Background
ကသာမြို့တွင်း စက်တင်ဘာ ၂၁ ရက်တွင် ရောင်း ချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကားတစ်ပိဿာ လျှင် အကြီး၊ အလတ်၊ အသေးပေါ် မူတည်၍ ကျပ် ၄၂၀ဝ မှ ကျပ် ၃၀ဝ၀ ခန့်၊လက်လီ တစ်ပိဿာလျှင် ကြီး၊ လတ်၊ သေး ကျပ် ၄၅၀ဝ၊ ၄၀ဝ၀၊ ၃၅၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ကြက်သွန် နီဈေးမှာ စက်တင်ဘာလ ဒုတိယပတ် အတွင်း ကျပ် ၅၂၀ဝ ရှိသည့်အတွက် ဈေးနှုန်းနှိုင်းယှဉ်ကြည့် ပါက လက်ရှိတွင် ဈေးနှုန်း အနည်းငယ်ကျဆင်းသော်လည်း အချိန်နှင့်တစ်ပြေးညီ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း ကြက် သွန်နီ ရောင်းချသူများထံမှ သိရှိရသည်။ အရောင်းအဝယ် အနေဖြင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်မှုကြောင့် အရောင်း အဝယ်ဖြစ်မှုနည်းပါးပြီး ကြက်သွန်နီ ဝင်ရောက်မှုမှ
မကွေးတိုင်းဒေသကြီး ရေနံချောင်း၌ ကြက်သွန်နီ အရောင်းအဝယ်အေးနေပြီး လက်လီစားသုံးသူများကို အဓိက ရောင်းနေရကြောင်း သိရသည်။ ''လက်ရှိ လက်လီ အစိတ်သား ငါးဆယ်သား ရောင်းရ တယ်။ ပိဿာလိုက် ရောင်းရတာ နည်းတယ်။ ဈေးကလည်း မြင့်လာတယ်။ ကြက်သွန်နီဥ အလတ်အရွယ် တစ်ပိဿာ ကျပ် ၃၀ဝ၀ ရောင်းရတယ်။ စားသုံးသူတွေက အဓိကစား သောက်ရတဲ့ စားကုန်မဟုတ်တဲ့အတွက် ကြက်သွန်နီ လျှော့ သုံးတာကြောင့် အဝယ်အေးတယ်''ဟု ရေနံချောင်းမြို့ မြို့ဈေး မှ ကြက်သွန်နီရောင်းသူတစ်ဦးက ပြောသည်။ ယခင်နှစ်တွင် ကြက်သွန်နီဥ အကြီး၊ အလတ်၊ အသေးများအပြင် အခွံချွတ် ကြက်သွန်နီကို ရောင်းချကြကြောင်း၊ ကြက်သွန်နီဥကြီး၊
ပြည်ခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ မိုးမြေပဲစိုက်ဧကမှာ ၃၇၉၅၃ ဧက စိုက် ပျိုးထားပြီး ယခုအချိန်ထိ ၁၀၉၅၂ဧက ရိတ်သိမ်းပြီးဖြစ်သည်။ ပျမ်းမျှအထွက် နှုန်းအနေဖြင့် တစ်ဧကလျှင် ၅၈ ဒသမ ၄၉ တင်းထွက်ရှိသည်ဟုသိရသည်။ ပြည်ဈေးကွက်သို့ မိုးမြေပဲဆန်များကို ပြည်-အောင်လံကြားရှိ ကျေးရွာများနှင့် ပေါက်ခေါင်း၊ ကြံခင်း၊ မြန်အောင်ဘက် မှ နေ့စဉ် အိတ် ၁၅၀ဝ ခန့် ဝင်ရောက်မှု ရှိပြီး ဝင်သလောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မြေပဲဆန် (ရွေးဆန်)ကို မကွေးမြို့ရှိ အမေထွားဆီစက်က အဝယ်ရှိသလို မြေပဲဆန်လုံးဆန်ကို မန္တလေးဝယ်လက်က မြဝတီပို့ရန် အဝယ်ရှိသဖြင့် ပြည်ဈေးကွက်တွင် မြေပဲဆန်ရောင်းဝယ်မှုမှာ နေ့စဉ်ဖြစ် လျက်ရှိသည်။ ယခုစက်တင်ဘာလ
စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၇၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၂၂၆၀ ကျော် တင်ပို့ ခဲ့ကြောင်း သိရသည်။ နိုင်ငံအလိုက် ဆန်တင်ပို့မှုများမှာ ရိုမေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၉၀၄၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၆၂၀ ကျော် ၊ ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ချက်သမ္မတ နိုင်ငံသို့ ဆန်တန်ချိန် ၁၂၀ ကျော် ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၀၄၀၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၁၂၀ ကျော်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၀၄၀ တင်ပို့ခဲ့ သည်။
ပြည်တွင်း၌ အာရေးဗီကားနှင့်ရိုဘတ် စတာကော်ဖီများကို တစ်နှစ်လျှင် ပျမ်းမျှ တန်ချိန် ၇၀ဝ၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။နှစ်စဉ် ပြည်ပပို့ကုန်အနေဖြင့် ပျမ်းမျှ တန်ချိန် ၈၀ဝ မှ ၁၀ဝ၀ ကြားရှိပြီး အာရှနိုင်ငံ များ၊ အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံများသို့ တင်ပို့လျက်ရှိကာ အီးယူနိုင်ငံများအနက် ဘယ်လ်ဂျီယံနိုင်ငံသို့ အများဆုံး တင်ပို့နေ ခြင်းဖြစ်သည်။မြန်မာ့ကော်ဖီများကို ကမ္ဘာ့ဈေးကွက် တွင် ယခုထက်ပို၍ ထိုးဖောက်နေရာယူနိုင် စေရန်နှင့် မြန်မာနိုင်ငံကို ကော်ဖီ အမြောက် အမြားတင်ပို့သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလာစေရန်အတွက် စီမံချက် ရေ
ကသာမြို့တွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ ဈေးနှုန်းမှာ သြဂုတ်လနောက်ဆုံးပတ်တွင် လက်လီတစ်ပိဿာ ကျပ် ၃၈၀ဝ အထိမြင့်တက်သွားပြီး လက်ရှိကြက်သွန်နီဈေးနှုန်း မှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အသေးပေါ် မူတည်၍ ကျပ် ၃၇၀ဝ မှ ၃၂၀ဝ၊ လက်လီတစ်ပိဿာလျှင် အကြီးကျပ် ၄၀ဝ၀၊ အသေး ကျပ် ၃၅၀ဝ တို့ဖြင့် ရောင်းချလျက်ရှိကာ ကြက်သွန်နီဈေးနှုန်းမှာ ဆက်လက် မြင့်တက်လျက်ရှိကြောင်း သိရသည်။ကြက်သွန်နီဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ ၃၅ ပိဿာပါ အိတ် ၈၀ ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ ၃၅ ပိဿာပါ အိတ် ၆၀ ခန့် ဝင်ရောက်ကြောင်း သိရသည်။ကသာမြို့နယ်အတွင်းသို့ ခရမ်းချဉ်သီး ဝင်ရောက်မှု အနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး၊ မု
ကြက်သွန်နီ ဈေးကောင်းရသော်လည်း ယခုတစ်ပတ်တွင် အရောင်းအဝယ်အေးနေကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ကြက်သွန်နီဈေးကွက်မှ သိရသည်။ ''လက်ရှိ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၀ဝ၀ ပေါက်ဈေး ရှိတယ်။ ကြက်သွန် သေး အနုတ် တစ်ပိဿာ ကျပ် ၁၅၀ဝ ရောင်းချကြတယ်။ အရောင်းအဝယ်တော့ ကြက်သွန်နီ ဈေးမြင့်တက်နေတော့ လက်လီ အဝယ်အေးတယ်}''ဟု ရေနံချောင်း မြို့မဈေး ကြက်သွန်နီရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို ပြည်နယ်အတွင်း စားသုံးမှု လိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိထ္ထီလာ၊ မန္တလေး၊ မြစ်သားတို့မှ အများဆုံး တင်သွင်းရပြီး ယခုလက်ရှိ စက်တင်ဘာလပိုင်းအစမှာ ဈေးကွက်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းသည် ယခင်လဈေးနှုန်းထက် ဆက်လက် မြင့်တက်လာသည်။
ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ လုပ်ငန်း စဉ်များအား အခြားမိတ်ဖက်နိုင်ငံများနှင့် ပေါင်းစပ်ဆောင် ရွက်နိုင်ရန်အတွက် ပြည်တွင်းဒီဂျစ်တယ်ကုန်သွယ်မှု ပလက် ဖောင်း (NDTP)အား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းဘဏ်များအသင်း အထွေထွေမန်နေဂျာ၏ ပြောကြား ချက်အရ သိရှိရသည်။ အဆိုပါ ပလက်ဖောင်းမှာ ထိုင်းစီးပွား ရေးလုပ်ငန်းများအား နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ ကဲ့သို့ ဒီဂျစ်တယ်စီးပွားရေးကို ကူးပြောင်းဆောင်ရွက်နိုင်ရန် အထောက်အပံ့ ပေးနိုင်မည်ဖြစ်သည်။
ပြည်တွင်းမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ် တစ်ပတ်လုံး တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ အထက်တွင် ရှိခဲ့ရာမှ တဖြည်းဖြည်း ဈေး ထပ်မံမြင့်တက်လာကြောင်း တွေ့ရသည်။သီတင်းပတ်တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများ မှာ သြဂုတ် ၂၅ ရက်တွင် တစ်တင်းလျှင် ကျပ် ၆၁၈၀ဝ၊ ၂၆ ရက်တွင် ကျပ် ၆၂၀ဝ၀၊ ၂၇ ရက်တွင် ကျပ် ၆၃၂၀ဝ၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျပ် ၆၄၂၀ဝ၊ ၃၀ ရက်တွင် ကျပ် ၆၄၈၀ဝ၊ ၃၁ ရက်တွင် ကျပ် ၆၆၇၀ဝ၊ စက်တင်ဘာ ၁ ရက်တွင် ကျပ် ၆၇၃၀ဝ၊ ၂ ရက်တွင် ကျပ် ၆၅၅၀ဝ အသီး သီးဖြစ်ခဲ့သည်။