်သူတစ်ဦး က ပြောကြားသည်။အဆိုပါစီမံကိန်းကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ပြီး ယင်းစီမံကိန်းမှာ နွားထိုးကြီးမြို့ နယ် ချဉ်ပျစ်ကျင်းကျေးရွာနှင့် ကုတ် ကဲကျေးရွာကြားတွင် တည်ရှိကြောင်းသိရှိသည။် ခင်မျိုးသွယ်