Main menu

Background

Monday, 20 Nov 2023

ပိုလန်နိုင်ငံအနေဖြင့် မြန်မာပြည်တွင်းရှိ အထည်ချုပ်စက်ရုံ တစ်ရာနီးပါး၌  အထည်မှာယူမှုများရှိနေကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ “ကျွန်မတို့ အထည်ချုပ်အသင်းကို အကြောင်းကြားခြင်းမရှိဘဲ ပြည်တွင်းက    အထည်ချုပ်စက်ရုံ  တစ်ရာနီးပါးမှာ ပိုလန်နိုင်ငံက အထည် မှာယူမှုတွေရှိနေပါတယ်”ဟု   အဆိုပါအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ လက်ရှိ တွင် ပြည်တွင်း ၌ အထည်အမှတ်တံဆိပ်အချို့ ထွက်ခွာသော်လည်း အော်ဒါအသစ် များ မြင့်တက်နေကြောင်း သိရသည်။  “တချို့ ဘရန်းတွေက ထွက်ခွာမယ်လို့ ကြေညာတဲ့ ဘရန်းတွေ ရှိတယ်။ဥမိနမလည်းလျှော့မယ်လို့ပြောတဲ့ဘရန်းတွေရှိတယ်။ အသစ

Monday, 20 Nov 2023

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ  ကလောခရိုင်နှင့် ပင်းတယခရိုင် အတွင်း‌၌ စိုက်ပျိုးရေးထုတ်ကုန်များ စုဆောင်းသိုလှောင် ရောင်းချ မည့် ဈေးရုံစီမံကိန်း Collector Marketကို  လာမည့် ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီတွင် စတင်အကောင်အထည်နိုင်ရန် မျှော်မှန်းထား ကြောင်းMyanmar Agro Exchange Public Ltd (MAEX)က ကြေညာထားသည်။

Tuesday, 7 Nov 2023

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမေရိကန်ဒေါ်လာ ခြောက် သန်းကျော်နှင့် မြန်မာငွေ ကျပ်သန်း ၄၅၀ဝ ကျော်   တန်ဖိုးရှိသည့် လက်ခစား အထည်ချုပ်(CMP)လုပ်ငန်းများအပါအဝင် လုပ်ငန်းမျိုးစုံ ကို ကဏ္ဍနယ်ပယ်ရှစ်ရပ်တွင် ရင်းနှီးမြှုပ်နှံရန်  ခွင့်ပြုပေးခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

Tuesday, 10 Oct 2023

မလေးရှားနိုင်ငံတွင်  ပြည်ပမှ တင်သွင်း သော ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စားသုံးသူများက ဈေးသက်သာသော ပြည်တွင်း စိုက်ပျိုးရေးထွက်ကုန်များထံ စုပြုံ၍အာရုံစိုက်လာ ကြသည်။ သို့ရာတွင် စားသောက်ကုန်ဈေးနှုန်းကြီး မြင့်နေမှုများကြောင့်  အိမ်ထောင်စုများ၏ ဝင်ငွေ များအား  ချွေတာသုံးစွဲနေကြရကြောင်း  ငြုင ဗျငေ တွင် သတင်းဖော်ပြချက်အရ သိရသည်။

Tuesday, 26 Sep 2023

ရုရှားနိုင်ငံက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီကို ဝယ်ယူပြီး ကုန်သွယ်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။ အဆိုပါ ရုရှား နိုင်ငံရှိ လက်လီအရောင်းဆိုင်များတွင် မြန်မာ့ကော်ဖီကို အမြဲတမ်းအမျိုးအစားအဖြစ် မိတ်ဆက်ပေးပြီး ဝယ်ယူတင်သွင်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးMaxim Reshetnikov က ပြောကြားထားခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က စက်တင်ဘာ ၂၁ရက် တွင် ပြောသည်။ 

Tuesday, 26 Sep 2023

ဖွဲနုဆီထုတ်လုပ်ရေးကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရန်   မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ် (MRF) ဦးဆောင်၍ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် ကုမ္ပဏီ ခြောက်ခုနှင့်အတူ စက်တင်ဘာ ၁၄ရက်တွင် သီလဝါဆိပ်ကမ်း ဧရိယာရှိ  တစ်ရက်လျှင် တန်၄၀ဝ ကျော်ပမာဏဖြင့် လုပ်ငန်း လည်ပတ်နေသောWILMAR MYANMAR EDIBLE OILS LIMITED  သို့ သွားရောက်လေ့လာခဲ့သည်။

Monday, 11 Sep 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်  ပြည်တွင်းဝယ်လိုအား ဖြည့်တင်းနိုင်ရန်အတွက် မြန်မာနိုင်ငံမှ သကြားတင်သွင်း လိုသောကြောင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဘင်္ဂလား ဒေ့ရှ်မစ်ရှင်နှင့် မြန်မာနိုင်ငံ သကြားနှင့်  ကြံထွက်လုပ်ငန်း ရှင်များအသင်းတို့ ဆွေးနွေးမှုများ  လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်လုပ်ငန်းရှင် များအသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ သကြားတင်ပို့ရန် အတွက် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုကော်ပိုရေးရှင်း (ွှဃြ) နှင့် နားလည်မှုစာချွန်လွှာ(သြ့)ရေးထိုးပြီး   တင်ပို့ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Monday, 11 Sep 2023

ဖိလစ်ပိုင်နှင့်မြန်မာအကြား    စိုက်ပျိုးရေးနှင့်အသေးစား၊ အငယ်စား၊  အလတ်စားလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်ASEAN-BAC Philippines  ဥက္ကဋ္ဌ Mr Joe  Ma A Concepcion III နှင့် ASEAN BA Myanmar ဦးအေးဝင်းတို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ ကြကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်UMFCCIမှ သိရသည်။

Monday, 11 Sep 2023

မြန်မာနိုင်ငံမှ စက်မှုကုန်ချော တင်ပို့မှု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ငါးလတာကာလ အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၈ ဘီလီယံ ကျော်ရရှိခဲ့ကြောင်း စက်တင်ဘာ ၈ ရက်က စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ 
အဆိုပါပမာဏမှာ   အမေရိကန် ဒေါ်လာ ၅ ဒသမ ဝ၅ ဘီလီယံကျော် ဝင်ငွေ ရရှိခဲ့သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အလား တူကာလနှင့်  နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၉၆၂ သန်းကျော် လျော့နည်းသွား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ   ထုတ်ပြန်သည့်  ကိန်း ဂဏန်းများအရ သိရသည်။  

Monday, 11 Sep 2023

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်းCMP အထည်ချုပ် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု၄၅ ခုကိုခွင့်ပြုခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၏ထုတ်ပြန်ချက်အရ သိရသည်။

Pages