Main menu

Background

Tuesday, 29 Oct 2013

အောက်တိုဘာလ ၁၃ ရက်မှ အောက်တိုဘာလ ၁၉ ရက်အတွင်း  ဓာတ်ဆီ တန်ချိန် တစ်သောင်းတစ်ရာလေးဆယ့်ခုနှစ်တန်နဲ့ ဒီဇယ်တန်ချိန် နှစ်သောင်း ခုနှစ်ထောင်လေးရာငါးဆယ်နှစ်တန်ကို သွင်းကုန်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှုမရှိခဲ့ဘဲ ဒီတစ် ပတ်မှသာပြန်လည်တင်သွင်းခဲ့တယ် လို့သိရပါတယ်။

Thursday, 26 Sep 2013

ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်နဲ့ ဓာတ်ဆီတန်ချိန်ရှစ်ထောင်ခြောက်ရာကျော်ဝင် သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက် အတွင်း ဓာတ်ဆီတန်ချိန် ရှစ်ထောင် ခြောက်ရာခုနှစ်ဆယ့်ငါး၊ ဒီဇယ်တန်ချိန် တစ်သောင်းနှစ်ထောင်ငါးရာ ခုနစ် ဆယ့်တစ်တန်ကို သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်ဝင်လာတဲ့ ဒီဇယ်၊ ဓာတ်ဆီ စုစုပေါင်းမှာ တန်ချိန် နှစ်သောင်း တစ်ထောင့် နှစ်ရာလေးဆယ့်ခြောက်တန်တင်သွင်းလာခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ် ရှစ်ထောင်ခြောက်ရာကျော်ရှိပါတယ်။ဒီတစ်ပတ်အဝင်မှာ တန်ချိန် တစ်သောင်း နှစ်ထောင်ကျော် ရှိခဲ့ပါတယ်။

Thursday, 22 Aug 2013

ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်နဲ့ ဓာတ်ဆီတန်ချိန် နှစ်သောင်းကျော်ဝင်
သြဂုတ်လ ၄ ရက်မှ သြဂုတ်လ ၁၀ ရက်အတွင်း ဓာတ်ဆီတန်ချိန် နှစ်သောင်း လေးရာခြောက်ဆယ့်ခုနှစ်တန်၊ ဒီဇယ်တန်ချိန် တစ်သောင်းနှစ်ထောင်တစ်ရာ ခြောက်ဆယ့်နှစ်တန်ကို သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဝင်လာတဲ့ ဒီဇယ်၊ ဓာတ်ဆီ စုစုပေါင်းမှာ တန်ချိန် သုံးသောင်း  နှစ်ထောင် ခြောက်ရာနှစ်ဆယ့်ကိုး တန်တင်သွင်းလာခဲ့တယ်လို့ သိရပါတယ်။

Wednesday, 14 Aug 2013

ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် ငါးသောင်းနှစ်ထောင်ကျော်နဲ့ ဓာတ်ဆီတန်ချိန် တစ်သောင်းတစ်ထောင်ကျော်ဝင်
ဇူလိုင် ၂၈ ရက် မှ သြဂုတ်လ ၃ ရက် အတွင်း ဓာတ်ဆီ တန်ချိန် တစ်သောင်း တစ်ထောင်ငါးရာခြောက် ဆယ်ကျော်နဲ့ ဒီဇယ်တန်ချိန် ငါးသောင်း နှစ်ထောင်နှစ်ရာ ကျော် တင်သွင်းလိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

Tuesday, 6 Aug 2013

ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် နှစ်သောင်းတစ်ထောင်ကျော်နဲ့ ဓာတ်ဆီတန်ချိန် ခုနှစ်ထောင်ကျော်ဝင်
ဇူလိုင် ၂၁ ရက်မှ ဇူလိုင်လ ၂၇ ရက်အတွင်း ဓာတ်ဆီတန်ချိန် ခုနှစ်ထောင် ခြောက် ရာ ခြောက်ဆယ့်ခြောက်တန်ကျော်နဲ့ ဒီဇယ်တန်ချိန် နှစ်သောင်းတစ်ထောင် သုံးရာတန်ကို  တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ယခင်တစ် ပတ်ဓာတ်ဆီအဝင် ကတန်ချိန်လေးထောင်လေးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာတန်ချိန် သုံးထောင်ခြောက်ဆယ်ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။

Wednesday, 24 Jul 2013

ဇူလိုင် ၇ ရက် မှ ဇူလိုင်လ ၁၃ ရက်အတွင်း ဓာတ်ဆီ တန်ချိန် လေးထောင် သုံးဆယ့်ကိုးတန်နဲ့ ဒီဇယ်တန်ချိန် သုံးသောင်းတစ်ထောင်ခုနှစ်ရာ သုံးဆယ့်ခုနှစ် တန်ကို  တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်က တန်ချိန်တစ်ထောင်သာရှိခဲ့ပြီး ဒီတစ်ပတ်အဝင်က တန်ချိန် လေးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီတန်ချိန် သုံးထောင်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

Monday, 1 Jul 2013

ပင်လယ် ရေကြောင်းလမ်းမှ  ဓာတ်ဆီ/ဒီဇယ်တန်ချိန် တစ်သိန်း တစ်သောင်း ကျော်ဝင်
 
ဇွန်လ ၁၆ ရက်မှ   ဇွန်လ ၂၂ ရက်အတွင်း ဓာတ်ဆီတန်ချိန် တစ်သောင်း နှစ်ထောင်ကိုးဆယ့်ငါးတန်ကျော် ၊ ဒီဇယ်တန်ချိန် စုစုပေါင်း တန်ချိန် သုံးသောင်း နှစ်ရာလေးဆယ့်ကိုးတန်ကျော်ကို တင်သွင်းခွင့်လိုင်စင်လျှောက် ထားခဲ့တယ်လို့ သိရ ပါတယ်။ ယခင်တစ်ပတ်ဓာတ်ဆီအဝင်က တန်ချိန်နှစ်သောင်းတစ်ထောင် ကျော်ရှိခဲ့ ပြီး ၊ဒီဇယ်အဝင်က တန်ချိန် ကိုးသောင်း နှစ်ထောင်ကျော်သာရှိခဲ့တာကြောင့် ဒီ တစ်ပတ်မှာ ဓါတ်ဆီတန်ချိန် ကိုးထောင့် လေးရာကျော် အဝင်နည်းသလို  ဒီဇယ် တန်ချိန် ခြောက်သောင်းနှစ်ထောင်ကျော် အဝင်လျော့ခဲ့ဲ့တယ် လို့ သိရပါတယ်။

Thursday, 27 Jun 2013

ပင်လယ်ရေကြောင်းလမ်းမှ စက်သုံးဆီ တန်ချိန် တစ်သိန်းတစ်သောင်း ကျော်ဝင် ဇွန်လ ၉ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း ဓာတ်ဆီတန်ချိန် နှစ်သောင်း တစ် ထောင့်လေးရာ ကိုးဆယ့်ငါးတန်ကျော်၊ ဒီဇယ်တန်ချိန် စုစုပေါင်း တန်ချိန်ကိုးသောင်း နှစ်ထောင့်သုံးရာ တစ်ဆယ့်နှစ်တန်ကျော်ကို တင်သွင်းခွင့်လိုင်စင် လျှောက် ထားခဲ့ တယ်လို့သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်က တန်ချိန်တစ်သောင်း ရှစ် ထောင်ကျော်ရှိခဲ့ပြီး၊ ဒီဇယ်အဝင်က တန်ချိန် တစ်သောင်း တစ်ထောင်ကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီတန်ချိန် နှစ်ထောင့် ကိုးရာကျော်၊ ဒီဇယ်တန် ချိန် ရှစ်သောင်းတစ်ထောင်ကျော် အဝင်ပိုခဲ့ဲ့တယ်လို့ သိရပါတယ်။

Wednesday, 12 Jun 2013

ပင်လယ်ရေကြောင်းလမ်းမှဓာတ်ဆီ/ဒီဇယ်တန်ချိန် မေလမှာအဝင်ပို မေလ၂၆ ရက်မှ ၃၁ ရက်အတွင်း ဓာတ်ဆီတန်ချိန် တစ်သောင်း ခြောက် ထောင်နှစ်ရာခုနှစ် ဆယ့်ခုနှစ်တန်ကျော်၊ ဒီဇယ်တန်ချိန် စုစုပေါင်း တန်ချိန် သုံး သောင်းသုံးထောင် ခုနှစ်ရာနှစ်ဆယ့်တစ်တန်ကျော်ကို တင်သွင်းခွင့်လိုင်စင် လျှောက် ထားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ၊ ဒီဇယ် စုစုပေါင်း တန်ချိန် လေးသောင်း ကိုးထောင့်ကိုးရာ ကိုးဆယ့် ကိုးတန်ဝင်ခဲ့တယ် လို့ သိရပါ တယ်။ယခင်တစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်စုစုပေါင်းဝင်ခဲ့တဲ့ တန်ချိန်မှာ ရှစ်သောင်းနှစ် ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်သုံးသော င်းနှစ်ထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် မေလအတွင်း ဓာတ်ဆီ၊ ဒီဇယ်အဝင်စုစုပေါင်းမှာ တန်ချိန် နှစ်သိန်းလေးသောင်း ကျော်ရှိခဲ့ပြီး ဧပြီလ ဓာတ်ဆီ၊ ဒီဇယ်အဝင်စုစုပေါင်းမှာ တန်ချိန် ခြောက်သောင်း ကျော်သာရှိခဲ့ တာကြောင့်မေလမှာ တန်ချိန် တစ်သိန်းရှစ်သောင်းကျော် အဝင်ပိုခဲ့ တယ်လို့ သိရ ပါတယ်။

ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ မေလ ၂၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မှာဈေးငြိမ်နေတယ် လို့သိရပါတယ်။ ပြင်ပ မှာ ရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးများမှာ ရန်ကုန်၊ မော်လမြိုင်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးငြိမ်နေ သော်လည်းေ တာင်ကြီးမှာ ဈေးကျပြီးမန္တလေးမြို့မှာဈေးအနည်းငယ်မြင့်နေကြောင်း သိရတယ်။  ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ရောင်းချနေကြောင်း သိရပါ တယ်။ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေ တဲ့ဈေးမှာ ဓာတ်ဆီ တစ် လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၉၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းချနေတဲ့ ဆိုင် များမှာ ဓာတ်ဆီဈေးက ဇွန်လ ၃ ရက်မှ ၇ ရက်နေ့အတွင်း တစ်ဂါလန်ဝယ်ဈေး၊ ရောင်းဈေး ငြိမ်နေပြီး ပီပါဈေးအတက်အကျ မှာ နှစ်ထောင်ဝန်းကျင်သာရှိကြောင်း သိရပါတယ်။ ဒီဇယ်ဈေးမှာ ဒီတစ်ပတ်ဝယ်ဈေး၊ ရောင်းဈေးငြိမ်နေကြောင်း သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၂၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၃၀၀ ကျပ်ဝယ်ပြီး ၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးက ဒီဇယ်၊ ဓာတ်ဆီဈေးမှာလည်း အနည်းငယ် မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီ တစ်ဂါလန် ၃၈၅၀ ကျပ်၊ ဒီဇယ် တစ် ဂါလန် ၃၉၁၅ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပ လက်လီဆိုင်များမှာတော့ ဒီဇယ်ဈေး၊ ဓာတ်ဆီဈေး အနည်းငယ်မြင့်လာပြီး ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ၄၀၀၀ကျပ် ရောင်းဈေး ၄၂၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်ကဝယ်ဈေး ၃၆၀၀ ကျပ်၊ ရောင်းဈေး ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ် ရောင်းသမားတစ်ဦးမှ ပြောပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးက ငြိမ်နေသလို ပြင်ပ လက်လီ ဆိုင်များရဲ့ ဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ  ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊အောက်တိန်း ၄၀၀၀ ကျပ်နဲ့ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ  ဓာတ်ဆီတစ်ဂါလန် ၄၃၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်၊ အောက်တိန်း ၄၁၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးမှာငြိမ်နေပေမဲ့ လက်လီဆိုင်ဈေးမှာ ဓာတ်ဆီ နှစ်ရာကျပ်၊ ဒီဇယ်တစ်ရာ ကျပ် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ် နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင် များမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။                                 MIRT(DOT)
 

Wednesday, 5 Jun 2013

မေလ ၁၉ ရက်မှ   မေလ ၂၅ ရက် အတွင်း ဓာတ်ဆီ တန်ချိန် ခြောက်ထောင် တစ်ဆယ်ကျော်တန်၊ ဒီဇယ်တန်ချိန် စုစုပေါင်း တန်ချိန် ခုနှစ်သောင်းခြောက်ထောင် ခြောက်ရာငါးဆယ့်လေးတန်ကို တင်သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါ တယ်။ဒါကြောင့်ဒီတစ်ပတ်မှာဓာတ်ဆီ၊ဒီဇယ်စုစုပေါင်းတန်ချိန်ရှစ်သောင်း နှစ်ထောင် ခြောက်ရာခြောက်ဆယ့်ကိုးတန် ဝင်ခဲ့တယ်လို့သိရပါတယ်။ယခင်တစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် စုစုပေါင်းဝင်ခဲ့တဲ့တန်ချိန်မှာ ငါးသောင်းတစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် သုံးသောင်းတစ်ထောင်ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)

Pages