Main menu

Background

Tuesday, 25 Aug 2015

     အခွန်အကောက်ဆိုင်ရာ သတင်းအချက်အလက်မျှ ဝေဖို့ ကမ္ဘာ့လှုပ်ရှားမှုရဲ့ ဖိအားပေးမှုကို  စင်ကာပူအခြေစိုက် ဥစ္စာဓနမန်နေဂျာများ (Wealth Managers) ခံထားရပြီးဖြစ်ပါတယ်။ ယခုအခါမှာ အင်ဒိုနီးရှားနဲ့   အိန္ဒိယအပါ အဝင် အာရှနိုင်ငံတွေက အခွန်အကောက်သက်သာတဲ့  စင်ကာပူနိုင်ငံအတွင်းမှာရှိတဲ့ ကြေညာခြင်းမရှိတဲ့ငွေကြေးတွေကို ခြေ ရာခံဖို့ ကြိုးစားလျက်ရှိနေတဲ့အတွက် လတ်တလောခြိမ်းခြောက်မှုကို ရင်ဆိုင်တွေ့ကြုံနေရကြောင်း  ရိုက်တာသတင်းမှာ  ဖော်ပြထားပါတယ်။

Friday, 21 Aug 2015

Electric Myanmar  2015 ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ UMFCCI ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ဥက္ကဋ္ဌ ဦးကျော်ပိုင်၊  Fireworks Trade Media Pte .,Ltd. Director Mr.Danen Soo တို့  တက်ရောက်ကြပြီး  အခမ်းအနားအား  ဖွင့်လှစ်ပေးကြပါသည်။

Wednesday, 19 Aug 2015

     သြဂုတ် ၂ ရက်မှ ၈ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ    ၄၈၁၇၀၂၆ တန်ဖိုးရှိ  ဘိလပ်မြေ ၅၇၉၅၆ ဒသမ ၈၂ တန်ကို  ပင်လယ်ရေကြောင်း  ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၁၈၇ တန်၊ ဂျပန်နိုင်ငံမှ ၁၅၀၂ ဒသမ ၂၀ တန်နဲ့  ထိုင်းနိုင်ငံမှ ၅၆၂၆၇ တန် အသီးသီး  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စိန်၊ ဆင်၊ မောင်တိန်းနဲ့ အခြားဘိလပ်မြေများ ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအ ဝင်မှာ တန်ချိန် ခြောက်သောင်းငါး ထောင့်နှစ်ရာကျော် ရှိခဲ့တာကြောင့်  ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ၇၂၈၄ တန် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 19 Aug 2015

     ကမ္ဘာ့ရွှေဈေး  မြင့်တက်လာခြင်း နှင့် ငွေလဲနှုန်းများ မြင့်တက်လာခြင်းတို့ ကြောင့် ပြည်တွင်း ရွှေဈေးများ ပြန်လည်မြင့်တက်လာရကြောင်း ရွှေဈေး ကွက်အတွင်းမှစုံစမ်းသိရှိရသည်။ မြန်မာ့ရွှေဈေးသည်  တစ်ပတ်အတွင်း ကျပ် သုံးသောင်းနီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။ မြန်မာ့ရွှေဈေးသည် ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်လာမှုနှင့်အတူ  လိုက်ပါမြင့်တက်ခဲ့ပြီး ပြည်ပရွှေဈေး ကွက်တွင်လည်း  ဈေးများပြန်လည်မြင့် တက်လျက်ရှိသဖြင့် ေ ဈးများ မြင့်တက် လာရခြင်းဖြစ်ကြောင်း သိရသည်။

Wednesday, 19 Aug 2015

     ပြီးခဲ့သည့်ရက်သတ္တပတ်အထိ ကျဆင်းခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်အတွင်း ပြန်လည်မြင့်တက်လာခဲ့ရာ တစ်ပတ်အတွင်း ကျပ် ၃၀ ကျော်မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Wednesday, 19 Aug 2015

     သြဂုတ်လ ဒုတိယပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်  စားဖို ဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်နီ ဈေးဆက်မြင့်တက်လာပါတယ်။ နယ်မှ ကြက်သွန်နီအိတ်များ  ပြည်ဘက်သို့ အဝင်နည်းပြီး အခြားနယ်ဘက်များမှ အဝယ်ရှိ တာကြောင့် ကြက်သွန်နီဈေး တွေ မြင့်တက်လာခြင်းဖြစ်ပါတယ်။ ကြက်သွန်နီပွဲရုံ လက်ကားဈေး တစ်ပိဿာ  ကြီး ၁၇၃၀ ကျပ်-၁၂၀၀ ကျပ်၊ အသေး  ၁၀၅၀ ကျပ်တို့ဖြစ်ပြီး ဒေသတွင်း လက်လီရောင်းဈေးကတော့ အကြီး ၁၆၀၀ ကျပ်၊ အလတ် ၁၅၀၀ ကျပ်၊ အသေး ၁၂၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။ အရောင်းအဝယ်များ အေးသော်လည်း ပုံမှန်စားသုံးမှုကြောင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ တစ်ရက်ကို ကြက်သွန်နီအိတ် ၉၀-၁၀၀ ခန့်  အရောင်း အဝယ်ရှိနေပါတယ်။

Wednesday, 19 Aug 2015

     သြဂုတ်လဒုတိယပတ် ကုလားပဲဈေးကွက်မှာ မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည် တွေရဲ့လက်ထဲ ပဲလက်ကျန် လျော့လာတာနဲ့အမျှ ပြည်ပဝယ်လက်နဲ့ ဒေသတွင်း ကုန်ကြမ်းလိုအပ်ချက်ရှိတဲ့ လုပ်ငန်းသမားတွေရဲ့ ဝယ်လိုအားမြင့် မားလာတာကြောင့် နေ့စဉ်တက်ဈေးဖြစ်နေတာ တွေ့ရပါတယ်။ ယခုနှစ်အစ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ကုလားပဲပေါ်ချိန်က ဈေးထက် နှစ်ဆ နီးပါး ဈေးမြောက်လာခဲ့ခြင်းဖြစ်ပြီး   ယခုတစ်ပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ၃၀၀၀၀ ကျပ်၊ ၉၂၉  ကုလားပဲ  တစ်တင်း ၃၀၅၀၀ ကျပ်အထိ အသီးသီး အမြင့်ဆုံး ဈေးပေါက်ခဲ့ပါတယ်။

Tuesday, 18 Aug 2015

    ဇူလိုင်  ၂၇ ရက်က ကျင်းပပြု လုပ်တဲ့ မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ကုန်သွယ်မှုမြှင့်တင်ရေး  ညှိနှိုင်း အစည်းအဝေးမှာ ကရင်ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကျပ်ငွေဖြင့် တင်သွင်းတဲ့ ဒေသသုံး စက်သုံးဆီများကို ယခင်က ဒေသေ ကျာ်လွန် သယ်ဆောင်ခွင့်မပြုခဲ့သော်လည်း ယခုအခါ ရုံးချုပ်မှ ညွှန်ကြားချက်အရ ဒေသကန့်သတ်ချက်မရှိတော့ဘဲ လွတ်လပ်စွာပြည်တွင်းသို့ သယ်ဆောင်ခွင့်ပြုကြောင်း၊ စက်သုံးဆီ တင်သွင်းတဲ့  လုပ်ငန်းရှင်အားလုံးသိရှိအောင်   အသိပေးအကြောင်းကြားရန်  မြဝတီကုန်သွယ်ရေးဇုန်  စခန်းတာဝန်ခံ ညွှန် ကြားရေးမှူး   ဦးစိုးလွင်က ပြောကြားခဲ့တယ်လို့  သတင်းရရှိပါတယ်။

 

ယဉ်ယဉ်အေး

Tuesday, 18 Aug 2015

     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အထည်ချုပ်လုပ်ငန်း ငါးခုအပါအဝင် ပြည်တွင်း၊ ပြည်ပလုပ်ငန်း ၁၁ ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက် ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းလုပ်ကိုင် ခွင့်ပြုရန် တင်ပြလာသည့် လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြလာသည့် လုပ်ငန်းနှင့်ဆက်စပ်သော ပြည်ထောင်စုဝန်ကြီးဌာန များမှ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်အပေါ် အခြေခံ၍လုပ်ငန်းလုပ် ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက

Friday, 17 Jul 2015

ဂရိနိုင်ငံမှာ ကျင်းပတဲ့ဆန္ဒခံယူပွဲ မှာ ဂရိနိုင်ငံသားတွေက အပြည်ပြည် ဆိုင်ရာမြီရှင်တွေရဲ့ ခြိုးခြံချွေတာရေး အစီအမံတွေကို   ဆန့်ကျင်ပယ်ချခဲ့ပါ တယ်။    ဒီလိုပယ်ချလိုက်တဲ့အတွက် ဘဏ္ဍာရေးဈေးကွက်တွေမှာ   မငြိမ် မသက်မှုတွေကြီးထွားလာမယ့် လက္ခဏာ တွေ့ရတဲ့အတွက်   တောင်ကိုရီးယား နိုင်ငံက  အရေးပေါ်   အစီအမံတွေကို ချမှတ်ဆောင်ရွက်နေကြောင်း ဇူလိုင်လ ၆ ရက်နေ့က အဆင့်မြင့်အရာရှိတစ်ဦး ရဲ့ပြောကြားချက်ကို ကိုးကားပြီးယွန် ဟပ်သတင်းမှာဖော်ပြပါတယ်။ တင်း ကျပ်လှတဲ့ ကယ်တင်မှုချေးငွေ စည်း ကမ်းချက်တွေကို   ဂရိမဲဆန္ဒရှင် ၆၀ ကျော်က ဇူလိုင် ၅ ရက်နေ့မှာ မဲပေး ဆန့်ကျင်ခဲ့တဲ့အတွက် ယူရိုဇုန်မှ ဂရိ နိုင်ငံနုတ်ထွက် ခဲ့မှု နဲ့ပတ်သက်

Pages