Main menu

Background

Thursday, 6 Feb 2020

       မြန်မာနိုင်ငံသည် ကီလိုမီတာ ၂၈၀ဝ ကျော် ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်လျက်ရှိသည့်  ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်အော်များနှင့် ထိစပ်လျက်ရှိသည်။ ကမ်းရိုးတန်းဒေသ တစ် လျှောက်လုံးတွင်  ရေငန်ခရု၊ ကမာနှင့် ဂုံး စသည့် ရေသတ္တဝါများ ပေါက်ပွားနေထိုင်ကြသည်။ အဆိုပါရေထွက်ပစ္စည်းများအား ကမ်းရိုးတန်းဒေသတွင် နေထိုင်သူ အနည်းငယ်ကသာ စားသုံးကြသည့် အလေ့အထ ရှိသည်။ နိုင်ငံအတွင်းရှိ လူများစုမှာ အဆိုပါရေထွက်ပစ္စည်း များကို စားသုံးသည့် အလေ့အထ အလွန်နည်းကြသည်။ ဖော်ပြပါရေထွက်ပစ္စည်းများသည် နိုင်ငံတကာ ဈေးကွက်အားလုံး မှ ခုံမင်နှစ်သက်စွာ စားသုံးကြသည့် ရေသတ္တဝါ မျာ

Thursday, 6 Feb 2020

         တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့်  တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး  လမ်းကြောင်းများမှ  တင်ပို့နေသော ဖရဲ/သခွားမွှေး၊ သစ်သီးဝလံများ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှု တုံ့ဆိုင်းနေသည့်အပေါ် ဖရဲ/သခွားစိုက်  တောင်သူများ၊ လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေ စေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေးအတွက် အရေးပေါ် ဆောင်ရွက်ရမည့် အစီအစဉ်များကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင်  မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(ရန်ကုန်မြို့)တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး ဦးဆောင်

Monday, 3 Feb 2020

      လက်ရှိအချိန်တွင်တရုတ်နိုင်ငံက ထုတ်လုပ် သည့် အထည်အလိပ်များကို ကမ္ဘာ့နိုင်ငံ  အများ အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနေ ပြီဖြစ်သလို နောက်ထပ် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် လည်း ဈေးကွက်ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလျက် ရှိနေကြောင်း သိရသည်။ တရုတ်နိုင်ငံကထုတ်လုပ်သည့် အထည်အလိပ် နှင့် အဝတ်အထည်များမှာ ဈေးသက်သာမှုရှိခြင်း ကြောင့် ဝယ်ယူသုံးစွဲသူများပြားနိုင်ကြောင်း၊ အမေ ရိကန်နှင့် တရုတ်နိုင်ငံတို့မှာ စီးပွားရေးကဏ္ဍတွင် အချင်းချင်း အားပြိုင်မှုများရှိနေသလို ကမ္ဘာ့ဈေး ကွက်ကို ထိုးဖောက်ရာတွင်လည်း အဓိကပြိုင် ဘက်များဖြစ်နေသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ ဈေးကွက်ချဲ့ထွင် ထိုး

Monday, 13 Jan 2020

     တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်  ဇန်နဝါရီ ၁ ရက်မှစတင်၍ အချို့သော ကုန်ပစ္စည်းများ တင်သွင်းမှု အပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းများအား ပြင်ဆင် မည်ဖြစ်သည်ဟု နိုင်ငံတော် ကောင်စီ၏ အကောက်ခွန်ဆိုင် ရာကော်မရှင်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်၌ ထုတ်ပြန် ကြေညာခဲ့ သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းသို့ ကုန် ပစ္စည်းများတင်သွင်းမှု ပိုမိုတိုးတက်လာစေရန်နှင့်  တင်သွင်း မှုပုံစံ ပိုမို ကောင်းမွန်လာစေရန် ဖြစ်ကြောင်း၊ နိုင်ငံအတွင်းသို့ တင်သွင်းလျက်ရှိသည့်  ကုန်ပစ္စည်းများအနက် ကုန်ပစ္စည်း အမျိုးအမည် ၈၅၀ ကျော်အား ပုံမှန်ကောက်ခံလျက်ရှိသည့် ပုံမှန်အကောက်ခွန်နှုန်းထက်  နိမ့်ကျသည့် အကော

Monday, 13 Jan 2020

      နှစ်သစ်ကူး အားလပ်ရက်များတိုင်မီ အမေ ရိကန်ဒေါ်လာနှင့်ဖလှယ်ရာတွင် တစ်ဒေါ်လာကို ဘတ် ၃၀ နှုန်းဖြင့် ဘတ်ငွေတန်ဖိုးမြင့်တက်လာပြီးနောက်ပိုင်း ဘတ်ငွေတန်ဖိုးမြင့်တက်လာသည်ကို အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်းဗဟို ဘဏ်ကပြောသည်။ သို့ရာတွင်  ဘတ်ငွေတန်ဖိုး သည် ဇန်နဝါရီ ၂ ရက်တွင်  တန်ဖိုးကျဆင်းပြီး ငွေဖြစ်လွယ်မှုအခြေအနေမှာ ပုံမှန်အနေအထား သို့ ပြန်လည် ရောက်ရှိ သည်ဟု ဗဟိုဘဏ်ကပြော ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဈေးကွက်က အခြေအနေကိုထိန်းညှိနေချိန်မှာ ဘတ်ငွေတန်ဖိုးက အတက်အကျရှိနေဦးမှာပါ။ ဗဟို ဘဏ်က ဘတ်ငွေကိုအနီးကပ်စောင့် ကြည့်နေမှာပါဟု  ဗဟိုဘဏ်ဒုတိယအုပ်ချုပ်ရေးမှူး ဗာချီရာ အရွမ်ဒီး၏ ကြေညာချက်တွင်ဖော်ပြ

Monday, 13 Jan 2020

     မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံများကို စိုက်ပျိုးလျက်ရှိကြသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဈေးကွက်ဝင်သီးနှံ များတိုးချဲ့စိုက်ပျိုး  ထုတ်လုပ်နိုင်ရေး အတွက် သုတေသနလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကော်ဖီပင်သည် တခြားသောသီးနှံအပင်များနှင့်မတူ။  သီးထွက်ကောင်းရန်၊ အရည်အသွေးမြင့် ကော်ဖီ စေ့များ ရရန်၊ ကော်ဖီ မှုန့်ကောင်းရန်  ပြုစုထိန်းသိမ်းမှု  နည်းပညာများ လိုအပ်ပါသည်။ ထို့ပြင် အပင်စိုက်ပျိုးရာမှာလည်း အ

Monday, 13 Jan 2020

       ကျောက်မျက်ရတနာအမျိုးမျိုးကို  အခွန်ပေးဆောင်ရသည့် အထူးကုန်စည်ခွန်အား ယခုနှစ်မှ စတင်၍ ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးမှ သိရသည်။ ကျောက်မျက်ရတနာများကို ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံရာတွင် ဈေးကွက်အတွင်း ရောင်းချသည့် တန်ဖိုးအပေါ်အခြေပြု၍ အခွန်ထမ်းဆောင်ရမည်ဖြစ်ပြီး ယခင်ထက်အခွန် ထမ်းဆောင်မှု အနည်းငယ် လျော့ နည်းလာကြောင်းလည်း သိရသည်။

Monday, 13 Jan 2020

      ပြည်တွင်း၌ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအကောင်အထည်ဖော်ရေးအတွက် သိကောင်းစ ရာ များနှင့် ပတ်သက် သည့် အကြောင်းအရာများ ဆွေးနွေးခြင်းကို ဇန်နဝါရီ ၂ ရက် တွင် ရန်ကုန်မြို့ရှိ UMFCCI၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ မူပိုင်ခွင့်ဌာနနှင့် ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မူပိုင်ခွင့် ဥပဒေ အကျိုးမသက်ရောက်မီ ကာလအတွင်း ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မူပိုင်ခွင့်ဌာနမှ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို အများပြည်သူ သိရှိစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Monday, 13 Jan 2020

       မြန်မာနိုင်ငံတွင် နှစ်စဉ် မြေပဲစိုက်ဧက ၂၃ သိန်းကျော်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်အနက်  စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ဧကခုနစ်သိန်းကျော်စိုက်ပျိုးမှုရှိပြီး ပျမ်းမျှအထွက်နှုန်း ၅၀ တင်းထွက်ရှိကာ သုံးစွဲမှုကိုနုတ်ပြီးပါက တန်ချိန်သုံးသိန်းကျော်ပိုလျှံသည်ကို ပြည်တွင်း၊ ပြည်ပ တင်ပို့ရောင်းချလျက်ရှိပါသည်။  မုံရွာခရိုင်တွင် စိုက်ဧက ခုနစ်သောင်းကျော်ရှိသည့် အနက် ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်တွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။ လက်ရှိ မြေပဲလုံးဆန်   တစ်တင်းဈေးနှုန်းမှာ ကျပ် ၅၃၀ဝ၀ ဖြစ်ကာ မြေပဲဆန်ကို စားသုံးဆီကြိတ်ခြင်း၊ လက်ဖက်အကြော် တွင်သုံးစွဲခြင်း၊ မုန့်လုပ်ငန်းသုံးစွဲခြင်းအပြင် မုံရွာ

Monday, 13 Jan 2020

     ပြည်နယ်အတွင်း  ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင်  ကျပ် ၃၀ဝ၀ ဖြစ်ပြီး ဇန်န ဝါရီလ ပထမပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင်ကျပ် ၂၇၀ဝအနည်းငယ် ကျဆင်းရခြင်းမှာ  အသစ်ပေါ်သော ကြောင့် သိရသည်။ ဒီဇင် ဘာလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ တစ် ပိဿာလျှင် ကျပ် ၃၈၀ဝ မှ ဇန်နဝါရီလ ပထမပတ်ထိ တစ် ပိဿာလျှင် ကျပ် ၄၇၀ဝ ထိရှိလာ၍  ကြက်သွန်ဖြူဈေးမြင့် လာကြောင်း သိရသည်။

 

အေးအေးမော် (ကယား)

Pages