Main menu

Background

Tuesday, 19 Oct 2010

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB) ဈေးနှုန်း၁၅-၁ဝ-၂ဝ၁ဝ                                                                                                     US$/Ton                      အောက်တိုဘာလပထမပတ်        အောက်တိုဘာလဒုတိယပတ်      နှိုင်းယှဉ်ချက်RBD P.Oil                ၉၁၈ .ဝဝ                               ၉၂၃ .၅ဝRBD P.Oilen             ၉၃၃ .၅ဝ                              ၉၄၆ .၅ဝRBD P.Strarin           ၈၉၇ .ဝဝ                               ၉ဝ၆ .ဝဝSource: econ.mpob

Tuesday, 19 Oct 2010

 စားအုန်းဆီဈေးနှုန်းများ(၁၁-၁ဝ-၂ဝ၁ဝ မှ ၁၅-၁ဝ-၂ဝ၁ဝ နေ့ထိ)                                                          ရေတွက်ပံုံ - ဒေါ်လာစဉ်       နေ့စွဲ                  CIF (ရန်ကုန်)(၁)     ၁၁-၁ဝ-၂ဝ၁ဝ         ၁ဝ၂ဝ(၂)    ၁၂-၁ဝ-၂ဝ၁ဝ          ၁ဝ၂ဝ(၃)    ၁၃-၁ဝ-၂ဝ၁ဝ          ၁ဝ၃ဝ(၄)    ၁၄-၁ဝ-၂ဝ၁ဝ          ၁ဝ၅ဝ(၅)    ၁၅-၁ဝ-၂ဝ၁ဝ          ၁ဝ၄၅                                                                             Source: ဆီကုန်သည်များအသင်း

Tuesday, 19 Oct 2010

ဈေးကောင်းရလာတဲ့ လဲချားပဲပုပ်       ဒီတစ်ပတ်တောင်ကြီး ဈေး ကွက်မှာ ပဲပုပ်ဈေးက ထိပ်စ၊ လတ်စ၊ ညံ့စဆိုပြီး ဝင်လာပါတယ်။ ပြည်တွင်း သုံးအဖြစ် ဝယ်ယူနေကြပြီး ဝယ်လို အားကလည်း ကောင်းနေပါတယ်။ ဆီ စက်လုပ်ငန်းရှင်တွေကလည်း ဆီကြိတ် ဖို့အတွက် မွေးမြူရေး လုပ်ငန်းရှင် များ က အစာစပ်ဖို့အတွက် ဝယ်ယူနေတာ ကြောင့် ဈေးကွက်မှာ အရောင်းသွက် နေတယ်လို့ သိရပါတယ်။ မနှစ်က လောက်မထွက်တာကြောင့် အောက်တိုဘာလ ကုန်လောက်ဆိုရင် ပစ္စည်းပြတ် သွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နာမည်ကြီး လဲချားပဲပုပ်ကိုလည်း ရန်ကုန် က ဆီစက်လုပ်ငန်းရှင်တွေဆင်းပြီး ဝယ် တာကြောင့် ကုန်သလောက်ဖြစ်နေ ပါပြီ၊ လဲချားပဲပုပ်က လုံးသန့်တွေ သာ ထွက်တာကြောင့် ဈေးကွက်ကို ထိပ်စအဖြစ်ဝင်ပြီး ဈေးကောင်းရပါ တယ်။ ဒီနှစ်တောင်ကြီး ဒေသတစ်ဝိုက် အောင်ပန်း၊ ဟဲဟိုးဒေသ တစ်ဝိုက်က တော့ ပဲပုပ်ထိပ်စ အထွက်နည်းပြီး၊ လတ်စတွေသာ အထွက်များတယ်လို့ သိရပါတယ်။ လတ်စပဲပုပ်တွေကိုတော့ ပြည်တွင်းနဲ့ ဒေသတွင်းက ဆီစက်လုပ်ငန်းရှင်များက ဝယ်ယူကြပြီး ဆီကြိတ်ဖို့ အသုံးပြုကြပါတယ်။ ပဲပုပ်ညံ့စတွေကို တော့ ဒေသတွင်း တိရစ္ဆာန်အစာစပ်ဖို့ အတွက် မွေးမြူရေးလုပ်ငန်းရှင်တွေက ဝယ်ယူကြပါတယ်။ ဒီတစ်ပတ် ပဲပုပ်ဈေး က ထိပ်စ တစ်ပိဿာ ၈၆၅ ကျပ်၊ လတ်စ ၇၈ဝ ကျပ်၊ ညံ့စ ၇ဝဝ ကျပ် ဈေးရှိပါတယ်။ ပဲပုပ်ဖတ်ကတော့  တစ် ပိဿာ ၉ဝဝ ကျပ်-၉၂ဝ ကျပ်ဈေးရှိပြီး ပဲပုပ်ဆီကတော့ တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေးရှိပါတယ်။ ရန်ကုန်ဝယ်လက် တွေ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း ပဲပုပ်ပိဿာချိန် ၁ ဒသမ ၈ သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည် များထံက သိရှိရပါ တယ်။                                                                                                                               ဧဧခိုင်

Tuesday, 19 Oct 2010

ရောင်းအားကျသွားတဲ့ ပြည်ပဲပုပ်      ပြည်ပဲပုပ်မှာ ယခု တစ်ပတ် တွင်လည်း လက်လီဝယ်ယူသူများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ လက်ကားထက် လက်လီဝယ်ယူသူများ ပဲပြားလုပ်ငန်းလုပ်ကိုင်သူများသာ အဝယ်များကြောင်း သိရပါတယ်။ ရောင်းဝယ်မှုအနေဖြင့် ယခုတစ်ပတ် မှာတော့ယခင်တစ်ပတ်ထက် အရောင်း အဝယ်အနည်းငယ်လျော့သွားကြောင်း သိရပါတယ်။ ဈေးနှုန်းအနေဖြင့် ပဲပုပ် ပိဿာ ၂ဝ တစ်တင်းကို ၁၇ဝဝဝ ကျပ်ဖြင့် နေ့စဉ် ၁ဝ အိတ်ဝန်းကျင် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။                                                                                                                                             ဆုမွန်ဆွေ

Monday, 18 Oct 2010

ပြည်ဈေးကွက်တွင် မြေပဲဆံဈေးနဲ့အတူ ဆီဈေးမာ    မိုးမြေပဲရာသီကုန်ချိန် ပြည်ဈေးကွက်တွင် တစ်နေ့ကိုမြေပဲဆံ အိတ် ၁ဝဝဝ ဝန်းကျင်သာ အဝင်ရှိခဲ့ပါတယ်။ ရန်ကုန်သို့ အောက်တိုဘာလဆန်းမှ ခုချိန်ထိ မြေပဲဆံအိတ် ၆ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်ဈေးကွက်သို့ မြေပဲဆံဝင်ရောက်မှုနည်းသွား သဖြင့် ဆီကြိတ်မြေပဲဆံဈေးမှာ တစ်ပိဿာလျှင် ၁၄ဝဝ ကျပ်၊ ၁၄၂၅ ကျပ်ထိ မြင့်တက်လာခဲ့ပါတယ်။ ဆီစက်သမားများလည်းပုံမှန် အဝယ်ရှိလာသဖြင့် တစ်နေ့လျှင်အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ် လျက် ရှိပါတယ်။ လုံးဆံတစ်ပိဿာလျှင် ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ မြေပဲဆံဈေး လှုပ်လာခဲ့သဖြင့် ဆီဈေးမှာလည်း တစ်ပိဿာလျှင် ၃၆ဝဝ ကျပ်၊ ၃၆၃ဝ ကျပ်ဖြင့်အရောင်းအဝယ် ဖြစ် လျက်ရှိပါတယ်။ဝေဝေမင်း

Monday, 18 Oct 2010

မိုးနှမ်းအဝင်ပါးချိန် နှမ်းဈေးမာ     ပြည်ဈေးကွက်တွင် မိုးနှမ်းများအဝင်ပါးနေချိန်ဖြစ်သဖြင့် နှမ်းဈေး အနည်းငယ်မာလာခဲ့ပါတယ်။ နှမ်းနက်ကို လိုင်းသမားများ အဝယ်ရှိနေသဖြင့် ပြည် ဈေးကွက်တွင် နှမ်းနက်ဈေးမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၈၅ဝဝဝ ကျပ်၊ ၁၂ဝဝဝဝ ကျပ်ထိ မြင့်တက်လာတာတွေ့ရပါတယ်။ နှမ်းနီဈေးမှာ ဆီစက်သမားများ အဝယ် ရှိသဖြင့် ၄၅ ပိဿာတစ်အိတ်လျှင် ၇ဝဝဝဝ ကျပ်၊ ၇၅ဝဝဝ ကျပ်ထိ ဈေးမာလာ ခဲ့ပါတယ်။ နယ်များမှ အဝင်ပါးနေသဖြင့် တစ်နေ့လျှင် နှမ်းအိတ် ၁၅ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ရှေ့ဆက်၍ မိုးနှမ်းများတုံးချိန်ဖြစ်သဖြင့် ဈေးဆက်မာနေမှာဖြစ်ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်တွင် အောက်တိုဘာလ ဆန်းမှ ခုချိန်ထိ ရန်ကုန်တိုင်းဒေသကြီးသို့ အိတ် ၅ဝဝ ၊ မန္တလေးတိုင်းဒေသကြီးသို့ အိတ် ၆၅ဝ နဲ့ မကွေးတိုင်းဒေသကြီးသို့ အိတ် ၇ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းဈေးတက်ပေမဲ့ နှမ်းဆီဈေးမှာ တစ်ပိဿာလျှင် ၂၈ဝဝ ကျပ်၊ ၂၉ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ဝေဝေမင်း

Monday, 18 Oct 2010

တစ်ဖက်နိုင်ငံမှာနှမ်းဈေးတည်ငြိမ်လျက်ရှိ     ယခုအပတ်မှာ တစ်ဖက်နိုင်ငံ နှမ်းဈေးတည်ငြိမ်နေပြီး ယခင်အပတ်က တရုတ်ပြည်မှာ ဘာသာရေး ပွဲတော် မုန့်စားပွဲရှိတဲ့အတွက် နှမ်းအဝယ်လိုက်ခဲ့ပေမဲ့ ယခုအပတ်မှာတော့ အရောင်းအဝယ်အေးနေတယ်လို့ နယ်စပ်မှ နှမ်းတင်ပို့နေသူတစ်ဦးက ပြောပါတယ်။ နှမ်းဖြူ တင်ပို့မှု ယခင်အပတ်ကထက် ကျဆင်းခဲ့ပေမဲ့ နှမ်း နက်နဲ့ နှမ်းအခွံချွတ်တင်ပို့မှုများပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ နှမ်းဖြူ ၁ဝ၄၅ တန်၊ နှမ်းနက် ၁၃၃၉ တန်နဲ့ နှမ်းအခွံချွတ် တန် ၂၉ဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၅၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် နှမ်းဖြူ တန်ချိန် ၁၁၈ဝ လျော့နည်း တင်ပို့ခဲ့သော်လည်း နှမ်းနက် ၃၇၉ တန်နဲ့ နှမ်း (အခွံချွတ်) ၁၇၇ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းဖြူဈေးဟာ မိမိဘက်မှာ ယခင်အပတ်ကထက် ၇၂၁၆၄ ကျပ် လျော့နည်းခဲ့ပြီး တစ်ဖက်နိုင်ငံမှာ ယွမ် ၂ဝဝ မြင့်တက်လျက်ရှိပါတယ်။ နှမ်းနက်ဈေးကတော့ မိမိဘက်မှာ ပြောင်းလဲမှု မရှိသော်လည်း တစ်ဖက်နိုင်ငံဈေးက ယွမ် ၂ဝဝ ပိုတယ်လို့သိရပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                    မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ယွမ်/တန်)               ယခု              ယခင်     ပြောင်းလဲမှု     %       ယခု      ယခင်     ပြောင်းလဲမှု       %နှမ်းဖြူ       ၁၁၈ဝ၆ဝ၇    ၁၂၅၂၇၇၁     ၇၂၁၆၄        ၆      ၈၈၁ဝ    ၈၆ဝဝ        ၂ဝဝ            ၂နှမ်းနက်    ၁၂၆၁၅၇၁     ၁၂၆၁၅၇၁        -             -      ၉၃၁၅     ၉၁၁၅       ၂ဝဝ            ၂MIRT (DOBT)

Monday, 18 Oct 2010

ဒီတစ်ပတ် နှမ်းတင်ပို့မှု တန်ချိန် ၁ဝဝဝ ကျော်      ယခုတစ်ပတ် ပင်လယ်ရေကြောင်းကနေ နှမ်းတင်ပို့မှု တန်ချိန် ၁၁ဝဝ ခန့် ရှိတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈ဝဝ ခန့်ရှိရာမှ ယခု တစ်ပတ်မှာ ပိုတင်လာတာတွေ့ရပါတယ်။ ဂျပန်ကို အဓိကတင်ပို့ပြီး ကိုရီးယား၊ တရုတ်၊ မလေးရှားနဲ့ စင်ကာပူတို့ကိုလည်း တင်ပို့မှုရှိတာ တွေ့ရ ပါတယ်။ ရန်ကုန် FOB ဈေးမှာ သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၃၈ဝ-၁၄၈ဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ ရှိကြောင်း သိရပါတယ်။                                                                                                                     MIRT - MAPT

Monday, 18 Oct 2010

 ပဲပုပ်ဆီနဲ့ရေနံ ကြိုပွိုင့်ဈေးများခိုင်မာခြင်းကြောင့် စားအုန်းဆီကြမ်း ဈေးမြင့်လာ      ပဲပုပ်ဆီနဲ့ ရေနံကြိုပွိုင့်ဈေး ခိုင်မာခြင်းကြောင့် အောက်တိုဘာလ ၁၃ ရက် က မလေးရှားစားအုန်းဆီ ကြိုပွိုင်ဈေး မြင့်တက်ခဲ့ တယ်လို့သိရပါတယ်။ မလေးရှား ကုန်စည်ဒိုင်မှာ ဒီဇင်ဘာစာချုပ်အခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၃ဝ (ကန် ဒေါ်လာ ၉ ဒသမ ၇၃) မြင့်တက်ပြီး ရင်းဂစ် ၂၉၃ဝ (ကန်ဒေါ်လာ ၉၅ဝ) ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။        မလေးရှားလက်ငင်းဈေးကွက်မှာ ဒီဇင်ဘာလအတွက် စားအုန်းဆီခဲတစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လအတွက်ဈေးမှာလည်း တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ နဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့အတွက် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၉၈ဝ-၉၈၅၊ ဧပြီ၊ မေ၊ ဇွန်လအတွက် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၉၉ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ မလေးရှား စားအုန်းဆီထွက်ရှိမှု ကတော့ စက်တင်ဘာလမှာ တန်ချိန် ၁ ဒသမ ၅၆ သန်းရှိရာမှ အောက်တိုဘာလ မှာ ၅ ရာခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်းအထိ တိုးတက်နိုင် တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။      အချို့ဝယ်လက်များဟာ ယခုလမှာရောင်းချမှု မြင့်တက်နိုင်တဲ့ မျှော်လင့် ချက်များအရ မကြာခင်ဈေးနှုန်း ကျဆင်းမယ်လို့ ခန့်မှန်းနေကြတယ်လို့သိရပါတယ်။ အကယ်လို့သာ ထုတ်လုပ်မှုလျော့ကျမယ်ဆိုရင် စားအုန်းဆီ ကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉ဒသမ၇၃ )ထိ မြင့်တက်လာနိုင်တယ် လို့ ကွာလာလမ်ပူ အခြေစိုက် လေ့လာသူများက ဆိုပါတယ်။     ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ တစ်ပေါင်ကို ၄၇ ဒသမ ၃၂ ဆင့် (တစ်တန်ကိုကန်ဒေါ်လာ ၁ဝ၄၃) ရှိခဲ့ပြီး၊ နိုဝင်ဘာလအတွက် ရေနံဈေးဟာ တစ်စည်ကိုကန်ဒေါ်လာ ၁ ဒသမ ဝ၅ မြင့်တက်ပြီး၊ ကန်ဒေါ်လာ ၈၂ ဒသမ ၇၂ ဖြစ်ခဲ့တယ် လို့သိရပါတယ်။ မလေးရှား ၤဥြ ဈေးလက်ငင်း တင်ပို့ရမယ့် စားအုန်းဆီ ကြမ်းဈေးဟာလည်း ရင်းဂစ် ၃ဝ (ကန်ဒေါ်လာ ၉ဒသမ၇၃) မြင့်တက်ပြီး၊ တစ်တန်ကို ရင်းဂစ် ၂၉၄ဝ (ကန်ဒေါ်လာ ၉၅၄ ) ဖြစ်ခဲ့တယ်လို့သိရပါတယ်။ယုဇန၊ ှSource: palmoilhq.com

Tuesday, 12 Oct 2010

 အမေရိကန်ပဲပုပ်ကို ပြည်ပအဝယ်တက်တာကြောင့် ပဲပုပ်ဈေးနှုန်းမြင့်တက်     ကမ္ဘာမှာ ပဲပုပ်အများဆုံးထုတ် လုပ်သူလဲဖြစ် တင်ပို့သူလဲဖြစ်တဲ့ အမေရိကန်ပဲပုပ်ကို ပြည်ပက ဝယ်လိုအား တက်လာတာ ကြောင့် သီတင်းတစ်ပတ် ကျော်အတွင်း ပဲပုပ်ဈေးနှုန်း အမြင့် ဆုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်တဲ့  ဈေးကွက်ရာသီအတွင်း တရုတ်နိုင်ငံကို တင်ပို့ဖို့ အမေရိကန်တင်ပို့သူများက တန်ချိန် ၂၂၅ဝဝဝ ရောင်းချခဲ့တယ်လို့ စိုက်ပျိုးရေး ဌာနက ပြောကြားခဲ့ပါ တယ်။ အီဂျစ်နိုင်ငံပိုင် စားနပ်ရိက္ခာလုပ်ငန်း ကုမ္ပဏီကလည်း ပဲပုပ်ဆီတန်ချိန် ၂ဝဝဝဝ ဝယ်ယူဖို့ တင်ဒါတစ်ခုခေါ်ယူ ခဲ့ပါတယ်။     အမေရိကန်ပဲပုပ်ကို တရုတ်နိုင်ငံ က အဝယ်ဆက်ရှိနေခြင်းက ဈေးနှုန်း ကို ပိုမိုမြင့်တက်စေတယ်လို့ ဆိုပါတယ်။ ချီကာကိုမှာ နိုဝင်ဘာပို့ရမယ့် ပဲပုပ်ကြို  ပွိုင့်ဈေးဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၇၁၇၅ (တစ်တန်ကို ကန် ဒေါ်လာ ၃၉၆) ဈေးဖြစ်ခဲ့လို့ စက်တင် ဘာလ ၂၄ ရက်နောက်ပိုင်း အမြင့်ဆုံး ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဒေါ်လာတန်ဘိုးဟာ ယူရိုနဲ့ ယန်း အပါအဝင် အခြားအဓိက ငွေကြေး များနဲ့ နှိုင်းယှဉ်ရင် ဇန်နဝါရီလထဲက အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒေါ်လာတန်ဖိုး ကျဆင်း ခြင်းက ပြည်ပဝယ်လက်များအတွက် အမေရိကန်ကောက်ပဲသီးနံှ ဝယ်ယူဈေးနှုန်းကို လျော့ကျစေပါတယ်။ စက်တင်ဘာလ ၂၃ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အမေရိကန်ပဲပုပ် တင်ပို့မှုဟာ ယခင် တစ်ပတ်ထက် ၆ဝ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၇၃၈ သန်းရှိတယ်လို့ USDA  စာရင်းအရ သိရပါတယ်။                                                                                                                             ယမင်းခင်၊ှ                                                                                                                 Sources: Bloomberg.com

Pages