Main menu

Background

Thursday, 18 Jun 2015

ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ ချင်းဈေးများ ယခင်အပတ်ထက် ကျပ် ၁၀၀ ခန့်ဈေးမြင့်လာပြီး၊ ပိဿာ ၃၀ ဝင်အိတ် ၃၀ ခန့်ပုံမှန်အဝင်ရှိနေတယ် ဆိုပေ မယ့် တချို့ရက်တွေမှာ တစ်ရက်လုံး အဝင်မရှိတဲ့နေ့တွေလည်း ရှိနေပါတယ်။ ပုံမှန် အားဖြင့် နယ်ဝယ်လက်များသာ    ဝယ်ယူနေတယ်လို့ ချင်းပွဲရုံများမှ  သိရပါတယ်။ ပြည်ချင်းပွဲရုံများမှာ ယခုတစ်ပတ်ချင်း တစ်ပိဿာကို (ဂျွန်) ၁၂၀၀ ကျပ်-၁၅၀၀ ကျပ်၊ (ရှယ်) ၁၆၀၀ ကျပ်-၂၀၀၀ ကျပ်ရှိပြီး၊ ပြည်ဈေးကွက်မှ တစ်ဆင့် ဧရာဝတီတိုင်း ဒေသကြီးနှင့်  ရခိုင်ပြည်နယ်သို့ ယခုတစ်ပတ်အတွင်း စားသုံးမှုအဖြစ် တစ်နေ့ ပိဿာချိန် ၃၀၀ ခန့်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                    
ဝင်းဝင်းခိုင်-ပြည်

Wednesday, 17 Jun 2015

မြန်မာ-ထိုင်း  နယ်စပ်ရှိ ကော့သောင်းစခန်းက ၂၀၁၅ ခုနှစ် မေလအတွင်း ပို့ကုန် ကန်ဒေါ်လာ ၃ ဒသမ ၁၂၁ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလ ဧပြီလထက် ကန်ဒေါ်လာ သုည ဒသမ ၁၂၉ သန်း ပိုမိုခဲ့ရခြင်းမှာ သီဟိုဠ်စေ့၊ ပုစွန်၊ ပင်လယ်ငါးရှဉ့်၊ ကင်းမွန်တို့ လျော့နည်းတင်ပို့ခဲ့သော်လည်း ငါးမျိုးစုံ၊ ရေဘဝဲ၊ ငါးလေးခြောက်နဲ့  ကဏန်းတို့ ပိုမိုတင်ပို့ နိုင်ခဲ့၍ ဖြစ်ပါတယ်။ ယမန်နှစ်ကာလတူဖြစ်သော ၂၀၁၄ ခုနှစ် မေလထက် သုည ဒသမ ၂၇၉ သန်းပိုမိုခဲ့ရခြင်းမှာ ပင်လယ် ငါးရှဉ့်၊ ရေဘဝဲတို့ လျော့နည်းတင်ပို့ခဲ့သော်လည်း သီဟိုဠ်စေ့၊ ရော်ဘာပင်အိုခြောက်၊ ငါးမျိုးစုံ၊ ပုစွန်၊ ငါးလေးခြောက်နဲ့ ကင်းမွန် ပိုမိုတင်ပို့ခဲ့၍ ဖြစ်ပါတယ်။

Wednesday, 17 Jun 2015

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၃၆၁ တန်ကျော်ဝင်
မေ ၃၁ ရက်မှ ဇွန် ၆ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၂၇၈၀၅၆၅   တန်ဖိုးရှိ ဓာတ်ဆီ ၂၁၄ ဒသမ ၄၆နဲ့ ကန်ဒေါ်လာ၉၄၇၀၀၁၆ တန်ဖိုးရှိ ဒီဇယ် ၁၄၇ ဒသမ ၀၄၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်သွင်းရန် သွင်းကုန် လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ ၁၈၂ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ  ၃၁ ဒသမ ၉၄ တန် အဝင်ပိုခဲ့တယ် လို့သိရပါတယ်။ ဒီဇယ်က ယခင်သီတင်းပတ်မှာ တင်သွင်းမှုလျော့ခဲ့ပြီး ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ဒီဇယ်ရော ဓာတ်ဆီပါ အဝင်ပိုခဲ့ပါ တယ်။

Pages