Main menu

Background

Wednesday, 9 Mar 2016

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှွန်ကြားမှုဦးစီးဌာနသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းများအား ယခင်ကထက် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရေး နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီမှတ်ပုံ တင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုလွယ်ကူစွာ ဖြန့်ဖြူးပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်အသစ်ကို မတ် ၇ ရက်မှစတင်ကာ ထုတ်လွှင့် လိုက်ပြီဖြစ်ေ ကြာင်း သိရ သည်။အဆိုပါဝက်ဘ်ဆိုက် အသစ်စတင် ထုတ်လွှင့်ရန်အတွက် မိတ်ဆက်ခြင်းအခမ်း အနားကို မတ် ၁ ရက်က ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ယင်း

Wednesday, 3 Feb 2016

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကာလအတွင်း ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်ထိ ဘိလပ်မြေ တန်ချိန် ၂၈ သိန်းကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၇ သန်းကျော်ဖိုးတင်သွင်းခဲ့ရာ ယမန် နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၁၇၃၁၃ တန် ပိုမိုတင်သွင်း နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့်တော့ ကန်ဒေါ်လာ ၁၀ သန်းကျော် လျော့နည်းခဲ့ပါတယ်။                                                                                          

MIRT

Wednesday, 3 Feb 2016

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကမြင့်တက်နေခဲ့သည့် မြန်မာ့ရွှေဈေး သည်ယခုတစ်ပတ်တွင်ဆက်လက် မြင့်တက်ခဲ့ကာ ကျပ်ခုနစ်သိန်းရှစ် သောင်းအထိ မြင့်တက်ခဲ့ပြီးမှ ပြန်လည်ကျဆင်းခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေးနှင့်အတူ  လိုက်ပါ မြင့်တက်ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်း ကမ္ဘာ့ရွှေဈေး နှင့်အတူ လိုက်ပါမြင့်တက်ခဲ့ပြီးနောက်  ရက်သတ္တပတ်၏နောက်ဆုံးရက်များ တွင် ပြန်လည်ကျ ဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ဈေးမြင့်တက်လာခြင်းကြောင့် ပြည် တွင်းရွှေဈေးကွက်တွင်  အဝယ်ထက်  အရောင်းပိုများလာခဲ့ပြီး  ဈေးကွက် အတွင်း ပြန်လည်ဈေးကျလာခြင်းဖြစ် ကြောင်း သိရသည်။

Wednesday, 3 Feb 2016

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဧည့်မထအုပ်စု မိုးစပါးပေါက်ဈေးနှုန်းမှာ ပုသိမ် မြို့နယ်တွင် ၄၆ ပေါင်တင်း၁၀၀ ကို ၅၈၀၀၀၀ ကျပ်ဈေး၊ ဆန်သစ်တစ်အိတ် ၂၂၀၀၀ ကျပ်၊ ကန်ကြီးထောင့်မြို့နယ် တွင် ၄၆ ပေါင် စပါးတင်း ၁၀၀ ကို ၅၀၃၀၀၀ ကျပ်ဈေး၊ ဆန်တစ်အိတ် ၂၂၀၀၀ ကျပ်ဈေး၊ သာပေါင်းမြို့နယ်တွင် ၄၆ ပေါင် စပါးတင်း ၁၀၀ ကို ၅၁၉၀၀၀ ကျပ်ဈေး၊ ဆန်သစ်တစ်အိတ် ၂၂၀၀၀ ကျပ်ဈေး၊ ငပုတောမြို့နယ်တွင် ၄၆ ပေါင်တင်း ၁၀၀ ကို ၅၃၆၀၀၀ ကျပ်ဈေး၊ဆန်တစ်အိတ်၂၁၅၀၀ ကျပ်ဈေး၊ ကျုံပျော်မြို့နယ် တွင် ၄၆ ပေါင်စပါးတင်း ၁၀၀ ကို ၅၂၄၁၀၀ ကျပ်ဈေး၊ ဆန်တစ်အိတ် ၂၁၀၀၀ ကျပ်ဈေးဖြင့်အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရပါ တယ်။ဒေသတွင်းဆန်စားသုံး

Thursday, 28 Jan 2016

ယခုတစ်ပတ် ပြည်ပဲဈေးကွက်သို့ ပဲပုပ်သစ်များ အဝင်ဆက်တိုက်ရှိလာလို့ တစ်ရက်ကို အိတ် ၅၀ မှ၁၀၀ ကျော်ထိ ဝင်ရောက်လာပြီဖြစ်ပါတယ်။ သို့သော်လည်း ဝယ်လိုအားအနေဖြင့် ဒေသတွင်းဝယ်လက်များမှ ဝယ်ယူနေတယ် လို့ သိရပါတယ်။ ပဲတစ်တင်းကို ၁၈၅၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက်လည်း ဈေးအနည်းငယ်ပိုလာသလို ယခင်နှစ်က ဈေး ထက်လည်း ဈေးပိုလာခဲ့ပါတယ်။ အခြားပဲများအားလုံးလိုလို ဈေးနှုန်းများ ၂၀၁၅ ခုနှစ်၊ နှစ်လယ်မှစ၍ ဈေးမြင့်တက် ခဲ့သော်လည်း ပဲပုပ်သီးနှံကတော့ ယခင်နှစ်ကရော ယခုနှစ်အတွင်းမှာပါ အခြားပဲများနှင့် ယှဉ်ရင်ဈေးအေးနေခဲ့တဲ့ ပဲသီးနှံဖြစ်ခဲ့ပါ တယ်။
ခင်ဆွေဝင်း-ပြည်  

Thursday, 28 Jan 2016

 ပြည်ဆန်စပါးရောင်းဝယ်ရေးတွင် ဇန်နဝါရီလ စတုတ္ထပတ်တွင်အရောင်းအဝယ်အေးပြီး တွက်ခြေမကိုက်တာကြောင့်ဆန်ကုန်သည်ပွဲစားများအလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။ ယခုသီတင်းပတ် နတ်တလင်းတောင်ပျံမွှေးစပါး (အချော)ကတော့ အရောင်းအဝယ်အေးပြီး စပါးဈေးတွေလည်း အနည်းငယ် ပြန်ကျလာ ပါတယ်။ စပါးဈေးတင်း ၁၀၀ (၄၆ ပေါင်ကိုက်) မှာ ၇၁၇၆၀၀ ကျပ်ထိ ပြန်ကျလာပြီး ဆန်တစ်အိတ်ကို ၂၈၀၀၀ ကျပ်နဲ့ ၂၉၀၀၀ ကျပ်တို့ ဖြစ်နေပါတယ်။ပြည်ဧည့်မထစပါးဈေးတွေကတော့ ဈေးမြောက်နေပြီး ဆန်ဈေးငြိမ်နေတာကြောင့် တွက်ခြေမကိုက်ဘဲ အရောင်းအဝယ်လည်းမဖြစ်ဘူးလို့ သိရပါတယ်။ ဧည့်မထစပါးတင်း ၁၀၀ (၄၆ ပေါင်ကိုက်) ၅၅၀၀၀၀ ကျပ်ဖြစ်ပြီး၊ ဆန်တစ်အိတ်ကို ဆင်းသွယ်လတ် ၂၄၀၀၀ ကျပ်၊ ရတနာတိုး  ၂၁၀၀

Friday, 15 Jan 2016

ပြည်ဈေးကွက်သို့ နှစ်ကုန်မှစ၍ ပဲပုပ်သစ်များစတင်ဝင်ရောက်လာခဲ့ရာယခုနှစ်ဆန်းပိုင်းမှာလည်း ဆက်တိုက်ဝင်ရောက်လာ တဲ့အတွက် တစ်ရက်အိတ်၅၀ ကျော်ဝင်ရောက်လျက်ရှိတာကို တွေ့ ရပါတယ်။ ပေါက်ခေါင်းမြို့နယ်မှ စတင်ဝင်ရောက်ခြင်းဖြစ်ပြီး ဝယ်လက်အလာနည်းနေသေးတဲ့အတွက် ရန်ကုန်ဝယ်လက် ဝယ်ယူမှုမရှိသေးဘဲ လက်လီသမားများသာ ဝယ်ယူနေခဲ့ပါတယ်။ ပဲဈေး မှာ တစ်တင်း ၁၇၇၀၀ ကျပ်ဖြင့် ယခင်ပတ်အဖွင့်ဈေး ထက်ဈေး အနည်းငယ်လျော့သွားခဲ့ပါတယ်။ ယခင်နှစ်က အဖွင့်ဈေးမှာ တစ်တင်း  ၁၈၀၀၀ ကျပ်ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာလည်း ဈေးသိသိသာသာ  မြင့်တက်ခြင်းမရှိဘဲတစ်နှစ်တာလုံးဈေးအေးခဲ့တဲ့ ပဲသီးနှံဖြစ်ခဲ့ကြောင်းလေ့လာသိရှိရ ပါတယ်။                                 

Wednesday, 13 Jan 2016

အသီးအနှံဈေးကွက်တွင် ယခုတစ်ပတ် ဇန်နဝါရီလပထမပတ်အတွင်း ဆီးသီးအမှည့်ခြင်းတွေ ပြည်၊ ဆင်တဲ၊ ပန်းတောင်း၊ ဖိုးဦးတောင်တို့ဘက်မှ ထွက်ရှိလာပြီးဈေးကွက်ဝင်လာပါတယ်။ တစ်တင်းခွဲဝင်ခြင်း ၃၀၊ ၄၀ အဝင်ရှိပြီး ဒသတွင်း လက်လီအရောင်းသမားများနှင့် ယိုစုံလုပ်ငန်းတို့မှ အဝယ်ရှိတာကြောင့် တစ်နေ့ချင်းအရောင်းအဝယ်အကုန် ဖြစ်ကြောင်းလည်း သိရပါတယ်။ဝင်ရောက်လာတဲ့ဆီးသီးအရသာနဲ့မျိုးအရည်အသွေးပေါ်မူတည် ပြီဈေးအနည်း ငယ် ကွာခြားပါတယ်။ ဆီးချို တစ်တင်းကို ၁၂၀၀၀ ကျပ်အထိရှိပြီး၊ ဆီးချိုချဉ် တစ်တင်း၈၅၀၀ ကျပ်ရှိပါတယ်။ ယိုစုံလုပ်ဆီးသီးအချဉ်ကတော့ တစ်တင်း ၆၅၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါ တယ်။  

Friday, 8 Jan 2016

မြန်မာနိုင်ငံ၏  ကုန်သွယ်ရေး၊ ကုန်စည် ဖြန့်ဖြူးရေး၊    အဆင်ပြေချောမွေ့စေရေးနှင့် ဆိပ်ကမ်းအုပ်ချုပ်ရေးလုပ်ငန်းများ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူ ပေးမည့် Port EDI System udk Hitachi Solution ကရေးဆွဲပေးမည်ဖြစ်ကြောင်း ဟီတာချီ ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါအထောက်အကူပြုလုပ်ငန်းသည် ဂျပန်နိုင်ငံက အစိုးရနှင့် ပုဂ္ဂလိကတစ်သား တည်းပူးပေါင်းဆောင်ရွက်နေသည့် နယ်ပယ် တစ်ခုဖြစ်ကြောင်း  သိရသည်။ံHitachi Solution onf Port EDI System ကို  မြန်မာနိုင်ငံ၏ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်တွင် စတင်ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ နိုင်ငံ၏ အဓိကဆိပ်ကမ်းများစီမံခန့်ခွဲမှုလုပ်ငန်းများကို မြန်ဆန်လာစေရန်အထောက်အကူ

Thursday, 7 Jan 2016

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ ၂၅ ရက်နေ့ထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၈၂၆ ဒသမ ၉၈၂ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန်ကန်ဒေါ်လာ ၇၇၂၂ သန်းဝန်းကျင်နဲ့ သွင်းကုန် ကန်ဒေါ်လာ ၁၂၁၀၄ သန်းကျော်ဖြစ်ပါတယ်။ ထို့အတွက် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာသန်း ၄၃၈၀ ကျော်ပြနေပါတယ်။ ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၀၃၂ သန်းကျော်လျော့နည်းခဲ့တာတွေ့ရပါ တယ်။ ပို့ကုန်လျော့နည်းရခြင်းမှာ ဆန်၊ ပြောင်း၊ နှမ်း၊ ပဲအမျိုးမျိုး (ပဲလွန်းဖြူ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲကတ္တီပါ၊ ပဲဖြူလေး၊ ဘိုကိတ်ပဲ၊ ပဲနီကြား၊ မြေပဲဆံ) တို့အပို့ လျော့ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ တစ်ဖက်မှာ ပင်လယ်ရေကြောင်း တင်ပို့မှုနဲ့ နယ်စပ်တင်ပို့မှုကို နှိုင

Pages