Background
လူသားသက်ရှိသတ္တဝါတို့၏ စားနပ်ရိက္ခာဖူလုံရေး အတွက် သစ်ပင်သီးနှံများကို စိုက်ပျိုးလာကြရသည်။ သစ်ပင် သီးနှံများကို တိုးချဲ့စိုက်ပျိုးလာရလေလေ သစ်ပင်သီးနှံများနှင့် အတူ ဖွားဘက်တော်အဖြစ် ပေါ်ပေါက်လာ သည်မှာ သစ်ပင် သီးနှံဖျက်ဆီးသည့်ပိုးမွှားများပင်ဖြစ်သည်။ သီးနှံသစ်ပင်များ ကို ပိုးမွှားဖျက်ဆီးသဖြင့် ဆုံးရှုံးရသည်မှာ နှစ်စဉ် အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်ပင်ရှိသည်ဟု ဆိုပါသည်။သစ်ပင်သီးနှံ များကို ဖျက်ဆီးသည့် ပိုးမွှားများကို ကာကွယ် နှိမ်နှင်းရန် ပိုးသတ်ဆေးအမျိုးမျိုးကို သုံးစွဲလာကြ သည်။ ပိုးသတ်ဆေးအပျော့စားမှသည် အပြင်းစားအထိ လက်လွန်လာကြသည်။ ဤသည်ကိုအကြောင်းပြု၍ စီးပွားရေးသမားများက အကွက်မြင် လာ
မြန်မာနိုင်ငံသည်မည်သည့်သီးနှံမျိုးကိုမဆို စိုက်ပျိုးနိုင် သည့်ရေမြေကောင်းမွန်မှုနှင့် သဘာဝအရင်းအမြစ်များပေါများမှုတို့ကြောင့် စီးပွားဖြစ်လုပ်ကိုင်နိုင်သောအလုပ်အကိုင် ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးနိုင်ပါသည်။ ထိုကြောင့် မိမိ ဒေသထွက်အရင်းအမြစ်ကို အခြေခံ၍ နည်းပညာကိုအခြေ ခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products)များ ကို ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့တန်ဖိုးမြှင့် ထုတ် ကုန်များကိုထုတ်လုပ်နိုင်ခြင်း အားဖြင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ မိသားစုဝင်ငွေများတိုးပွားလာခြင်း၊ ဝင်ငွေတိုးပွားလာသည့်နှင့်တစ်ပြိုင်နက်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ကျေး
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ကြက်သွန်ဈေးကွက်တွင် ကြက်သွန်နီဈေးကျဆင်းလျက်ရှိပြီး လက်လီသမား များသာအဝယ်ရှိကြောင်း ရောင်းဝယ်သူများထံက သိရသည်။''ယခုတစ်ပတ် မှာ ကြက်သွန်နီလက်လီ အဝယ်ရှိ တယ် ကျောက်ပန်းတောင်း၊ ပွင့်ဖြူ၊ မကွေးဘက်ကလည်းဝယ်တယ်။ ယခုနယ်ကြက်သွန်ဥကြီးရယ်မဟုတ်တော့ဘူး အမျိုးအစားစုံအောင်ရောင်းရတယ်'' ဟုပွဲစားက ပြောပါသည်။ယခုတစ်ပတ် လက်လီဈေးမှာ ကြက်သွန်အကြီး တစ် ပိဿာလျှင်ကျပ် ၁၃၀ဝ၊ ကြက်သွန်အလတ်တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၊ အသေးအခွံချွတ် ကြက်သွန်ကတော့ ကျပ် ၇၀ဝ ဖြင့်ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်ကထက် တစ်ပိဿာလျှင် ကျပ် ၂၀ဝ မှ ၃၀ဝ အထိ ဈေးကျ လာေ ကြာင်းသိရသည်။''ကြက်သွန်နီအသစ်ကလည်းပေါ်ဖို့ နီးနေပြီဆို
ကျောက်ပန်းတောင်းမြို့နယ်တွင်စမုံနက်နှမ်းနှင့်နှမ်းနက်များ အဝယ်သွက်ကာ ဈေးမြင့်တက်နေကြောင်း ဒေသခံ ဈေးကွက်က သိရသည်။ လက်ရှိဆောင်းနှမ်းတွေပေါ်နေပါပြီ။ စမုံနက်နှမ်းတစ်တင်းလျှင် ကျပ် ၇၄၀ဝ၀ ကနေ ကျပ် ၇၈၀ဝ၀ ပေါက်ဈေးရှိပါတယ်။ နှမ်းနက်တစ်တင်း ကျပ် ၇၂၀ဝ၀ ကနေ ကျပ် ၇၇၀ဝ၀ ဈေးပေါက်ပါတယ်။ အားလုံးဈေးတက်တယ်။ ယခင်တစ်ပတ် မှာ စမုံနက်တစ်တင်း ကျပ် ၇၀ဝဝဝ ကနေ ကျပ် ၇၃၀ဝဝဈေးဖြစ်ခဲ့ပြီး နှမ်းနက်မှာ တစ်တင်း ကျပ် ၇၃၀ဝဝဈေးရှိ ကြောင်း ရေနံချောင်းမြို့နယ်က ပွဲစားများထံမှ သိရသည်။ကျောက်ပန်းတောင်းမြို့နယ်အမြှောင်ကန်ကျေးရွာ တောင်သူဦးဝင်းဌေးက ''နှမ်းနက်ဈေးကမြင့်လာတယ်။ လက်ရှိက တောင်သူဆီ မှာက နှမ်းများများစားစားမရှိဘူး
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ ပဲဈေးကွက်မှာ ကုလားပဲ လက်ကျန် အနည်းငယ်ရှိပေမယ့် ခွဲခြမ်းစက်များကအဝယ်ရှိနေတာကြောင့် တစ်ရက်အိတ်၂၀ဝ နီးပါးရောင်းရကြောင်းသိရသည်။ခွဲခြမ်းစက်သမားများ က ကုလားပဲကိုကြိတ်ခွဲပြီး အလှူအတန်းများတွင် အသုံးပြုကြသလို ကျောက်ပန်းတောင်း၊ နတ်မောက်၊ မကွေးကိုတင်ပို့တာ ကြောင့် အဝယ်သွက်နေကြောင်း ပဲဈေးကွက်မှသိရသည်။ပဲဈေးမှာ ကုလားပဲ တစ်တင်း ကျပ်၂၆၃၀ဝ မှ ၂၆၇၀ဝ နှင့် ဈေးပေးဝယ် နေကာ ဈေးတန့်နေကြောင်း မြို့မတောင်ရပ်မှ ပဲပွဲစားတစ်ဦးက ပြောသည်။
ဆန်းညွန့်(ရေနံချောင်း)
၂၀၁၈-၂၀၁၉ တွင်တောင်ငူခရိုင်အတွင်း၌ ဧည့်မထမိုး(စပါး)ဈေးနှုန်းအတက်အကျ ပုံမှန်သာရှိနေကြောင်း၊ ယခင် သီတင်းပတ်က ဧည့်မထမိုး (စပါး) တင်း ၁၀ဝလျှင် ကျပ် ၅၁၀ဝဝဝ မှ ယခုသီတင်းပတ်တွင် ကျပ် ၅၃၀ဝဝဝ ခန့်ရှိ၍ ကျပ် ၅၀ဝ၀ ဈေးနှုန်းမြင့်တက်လာပြီး စပါးအသစ်အရောင်းအဝယ်အေးနေကြောင်း သိရပါသည်။ဆန်ဈေးနှုန်းမှာလည်း ယခင်သီတင်းတစ်ပတ်က ဆန်တစ်အိတ်လျှင် (ဧည့်မထ) အသစ် ကျပ် ၁၉၅၀ဝ မှ ယခု သီတင်း တစ်ပတ် မှာ ကျပ် ၂၀ဝဝဝ ရှိ၍ ကျပ် ၅၀ဝ ဈေးနှုန်းမြင့်တက်လာကြောင်း ဆန်ကုန်သည်ပွဲစားများထံမှ စုံစမ်းသိရ ပါသည်။
စောသန်းထိုက်ကျော် (တောင်ငူ)
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောရော ဆန်ကြမ်းပါ အသစ်များထပ်မံဝင်ရောက်လာတဲ့အတွက် ဆန် သစ်များဈေးကျကြောင်း ရန်ကုန်မြို့ ဝါးတန်းဆန်ကုန်စည်ဒိုင် မှ သိရပါတယ်။ ကုန်စည်ဒိုင်ရဲ့ ဆန်လက်ကားဈေးနှုန်းများ အရ ပေါ်ဆန်းဆန်အဟောင်းများဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၅၂၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ်၅၁၀ဝဝ၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၅၆၀ဝ၀ နဲ့လတ်စတစ်အိတ် ကျပ် ၅၄၀ဝဝ၊ ကျိုက်လတ်ပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၅၀ဝဝဝ နဲ့ လတ်စတစ်အိတ်ကျပ်၄၉၀ဝ၀ နဲ့ဈေးငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၆၂၀ဝ၀ - ကျပ် ၆၄၀ဝ၀ ရှိပြီး တစ်အိတ်ကို ကျပ် ၁၀ဝ၀ ခန့် ဈေးတက် ကြောင်း သိရပါတယ်။ ရွှေဘိုပေါ်ဆန်းဆန်က လူ
အဆိုပါပြပွဲကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် လုပ်ငန်းရှင်များ အသင်း (MTMA) တို့ ပူးပေါင်းကျင်းပ ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ချည်မျှင်နှင့် အထည် အလိပ်ဆိုင်ရာ နည်းပညာအသစ် များ၊ ဖြတ်စက်များ၊ စက်ချုပ်စက်များ၊ ပုံနှိပ်စက်များ၊ ပန်းထိုးစက်များ၊ ဖိစက် များ၊ ချည်ခင်၊ ကြိုးလွန်းများကို ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။"MTG အနေနဲ့ ပြည်တွင်းဈေး ကွက်အတွက် ကောင်းမွန်စွာချိတ်ဆက် နိုင်ဖို့နဲ့ ထိရောက်သော ဆက်သွယ်ရေး ပလက်ဖောင်းကို တည်ဆောက်လိုပါ တယ်။ အဲဒါကြောငTAJIMA, MGMA နဲ့MTMA ရဲ့ စီစဉ်သူတွေနဲ့ ပူးတွဲအား ထုတ်ပြီး ဆောင်ရွက်ခဲ့တာပါ။ ဒီပွ
ပြည်ပဲဈေးကွက်မှာ ယခုတစ်ပတ်အတွင်း မတ်ပဲသီးနှံဈေးပိုရလာသလို ပဲစင်းငုံသီးနှံကလည်း ယခင်တစ်ပတ်ထက် အနည်းငယ်ဈေးပိုရလာခဲ့တာကို တွေ့ ရပါတယ်။ လက်ကျန်ပဲများရှိသော်လည်း ရန်ကုန်ဝယ်လက် ဝယ်လိုအား အပေါ် မူတည်၍ ရောင်းချခဲ့ကြရတာကြောင့် အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ် ၃၀ဝ-၄၀ဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နေ့စဉ်အဝယ်မရှိဘဲ ရက်ခြားအရောင်း အဝယ်ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း အခြားပဲအားလုံးထက် လျော့နည်းခဲ့ကာ တစ်တင်း ကျပ် ၁၄၀ဝ၀ ဖြင့် ဈေးအနိမ့်ဆုံးရခဲ့လို့ ယခုနှစ်အတွင်း တစ်နှစ်တာလုံး ဈေးအေးခဲ့တဲ့ သီးနှံဖြစ်နေခဲ့ပါတယ်။
ခင်ဆွေဝင်း
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ အရောင်းအဝယ်အေးတဲ့အတွက် ဆန်ချောဈေးငြိမ်နေပြီး ဆန်ကြမ်း ဈေးအကျဘက်ရောက်နေကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်လက်ကားဈေးနှုန်း များအရ ဖျာပုံပေါ်ဆန်းထိပ်စတစ်အိတ်ကျပ် ၅၂၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၅၁၀ဝဝ၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်း ဆန်ထိပ်စတစ်အိတ်ကျပ် ၅၆၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၅၄၀ဝဝ၊ ကျိုက်လတ်ပေါ် ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၅၀ဝဝဝနဲ့လတ်စတစ်အိတ်ကျပ် ၄၉၀ဝဝ၊ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၆၁၀ဝ၀ - ၆၃၀ဝဝ၊ ပေါ်ဆန်း(ရှယ်) တစ်အိတ်လျှင် ကျပ် ၅၀ဝဝဝ - ၅၃၀ဝ၀ ရှိပြီး ယခင်တစ်ပ တ်ဈေးအတိုင်း အပြောင်းအလဲမရှိကြောင်း သိရပါတယ်။ယခု တစ်ပတ်မှာ ဆန်အဝင်နည်းသလိ










