Background
ဒီတစ်ပတ် နယ်စပ်အပို့မရှိ ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ် ရေးဇုန်မှ နှမ်းတင်ပို့ နိုင်ခဲ့ခြင်းမရှိပါဘူး။ သြင်္ကန် နှစ်သစ်ကူးကာလ နှစ်ပတ်တာမှာ တော့ တန် ၆ဝ ခန့်သာတင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိဘက်မှနှမ်းဈေးများပြောင်း လဲမှု မရှိပေမဲ့ တစ်ဘက်နိုင်ငံဈေးနှုန်းများ မြင့်တက်လျက်ရှိတာ တွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၉၁၂၈ဝ ၁၁၉၁၂၈ဝ - - ၁၃၈၁ ၁၃၇၈ ၃ ဝ .၂နှမ်းနက် ၁၃၆၇၅၆ဝ ၁၃၆၇၅၆ဝ - - ၁၅၃၅ ၁၅၃၁ ၄ ဝ .၂MIRT (DOBT)
ပင်လယ်ရေကြောင်းက နှမ်းပုံမှန်သာအတင်ရှိ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း တန် ၄ဝဝ ခန့်တင်ပို့မှုရှိခဲ့ပြီး သြင်္ကန်အပြီး ( ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်း) မှာလည်း တန်ချိန် ၃ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပမာဏ အားလုံး တောင်ကိုရီးယားကို တင်ပို့တယ်လို့လည်း သိရပါ တယ်။ ယခင်ဘဏ္ဍာနှစ် နှမ်းတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၈ဝဝဝဝ နီးပါးရှိပြီး ၂ဝ၁ဝ ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ တန်ချိန် ၁၂ဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရ ပါတယ်။ ယခု ဘဏ္ဍာနှစ် ကာလတူမှာတော့ တန်ချိန် တစ်ထောင်အောက်သာ တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ နှမ်းကုန်သည်ကြီးတစ်ဦးရဲ့ ပြောကြားချက်အရ နှမ်း ဟောင်းလက်ကျန်များလည်း နည်းလာပြီဖြစ်ပြီး လက်ရှိ ပြည်တွင်းဈေးက မြင့်နေတဲ့အတွက် နှမ်းတင်ပို့မှု အားနည်း တယ်လို့ သိရပါတယ်။ ဧပြီလ ၂၉ ရက် ရန်ကုန် FOB ဈေးများကတော့ ယခင် ဈေးများဖြစ်တဲ့ သိပ္ပံနှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅ ၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူတစ်တန် ကန်ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT - MAPT
အခြားစိုက်ပျိုးရေးကုန်စည်များ ဈေးလျော့ကျလို့ မလေးရှားစားအုန်းဆီဈေး တစ်ပတ်အတွင်းအနိမ့်ဆုံးကို ရောက်ရှိ အခြားစိုက်ပျိုးရေးကုန်စည်များ ဈေးလျော့ကျလာပြီး ကုန်သည်များဈေးထိန်း ဝယ်ယူလာကြတဲ့ အတွက် မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ သီတင်းတစ်ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇူလိုင်လ အခြေခံစာချုပ်ဈေးဟာ ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၃၂၇၇ (ကန်ဒေါ်လာ ၁၁ဝ၆) ရှိခဲ့လို့ ဧပြီလ ၁၉ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ချီကာကိုမှာ မေလ ပဲပုပ်ဆီဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၇ ဒသမ ၈၁ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၇၄) ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလလက်ရှိအချိန်ထိ ထုတ်လုပ်မှုမြင့်တက်ခြင်းက လကုန်လက်ကျန်ပမာဏကို တန်ချိန် ၂ သန်းအထိ တိုးတက်လာဖွယ်ရှိပေမဲ့ ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားကျဆင်းမယ့် အခြေအနေကို စိုးရိမ်နေကြတာ ကလည်း ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ဒါပေမဲ့လည်း လာမယ့်လအနည်းငယ်မှာ အရှေ့အလယ်ပိုင်းနဲ့ အာရှမှာ အဓိကပွဲတော်များအတွက် ဝယ်လိုအားတက်လာနိုင်တာကြောင့် လာမယ့်သီတင်းပတ်အတွင်းမှာတော့ ဈေးနှုန်းကျဆင်းမှု အပြီးသတ်နိုင်တယ် လို့လည်း အခိုျ့က ခန့်မှန်း ကြပါတယ်။ ဒါ့အပြင် စားအုန်းဆီဈေးနဲ့ ပဲပုပ်ဆီဈေးအကြား ကွာဟမှုက တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝ ဝန်းကျင်လျော့ကျခြင်းကလည်း စားအုန်းဆီဝယ်ယူဖို့ ပိုဆွဲဆောင်နေပါတယ်။ Citigroup က ခန့်မှန်းတာတော့ ဒုတိယနှစ်ဝက်အတွင်း ထုတ်လုပ်မှု မြင့်တက်နေလို့ ၂ဝ၁၁ ခုနှစ်အတွင်း စားအုန်းဆီကြမ်းဈေး ဟာ ပျမ်းမျှ တစ်တန် ကန်ဒေါ်လာ ၁ဝ၅ဝ မှာ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အင်ဒိုနီးရှားကုန်စည်ဒိုင်မှာ ဇူလိုင်လပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး မလေးရှား လက်ငင်းဈေးကွက် FOB ဈေးကတော့ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလပို့ရမယ့် Palm Oil ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၁၄၇ ဒသမ ၈ဝ နဲ့ ၁၁၅၂ ဒသမ ၅ဝ ဈေးအတွင်းရှိတယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၃၅ (ကန်ဒေါ်လာ ၁၁ ဒသမ ၈) ကျဆင်းပြီး ရင်းဂစ် ၃၃၈၅ (ကန်ဒေါ်လာ ၁၁၄၃) ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq .com
စားအုန်းဆီဈေးနှုန်းများ(၄-၄-၂ဝ၁၁ မှ ၂၂-၄-၂ဝ၁၁ နေ့ထိ) ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ CIF(ရန်ကုန်)(၁) ၄-၄-၂ဝ၁၁ ၁၂၂၅(၂) ၅-၄-၂ဝ၁၁ ၁၂၂၅(၃) ၆-၄-၂ဝ၁၁ ၁၂၂၅(၄) ၇-၄-၂ဝ၁၁ ၁၂၂၅(၅) ၈-၄-၂ဝ၁၁ ၁၂၂ဝ(၆) ၁၁-၄-၂ဝ၁၁ ၁၂၅၅(၇) ၂၂-၄-၂ဝ၁၁ ၁၂၁၅Source: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB )ဈေးနှုန်း ၂၂-၄-၂ဝ၁၁ US$/Ton ဧပြီလဒုတိယပတ် ဧပြီလတတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၁၆၅ .၅ဝ ၁၁၅၇ .ဝဝRBD P.Olein ၁၁၇၉ .၅ဝ ၁၁၅၃ .ဝဝRBD P.Strarin ၁၁၃၄ .ဝဝ ၁၁၂ဝ .၅ဝSource: econ.mpob
စစ်ကိုင်းဆောင်းပဲပုပ်ပေါ်ပြီ ၂ဝ၁ဝ-၁၁ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းပဲပုပ်စိုက်ပျိုးရန် လျာထားဧက ၃ ဒသမ ၃ သောင်း အနက် ဧက ၃ သောင်း၊ ရာခိုင်နှုန်း အားဖြင့် ၉၃ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါ တယ်။ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ ကလေး၊ မင်းကင်းမြို့ နယ်များမှာ ပဲပုပ်အများဆုံး စိုက်ပျိုး ကြပြီး ထွက်ပေါ်နေတဲ့ ပဲပုပ်များ မုံရွာ ကုန်စည်ဒိုင်သို့ ရက်ခြား တင်း ၅ဝဝ၊ ၆ဝဝ ဝင်ရောက်သလို မန္တလေးသို့လည်း တိုက်ရိုက်တင်ပို့မှုရှိကြောင်းသိရှိရပါတယ်။ မြောင်မြို့နယ်မှာ ပဲပုပ်စိုက်ပျိုးမှု တစ် ဧကကုန်ကျစရိတ် ၁ ဒသမ ၃၃ သိန်း ခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်း ၁ဝ တင်းခန့်ထွက်ရှိကြောင်း သိရှိရပါတယ်။ ဧပြီလပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ ပဲပုပ်တစ်တင်းကို ပေါက်ဈေး ၁၄၅ဝဝ ကျပ်ဖြစ်လို့ တောင်သူတစ်ဦးရဲ့ တစ်ဧကအမြတ်မှာ ၁၂ဝဝဝ ကျပ်ခန့် ဖြစ်ကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ နေ့စဉ်ပုံမှန်ပဲပုပ်တင်း ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရှိ ရပါတယ်။ သန်းသန်းတင်
ပြည်ဈေးကွက်တွင် ပဲပုပ် အရောင်းအဝယ်အေး ပြည်ဈေးကွက်သို့ ပဲပုပ်များမှာ ဧပြီတစ်လလုံး အဝင်မရှိကြောင်း သိရပါတယ်။ ဧပြီလ ပထမပတ်မှာတော့ လက်လီသမားများဖြင့် အရောင်း အဝယ်ရှိခဲ့သော်လည်း ကြားရက်များမှာ သြင်္ကန်ပိတ်ရက်များကြောင့် အဝင်မရှိ သလို အရောင်းအဝယ်မရှိကြောင်း သိရပါတယ်။ ဧပြီလပထမပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ် ဈေးရှိခဲ့သော်လည်း ယခုတစ်ပတ်မှာ တော့တစ်တင်းကို၁၆၅ဝဝကျပ်အရောင်း အဝယ်အေးနေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ဒေါ်လာတန်ဖိုး အားပျော့ပြီး ရေနံဈေးနှုန်း မြင့်တက်လို့ ချီကာကို ပဲပုပ်ဈေး ပြန်မြင့်တက် ရေနံဈေးဆက်လက် မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ဧပြီလ ၂ဝ ရက်နေ့ ချီကာကိုပဲပုပ်ဈေး ပြန်လည် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းဈေးအနည်းငယ်ကျဆင်းပြီး ဂံျု ဈေးက ငြိမ်နေတယ်လို့ သိရပါတယ်။ ဇူလိုင်ပို့ရမယ့် ပြောင်းစာချုပ်ဈေးက ၂ ဒသမ ၁၈ ရာခိုင်နှုန်း၊ ဂုံျဈေးက ဝ ဒသမဝ၃ ရာခိုင်နှုန်းအသီးသီးကျဆင်း ပြီး ပဲပုပ်ဈေးက ၁ ဒသမ ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဓိကပဲပုပ်ဈေးမြင့်တက်ခြင်းက ဒေါ်လာတန်ဘိုးအားပျော့လာတာကြောင့်လို့ သိရပါတယ်။ ဒါ့အပြင် ရေနံဈေးနှုန်း ဆက်လက်မြင့်တက်ခြင်းကလည်း ပဲပုပ် ဈေးနှုန်းကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဧပြီလ ၂ဝ ရက်နေ့ ရေနံစိမ်း ဈေးက တစ်စည်ကို ၃ ဒသမ ၁၇ ဒေါ်လာ မြင့်တက်ပြီး ဒေါ်လာ ၁၁၁ ဒသမ ၄၅ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင် Source: Xinhua .com
သြင်္ကန်အပြီး တောင်ကြီးမြေပဲဈေးကွက်ငြိမ် တောင်ကြီးဈေးကွက်အတွင်းမှာ သြင်္ကန်မတိုင်ခင်က မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်၊ ၁၇၂၅ ကျပ်ရှိပြီး သြင်္ကန်အပြီး ဈေးအဖွင့်မှာတော့ မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်၊ ၁၆၈ဝ ကျပ်ဈေးရှိပါတယ်။ သြင်္ကန်ပြီးခါစဆိုတော့ အချို့တောင်သူ၊ ကုန်သည်များကလည်း ခရီးထွက်အနားယူကြလို့ အရောင်းအဝယ်ခဏရပ်ထား ကြတယ်လို့ သိရှိရပါတယ်။ အခါအပြီးဈေးကွက်အတွင်း သီးနံှဈေးနှုန်းနဲ့ အရောင်း အဝယ်ကတော့ ငြိမ်နေပါတယ်။ ဈေးကွက် အတွင်းမှာတော့ မြေပဲကို မိုင်းရှူး၊ ကျေးသီး၊ လဲချားစတဲ့ လွိုင်လင်ခရိုင်ဘက်ကထွက်တဲ့ ရှမ်းမြေပဲများသာ အနည်း ငယ်ရှိပြီး ဗမာမြေပဲကတော့ သြင်္ကန်အပြီးဈေးကွက်အတွင်း အဝင်မရှိသေးဘူးလို့ သိရှိရပါတယ်။ S.Y.H