Background
မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေနှင့်ပတ် သက်၍ လေးမျိုးရေးဆွဲထားကာ အတည်ပြုပြဋ္ဌာန်း ပြီးလည်းဖြစ်သည်။ မူပိုင်ခွင့်ဥပဒေလေးမျိုးမှာ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့်စာပေအနု ပညာမူပိုင်ခွင့်ဥပဒေတို့ဖြစ်သည်။ ယင်းမူပိုင်ခွင့် ဥပဒေများကို ပညာရေးဝန်ကြီးဌာနက တာဝန်ယူပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများစသည် တို့၏ အကြံပြုချက်များရယူပြီး မူကြမ်းရေးဆွဲခဲ့ သည်။ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့်ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တေ
လုပ်ငန်းသစ်ထူထောင်ရေး စွမ်းရည်ပြည့်ဝရေးကို ဗီယက်နမ် ကျောင်းများနှင့် လူငယ်များကမျက်ကွယ်ပြုထားကြသည်မှာ လွန်စွာ ကြာမြင့်ပြီဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Bui The Duy က ပြောကြားကြောင်း ဗီယက်နမ်နယူးအေဂျင်စီသတင်းတွင် ဖော်ပြသည်။ ဗီယက်နမ်ထူထောင်စ စီးပွားရေးလုပ်ငန်း အသိုက်အဝန်းတွင် လုပ်ငန်းပေါင်း ၃၀ဝ၀ ခန့်ရှိသော်လည်း ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ကမ္ဘာနှင့်ယှဉ်ပါက အများကြီး နောက်ကျကျန်နေကြောင်း အောက်တိုဘာ ၁၆ ရက်ကကျင်းပသော '၂၀၁၉ ခုနှစ် ဗီယက်နမ် စီးပွားရေးထိပ်သီးဆွေးနွေးပွဲ'၌ ပြုလုပ်သော စကားဝိုင်းဆွေးနွေးပွဲ တွင် ီကပ ကပြောသည်။ အသေးစားကုမ္ပဏီများသည် စီပွားရေးလုပ်ငန်း အနာဂတ် ဖွံ့ဖ
လယ်ယာထွက်ကုန် ပစ္စည်းများ အတွက် Measures for Import Tariff Quota Management ဆိုင်ရာဥပဒေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မတီတို့၏ ၂၀ဝ၃ ခုနှစ် အမိန့် ကြေညာစာအမှတ် (၄) တို့အရ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် အမိန့်ကြေညာစာအမှတ် (၉/၂၀၁၉) ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မတီမှ ၂၀၂၀ခုနှစ် အတွက်စားနပ်ရိက္ခာ တင်သွင်းမှု Tariff Quota သတ်မှတ်ချက် ပမာဏနှင့် လျှောက်လွှာတင်သွင်းမှုဆိုင်ရာ လုပ် ထုံးလုပ်နည်း သတ်မှတ်ချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။ လျှ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်လုပ် ငန်းများဖြစ်သော Hakers Enterprise (Myanmar) Co.,Ltd (ပုသိမ်)မှ Pants & Jackets အမျိုးအစားအရေအတွက် ၁၅၄၄၄၄၄ ၊ အမေရိကန်ဒေါ်လာ ၄၁၈၃၂၁၃ ဒသမ ၃၀၊ Huabo Times Textile and Clothing Co.Ltd (ပုသိမ်) မှ shirts အမျိုးအစား အရေအတွက် ၁၉၅၄၂၇၂ အမေရိကန် ဒေါ်လာ ၃၉၆၈၅၉၀ အား ဥရောပသို့တင်ပို့ခဲ့ပြီး North Shore Group Co.,Ltd (ပုသိမ်) မှ Pants & Jackets အမျိုးအစား အရေအတွက် ၄၄၅၈၉၃၊ အမေရိကန်ဒေါ်လာ ၇၇၇၄၁၃ ဒသမ ၆၀ ကို ဂျာမနီနိုင်ငံသို့ တင်ပို့၍ He Shan (Myanmar) Garments Co.Ltd (ပုသိမ်)မှ Shirts, Pants အမျိုးအစား အရေအတွက် ၁၆၂၉၃၀၈၊ အမေရိကန်ဒေါ်လာ ၁၉၀၆၂
မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက် အထိ ဘဏ္ဍာနှစ်ကာလအတွင်း မက်ထရစ်တန် ၅၈၃၆၇၆ ဒသမ ၃၅၄တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇၂၈ ဒသမ ၂၅၇ သန်း ရရှိခဲ့သည်။ ပို့ကုန်တန်ဖိုး အားဖြင့် အမြင့်ဆုံးတင်ပို့နိုင်သည့် စံချိန်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၈၈၀၂ သန်း တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း လေ့လာတွေ့ရှိရသည်။
မုံရွာမြို့ သံလမ်းဈေးအပြင်ဘက် တွင် ကားများကိုယ်စီဖြင့် ကြက်သား ရောင်းချနေသူများ ယခုလအတွင်း ပိုမို များပြားလာသည်။ အောက်တိုဘာလ ပထမပတ်ကြက်သားဈေးနှုန်းများမှာ ဗမာကြက်ဟု ခေါ်ကြသော အိမ်မွေး ကြက်တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၉၀ဝ၀၊ စပ်မျိုးကြက် တစ်ပိဿာဈေးနှုန်း မှာ ကျပ် ၆၀ဝ၀ ဖြစ်နေချိန်တွင် စီပီ ကြက်ဟုခေါ်ကြသော မွေးမြူရေးကြက် က တစ်ပိဿာလျှင် ဒိုင်ဈေး ကျပ် ၂၈၀ဝ၊ လက်လီဈေး ကျပ် ၃၂၀ဝ ဖြင့် ရောင်းချ နေသည်ကို တွေ့ရသည်။ ထိုမွေးမြူရေးကြက်များမှာ တစ် ကောင်လျှင် အလေးချိန်တစ်ပိဿာခွဲအနည်းဆုံးရှိပြီး အရွယ်အစား ကြီး လွန်းခြင်း၊ ဈေးနှုန်းချိုသာလွန်းခြင်းတို့ကြောင့် စားသုံးသူများအတွက် ဘေး ကင်းမှု ရှိ၊ မရှိကို သိ
မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ် ထားသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြံပြုချက်အတိုင်း LC စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ဦးဆောင် ၍ ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မော်တော် ယာဉ်အရောင်းပြခ
စင်ကာပူနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံကိုကျော်တက်ပြီး ကမ္ဘာ့ယှဉ်ပြိုင်မှု အမြင့်ဆုံး စီပွားရေးဖြစ်ရောက်ရှိလာသည်ဟု အောက်တိုဘာ ၈ ရက်ကထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာ့ယှဉ်ပြိုင်မှုအစီရင်ခံစာတွင် ပါရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ နှစ်စဉ် အဆင့်သတ်မှတ်သော နိုင်ငံများတွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံ ပါဝင်ပြီး စကေးသတ်မှတ်ချက်ကို သုည မှ ၁၀ဝ သတ်မှတ်သည်။ သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားသော အချက်များမှာ အခြေခံအဆောက်အအုံ၊ အလုပ်သမားဈေးကွက်၊ ပြည်သူ့အဖွဲ့ အစည်းများ၏ အရည်အသွေးနှင့် စီးပွားရေး လုပ်ဆောင်ရာတွင် ပွင့်လင်း မြင်သာမှု စသည့်အချက်များ ပါဝင်သည်။ အမှတ် ၁၀ဝ အနက် စင်ကာ
ဘူးသီးနှင့်ပတ်သက်၍ မြန်မာလူမျိုးတို့၏ ဟင်းလျာအဖြစ် လည်း ကောင်း၊ သရေစာအဖြစ်လည်းကောင်း အမျိုးမျိုးစီမံ၍ စားသုံးလျက် ရှိပါသည်။ ဘူးသီးနှင့် ကြက်သားကာလသားချက်၊ ဘူးသီးနှင့် မြေပဲထောင်း တို့ကို ဆီပြန်ချက်၊ ဟင်ခါးဟင်းရည်အနေဖြင့်လည်းကောင်း၊ အချဉ် သိပ်၍လည်းကောင်း ချက်ပြုတ်စားသုံးကြသလို ဘူးသီးကို ဘူးသီး ငါးပေါင်းကြော်၊ ဖြူးကြော်၍လည်းကောင်း စားသုံးကြပါသည်။ ဘူးသီးကို အရောင်ပေါ်လိုက်ပြီး အစိမ်းမျိုး၊ အဖြူမျိုး၊ အစိမ်းနှင့် အဖြူ ကွက်ကျားမျိုးဟု ခွဲခြားကြပါသည်။ အသီး၏ပုံသဏ္ဌာန်အရ ဘူး သပိတ်၊ ဘူးလည်လှ၊ ဘူးရှည်စက၊ ဘူးရှည်၊ ဘူးရေမှက်နှင့် ဘူးခါးဟူ၍ လည်း မှတ်သားရပါသည်။ တော်သလင်းဘူးကျင်းဆိုရိုးစကားအရ တော
ကမ္ဘာ့ဘဏ်၏ ပဏာမ အစီရင်ခံစာအရ အပြောင်းလဲဆုံးနိုင်ငံ ၂၀ စာရင်းတွင် မြန်မာ နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံအနေဖြင့် Ease of Doing Business ဆောင်ရွက်ရာတွင် ကဏ္ဍဍငါးခု ပြောင်းလဲ တိုးတက်လုပ်ဆောင်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန (DICA)ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် လွင်ကပြောသည်။ အောက်တိုဘာ ၁ ရက်က ယင်းဌာန၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပြောင်းလဲတိုးတက်လာသော ကဏ္ဍဍငါးခုအနက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် တိုက်ရိုက်သက်ဆိုင် သည့် လုပ်ငန်းနှစ်ခု ပါဝင်ကြောင်း ဦးသန့်စင် လွင်က ပြောသည်။