Main menu

Background

Sunday, 6 Jan 2013

လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်လှိုင်နေ သလို တရုတ်ဝယ်လက်ကလည်း အဆွဲသွက်နေတယ်လို့ ပွဲရုံရပ်ကွက် က ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၃၇၇ ကျပ် ဈေးနဲ့ တစ်ပတ်အတွင်းပိဿာချိန် ၁၁၂၈၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Sunday, 6 Jan 2013

ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ပဲမျိုးစုံက ဈေးသာရှိပြီး အ ရောင်းအဝယ်အေးနေပေမယ့် ပြောင်းဖူးစေ့ ကတော့  ရန်ကုန်ဝယ် လက် ဝယ်အားပုံမှန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၃၃၃ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ မှ ၂၅၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပြောင်းကုန် သည်တစ်ဦးက ဆိုပါတယ်။

Sunday, 6 Jan 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ် သိပ္ပံနှမ်းကို  ရန်ကုန်ဝယ် လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၇၇၈ ကျပ်ဈေး နဲ့တစ်ရက်ကို အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ လတ်တလော ဈေးကွက်ထဲ အသစ်ဝင်ရောက်လာတဲ့ ပဲစင်း ငုံနီကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် အဝယ် နည်းပြီး မြို့ခံကုန်သည်များကသာ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၅၅ ကျပ်(တစ်တန် ကို ၅၂၃၅၉၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၇၀၀ ကြားဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေးဝယ် လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်တွေက ဈေးကွက် မျှော်လင့်ချက်နဲ့ သိပ်မရောင်းကြသေးဘူးလို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၂၅ ကျပ်(တစ်တန် ကို ၆၈၈၉၃၈ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 6 Jan 2013

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ရပ်စောက်၊ ဟိုပုံးနဲ့ ဆီ ဆိုင်ဒေသတစ်ဝိုက်မှ ပန်းနှမ်းတွေ ဈေးကွက်ထဲစတင်ဝင်ရောက်လာပြီး ဈေးကွက်ဖွင့်ချိန်မှာ အဖွင့်ဈေးက တစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ဒေသ တွင်းဆီစက်သမားတွေ ဝယ်အားပုံမှန်ရှိပေမယ့် နောက်ပိုင်းရက်တွေ မှာ ဈေးကွက်သို့ ပစ္စည်းအဝင် များလာတာကြောင့် ဈေးကွက်အနေ အထားအရ ဈေးအနည်းငယ်ကျလာပြီး ဈေးကွက်ပိတ်ချိန်မှာတော့ တစ်ပိဿာ ၁၀၄၀ ကျပ်ဈေးပဲ ရှိပါတော့တယ်။ အရောင်းအဝယ် အနေနဲ့ကတော့ တစ်ပတ်အတွင်း ပိဿာချိန် ၁၀၀၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲစင်းငုံနီ(သစ်)တွေက ရပ်စောက်၊ ဆီဆိုင်နဲ့ လင်း ခေးဒေသတစ်ဝိုက်မှ ဈေးကွက်ထဲစတင်ဝင်ရောက်လာပြီး အကြီးစ ကတစ်ပိဿာ ၇၆၀ ကျပ် (တစ်တန်ကို ၄၆၅၄၁၆ ကျပ်)၊ အသေးစ ကတော့ တစ်ပိဿာ ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေး နဲ့ အသီးသီးဈေးဖွင့်ခဲ့ပေမယ့် ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းဝယ် လက်တွေက အဝယ်မရှိသေးဘဲ  ဈေးကွက်အနေအထားကိုသာ စောင့်ကြည့်နေတယ်လို့ ဒေသခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒေသထွက်ပြောင်းကတော့ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်- မန္တလေးဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၁၆ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Sunday, 6 Jan 2013

ဘုရင့်နောင်ဈေးကွက်မှာ ပဲအရောင်းအဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးများ လာရောက်မှုမှာ ပုံမှန်ဖြစ်နေပေမယ့် မတ်ပဲနဲ့ ပဲ စင်းငုံနီကို ပြည်ပအဝယ်အေးနေတာကြောင့် အရောင်းအဝယ်မဖြစ် ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲက လှောင်လက်ကုန်သည်ကြီးတွေထံ မှာ ပစ္စည်းလက်ကျန်တွေရှိနေပေမယ့် အိန္ဒိယအဆွဲပြန်အေးနေတာ ကြောင့် ဈေးသာရှိပြီး အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ လတ်တလော ပြည်တွင်းဈေးကွက်ဖြစ်တဲ့ မကွေး၊ အောင်လံ၊ ပခုက္ကူ နဲ့ မန္တလေးဘက်မှာ ပဲစင်းငုံနီ (သစ်) တွေ ဝင်ရောက်မှုတိုးလာပေမဲ့ ပြည်ပအဆွဲမသွက်သေးဘဲ ပြည်တွင်းကုန်သည်အချင်းချင်းသာ အ ရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။

Monday, 31 Dec 2012

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းကို တရုတ်ဝယ်လက် က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များက ရောင်းလို အားများနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက တန့်နေတယ် လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၁၉၈၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 31 Dec 2012

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကိုကြည့်ပြီး အ ဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအနည်းငယ်ကျ နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၇၇၀ ကျပ်(တစ်တန်ကို ၄၇၁၅၄၀ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်အဝယ်နည်းနေပြီး မြို့ခံပဲခွဲစက်တွေကသာ ဝယ် အားအသင့်အတင့်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၉၃၀ ကျပ်(တစ်တန်ကို ၅၆၉၅၂၂ ကျပ်)ဈေးနဲ့ တစ် ပတ်အတွင်း အိတ် ၃၅၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 31 Dec 2012

လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲများပေမယ့် ဈေး ကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ဈေးကွက် သဘောသဘာ၀ အရ ဈေးက ယခင်အပတ်နဲ့စာရင် အနည်းငယ်ကျလာတယ်လို့ သိရ ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၆၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၇ သိန်းခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 31 Dec 2012

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက် နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံ မှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၆၃၃ ကျပ်(တစ် တန်ကို ၃၈၇၆၄၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(သစ်) က ဈေးကွက် သို့အဝင်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၈၁၅ ကျပ်(တစ်တန်ကို ၄၉၉၀၉၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။

Monday, 31 Dec 2012

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ် လုပ်ငန်းရှင်များကလည်း ဝယ်အားများခဲ့တယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၂၈ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Pages