Background
ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်အဆွဲ နည်းပြီး မျိုးအတွက်ပြန်လည်ဝယ်ယူသူများက ဝယ်အားရှိခဲ့လို့ တစ်ပိဿာကို ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀ မှ ၂၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲတီစိမ်းကြီးက ဈေးကွက်သို့အဝင်များလာပေမယ့် ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေ တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲက ဈေးကွက်ကို အဝင်များလာတယ်လေ။ ဒါပေမဲ့ ပဲရဲ့အရည်အသွေးက အနည်း ငယ်ညံ့တာကြောင့် ရန်ကုန်-မန္တလေးဝယ်လက်က ဈေးချအဝယ်ရှိနေ တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိ ဿာ ၉၆၅ ကျပ်(တစ်တန်ကို ၆၉၀၉၅၆ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်း ငုံနီကိုတော့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၇၈၀ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ အရောင်း အဝယ်ဖြစ်မှုနည်းသွားတယ်လို့ သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ အရောင်းအဝယ်တောက်လျှောက် အေးနေတဲ့ မတ်ပဲက ဒီတစ်ပတ်မှာလည်း အိန္ဒိယဝယ်လက်က ဝယ် လိုက်ရပ်လိုက်နဲ့ဘဲ အဝယ်ရှိတာကြောင့် မတ်ပဲဈေးက ယခင်အပတ် နဲ့စာရင် တစ်တန်ကို ၂၀၀၀၀ ကျပ်ခန့်ဈေးကျသွားတယ်လို့ သိရပါ တယ်။ ပဲဈေးက တစ်ပတ်နဲ့ တစ်ပတ်တောက်လျှောက်ဈေး ကျဆင်း နေတာကြောင့် ရောင်းသူကုန်သည်တွေကလည်း ဈေးကွက်အနေအ ထားအရ အရောင်းကျဲနေတယ်လို့ ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ မတ်ပဲ (RC) တစ်တန်ကို အနိမ့်ဆုံး ၄၂၇၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၃၅၀၀၀ ကျပ်အတွင်း တန် ၂၃၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ အိတ် စပို့အဆွဲအေးနေပြီး ပြည်တွင်းကုန်သည်အချင်းချင်းသာ အောက်ဈေး နဲ့ အရောင်းအဝယ်အနည်းငယ်ရှိနေ တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
အိန္ဒိယနိုင်ငံဈေးကွက်တွေအတွင်းမှာ ဂျုံအမျိုးအစားအားလုံးက လက်ရှိ ဈေးနှုန်းအတိုင်း တည်ငြိမ်နေကြောင်း၊ ဂျုံဝယ်လိုအားနဲ့ ရောင်းလိုအား မျှတနေတဲ့ အတွက် ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း ဂျုံကုန်သည်ကြီးတစ်ဦးဖြစ်တဲ့ Satish Kumar က Business Line သတင်းဌာနကို ပြောကြားတယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ အဝင်များလာသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားသွက်နေ တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၈၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၆၉၉၇၀၀ ခန့်အဝယ် ဖြစ်ခဲ့တယ် လို့ ဒေသခံပြောင်းကုန်သည် တစ်ဦးက ဆိုပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးနဲ့ ကုလားပဲဖြူ လုံးကြီးဈေးအနည်းငယ်မြင့်လာပြီး ပဲစင်းငုံနီနဲ့ ကုလားပဲ(ထိုင်ဝမ်) ဈေးတန့်နေကာ မတ်ပဲကကျဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ နှမ်းမျိုးစုံထဲမှ နှမ်းနက်စမုံတစ်မျိုးသာ ဈေးမြောက်ပြီး ကျန်နှမ်းမျိုးစုံကတော့ ဈေးငြိမ်နေတယ်လို့ သိရပါ တယ်။ မန်းဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက် များကသာ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၆၁၇ ကျပ်(တစ်တန်ကို ၃၇၇၈၄၄ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၆၀၀ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ပဲစင်းငုံနီကိုတော့ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ရန်ကုန် ဝယ်လက်အဝယ်အေးပြီး ပဲသန့်စင်စက်နဲ့ ပဲခွဲစက်များကသာ ဝယ် အားအထိုက်အလျောက်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၈၃၃ ကျပ်(တစ်တန်ကို ၅၁၀၁၂၀ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလား ပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံ မှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အ ရောင်းရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလား ပဲဖြူလုံးကြီးတစ်ပိဿာ ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာကို ၈၆၅ ကျပ်(တစ်တန်ကို ၅၇၆၈၇၁ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၀၂ ကျပ် (တစ်တန်ကို ၆၇၄၈ ၅၃ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ပဲရဲ့အရည်အသွေးေ ကာင်းတဲ့အပေါ် တရုတ် ကဈေးပိုပေးပြီး အဝယ်ရှိနေတယ်။ ရောင်းသူကုန်သည်များကလည်း တက်ဈေးမှာ အရောင်းပို များလာလို့ ဈေးကွက်မှာ အရောင်းအဝယ် သွက်လာတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ နှမ်းမျိုးစုံထဲ မှ နှမ်းနက်စမုံကို တရုတ်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ် အားပိုများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၆၂၂ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကျန်နှမ်းမျိုးစုံကိုတော့ တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များက ဝယ်အား ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ် ပိဿာ ၂၀၈၉ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၃၇၈ ကျပ်၊ နှမ်းညိုတစ် ပိဿာ ၁၈၀၀ ကျပ်ဈေးနဲ့ နှမ်မျိုးစုံတစ်ရက်ကိုအိတ် ၃၀၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိ သလို တရုတ်ဝယ်လက်ကလည်း ဈေးကွက်အဝင်ရှိသလောက် ဝယ် အားပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပတ်အတွင်း မက်တန် ၁၅၇၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးက ဈေးကွက် သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အရည်အ သွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီးတစ်ပိဿာ ၁၀၇၅ ကျပ်(တစ်တန် ကို ၆၅၈၃၁၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သိပ္ပံနှမ်းကိုတော့ ရန်ကုန်အဆွဲသွက် လာသလို လှောင်လက် ကုန်သည်များကလည်း တက်ဈေးမှာ အ ရောင်းများလာတာကြောင့် ယခင်အပတ်နဲ့စာရင် အရောင်းအဝယ် ဖြစ်မှုပမာဏပိုများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေ နဲ့ တစ်ပိဿာကို ၂၅၅၆ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀၀ ခန့် ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီး၊ ပဲစင်းငုံနီနဲ့ ကုလား ပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက အောက်ဈေး နဲ့ အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ သိရပါတယ်။ ပဲတီစိမ်း ကြီးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ်လက်က အရည်အသွေးကိုကြည့်ပြီး တွက်ချက်ဝယ်ယူ မှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ကို ၁၀၁၆ ကျပ်(တစ်တန်ကို ၆၂၂၁၈၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန်အဆွဲအေးသွားသလို ရောင်းသူ ကုန်သည်များကလည်း တက်ဈေးမျှော်ပြီး အရောင်းနည်းသွားတယ် လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန် အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားအသင့်အတင့်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၄၇ ကျပ်(တစ်တန်ကို ၅၇၉၉၃၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ မြို့ခံဆီကြိတ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ထက်စာ ရင် အနည်းငယ်လျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က နှမ်းနီတစ်ပိဿာ ၁၉၁၁ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၁၉၇၈ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၃၁၁ ကျပ်၊ နှမ်းနက်စမုံ တစ်ပိဿာ ၂၅၁၁ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၁၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
* မတ်ပဲကို အိန္ဒိယအဆွဲအေးလို့ ဘုရင့်နောင်၊ ပြည်၊ မန္တလေးနဲ့ ဟင်္သာတမှာ ဈေးကျလာ * ပဲစင်းငုံနီကို ပြည်ပဝယ်လိုအားပါ ကျဆင်းနေတာကြောင့် ဈေးကွက်တိုင်းမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)က မန္တလေး၊ မုံရွာနဲ့ မကွေးမှာ အရောင်းအဝယ်ပုံမှန်ဖြစ် * ပဲတီစိမ်းကြီးက အရည်အသွေးပေါ်မူတည်ပြီး ဈေးကွက်တိုင်းမှာ အရောင်းအဝယ်ဖြစ်နေ * နှမ်းမျိုးစုံကို တရုတ်နဲ့ ဒေသတွင်းဆီစက်များက ဝယ်အားပုံမှန်ရှိနေ * ပြောင်းက ဈေးကွက်သို့ အဝင်များသလိုတရုတ်ကလည်းအဝယ်သွက်နေ
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအား အေးသွားတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၁၃ ကျပ်(တစ်တန်ကို ၄၃၆၆၃၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ မှ ၈၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။