Background
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဘိုင်းဒါးဒေသနှင့် သဲကုန်းမြို့နယ်၊ ပုတီးကုန်း၊ ဝက်ပုတ်ဒေသများ၌ ဖရဲသီးအပါအဝင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီနှင့် ဟင်းသီးဟင်းရွက် အမြောက်အမြား စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပဲခူး၊ ရန်ကုန် တောင်ငူ၊ ဘားအံနှင့် ကျိုက်ထိုဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယခုအခါ Win Organic Farm Myanmar Co., Ltd မှ မြန်မာနိုင်ငံ Organic ဟင်းသီးဟင်းရွက်ထွက်ကုန်များအား အခြောက်ခံ၍ ကိုရီးယားနိုင်ငံသို့ တင်ပို့လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဘိုင်းဒါးဒေသမှဂေါ်ဖီထုပ်များကို Organic ထုတ်ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်၍ ကိုရီးယားနိုင်ငံဈေးကွက်သို့ ဝယ်ယူတင်ပို့နိုင်ရန် အောက်တိုဘာ ၁
စတုတ္ထစက်မှုတော်လှန်ရေးတွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ ပါဝင်နိုင်ရန် ဆောင်ရွက်ရမည့် နည်းလမ်းခြောက်ခု နှင့်ပတ်သက်၍ Enhanced Integrated Framework (EIF)မှ Ratnakar Adhikari က ဆောင်းပါးတစ်ပုဒ်အကြံပြုရေးသား ဖော်ပြထားသည်။ အဆိုပါဆောင်းပါးတွင် စတုတ္ထစက်မှုတော်လှန်ရေး ခေတ်တွင် စက်ပစ္စည်းများ၊ စက်ရုပ်များက လူသားတို့နေရာ တွင် အစားထိုးဝင်ရောက်သွားပြီး အလုပ်လက်မဲ့ဦးရေများပြား လာမည်ဟု တချို့က ယုံကြည်ကြကြောင်း၊ တချို့ကလည်း ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအတွက် ကြီးမားသည့် အလား အလာကောင်းဖြစ်သည်ဟု ရှုမြင်ကြကြောင်း မိတ်ဆက် ရေးသားဖော်ပြထားသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့် စတ
လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် အရောင်းပြေစာတွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်မှုများအပေါ် ပြီးခဲ့သည့်ဇွန်လမှ စတင်ကာ ဒဏ်ငွေရိုက်အရေးယူလျက်ရှိရာ ယင်းဒဏ်ရိုက်မှုမှ သြဂုတ်လအထိ ကျပ်သန်း ၆၀ နီးပါးရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။ ယင်းဌာနအနေဖြင့် ပြီးခဲ့သည့် ဇွန်လမှစတင်၍ အဆိုပါပျက်ကွက်မှုများ အပေါ် ဒဏ်ငွေရိုက်အရေးယူခဲ့ရာတွင် သြဂုတ်လအထိ ဒဏ်ရိုက်မှု ၅၉၆ မှု ရှိခဲ့ပြီး ဒဏ်ကြေးငွေအနေဖြင့် ကျပ် ၅၉ ဒသမ ၇၆၂ သန်းခန့်ရရှိခဲ့ကြောင်း သိရ သည်။ ပြေစာပေါ်တွင် အခွန်တံဆိပ် မကပ်နှိပ်ခြင်းအား သတင်းပေးတိုင်ကြားလာသည့်အမှု ၃၀ မှု ရ
အမေရိကန်စက်အစိတ်အပိုင်းများမပါဘဲ 5G အခြေခံစခန်းများကို တည်ဆောက်သွားရန် အသင့်ဖြစ်နေကြောင်းနှင့် လာမည့်နှစ်တွင် ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်သွားမှာဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီတည်ထောင်သူနှင့် စီအီးအို ရန်ဇန်ဖေးက စက်တင်ဘာ ၂၇ ရက်တွင်ပြောသည်။ အောက်တိုဘာလမှစ၍ ဟွာဝေးသည် တစ်လကို 5G ဆက်သွယ်ရေးအခြေခံစခန်း ၅၀၀၀ တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် အခြေစိုက်စခန်း ၁ ဒသမ ၅ သန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်က ဖိုရမ်တစ်ခုတွင်ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ဆန်၊ စပါးဈေးကွက်၌ စက်တင်ဘာလအတွင်း ဈေးနှုန်းကျဆင်းကာ အရောင်းအဝယ် အေးလျက်ရှိပြီး ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် ပေါ်ဆန်းစပါးဈေးနှင့် ဧည့်မထ မိုးစပါး ဈေးများ ကျဆင်းလျက်ရှိသည်။ ပုသိမ်ခရိုင်တွင် ပေါ်ဆန်းစပါး ၄၆ပေါင်တင်း ၁၀၀ ကို ကျပ်ကိုးသိန်းခွဲ၊ ၁၀ သိန်းဝန်းကျင်မှ ယခုကျပ် ရှစ်သိန်းခွဲ၊ကျပ်ကိုးသိန်း မိုးဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၅၅၀၀၀၀၊ ကျပ် ၅၉၀၀၀၀ မှ ယခု ကျပ် ၅၃၀၀၀၀၊ ကျပ် ၅၄၀၀၀၀ ခန့်ဈေး၊ မြောင်းမြခရိုင် ပေါ်ဆန်းစပါး ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၈၈၀၀၀၀-၉၃၅၀၀၀ မှ ယခု ကျပ် ၈၃၀၀၀၀- ၈၅၀၀၀၀ နှင့် မအူပင်ခရိုင်တွင် ပေါ်ဆန်း စပါ
အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ် ဆိုက် iMyanmarHouse.com နှင့် Myanmar Art Construction & Development Co.,Ltd.
ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ် ငါးမျိုး သစ်များ ဖော်ထုတ်မျိုးပွားနိုင်ရေးအတွက် သုတေသနပြုမှုများ အရှိန်မြှင့်ဆောင် ရွက်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် သုတေ သန လုပ်ငန်းများအတွက် ရေချိုငါးများ သားဖောက် ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ဒေသတွင်း ငါး၊ ပုစွန်ကျန်းမာမှုအတွက် အထောက်အကူ ပြုစေမည့် ငါးလုပ်ငန်း စခန်းအတွင်းရှိ ငါး၊ ပုစွန်ကျန်းမာမှုနှင့် ရောဂါထိန်းချုပ်ရေး ဓာတ်ခွဲခန်းကို လည်းကောင်း ဆောင်ရွက်လျက်ရှိ ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။
အိန္ဒိယနိုင်ငံ၏ နွေသီးနှံသည် တာထွက်ညံ့ခဲ့သော်လည်း ယခုအခါ အခြေ အနေမှာ ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်းနှင့် အကောင်းဘက်သို့ ဦးတည်လာ နေပြီဖြစ်ကြောင်း လေ့လာဆန်းစစ်သူတို့၏ ပြောကြားချက်ကို ကိုးကား၍ Producer.com ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြသည်။ မုတ်သုံမိုးရွာသွန်းမှုသည် ဇွန် ၁ ရက်မှဇူလိုင် ၁၉ ရက်အထိ ကာလအတွင်း ပုံမှန်ရွာသွန်းမြဲအောက် ၁၈ ရာခိုင်နှုန်း ကျဆင်ခဲ့သော်လည်း ဇွန် ၁ ရက်မှ စက် တင်ဘာ ၁၁ ရက်အထိကာလကို ကြည့်ပါက ပျမ်းမျှရွာသွန်းမှုအထက် ၁၉ ရာခိုင် နှုန်း မြင့်မားခဲ့သည်။ ဇူလိုင် ၁၉ ရက်အထိ ပဲသီးနှံစိုက်ပျိုးမှု အခြေအနေမှာ ယခင်နှစ် ကထက် ဧကခုနစ်သန်းကျော်ပိုမိုခဲ့ပြီး စက်တင်ဘာ ၁၃ ရက်အထိ အခြေအနေမှာ တ
အက်ပဲအိုင်ဖုန်းသုံးမျိုးဖြစ်သော iPhone 11, iPhone 11 Pro eJY iPhone 11 Pro Max တို့ကို စင်ကာပူတွင် စက် တင်ဘာ ၂၀ ရက်က စတင်ရောင်းချခဲ့ကြောင်း channelnewsasia သတင်းတွင် ဖော်ပြသည်။ အိုင်ဖုန်းများ ကို ရောင်းချရန် မူလသတ်မှတ်ထားသောရက်ထက် တစ်ရက်စော၍ ရောင်းချခြင်းဖြစ်ပြီး အောချတ်လမ်းရှိ အက်ပဲစတိုးဆိုင် အပြင်ဘက်တွင် လူအများအပြား တန်းစီစောင့်ဆိုင်းနေကြသည်။ မိုဒယ်အမျိုးအစား သုံးခုစလုံးကို စင်ကာပူတွင် စက်တင်ဘာ ၁၃ ရက်ကတည်းက ကြိုတင်မှာယူထား ခြင်းဖြစ်သည်။