Background
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်၊ ကသာ၊ ထီးချိုင့်မြို့နယ်များကို ဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီ မြစ်ရိုးတစ်လျှောက် နုန်းတင်လယ်ယာမြေ များမှာ မြေပဲအများ အပြားစိုက်ပျိုးထွက်ရှိတဲ့အပြင် ကျန်မြို့နယ်များဖြစ်တဲ့ အင်း တော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူးမြို့နယ် များမှာလည်း မဲဇာ၊ လေးတန်၊ ဒေါင်းယူးချောင်းများ နံဘေးနုန်းတင်လယ်ယာမြေပေါ် မြေပဲသီးနှံ အများအပြား စိုက်ပျိုး ကြောင်း သိရပါတယ်။
ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ်မှာ ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၀၈သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၉၆၅ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၆၈၆၅ တန်ကျော်နဲ့ ဧည့်မထဆန် တန် ၅၀၀၊ လွယ်ဂျယ် ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၂၉၅ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်၃၀၄ တန်တင်ပို့ခဲ့တာဖြစ်ပါ တယ်။ ယခင်တစ်ပတ်တင်ပို့မှု ထက် ၃၉၃၇ တန် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဆန်ကွဲကိုလည်း အဆိုပါစခန်းများ မှပင် တန် ၂၅၈၀ တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ သုည ဒသမ ၈၄၃ သန်းဖြစ်ပြီး မူဆယ်မှ တန် ၂၄၅၀၊ လွယ် ဂျယ်မှ တန် ၂၀၊ ချင်းရွှေဟေ
သကြားထုတ်လုပ်မှုက ငါးနှစ် အတွင်းအနိမ့်ဆုံးသို့ ရောက်ရှိလာလို့ သရေစာထုတ်လုပ်ရေး ကုမ္ပဏီများက သကြားဈေးနှုန်း မြင့်တက်မှုကြောင့် အလူးအလဲရုန်းကန်နေရတဲ့အတွက် ချော့ကလက်၊ အချိုရည်၊ ရေခဲမုန့်နဲ့ ဘီစကွတ် တို့တွင် သကြားကို နိုင်နိုင် ထည့်နိုင်တော့မည် မဟုတ်ကြောင်း တိုင်းမ်အော့ အိန္ဒိယဝက်ဘ်ဆိုက် သတင်းမှာ ဖော်ပြပါတယ်။FMCG လို့ခေါ်တဲ့ဈေးနှုန်းချို သာစွာဖြင့် အလျင်အမြန်သုံးစွဲမှုပြုတဲ့ သရေစာ ကို ထုတ်လုပ်တဲ့ ကုမ္ပဏီများ အနေဖြင့် ကုန်ပစ္စည်းများ ကိုလျှော့ဈေး ဖြင့် ပြန်လည်ရောင်းချခြင်းဖြင့် အကျိုး အမြတ်ကိုပြန်လည်ရယူကြရပါတယ်။ ဒါပေမယ့် သကြားဈေးနှုန်းက ယခင် အောက်တိုဘာကတစ်ကီလိုကို ရူပီး ၃၀ ဝန်း
တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွား ရေးအခြေခံများ အားနည်းနေခြင်းက စီးပွားရေးကျဆင်းရခြင်းရဲ့ အဓိက အကြောင်းတရားအဖြစ် တောင်ကို ရီးယားနိုင်ငံမှ စီးပွားရေးကျွမ်းကျင် သူတို့က ရည်ညွှန်းပြောကြားလျက်ရှိကြ ပြီးနိုင်ငံရဲ့စီးပွားရေးကျဆင်းမယ့် အနေ အထားကိုရောက်ရှိလာမှာကို စိုးရိမ် လျက်ရှိကြကြောင်း ဧပြီ ၂၅ ရက်က ထုတ်ပြန်တဲ့စစ်တမ်းတစ်ခုကို ကိုးကား ပြီး ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။မကြာသေးမီက ကိုရီးယားစက်မှု လုပ်ငန်းများဖက်ဒရေးရှင်းက စီးပွား ရေးကျွမ်းကျင်သူ ၆၁ ဦးကို စစ်တမ်း ကောက်ယူခဲ့ရာ လောလောဆယ်မှာ တောင်ကိုရီးယားစီးပွားရေးက ဖွံ့ဖြိုးမှု ကျဆင်းတဲ့အဆင့်ကို ရောက်နေ ကြောင်း ၇၀ ရာခိုင်နှုန်းကပြော
ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တပတ်တစ်ပတ်အတွင်း အနိမ့်ဆုံးဈေးအဖြစ်ရောက်ရှိနေတဲ့ ရင်းဂစ်ငွေကြေးတန်ဖိုး က ပြန်လည်မြင့်တက်လာတဲ့အတွက်ကြောင့် လည်းကောင်း၊ ပို့ကုန်နှေးကွေးကျဆင်းမှုနဲ့ စားအုန်းဆီ ထုတ် လုပ်မှုမြင့်တက် နေချိန်မှာ ကုန်သည်များက အမြတ်ပိုမိုရရှိရန် ကြိုးပမ်းဆောင် ရွက်လာကြသည့် အတွက်ကြောင့်လည်းကောင်း မလေးရှား စားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ်ဈေးက ဧပြီ ၂၇ ရက်မှာ ပြန် လည်ကျဆင်းခဲ့ရာ ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာ ဖော်ပြထားပါ တယ်။
ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၅၄၁ တန်ကျော်အဝင်ရှိခဲ့ပြီး ဧပြီ ၁၇ ရက်မှ ၂၃ အတွင်း ၅၈၇ တန် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၉၅၀ ကျော် အဝင်လျော့ခဲ့တ ယ် လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ ၅၉၁၂ တန် ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၅၄၆၂ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၄၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။
ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၀၇၅၂ တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၃ ရက်မှ ၉ ရက် သီတင်း ပတ် ဘိလပ်မြေအဝင်မှာ တန် ချိန်၇၃၂၉၀ ကျော် ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၆၂၅၀၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၅၅၉၆ ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၁၂၆၈ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန် ၄၃၂၇ ကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၉ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၈၄ သန်းတန်ဖိုးရှိ ဆီးဆန် ၄၆ တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။