Main menu

Background

Monday, 13 Jan 2020

     ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းသီးနှံထဲမှာ ပဲတီစိမ်းသီးနှံသစ်အဝင်များပေမယ့်  မတ်ပဲ၊ ပဲစင်းငုံ သီးနှံများကတော့ ပဲဝင်ရောက်ခြင်းမရှိသေးဘဲ  လက်ကျန်ပဲများဖြင့်သာ ရောင်းဝယ်နေခဲ့ကြသည်။ အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ်၃၀ဝ ကျော် ရောင်းဝယ်ခဲ့ကြပြီး ပဲဈေးနှုန်းအနေဖြင့် အရည် အသွေးလိုက်၍ ဈေးကွာခြားလို့ တစ်တင်းကျပ် ၂၁၀ဝ၀ နှင့် ၂၃၀ဝ၀  အကြား ရောင်းဝယ်မှု ဖြစ်ခဲ့ကြ သည်။ ယခင်နှစ်က ပဲစင်းငုံသီးနှံသစ်များ နှစ်ကုန်တွင်ဝင်ရောက်ခဲ့ပြီး ပဲသစ်ဈေးမှာတစ်တင်း ကျပ် ၂၆၅၀ဝ ရရှိခဲ့ကြသည့် အတွက် ယခုနှစ်မှာတော့  ပဲသစ်ဝင်ရောက်ခြင်းမရှိသေးလို့ ပဲဟောင်းသီးနှံဈေးနှုန်းမှာ ယခင်နှစ်ဈေးကိုမမီဘဲ   ယခင်နှစ်ထက် ဈေးလျော့ရောင်းဝယ

Monday, 13 Jan 2020

     ဧရာဝတီတိုင်းဒေသကြီး ဆန်၊ စပါးဈေးကွက်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း  မြို့နယ်အချို့ မိုးဧည့် မထစပါးသစ် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်သတင်းများအရ သိရသည်။ ပုသိမ်ခရိုင်အတွင်းရှိ  ကျုံပျော်၊ ရေ ကြည်၊ ကျောင်းကုန်း၊ မြို့နယ်များနှင့် မအူပင်ခရိုင်အတွင်းရှိ  မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ယခင်မိုးစပါး ၄၆ ပေါင်၊ တင်း ၁၀ဝ ကို  ကျပ် ၄၆၀ဝ၀ဝ/၄၇၀ဝ၀ဝ/၄၈၀ဝ၀ဝ ဈေးမှယခု စပါးဈေး  ၄၆ ပေါင် တင်း ၁၀ဝ ကို   ကျပ်  ၅၀ဝ၀ဝ၀/၅၀၁၀ဝ၀ ဈေးဖြစ်သွား၍   စပါးတင်း  ၁၀ဝ ကို ကျပ် ၂၀ဝ၀ဝ မှ ကျပ် ၄၀ဝ၀ဝအတွင်း ဈေးနှုန်းမြင့်တက်မှုရှိခဲ့သည်။ ပုသိမ်ခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်အ

Monday, 13 Jan 2020

      ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နေ့စဉ် ဆန်တန်ချိန် တစ်သောင်းခန့် ပြည်ပသို့ တင်ပို့ ရောင်းချ နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။ ဘဏ္ဍာနှစ်အစကနေ အခုထိဆို ရက် ၉၀ လောက် ရှိပါပြီ။ ဒီရက်တွေအတွင်းမှာ တစ်ရက်ကို ပြည်ပကို ဆန်တန်ချိန် တစ်သောင်းလောက် တင်ပို့ရောင်းချခဲ့တဲ့အတွက် အခုထိဆိုရင် ဆန်တန်ချိန် ကိုးသိန်း လောက် တင်ပို့ရောင်းချပြီးပါပြီဟု ယင်း အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ဇန်နဝါရီ ၁ ရက်တွင် ပြောသည်။ မြန်မာနိုင်ငံက ဆန်ကို အာဖရိကနိုင်ငံများသို့ အများဆုံး တင်ပို့နေပြီး အာဆီယံနိုင်ငံများသို့ ဒုတိယ အများဆုံး တင်ပို့လျက်ရှိကာ ယခုနှစ်တွင် နွေစပါးမှ ရရှိသည့်ဆန်ကို ပြည်

Monday, 13 Jan 2020

        မြန်မာ့သွင်းကုန်  မြင့်တက်ခြင်းကို သွင်းကုန် ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြီးခဲ့သည့်  ရက်သတ္တပတ်က ပြည်ထောင်စု လွှတ်တေ ာ်တွင် ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေသည် အသေးစားနှင့် အလတ်စား ပြည်တွင်းလုပ်ငန်းများကို ပိုမို  ကာကွယ်ပေးလာနိုင်မည်ဖြစ်ကြောင်း  အဆိုပါ အသင်း ဥက္ကဋ္ဌ ဦးအောင်သိန်းက ဇန်နဝါရီ ၃ ရက်တွင် ပြောသည်။ ဒီဥပဒေကြောင့် လိုအပ်သည်ထက် ပိုမိုတင်သွင်းလျက်ရှိသော ကုန်စည်အမယ်များကို ထိန်းချုပ်လာနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ထားပါတယ်။ နိုင်ငံရဲ့ပို့ကုန်၊ သွင်းကုန်ပမာဏတွေကို  ဒီဥပဒေ

Friday, 3 Jan 2020

    ချင်းပြည်နယ်မှ စိုက်ဧကပေါင်း ၆၂၂  ဧကခန့် စိုက်ပျိုးထား ရှိပြီး ဒေသထွက်သီးနှံအဖြစ် တစ်မူထူးခြား လူကြိုက်များတဲ့ထောပတ် သီး ( Peresa Americana )၊ မျိုးရင်းအနေနဲ့ ( Louraeae ) ကရဝေး၊ သစ်ကြမ်းပိုး၊ ပရုတ်၊ နလင်ကျော် မျိုးရင်းဖြစ်ပါတယ်။ မူရင်းဒေသ အနေနဲ့ကတော့ အမေရိကားကလို့ လေ့လာမှတ်သားဖူးပါတယ်။ ထောပတ်သီးသည် ကရဝေး၊ သစ်ကြမ်းပိုးပင်များကဲ့သို့ ပူအိုက် စွတ်စိုသောရာသီဥတုကို   ကြိုက်နှစ်သက်ပြီး မိုးကောင်းတဲ့အရပ် တွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ထောပတ်သီးစေ့ကို   ပျိုးထောင်ထားပြီး မိုးကောင်းတဲ့အရပ်တွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ထောပတ်သီးစေ့ကို ပျိုးထောင်ထားပြီး တစ်လခန့် အကြာမှာအပင်ပေါက်ပါတယ်။ မိုးဦး ကျကာလရေ

Friday, 3 Jan 2020

        ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ “ရွှေပြည်မြေ” ကုမ္ပဏီ အနေဖြင့် ကြံစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်လျက်ရှိပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း အထွက်နှုန်းကောင်းသောကြံမျိုးများဖြစ်သည့် ထိုင်း KK3 နှင့် K 2000 မျိုးများအားရေဖျန်းစနစ်ဖြင့် ဧက ၁၂၀ဝ အား အဆက်ဆက်တည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါ သည်။ ကြံများအား ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးထားခြင်းကြောင့် တစ်ကြိမ်စိုက်ပျိုးလျှင် ငါးနှစ်အထိ လမိုင်းခင်းအဖြစ်  အထွက်နှုန်း ကောင်းကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် ပျမ်းမျှတန် ၃၀ နှုန်းထွက်ရှိကြောင်းသိရပါသည်။ ရွှေပြည်မြေ ကုမ္ပဏီအနေဖြင့် ကြံ စိုက်ဧက ၁၂၀ဝ ရှိရာ ၄င်းတို့မှထွက်ရှိလာသည့် ကြံတန် ၃၆၀ဝ

Thursday, 2 Jan 2020

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ တတိယပတ်က   တစ်တင်းလျှင် ကျပ် ၃၂၀ဝ၀ ကျပ်ဈေးဖြစ်ခဲ့သော မတ်ပဲသည် ဒီဇင်ဘာ ၂၃ ရက်တွင် ကျပ် ၃၅၅၀ဝ ထိ   မြင့်တက်ခဲ့ကာ   ဒီဇင်ဘာ ၂၄  ရက်တွင် ကျပ် ၃၄၅၀ဝ သို့ ပြန်လည်ကျဆင်းခဲ့ပြီး  ဒီဇင်ဘာ ၂၆ ရက်တွင် လည်းကျပ် ၃၄၅၀ဝ တွင် ဈေးငြိမ်လျက်ရှိသည်။ ဈေးတက်လာသော်လည်း အရောင်းအဝယ်အေးခဲ့ပြီး နေ့စဉ် အိတ် ၃၀ဝ မှ ၅၀ဝ အတွင်းသာ   အရောင်း အဝယ်ဖြစ် နေခဲ့သည်။ ပဲတီစိမ်း(ဆီပြောင်) တစ်တင်းလျှင် ကျပ် ၄၀ဝ၀ဝ၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်တင်းလျှင်  ကျပ် ၃၇၅၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။၊ ပဲလွန်းနီ တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်သီတင်း တစ်ပတ်ထက

Thursday, 2 Jan 2020

      ဧရာဝတီတိုင်းဒေသကြီးအတွင်း  ဆန်စပါးဈေးကွက်၌ ယခင်နှစ်လက်ကျန်ပေါ်ဆန်း၊  ဧည့်မထစပါး၊   ဆန်ဟောင်း ဈေးမြင့်၍ မိုးအသစ်ပေါ်ဆန်းရင်စပါး၊ ဆန်ဈေးနှင့် ဧည့်မထ စပါး၊ ဆန်ဈေးနှုန်းမှာဈေးနှုန်း   လျော့နည်းပြီး  ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  ဆန်၊ စပါးသတင်းများ အရ သိရသည်။

Thursday, 2 Jan 2020

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သော အမျိုး သားအဆင့် ကုန်သွယ်မှု  လွယ်ကူချောမွေ့စေရေး ကော်မတီ၏  စတုတ္ထအကြိမ်အစည်းအဝေးသို့ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဦးအောင်ထူးနှင့် ပူးတွဲဥက္ကဋ္ဌဖြစ်သည့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့သည်။

Thursday, 2 Jan 2020

    ကော်ဖီသီးခူးဆွတ် ရာသီအတွင်း ပြည်တွင်းကော်ဖီ ထုတ်လုပ်မှုမှ ကော်ဖီ စေ့တန်ချိန် ၂၀ဝ၀ မှ ၂၅၀ဝ အတွင်း ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ပြည်ပ သို့ တန်ချိန် ၁၀ဝ၀ ခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ “ဒီနှစ် ပြည်ပပို့ဖို့ မှန်းတာတော့ တန်ချိန် ၈၀ဝ နဲ့ ၁၀ဝ၀ ကြားလောက် အကြမ်းဖျင်းမှန်းပါတယ်။ ထုတ်လုပ်မှု က တန်ချိန် ၂၀ဝ၀ ကနေ ၂၅၀ဝ လောက် အထိရှိတယ်။ ကျန်တာကတော့ ပြည်တွင်းသုံးနဲ့ နယ်စပ် ပို့ကုန်ဖြစ်မယ်လို့ ထင်ပါတယ်”ဟု အဆိုပါအသင်းဥက္ကဋ္ဌ ဦးမျိုးအေးက ပြောသည်။ ပြည်တွင်းနှင့် ပြည်ပကော်ဖီ ပို့ကုန်ဈေးကွက်ကို လက်ရှိတွင် ခန့်မှန်း ထားချက်သာရှိဆဲဖြစ်ပြီး ပို့ကုန် အတိ အကျယတိပြ

Pages