Background
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို အိတ်စပို့အတွက် ဝယ်ယူနေသော ရန်ကုန်ဝယ်လက်က အိန္ဒိယဘက်မှ ဝယ်လိုအား လျော့သွားတာကို အကြောင်းပြပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေတာ ကြောင့် ဈေးကတက်မလာဘဲ ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၆၀ ကျပ်(တစ်တန်ကို ၄၀၄၁၇၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါ တယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ၊ ပဲစင်းငုံနီ(ဟောင်း) နဲ့ပဲတီစိမ်းဈေးကျလာပြီး ကုလားပဲဖြူလုံးကြီးေ ဈးတန့်နေကာ နှမ်းမျိုး စုံကတော့ အရောင်းအဝယ် သွက်နေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ မတ်ပဲကို ရန်ကုန်အဆွဲနည်းပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ် အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျ ဘက်မှာရှိ နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၆၀၀ ကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်အဝယ်ပါးပြီး ဒေသ ခံပဲခွဲစက်များသာ ဝယ်အားအသင့်အတင့်ရှိပေမယ့် ဈေးက အတက် အကျမရှိဘဲ ဈေးအေးနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၈၃၈ ကျပ် (တစ်တန်ကို ၅၁၃၁၈၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ ဒေသခံပဲခွဲစက်၊ အမှုန့်ကြိတ် စက်များနဲ့ ပဲလက်လီဝယ်လက်တွေက တစ်ပိဿာကို ၉၄၂ ကျပ် (တစ်တန်ကို ၅၇၆၈၇၁ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၈၀၀ ခန့်ဝယ်အား ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲတီစိမ်းကြီးက မန်းဈေးကွက် သို့အဝင် ပုံမှန်ရှိပြီး တရုတ်ဝယ်လက်က ပဲရဲ့အရည်အသွေးပေါ်မူတည်ပြီး ဈေး ပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲကဒီတစ်ပတ်မှာ တရုတ်ဝယ်လက်က အရည်အသွေး အရ အလုံးဆိုဒ်ပေါ်မူတည်ပြီး ဈေးပိုပေးပြီး အဝယ်ရှိနေတယ်။ ရောင်းသူကုန်သည်တွေကလည်း တက်ဈေးမှာ ပိုအရောင်းများလာ တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲစင်းငုံနီ(အသစ်) တွေဈေးကွက်ထဲသို့ ဝင်ရောက်လာပြီး တစ်ပိဿာကို ၈၃၃ ကျပ် (တစ်တန်ကို ၅၁၀၁၂၀ ကျပ်)ဈေးနဲ့ ဈေးဖွင့်အရောင်းရှိသလို ရန်ကုန် ဝယ်လက်ကလည်း အရည်အသွေးအရ ကြိုက်နှစ်သက်လို့ တစ်ရက် ကို အိတ် ၈၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(အ ဟောင်း)ကိုတော့ ရန်ကုန်ဝယ်လက်က အနိမ့်ဈေးနဲ့ ဝယ်အားနည်း ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၃ ကျပ်(တစ်တန်ကို ၄၇၉၅၀၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှမ်းမျိုးစုံကိုလည်း တရုတ် ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များက ဝယ်အားသွက် လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး အရောင်းအ ဝယ်ဖြစ်မှုပမာဏလည်း ပိုများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၁၃၃ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၈၀၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၄၄ ကျပ်နဲ့ နှမ်းနက်စမုံ ၂၆၆၇ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၄၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
တောင်ကြီးဈေးကွက်မှာ တန်ဆောင်တိုင်ပွဲတော်အပြီး ပြောင်းအရောင်းအဝယ်ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြောင်းကဈေး ကွက်ကို အဝင်လှိုင်လာသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသ တွင်းအစာစပ်လုပ်ငန်းရှင် များကလည်း ဝယ်အားပုံမှန်ရှိနေတယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၃၃၀ ကျပ်ဈေးနဲ့ တစ်ရက်ကို ပိဿာချိန် ၆၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ အဝင်အားကောင်းနေသလို တရုတ်ဝယ်လက်ကလည်း အဆွဲသွက် နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၈၀ ကျပ်ဈေးနဲ့ တစ် ရက်ကို ပိဿာချိန် ၁၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းကို တရုတ်က ဝယ် အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ရက်ကို မက်တန် ၁၅၀၀ မှ ၁၈၀၀ ကြားသာဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံကို ရန်ကုန်-မန္တလေး ဝယ်လက်တွေက အောက်ဈေးနဲ့ အဝယ်ရှိခဲ့ပြီး နှမ်းမျိုးစုံကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က အမြင့်ဈေးနဲ့ ဝယ်အားပုံမှန်ရှိခဲ့တယ် လို့သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ယခင်အပတ်က အဝယ်အေးနေရာက ဒီတစ်ပတ်မှာ ဝယ်လိုအားအနည်း ငယ်ပြန် လိုက်လာပေမယ့် ဈေးကတော့ အကျဘက်မှာဘဲရှိနေတယ်လို့ သိရ ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၉၅ ကျပ်(တစ်တန် ကို ၄၈၆၈၅၀ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး အရည်အသွေးကောင်းရင် ကောင်း သလို ဈေးပေးအဝယ်ရှိပြီး အရည်အသွေးညံ့ပါက ဈေးနှိမ်ပြီး အဝယ် ရှိနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၂၀၀ မှ ၃၅၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်း မျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်း ရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းနီတစ် ပိဿာ ၁၉၃၄ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၁၃၄ ကျပ်၊ နှမ်းနက်တစ် ပိဿာ ၂၄၀၀ ကျပ်၊ နှမ်းနက်စမုံ ၂၆၀၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည် တစ်ဦးကဆိုပါတယ်။
* မတ်ပဲကို ပြည်ပအဝယ်အေးတာကြေင့် ဟင်္သာတ၊ ပြည်၊ မန္တလေးနဲ့ ဘုရင့်နောင်မှာ အရောင်းအဝယ်ဖြစ်မှုနည်းလာ * ပဲစင်းငုံနီကို အိန္ဒိယအဆွဲပါးနေတာကြောင့် ပြည်တွင်းဈေးကွက်တိုင်းမှာ အရောင်းအဝယ်အေးနေ * ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲနည်းပြီး ဒေသတွင်းခွဲစက်တွေသာ ဝယ်အားအထိုက်အလျောက်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ အရောင်းအဝယ်အနည်းငယ်ဖြစ် * ပဲတီစိမ်းကြီးကို အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိတာကြောင့် မန္တလေး၊ အောင်လံနဲ့ ပြည်မှာ ဈေးမြင့်ပြီး မကွေးမှာ ဈေးတန့်နေ * နှမ်းမျိုးစုံကို တရုတ်နဲ့ ဒေသတွင်းဆီစက်များ ဝယ်အားပုံမှန်ရှိလို့ မန္တလေးနဲ့ မကွေးမှာ ဈေးစွာ * ပြောင်းကို တရုတ်က ဝယ်အားပုံမှန်ရှိနေ
ပြည်ဈေးကွက်မှာ မတ်ပဲက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်ရှိနေပေမယ့် ရန်ကုန်ဝယ်လက်က အဝယ်အေးခဲ့သ လို ဈေးနှုန်းလည်းအေးနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၆၄၀ ကျပ် (တစ်တန်ကို ၃၉၁၉၂၉ ကျပ်)ဈေးနဲ့တစ်ပတ်အတွင်း အိတ် ၈၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန်ဝယ်လက်က ရက်ခြားသာအဝယ် အနည်းငယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၆၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကို တော့ ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ် လို့မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၀၅၀ ကျပ်(တစ်တန်ကို ၆၄၃၀၀၉ ကျပ်)ဈေးနဲ့ တစ် ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီက ရက်ခြားသာ ရန်ကုန်အ ဝယ်ရှိပြီး ဈေးကတော့ တစ်ပိဿာ ၇၈၀ ကျပ် (တစ်တန်ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ် ခဲ့သလို ကုလားပဲ(ထိုင်ဝမ်) ကိုလည်း မြို့ခံပဲခွဲစက်တွေက ဝယ်လို အားလျော့နည်းသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၅၀ ကျပ် (တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ပြည်ပဝယ်လိုအားအေးနေတာကို အကြောင်းပြပြီး တွက် ချက်ဝယ်ယူမှုတွေရှိနေသလို ရောင်းသူကုန်သည်များကလည်း တက် ဈေးမျှော်ပြီး အရောင်းနည်းနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၈၀၀ ကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၂၀ ခန့်သာဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပဲတီစိမ်း ကြီးကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၀၆၅ ကျပ်(တစ်တန်ကို ၆၅၂၁၉၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သိပ္ပံနှမ်းကို လည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန် သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအ နည်းငယ်ကျလာပြီး တစ်ပိဿာကို ၂၅၁၁ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။