Main menu

Background

Friday, 31 Aug 2012

ပြည်ကြီးမျက်ရှင်ကားကြီးဝင်းအတွင်းရှိ မန္တလေးနဲ့ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲမြို့များသို့ ပြေးဆွဲပေးသော ယာဉ်လိုင်းများမှာ ခရီးသည်နည်းလို့ ဝန် ဆောင်မှုများနဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

Friday, 31 Aug 2012

စိန်တံဆိပ်အပါအဝင် ဘိလပ်မြေတန်ချိန် သုံးသောင်းရှစ်ထောင်ကျော်ဝင်သြဂုတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၃၈၇၆၅ ဒသမ ၁၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်ကိုးသိန်းကျော်ဖိုး ကိုပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာေ တာ့ စိန် တံဆိပ်ဘိလပ်မြေ ၁၂၄၀၀ တန်နဲ့ အခြားတံဆိပ်မျိုးစုံ ၂၆၃၆၅ ဒသမ ၁၅ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်း ခြောက်ထောင်ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်တင်သွင်းမှု က တန်ချိန်သုံးသောင်းရှစ်ထောင် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်းနှစ်ထောင်နီးပါး ပိုမိုတင် သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။                                 MIRT(DOT)

Wednesday, 29 Aug 2012

စဉ်    အမျိုးအစား/MDL               အက္ခရာ           ဈေးနှုန်း    မှတ်ချက်၁။    ဆူဇူကီး (R+)                        ၇ခ              ၁၀၀ သိန်း    ၂။    ဆူဇူကီး (R-)                         ၉ခ                 ၈၀ သိန်း           ၃။    အက်(စ်)အီးဆလွန်း (85)    လ/သ/အ             ၆၅ သိန်း ၄။    စူပါဆလွန်း (86)                 အ/၁က              ၆၅ သိန်း             ၅။    စူပါဆလွန်း (90)                   သ                   ၇၅ သိန်း     ၆။    တောင်းအေ့(စ်) (စက်မှုဇုန်)     င                     ၉၅ သိန်း         ၇။    တိုယိုတာပရိုဘောက်ဗင် (2008)    ၅ဃ          ၁၄၅ သိန်း     ၈။    နီဆန်းအေဒီဗင် (2007)               ၆ဃ          ၁၄၀ သိန်း     ၉။    တိုယိုတာဟာရီယာ (99) (3.0)     ၂ဃ             ၂၁၅ သိန်း ၁၀။    မတ်(ခ်)တူး (99)                     ၉ဂ             ၁၆၅ သိန်း

Wednesday, 29 Aug 2012

အတွဲဆိုလို့ တစ်မျိုးတော့ မထင်စေချင်ဘူး။ ၂၂ ဘီးနောက် တွဲပါယာဉ်များကိုပြောတာပါ။ အာဆီယံစံချိန်စံညွှန်း ကတ္တား တန် ချိန်သတ်မှတ်ချက်တွေ ထွက်ပေါ်လာပြီး နောက်ပိုင်းကာလတွေမှာ ၂၂ ဘီး နောက်တွဲယာဉ်တွေဟာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်လာခဲ့ပါတယ်။ အာဆီယံစံချိန်စံညွှန်းအရ မော်တော်ယာဉ်များအား တန်ချိန် သတ်မှတ်ထားရာမှာ -

Wednesday, 29 Aug 2012

တံတားဦးဟိုတယ်ဇုန်  စီမံကိန်းကို မြေဧက ၅၅၀၀ ခန့်ပေါ်မှာ ယခုနှစ် အတွင်း တည်ဆောက်မှာဖြစ်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး  အလုပ်ရုံဆွေးနွေးပွဲမှာ မန္တလေးဟိုတယ်ဇုန်ဥက္ကဋ္ဌ  ဦးမြင့် အောင်က ပြောပါတယ်။

Wednesday, 29 Aug 2012

ကလေးဝ-ကျီးကုန်း-တမူးလမ်းမိုင်တိုင် ၆၁/၆ - ၆၁/၇ ကြားရှိ တံတားအမှတ် ၄^၆၂ ပေ ၃၀၀ အရှည်ရှိ ကမ္မကြီး တံတားအဆက်များပြုတ်သွားသဖြင့် တံတားပျက်စီးသွားရာ သွားလာမှုအခက်အခဲများကြောင့် တမူးနယ်စပ်တွင် ကုန်စည် စီးဆင်မှုများလျော့နည်းလျက်ရှိပါတယ်။ သြဂုတ် ၁၅ ရက် မှာတော့ ၃ တန် အောက်ယာဉ်များတံတားေ ပါ်မှ ဖြတ်သန်း မောင်းနှင်ခွင့်ပြန်ပြုပေးထားပြီလို့သတင်းရရှိပါတယ်။ MIRT(DOBT)

Wednesday, 29 Aug 2012

ထိုင်းနဲ့တရုတ်မှ ဘိလပ်မြေတန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်တင်သွင်းပြည်တွင်းကို သြဂုတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း ဘိလပ်မြေ ၂၆၃၇၄ ဒသမ ၃၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်တစ်သိန်းကျော်ဖိုး ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ  ဘိလပ်မြေနဲ့ ဘိလပ်မြေအိတ်ခွံပါ တင်သွင်းလာတာတွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂၆၂၉၉ ဒသမ ၉၉ တန်၊ အိတ်ခွံ က ၂၀ ဒသမ ၃၆၁ တန်နဲ့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅၄ တန်တို့ ဖြစ်ပါတယ်။  MIRT(DOT)

Monday, 27 Aug 2012

ဘိလပ်မြေတန်ချိန် သုံးသောင်းခြောက်ထောင်ကျော်ဝင်ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၃၆၉၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်ကိုးသိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၁၈၉၀၀ တန်၊ ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၈၀၀၀ နဲ့ ဗီယက်နမ် နိုင်ငံမှ တန် ၂၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

Monday, 27 Aug 2012

ဖျာပုံခရိုင် ပြည်တွင်းအခွန်ရုံးမှာ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဇူလိုင် ၁၆ ရက်မှစပြီး လိုင်စင်သစ်များ ထုတ်ပေးလျက်ရှိကြောင်းသိရပါတယ်။

Monday, 27 Aug 2012

လာမည့်ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာပြည်တောင်ဘက်စွန်းရှိ သူဋ္ဌေးကျွန်းဟိုတယ်မှ Package Tour အစီအစဉ်သစ် သုံးခုကို စီစဉ်ပေးမည်ဖြစ်ကြောင်း သူဋ္ဌေးကျွန်းဟိုတယ်မှ ဈေးကွက်မန်နေဂျာMs. Krona Visutrasai   က ပြောကြားခဲ့သည်။

Pages