Background
ရန်ကုန် ကားဈေးကွက် အရောင်းအဝယ်ပါးပြီး အေးစက်လျက်ရှိ ရန်ကုန် ကားဈေးကွက် ရန်ကုန်မြို့ ကားဈေးကွက်၏ လက်ရှိအခြေအနေမှာ ရောင်းအားများနေပြီး အဝယ်သမားရှားကာ အေးတိအေးစက်ပင်ဖြစ်နေသည်ဟု ဆိုရမလိုဖြစ်သည်။နိုင်ငံတော်လေလံပွဲများထပ်မံ၍ အနည်းအကျဉ်းရှိသော်လည်း ယခင်လိုလူအများ စိတ်ဝင်စားမှုမရှိတော့ဘဲ အသွားနည်းပြီးအဝယ်လည်း နည်းခဲ့သည်ဟုသိရသည်။ မြို့တွင်းရှိ ကားပွဲစားတန်းများတွင် ညနေခင်းသာလူစည်ကားနေတတ်သည်။ သို့ရာတွင်အရောင်းအဝယ်ဟူ၍ ဟုတ်တိပတ်တိမဖြစ်ဘဲ မေးပြန်ကြည့်ပြန်သာများကြောင်း၊ နေ့လယ်နေ့ခင်းပိုင်းများတွင် လူအဝင်နည်းပြီး ကားများလည်း ယခင်လို လာမထိုးကြကြောင်း ဝိုင်းတွင်းရှိ အခံပွဲစားများကပြောသည်။ ရန်ကုန်ကားဈေးကွက် ထဲသို့ အရောင်းကားများ ဝင်ရောက်မှုမှာ ယခုအခါတွင် ယခင်ကထက်ပို၍ နေရာစုံ မှဝင်ရောက်လာပြီး လတ်တလော ဦးပိုင်မှသုံးစွဲပြီး အငှားယာဉ်အသန့်များ သိန်းလေးရာအောက် ဈေးတန်းတစ်ရပ်ဖြင့် ဝင်ရောက်လာကြောင်း ယင်းကားများမှာ ၂ တပေ (၂ မျိုးသုံး)ယာဉ်များဖြစ်ပြီး နံပါတ်အနီမှအနက်သို့ ပြောင်းနိုင်သော်လည်း အခွန်ကြေးပါ ထည့်တွက်လျှင်သိန်းလေးရာ ပြန်ကျော်သွားသဖြင့် ဝယ်သူနည်းနေ ကြောင်း၊ အဖွဲ့အစည်းသွင်း နောက်ဆုံးအက္ခရာယာဉ်သစ်များလည်း ဝင်ရောက် နေပြီး ယခုအခါ ရွေးစရာများနေသဖြင့် ဝယ်သူဈေးကွက်ဖြစ်ကာ ဝယ်မည်ဆိုပါ ကလည်း အက္ခရာမြင့်၊ မိုဒယ်မြင့် အခွန်ဆောင်ပြီးကားသန့်များသာ ဝယ်ယူတတ် ကြကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင်ကိုမြင့်ကျော်မှ ပြောသည်။ ကားဈေးတန်းမှာ ဆက်တိုက်ကျဆင်းနေသဖြင့် အက္ခရာ ၄ဂ/၅ဂ ပေါက် ကားသစ်များလည်း သင့်တော်သည့်ဈေးတန်း ဆင်းစေသော်လည်း အဝယ်နည်း လျက်ရှိပြီး ရောင်းလိုသူသာများကြောင်း၊ ယခင်ရှိပြီး ဂျပန်ကားဟောင်းများဆိုလျှင် အတော်ကြီးသန့်မှသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ အချို့ လိုအပ်ချက်ရှိသည့် (လျော့သည့်) ကားများမှာ ဈေးများများလျော့၍ ဖြစ်အောင် ရောင်းသွားတတ် ကြောင်း၊ ကျောင်းဖွင့်ရာသီအစကဖြစ်ခဲ့သည့် ဈေးနှင့်နှိုင်းယှဉ်လျှင် ၃ ချိုး ၁ ချိုး ခန့်(သို့မဟုတ်) ထက်ဝက်ခန့် ကျဆင်းသွားသဖြင့် ဖြစ်ပေါ်လာမည့် အခြေအနေ မှန်း၍မရကြောင်း ၎င်းမှပြောသွားသည်။ SN
နေပြည်တော်တွင် ကျင်းပမည့် ကားလေလံပွဲ စိတ်ဝင်စားသူနည်းပါး နေပြည်တော်ရှိ ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနတွင် နိုဝင်ဘာလ ၂၃ရက် နံနက် ၉ နာရီမှစ၍ အသုံးမလိုပိုလံျှမော်တော်ယာဉ် ၅၁စီး၊ ဆိုင်ကယ် ၁၈၃ စီးနှင့် ယခင်လေလံမအောင်ကျန်ရှိ မော်တော်ယာဉ် ၃၄ စီးတို့ကို One Stop Service ဈေးပြိုင်အိတ်ပိတ်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံပွဲတွင် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ကားများ၊ အများဆုံး ပါဝင်လျက်ရှိပြီး လူကြိုက်များသည့် ဗင်နှင့် ဆလွန်းကားများလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။ '' ဒီတစ်ခါလေလံပွဲက ကားပွဲစားတွေ ကြိုက်တဲ့ ကားနည်းတယ်၊ သွားတဲ့သူလဲ နည်းမှာပါ၊ အရင်ပွဲကလဲသွားတဲ့သူ နည်းခဲ့တဲ့အပြင် ကြမ်းခင်းဈေးတောင် မမီဘူး'' ဟု ကားပွဲစားတစ်ဦးက ပြောကြားသည်။ အဆိုပါ ကားလေလံပွဲတွင် မစ်ဆူဘီရှိ၊ ဟွန်ဒါစသည့် ဝက်ဂွန်အမျိုးအစား ကားခြောက်စီး၊ တိုယိုတာမတ်တူး၊ တိုယိုတာကိုရိုလာ၊ တိုယိုတာ Camary စသည့် ဆလွန်းကား အမျိုးအစား ၂၁ စီး၊ တိုယိုတာကယ်ဒီးနား၊ တိုယိုတာကော်ရိုလာ၊ မစ်ဆူဘီရှီစသည့် ဗင်အမျိုးအစားကား ၁၄ စီးနှင့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် တရုတ် နိုင်ငံထုတ်ကား စုစုပေါင်း ၃၆ စီးပါဝင်ကြောင်း၊ ဆိုင်ကယ်များတွင် Kenbo၊ Shayon Feiling၊ Toyota ၊ London စသည့် မော်တော်ဆိုင်ကယ်များပါဝင်ပြီး ငါးစီးကို Lot တစ်ခုပါဝင်ကြောင်း သိရသည်။ အဆိုပါလေလံပွဲတွင် ပါဝင်သည့်ကားများသည် ပူတာအို၊ လားရှိုး၊ မူဆယ်၊ လွယ်ဂျယ်၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွှေညောင်၊ ကျိုင်းတုံစသည့် မြို့များတွင်ရှိကြောင်း သိရသည်။ '' ပြီးခဲ့တဲ့လေလံပွဲမှာ လေလံအောင်တာ နည်းတဲ့ အပြင် ကားပွဲစားတွေ လိုင်စင်ဝင်တဲ့ယာဉ်တွေကို စိတ်ဝင်စားတာ များနေကြတဲ့ အတွက် သွားတဲ့သူနည်းတယ်'' ဟု လေလံပွဲစားတစ်ဦးက ပြောကြားသည်။ ယခု နောက်ပိုင်းကျင်ပသည့် လေလံပွဲများတွင် လာရောက်လေလံဆွဲသူများ အဆင်ပြေစေရန် တစ်နေရာတည်းတွင် အပြီးအပြတ်ဆောင်ရွက်ပေးသည့် One Stop Service ပေးလျက်ရှိသည်။ လေလံတင်ရောင်းချပွဲများကို စိတ်ဝင်စားသူနည်းပါး လာသည့်အတွက် ကြမ်းခင်းဈေးများသည် တစ်ပွဲနှင့်တစ်ပွဲ ကျဆင်းလာနိုင်ကြောင်း သိရသည်။ ယခုလေလံပွဲတွင် ဝယ်ယူခွင့်ရရှိကြမည့်သူများသည် လေလံပွဲအပြီး နောက် တစ်ရက်နေ့တွင် နောက်ဆုံးထား၍ အောင်မြင်ငွေအား အပြီးပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ ကိုဖြိုး
ရောင်းသူ၊ ဝယ်သူမရဲကြသည့် အခြေအနေကြောင့် ကားဈေးကွက်အေး ရန်ကုန်မြို့ ကားဈေးကွက်အတွင်း တွင် ရောင်းသူနှင့်ဝယ်သူ နှစ်ဦးစလုံး မရောင်းရဲ၊ မဝယ်ရဲ အခြေအနေများ ကြောင့် အရောင်းအဝယ်များ အေးနေကြောင်း ဟံသာဝတီ ကားဝယ်ရောင်းစ ခန်းမှ ပွဲစားတစ်ဦးကပြောကြားသည်။ ''အခုဈေးကွက်ထဲမှာ ရောင်းသူ ကလည်း ထုတ်မရောင်းရဲသလို ဝယ်သူ ကလည်း သိပ်မဝယ်ရဲကြဘူး၊ စဉ်းစား ချင့်ချိန်နေကြတယ်။ ကားဈေးတွေက လည်း မငြိမ်ဘူးဖြစ်နေတယ်။ ခုပြော နေတုန်းတစ်ဈေးပေါက်ရင် နောက် ၅ မိနစ်လောက်ဆိုရင် ဈေးကတစ်မျိုး ပြောင်းချင်ပြောင်းသွားတာ၊ ဈေးကအတည်သတ်မှတ်လို့မရဘူးဖြစ်နေတယ်။ အကုန်လုံးက ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြတယ်။ အခုဈေးကွက် ထဲမှာ အိမ်သုံးဇုန်ထုတ်ကားအနည်းငယ် ပဲအရောင်းအဝယ်ရှိတယ်။ ကျန်တဲ့ကား တွေကတော့ အေးနေတယ်'' ဟုယင်း ကပြောကြားသည်။ အဆိုပါရန်ကုန်ဈေးကွက်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့ သော ကားဈေးနှုန်းများမှာ CE ကျပ် သိန်း ၂၅ဝ၊ R+IC ကျပ်သိန်း ၂၄ဝ ဝန်းကျင်၊Tip Top ကျပ်သိန်း ၂၄ဝ ဝန်းကျင်၊Honda ၄(ဂ) ကျပ်သိန်း ၄ဝဝ၊ ဖင်ကောက် ကျပ်သိန်း ၄ဝဝ ဝန်းကျင်၊Light Truck ကျပ်သိန်း၁၂ဝ ဝန်းကျင်၊Mark II ၉၉ မော်ဒယ်လ် ကျပ်သိန်း ၆ဝဝ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။ မင်းသန့််
ဆောင်းရာသီအအေးဓာတ်နဲ့အတူ အေးစက်ခဲ့သည့် မန်းမြေကွက်အချို့ ကထိန်ရာသီနှင့်အတူ တက်ဈေးများဖြစ်ပေါ် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်းနှင့် ၇၃ လမ်းကြား၊ ဟုမ်ပန်း လမ်း(ငုရွှေဝါ)လမ်းပေါ်ရှိ မြေကွက်များ မှာ ယခင်ဈေးအေးပြီး အရောင်းအဝယ် အေးခဲ့ရာမှ နိုဝင်ဘာလဒုတိယပတ်တွင် တက်ဈေးများဖြစ်ပေါ်ပြီး အဝယ်ဆင်း လျက်ရှိကြောင်း သိရပါတယ်။ ''၆၈ လမ်းနှင့် ၇၃ လမ်းကြား၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားမှာ အမျိုးသားအားကစားဥယျာဉ် စီမံကိန်း (မန္တလေး)ကိုတည်ဆောက်ဖို့ အကောင် အထည်ဖော်မှာဖြစ်တဲ့အတွက် ငုရွှေဝါ လမ်းပေါ်က မြေကွက်တွေ ဈေးတက် လာခဲ့တာ။ ဈေးကွက်အရ တက်ရိပ်ရှိတဲ့ အတွက် ရောင်းမယ့်သူက မရောင်းကြသေးဘူး။ ဝယ်မယ့်ကုန်သည်ရှိပေမဲ့ ရောင်းမယ့်သူမရှိလို့ အရောင်းအဝယ် အေးနေတယ်။ နိုဝင်ဘာ ၄ ရက်နေ့က ၄ ကွက်တွဲကို သိန်း ၆ဝဝဝ ကျပ်နဲ့ ဝယ်ခဲ့တာကို ရောင်းတဲ့သူက သိန်း ၇ဝဝဝ ကျပ်နဲ့ပြန်ဝယ်တာတောင် ဝယ်တဲ့သူက ပြန်မရောင်းတော့ဘူး။ ခုနောက်ပိုင်း အရောင်းအဝယ်ဖြစ်ခဲ့ ရင်လည်း ခေါ်တဲ့ဈေးဖြစ်မှာပဲ'' လို့ မန္တလေးမြို့သစ်ရှိ မြေအကျိုးဆောင် လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ယခင်အေးစက်လျက်ရှိတဲ့ ချမ်းမြ သာစည်မြို့သစ်၊ သဲဖြူကုန်းရပ် ''ဆ'' ရပ်ကွက်များမှ မြေကွက်များမှာ ငုရွှေဝါလမ်းပေါ်၊ ၆၈ လမ်းနဲ့ ၇၃ လမ်းကြား''ဆ-၁''၊ ''ဆ-၂'' တွင် ပေ ၄ဝx၆ဝ တစ်ကွက်လျှင် သိန်း ၁၂ဝဝ ကျပ် ဈေး ရှိခဲ့ရာမှ လတ်တလောတွင် သိန်း ၁၉ဝဝ ကျော်နဲ့အထက်ရှိပြီး အရောင်းပါး ကြောင်းသိရပါတယ်။ ကြားကွက်များမှာ သိန်း ၅ဝဝ ကျပ်ဝန်းကျင်ရှိပြီး၊ လူ ကြိုက်နည်း၍ ဈေးအေးလျက်ရှိပြီး၊ မနော်ဟရီလမ်းနဲ့နီးတဲ့ ''ဆ'' အကွက် များမှာ ဈေးပိုကြောင်း သိရပါတယ်။ မန္တလေးမြို့သစ်ရှိ အချို့မြေကွက်များမှာ ခရစ္စမတ်ပွဲတော်အပြီးတွင် အရောင်း အဝယ်ဖြစ်လိမ့်မယ်လို့ မန္တလေး မြေ အကျိုးဆောင်များထံက သိရပါတယ်။ ဇူးဇူး
ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများရှိ အိမ်ခြံမြေ အရောင်းလုံးဝနီးပါးမရှိ ရန်ကုန်မြို့၏ အဓိကလမ်းမကြီး များ၏အိမ်ခြံမြေများသည် အရောင်း မရှိဘဲ ဈေးနှုန်းများမှာ အဆမတန် မြှင့်ထားကြကြောင်းသိရသည်။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများ ဖြစ်သည့် ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်-အင်းစိန်လမ်း၊ ပြည်လမ်း စသည့်တို့တွင် လမ်းမတန်း အိမ်ခြံ မြေများသည် ရောင်းချလိုခြင်းမရှိကြ သည့်အတွက် ခေါ်ဈေးနှုန်းများကို မြှင့်တင်ထားကြကြောင်း သိရသည်။ ''အကွက်ကောင်းပြီးအလားအလာရှိတဲ့ အိမ်ခြံမြေတွေဆိုရင် ရင်းနှီးမြုပ်နံှတဲ့သူတိုင်းက ရောင်းချလိုခြင်းမရှိကြတော့ ခေါ်ဈေးတွေမြှင့်ထားကြတယ်''ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောကြားသည်။ ထိုသို့ ခေါ်ဈေးနှုန်းများမြှင့်တင်ထား ရခြင်းမှာ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြူပ်နံှမှုများကြောင့် အိမ်ခြံမြေဈေးနှုန်းများ အထက်ပိုင်းတွင်သာ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေးအရ အချက်အချာကျသည့် မြို့တွင်းအဓိက လမ်းမကြီးများဖြစ်သည့် အနော်ရထာလမ်း၊ ဗိုလ်ခုျပ်လမ်း၊ မဟာဗန္ဓုုလလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းတို့ရှိ မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းများသည်လည်း အလားအလာကောင်းများရှိနေသဖြင့် မဖြစ်မနေမှလွဲ၍ ရောင်းချခြင်း မပြုလုပ်ကြကြောင်း သိရသည်။ ''မြို့တွင်းမှာက ကုမ္ပဏီရုံးခန်းတွေ ဖွင့်လှစ်ဖို့စိတ်ဝင်စားကြတယ်။ ဆိပ်ကမ်းတွေနဲ့နီးတဲ့ နေရာတွေပိုပြီး အလားအလာကောင်းတယ်''ဟု ၎င်းကဆက်လက်ပြောကြားသည်။ ထိုသို့ အိမ်ခြံမြေဈေးကွက်သည် အလားအလာကောင်းများ ရှိနေသဖြင့် အခြားဈေးကွက်များဖြစ်သည့် ကားနှင့် ရွှေဈေးကွက်များသာမက ကျောက်လုပ်ငန်းရှင်များပါ ဝင်ရောက် ရင်းနှီးမြှုပ်နံှလာကြကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နံှလာကြခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများသည် မြင့်တက်နေရခြင်းဖြစ်ပြီး ၎င်းနှင့်ဆက်စပ်၍စက်မှုဇုန်မြေကွက်များပါ လိုက်ပါမြင့်တက်နေကြကြောင်း၊ စက်မှုဇုန်များတွင် လှိုင်သာယာစက်မှုဇုန်သည် စက်ရုံအလုပ်ရုံများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့်အပြင် ပြည်ပရင်းနှီးမြူပ်နံှသူများအတွက် အရေးကြီးသည့် လုပ်သား ပေါများခြင်းကြောင့် အလားအလာကောင်းများရှိနေကြောင်း သိရသည်။ ကိုဖြိုး
ကားဈေး ကျဆင်းနေသော်လည်း အရောင်းအဝယ် ခပ်နည်းနည်းသာရှိနေ သီတင်းကျွတ်ပွဲတော်အပြီး ရန်ကုန်မြို့ရှိ ကားပွဲစားတန်းများတွင် လူပြန်စည် ကားလာသော်လည်းအရောင်း အဝယ်မှာမူ များများစားစားမရှိဘဲ တစ်စီးတစ်လေ သာဖြစ်ကာ သိန်း ၅ဝဝ အထက် တန်ဖိုးရှိ လိုင်စင်သစ်ရ ယာဉ်အချင်းချင်း အလဲ အထပ်လုပ်လာကြကြောင်း သိရသည်။ တစ်စီးတစ်လေ အရောင်းအဝယ်ဖြစ်သည့်ကားများမှာလည်း အပေါ်ကား သန့်ပြီး လက်ရှိဈေးကွက်ပေါက်ဈေးထက် လျှော့ရောင်းပေးမှသာ ဝယ်ကြကြောင်း ယခုတလော အလဲအထပ်သာများလာကြောင်း အပေါ်ဝိုင်း ဝါရင့်အကိုျးဆောင် ကိုမြင့်ကျော်မှပြောသည်။ အပေါ်ဝိုင်းထဲရှိ လူစည်ကားရာ မျက်နှာစာတန်းများ တွင် လိုင်စင်သစ်ရ၊ အက္ခရာတန်း ၄ဂ/၅ဂ ပေါက်ကားများ၊ ပုံဆန်းကားသန့်များ နေရာယူထားကြပြီး ဈေးကွက်တွင်ရှိနှင့်ပြီး ဂျပန်ကားဟောင်းများမှာ အပေါ်ဝိုင်း အတွင်းရှိ အတွင်းလမ်းများတွင် ထိုးလာကြကြောင်း၊ အဆိုပါကားများ အရောင်းအဝယ်ဖြစ်သည်မှာ ပိုနည်းပြီး တစ်စီးတစ်လေဖြစ်သည့်ကားများမှာလည်း သန့်ပြီး ဈေးတန်သည့်ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ လတ်တလော အက်(စ်) အီးလီမိတက် (၉၂) ခုနှစ်ထုတ်ပုံစံ အက္ခရာ ၅က(ဓာတ်ဆီ) အား သိန်း ၂၆ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယခင်လကပြုလုပ်ပြီးသွားသည့် လေလံပွဲမှကားများမှာ ဝိုင်းထဲသို့ အရောက် နည်းပြီး ယင်းသို့ဖြစ်ရသည်မှာ ဈေးမကိုက်သဖြင့် အဆွဲနည်း၍ဖြစ်ကြောင်း၊ အဝယ် သမားများမှာလည်း အခြားလေလံကားထက် အခွန်ဆောင်ပြီး လိုင်စင်သစ်ယူ ထားသည့် ကားသန့်များသာ စိတ်ဝင်စားကြကြောင်း သိရသည်။ သို့ရာတွင် ယခုလတ်တလော လူစီးများလာသည်မှာ စက်မှုဇုန်ထုတ် လူ ၇ဦး/ ၈ဦးဆံ့ (အမ်ပီဗီယာဉ်) ဟိုက်အေ(စ့်)စူပါကပ် စတန်ယာဉ်များပင်ဖြစ်ပြီး ယခုမှ ကားဝယ်ရန်စီစဉ်သူများမှာ မိသားစုကျယ်ကျယ်ပြန့်ပြန့်စီးနင်းနိုင်သော ၎င်း ယာဉ်များအား ရွေးချယ်ကြပြီး ဈေးနှုန်းမှာလည်း ၂ဝဝ ကျော် ၃ဝဝ ဝန်းကျင်ခန့်သာ ရှိပြီး ကားအသစ် စီးနင်းရသောကြောင့်ဖြစ်ကြောင်း သိရသည်။ SN
မြတ်မန္တလာထွန်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ Member Card များထုတ်ပေး မြတ်မန္တလာထွန်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ Member များထုတ်ပေး မြတ်မန္တလာထွန်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ စီးနေကျခရီးသည်များ အား ဂိတ်များမှာ Member အထူးအခွင့်အရေးကတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ Member Card ဖြင့် လက်မှတ်ဝယ်ယူပါက ၁ဝဝဝ ကျပ် လျှော့ပေးမည် ဖြစ်ရာ ၎င်းကတ်ပြားကို မြတ်မန္တလာထွန်းဂိတ်ရှိရာ ရန်ကုန် အောင်မင်္ဂလာ ကား ကွင်းနဲ့ အောင်ဆန်းကွင်း၊ မန္တလေးချမ်းမြရွှေပြည်ကားကွင်းနဲ့ ၈၃ လမ်း ၃၂ လမ်းနဲ့ ၃၃ လမ်းကြား၊ စစ်ကိုင်းဇေယျာသီရိရုပ်ရှင်ရုံရှေ့၊ ပြင်ဦးလွင် စံပြ-၂ စားသောက်ဆိုင်၊ လားရှိုး မန်ဆူစုပေါင်းကားကွင်းတို့တွင် လက်မှတ်ဝယ်ယူတဲ့အကြိမ်တိုင်း ယင်း ကတ်ပြ အသုံးပြုနိုင်ကြောင်း သိရပါသည်။ ' Member Card ကို လိုင်းအားပေးနေတဲ့ မိတ်တွေ အပေါင်းအသင်း၊ ခဏခဏစီးတဲ့သူတွေ၊ တစ်ဦးထဲနဲ့ လက်မှတ်များများဝယ်တဲ့သူတွေကို ထုတ်ပေး တာ။ ခရီးသွားလာမှုများတဲ့အပေါ် မူတည်ပြီး ကိုယ့်ယာဉ်လိုင်း အားပေးနေကျ သူတွေကို မေတ္တာလက်ဆောင်အနေနဲ့ စီစဉ်ခဲ့တာပါ'လို့ မြတ်မန္တလာထွန်း ခရီးသည် ပို့ဆောင်ရေးမှ ဥက္ကဋ္ဌ ဦးအေးဇော်က ပြောပါတယ်။ အဆိုပါ ယာဉ်လိုင်းစီးနေကျ ခရီးသည်များအနေနဲ့ Member Card များကို လိုင်းရှိရာဂိတ်များမှာ ထုတ်ယူ နိုင်ကြောင်း သိရပါတယ်။ ဇူူးးဇူူး
နိုဝင်ဘာလဆန်းပိုင်း ရုံးခန်းအငှားများ ဆက်ရှိနေ ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် အရောင်းဈေးကွက် အေးလာသော် လည်း နိုဝင်ဘာလဆန်းပိုင်းတွင် ရုံးခန်း အငှားများဆက်ရှိနေကြောင်း အိမ်ခြံ မြေ ကုမ္ပဏီများက သိရသည်။ '' အိမ်ခြံမြေ အရောင်းအဝယ် ဈေး ကွက်က ရွေးကောက်ပွဲ နီးနေတာ ကြောင့်လဲပါတယ်။ နောက်တစ်ချက် က မြန်မာငွေတန်ဖိုး မြင့်လာတာ ကြောင့်လည်းပါတယ်။ အရင်က ၁ ဒေါ်လာကို မြန်မာငွေ ၁ဝဝဝ လောက် ရှိနေရာက အခုဆိုရင် ၁ ဒေါ်လာကို ၉ဝဝ ဝန်းကျင်ရှိပါတယ်။ ဒါကြောင့် မြေကွက်အရောင်းအဝယ် ဈေးကွက် အေးနေပေမဲ့ ရုံးခန်းအတွက် အငှား တွေ ဆက်ရှိနေပါတယ်။ နိုဝင်ဘာလ ဆန်းထဲမှာ မြေညီထပ် တိုက်ခန်း (ဖုန်းပါ) တစ်လကို ကျပ် ၄ သိန်းခွဲ၊ ကမ္ဘာအေးဘုရားလမ်းပေါ်က တိုက် ခန်း ပထမထပ်ကို ကျပ် ၃ သိန်းခွဲနဲ့ ဗဟန်းမြို့နယ်ထဲမှာ အငှားဖြစ်ခဲ့တယ်။ အင်းလျားလမ်းပေါ်မှာ ရုံးခန်းအတွက် ၂၅ ကောင် မော်တာသုံး ဆီစက်အသေးကို မန္တလေးစက်မှုဇုန်၊ မြန်မာသံလွင်စက်ရုံမှ စတင်ထုတ်လုပ် တစ်လ ဒေါ်လာ ၁၂ဝဝ နဲ့ အငှားတည့် ခဲ့တယ်။ လူနေဖို့ တိုက်ခန်းအငှားအနေနဲ့ ပြည်လမ်းပေါ်က တော်ဝင်သီရိကွန်ဒို တစ်လကို ကျပ်သုံးသိန်းခွဲ၊ ဗဟန်းမြို့ နယ်ထဲက ဒဂုံတာဝါမှာ တစ်လကို ကျပ် နှစ်သိန်းနဲ့ အငှားဖြစ်ခဲ့တယ်''ဟု ယူနတီ ကုမ္ပဏီက ဦးဇော်ဇော်က ပြောကြား သည်။ ခင်မျိုးသွယ်
မန္တလေးမြို့ အရှေ့ ခြမ်း မြို့သစ်မှာ မြရည်နန္ဒာဈေး ဆောက်လုပ် မန္တလေးမြို့ အရှေ့ခြမ်း၊ မြို့သစ်မှာ ၄၅ လမ်းနဲ့ လမ်း ၅ဝ ကြား၊ မဉ္ဇူလမ်းနဲ့ ခတ္တာလမ်းကြားတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ရဲမြန်မာ ဆောက်လုပ်ရေးတို့ အကိုျးတူပူးပေါင်း၍ မြရည်နန္ဒာဈေးသစ်ကြီးကို ဆောက်လုပ်လျက်ရှိကြောင်း သိရပါတယ်။ မြရည်နန္ဒာဈေးသစ်ကြီးကို ယခင်လမှ စတင်ဆောက်လုပ်လျက်ရှိရာ တစ်နှစ်ခွဲ စီမံကိန်းဖြင့် ဆောက်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဈေးဆိုင်ခန်းများမှာ အထည်ဆိုင်ခန်း ၁၈၆ ခန်း၊ ပံျကျ ၆၇၂ ခန်းနဲ့ လူနေတိုက်ခန်းပါ ဈေးဆိုင်ခန်း နှစ်ထပ် RC ၅၁ ခန်းဆောက်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။ ရဲမြန်မာ ဆောက်လုပ်ရေးတာဝန်ခံ ကိုရဲလင်းက '' လက်ရှိရောင်းနေတဲ့ ဈေးသူဈေးသားတွေအတွက် ပံျကျဈေးဆိုင်ခန်းနဲ့ အထည်ဈေးဆိုင်ခန်းကို ၅ လ စီမံကိန်းနဲ့ အရစ်ကျ ၃ ရစ်နဲ့ ရောင်းချပေးနေပြီး အထည်ဆိုင်ခန်းများကို ဦးရာ လူစနစ်နဲ့ ရောင်းချပေးမှာဖြစ်ပြီး ပံျကျဈေးဆိုင်ခန်းကို မဲစနစ်နဲ့ရောင်းချပေးမှာ ဖြစ်တယ်။ လူနေတိုက်ခန်းက ၁၅ ပေx ၄ဝ ပေအကျယ်ရှိပြီး မြေလွတ် ၁ဝ ပေရှိ တယ်။ ပိုင်ဆိုင်မှုစာအုပ်ထုတ်ပေးမယ်။ ဈေးအတွက် ရေ၊ မီး၊ ထရန်စဖော်မာ ထိုင်ပေးမယ်''လို့ပြောပါတယ်။ မန္တလေးမြို့မှာ ဈေး ၃၇ ဈေးရှိပြီး မြရည်နန္ဒာဈေး အပါအဝင် နေ့စဉ် ရောင်းရေးဝယ်တာများ ဆောင်ရွက်လျက်ရှိပါတယ်။ မြရည်နန္ဒာ ဈေးမှာ မန္တလေးမြို့သစ်အရှေ့ခြမ်းရှိ ''ဘဘ'' ၊ ''မမ'' ၊ ''ညည'' ရပ်ကွက်တွင် နေထိုင်သူများအတွက် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်သည့် ဈေးတစ်ဈေးဖြစ်ကြောင်းသိရပါတယ်။ ဇူူးဇူူး
၂၅ ကောင် မော်တာသုံး ဆီစက်အသေးကို မန္တလေးစက်မှုဇုန်၊ မြန်မာသံလွင်စက်ရုံမှ စတင်ထုတ်လုပ် ပြည်တွင်းဆီစက်လုပ်ငန်းများမှ မန္တလေးစက်မှုဇုန်နဲ့ စိန်ပန်းထုတ် ဆီစက်ကြီးများကို အဓိကထား အသုံးပြုလျက်ရှိရာ တစ်ပိုင်တစ်နိုင် အသုံး ပြုနိုင်မယ့် ၂၅ ကောင် မော်တာသုံးဆီစက်ကို မန္တလေးစက်မှုဇုန်၊ မြန်မာ သံလွင်စက်ရုံတို့မှ ယခုလမှစ၍ ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ယခင်က တစ်ပိုင်တစ်နိုင်သုံး ဆီစက်အသေးများကို တရုတ်နိုင်ငံမှ တင်သွင်းအသုံးပြုလျက်ရှိရာ ယခုလမှစ၍ မန္တလေးစက်မှုဇုန်မှ ထုတ်လုပ် လိုက်၍ သွင်းကုန်အစားထိုး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ မြန်မာသံလွင်စက်မှု၊ လက်မှုလုပ်ငန်းမှ ဦးမြင့်သန်းက 'လောလောဆယ် စက်အသေးကို တရုတ်ကသွင်းတာ သုံးရတယ်။ တရုတ်စက်က ဂျာလီ ကွင်းကျိုးပဲ့တဲ့အတွက် အခက်အခဲရှိလို့ စမ်းသပ်ထုတ်လုပ်တာ အောင်မြင် တယ်။ ဒီရက်ပိုင်း တရုတ်စက်လည်း အဝင်မရှိလို့လာမှာကြတယ်။ ကျွန်တော့် စက်ကို တရုတ်ပုံစံနဲ့ ထုတ်လုပ်တယ်။ ပဲဆံကြိတ်တဲ့အဝမှာ တရုတ်က အာလိန်နဲ့ ကျွန်တော်က ဒလက်ထည့်ထားတယ်။ စက်ကိုသံမဏိသံစိမ်း အပျော့စီးနဲ့ လုပ်ထားတယ်'လို့ ပြောပါတယ်။ တစ်နိုင်တစ်ပိုင်သုံး ဆီစက်များကို ၁၁ဝ မီလီမီတာနဲ့ ၁၃ဝ မီလီမီတာ အာလိန်ဆိုဒ်များ ထုတ်လုပ်လျက်ရှိပြီး ပဲဆံထည့်တဲ့အိုးမှာ ၂၁ လက်မ အကျယ်ဖြင့် ထုတ်လုပ်ထားကြောင်းသိရပါတယ်။ ၁၃ဝ မီလီမီတာရှိဆီစက်မှာ ကျပ် ၃၅ သိန်း၊ ၁၁ဝ မီလီမီတာရှိ ဆီစက်မှာ ကျပ် ၂၇ သိန်းဖြင့် ရောင်းချမည်ဖြစ်ပြီး၊ သံလွင်စက်မှုလက်မှု ၅၉ လမ်းနဲ့ ဖိုးရာဇာလမ်းထောင့် ံ ၂ဝ၁။၁ သို့ ဆက်သွယ်မှာယူနိုင်ကြောင်းသရိ ပါတယ။် ဇူးဇူး