Main menu

Background

Friday, 6 Nov 2015

ဂြိုလ်တုဆက်သွယ်ရေးဆိုင်ရာ နည်းပညာ ဟောပြောပွဲများပါဝင်သည့် Communi Cast  2015 ပြပွဲနှင့်International ICT Exhibition ပြပွဲ ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ရက်နေ့ အထိ ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိMyanmar Events Park  တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။CommuniCast 2015  ပြပွဲသည်  ဒုတိယ အကြိမ်မြောက်ပြသသည့်ပြပွဲ ဖြစ်ပြီး ယခုနှစ်တွင်မူ နိုင်ငံတကာမှ အိုင်စီတီဆိုင်ရာနည်းပညာကုမ္ပဏီ များ ပါ ပါဝင်ပြသမည့် hf International ICT Exhibi-tion   ပြပွဲကိုပါ ပူးတွဲကျင်းပမည် ဖြစ်သည်။ယခင်ပြသခဲ့စဉ်က ပြည်တွင်းတွင် လုပ်ကိုင် လျက်ရှိသော အိုင်စီတီကုမ္ပဏီ များသာလာရောက်ပြသရောင်းချခဲ့ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင်မူ စင်ကာပူ

Friday, 6 Nov 2015

၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း အိန္ဒိယမှာ မြေပဲ ဈေးနှုန်းတွေ မြင့်တက်လိမ့်မယ်လို့ အိန္ဒိယ နိုင်ငံ ဂူဂျာရတ်ပြည်နယ်မှ ဂူနာဂတ်လယ် ယာစိုက်ပျိုးရေးတက္ကသိုလ်(JAU) ရဲ့ ဈေး နှုန်းခန့်မှန်း ချက်အစီရင်ခံ စာမှာ ဖော်ပြ ချက်ကို ကိုးကားပြီး ဘိဇနက်စတန်းဒတ် သတင်းမှာ ဖော်ပြပါတယ်။ဈေးနှုန်းမြင့်တက်ရတဲ့   အဓိက အကြောင်းရင်း က အရည်အသွေးမီ သီး နှံတွေ မရနိုင်တာနဲ့ ပြည်တွင်းပြည်ပ ဝယ် လိုအားတွေ တစ်ပြိုင်တည်း မြင့်တက် လာတဲ့အတွက် ဖြစ်ပါတယ်။သီးနှံတွေ ဈေးကောင်းရဖို့အတွက် ၂၀၁၆ ခုနှစ်   ဇန်နဝါရီလအထိ  မြေပဲ တွေကို ထိန်းထားဖို့လိုကြောင်း JAU တက္ကသိုလ် က လယ်သမားတွေကို အကြံ ပြုထားပါ တယ်။

Wednesday, 21 Oct 2015

       မုံရွာကုန်စည်ဒိုင် အောက်တိုဘာလဒုတိယပတ်မှာ ကုလားပဲမျိုးစုံအနေနဲ့ ရောင်းသူဈေးကွက်ဆက်လက်ဖြစ်ပေါ်နေလို့ တက်ဈေးအသီးသီးဖြစ်ခဲ့ရာ ကုလားပဲ(ထိုင်ဝမ်)တစ်တင်း ၃၈၀ဝ၀ ကျပ်၊ ကုလားပဲ (V2)တစ်တင်း ၄၀ဝဝဝ ကျပ်နဲ့ ကုလားပဲ (၉၂၉ ) တစ်တင်း ၃၉၄၀ဝ ကျပ် အသီးသီးဈေးမြောက်လာခဲ့တာ တွေ့ ရပါတယ်။ ဒီဈေးမှာ ပြီးခဲ့တဲ့လကထက် တစ်တင်း ၄၀ဝဝကျပ်မှ ၅၀ဝ၀ ကျပ်အထိ တက်ဈေးဖြစ်ခဲ့တာလို့ သိရပါတယ်။

Tuesday, 20 Oct 2015

          ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ကျပ်ရှစ်သိန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးကွက်ပါ  မြင့်တက်လာခဲ့ခြင်းဖြစ် ပြီး ပြည်တွင်း ငွေလဲ နှုန်းများ ကျဆင်းခြင်းမရှိသဖြင့် ယခုကဲ့သို့ ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူတို့က သုံးသပ်လျက်ရှိသည်။ ရွှေဈေး မြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လ ည်ရောင်းချ လာသူများ ယခင်ကထက် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ "ရွှေဈေးက တော်တော်လေးကို မြင့်လာတယ်။ ကျပ်ရှစ်သိန်းကျော်လောက်အထိ မြင့်တက်လာတဲ့အတွက် စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ဆိုရမှာပ

Tuesday, 20 Oct 2015

         ယခုအောက်တိုဘာ တတိယပတ် ပြည်ကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်လာတဲ့ ကြက်သွန်နီဈေးများ တဖြည်းဖြည်းဈေးတက်လာခဲ့ပါတယ်။ ဒေသထွက် ကြက်သွန်နီတွေကတော့ တောင်သူတွေထံမှာ စက်တင်ဘာလက ထဲက လက်ကျန်မရှိတော့ဘဲ နယ်ဘက်ကသာ ဝင်ရောက်လာမှုဖြင့် ပွဲရုံများတွင် ပခုက္ကူ၊ ဆိပ်ဖြူစများသာ အရောင်းအဝယ်ပြုလုပ်နေပါတယ်။ နယ်ဘက်သို့လည်း ရခိုင်နဲ့ မြဝတီဘက်မှ ကုန်သည်များကလည်း တိုက်ရိုက်အဝယ် ဆင်းေ ကြာင်း သိရပါ တယ်။ နယ်မှာ ကြက်သွန်နီဈေးတွေ မြောက်နေတာကြောင့် ပြည်ပွဲရုံများသို့ ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေဟာ ဒေသတွေမှာလည်း စားသုံးသူများ ဈေးကြီးပေးကာ သုံးစွဲနေရခြင်းဖြစ်ပါတယ်။

Tuesday, 20 Oct 2015

         တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်နန်နင်းမြို့တွင်(၁၂)ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (China ASEAN Expo- CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရ င်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (China–ASEAN Business and Investment Summit - CABIS) တို့ကို စက်တင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ  ကျင်းပပြုလုပ်ခဲ့ ပါသည်။ (၁၂) ကြိမ်မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၏ ဦးတည်ဆောင်ပုဒ်မှာ"၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမတည်ထောင်ရန်၊ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံချက်အသစ်ထွက်ပေါ်လာစေရန် "Co-building the 21st Century Maritime Silk Road, Rolling out

Wednesday, 14 Oct 2015

          ပြည်တွင်း ရွှေဈေးကွက်တွင် တစ်ပတ်အတွင်း  အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်းကျော် မြင့်တက်သွားကြောင်း  ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်း ရွှေဈေးကွက်အတွင်း ရွှေဈေးများ မြင့် တက်နေသော်လည်း အရောင်းအဝယ်မှာ  ပုံမှန်အတိုင်းသာ ရှိနေကြောင်း ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

Tuesday, 11 Aug 2015

     မုံရွာကုန်စည်ဒိုင်၌ ၂၀၁၅ခုနှစ်၊ သြဂုတ်လ ပထမပတ်အတွင်း အရောင်းအဝယ်အကောင်းဆုံးသီးနှံမှာ ပဲတီစိမ်းသီးနှံဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ မုံရွာမြို့ဝန်းကျင် ချောင်းဦးမြို့နယ်ရှိ ခင်မွန်၊ အမြင့်၊ ဆူးလေကုန်း၊ ဝယာေ ကျးရွာများ နှင့် အရာတော်မြို့နယ်ရှိ နေရာခင်း၊ လိန်လှ၊ မြေနက်၊ မကျီးကန်ကျေးရွာများမှ ပဲတီစိမ်းသီးနှံ ဝင်ရောက်မှုနည်းသော်လည်း ကြိုက်ဈေးရလို့ လှောင်လက်များက ထုတ်ရောင်းကြခြင်းနဲ့ Export (တရုတ်)ဝယ်လက်ရှိ၍ မန္တေ လးအဆွဲရှိကာ အရောင်းအဝယ် အကောင်းဆုံးသီးနှံဖြစ်နေတာကြောင့် မုံရွာကုန်စည်ဒိုင်၌ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းသီးနှံ တစ်ရက်ပျမ်းမျှ တင်း ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ သြဂုတ်လ ပထမပတ်အ

Thursday, 18 Jun 2015

    မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက်ကျလာပြီဆိုတော့ ချင်း (ဥမ) တွေကို ဖော်လို့ရ လာတာကြောင့် ဈေးကွက်ကိုလည်း ဝင်လာပါပြီ၊ ဒါပေမယ့် ကလေးမြို့နယ်အတွင်းရှိ ဒေသအချို့တွေမှာလည်း မိုးရတဲ့ နေရာကရပြီး၊  တချို့နေရာတွေမှာတော့ မိုးမရ သေးဘူးလို့ သိရပါတယ်။ မိုးရတဲ့နယ်တွေက ဥမတွေသာ အဝင်ရှိနေသေးလို့ အဝင် ကလည်း သိပ်မများသေးပါဘူး၊ မိုးသာဆက်တိုက်ရွာလာမယ်ဆိုရင်တော့ ဥမတွေ လည်း ဒီဘက်ဝင်လာနိုင်ပါတယ်။ အခုလောလောဆယ်တော့ ဈေးကွက်မှာ ချင်း တက်တွေလည်း  ကုန်သလောက်ဖြစ်သွားတော့ ချင်း (ဥမ)  တွေက ဝင်လာသလောက် ပြန်ပြီး ရောင်းနေရတယ်လို့ သိရပါတယ်။ ဈေးပတ်သမားတွေကလည်း (ဥမ) ကို ပိုပြီးကြိုက်ကြတယ်လို့ ဆိုပါတယ်။ ချင်းတက်တွေကတော့  တစ်ပိဿာကို

Pages