Main menu

Background

Monday, 3 Dec 2012

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့အ ဝင်များလာသလို တရုတ်ဘက်ကလည်း အဝင်ရှိသလောက် ဝယ် အားများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ် အတွင်း မက်တန် ၁၆၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံကုန်သည်များ ကဆိုပါတယ်။

Monday, 3 Dec 2012

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် တန်ဆောင်တိုင်ပွဲတော် ကြောင့် ပြောင်းအရောင်းအဝယ်နည်းသွားတယ်လို့ ဆိုပါတယ်။ ခါ တိုင်းအပတ်ဆိုရင် ပြောင်းအရောင်းအဝယ်က သွက်နေတာဘဲ၊ ဒီတစ်ပတ်က တန်ဆောင်တိုင်မီးထွန်းပွဲတော်ရှိ တာကြောင့် ပြောင်း အ ရောင်းအဝယ်နည်းသွားတာလို့ ဒေသခံကုန်သည်တစ်ဦးကဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၇၀ ကျပ်ဈေးနဲ့ တစ် ပတ်အတွင်း ပိဿာချိန် ၇၀၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 3 Dec 2012

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ကထိန်ပွဲတော်ရှိတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်ပြုလုပ်လိုသော ကုန်သည်များလာ ရောက်မှုနည်းပါးသွားသလို ပဲအရောင်းအဝယ်လည်း တော်တော် လေး အေးနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ပဲစင်းငုံ နီက ရက်ခြားသာ ရန်ကုန်အဝယ်ရှိပြီး ဈေးကတော့ တစ်ပိဿာ ၇၈၀ ကျပ် (တစ်တန်ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့သလို ကုလားပဲ(ထိုင်ဝမ်)ကို လည်း မြို့ခံပဲခွဲစက်တွေက ဝယ်လိုအားလျော့နည်းသွားတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၅၀ ကျပ်(တစ် တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 3 Dec 2012

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ကထိန်ပွဲတော်ကြောင့် ပဲ မျိုးစုံနှင့် နှမ်းမျိုးစုံအရောင်းအဝယ်ပုံမှန်ထက်စာရင် လျော့နည်းသွား တယ်လို့ ဆိုပါတယ်။ မတ်ပဲကို ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေ သာဝယ်အားအသင့်အတင့်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာကို ၆၁၇ ကျပ်(တစ်တန်ကို ၃၇၇၈၄၄ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီ စိမ်းကြီး(ထိပ်စ)ကို တရုတ်အဆွဲအေးပြီး (လတ်စ)ကိုသာ ပုံမှန်အဆွဲ ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (လတ်စ)တစ် ပိဿာကို ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်း ငုံနီကတော့ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအား  အေးသွားတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၇၉၂ ကျပ်(တစ်တန်ကို ၄၈၅၀၁၂ ကျပ်) ဈေးနဲ့တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို ရန်ကုန် ဝယ်လက်ဝယ်အားပါးနေပြီး မြို့ခံစက်သမားတွေသာ ဝယ်အားအ ထိုက်အလျောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေးကလည်း ဒီကာလ မှာ ဈေကျတတ်တာမို့ ရောင်းလက်များကလည်း တက်ဈေးကိုစောင့် ရင်း အရောင်းနည်းသွားတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၃၀ ကျပ်  (တစ်တန်ကို ၅၀၈၂၈၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ် ငန်းရှင်များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အ ရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ ဆင်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ တစ်ပိဿာ ၁၉၃၃ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၈၀၀ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၂၄၄ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၃၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 3 Dec 2012

လားရှိုးဈေးကွက်မှာ ပြောင်းကဈေးကွက်သို့ အဝင်လှိုင်နေ သလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါ တယ်။ ပြောင်းက အရောင်းအဝယ်ပုံမှန်ရှိပါတယ်။ ဒါပေမဲ့ ဈေးကွက် သို့  ပြောင်းအဝင်လှိုင်တာကြောင့်   ဈေးကွက်သဘောသဘာဝအရ ဈေးကယခင်အပတ်နဲ့စာရင် တစ်ပိဿာကို ၁၀ ကျပ်ခန့် ဈေးကျသွား တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၃၇၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိ ဿာချိန် ၁၄၀၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။

Monday, 3 Dec 2012

အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့ အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အိန္ဒိယအဆွဲအေးသွား တဲ့အပေါ် ဈေးနှိမ်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၇၇၅ ကျပ်(တစ်တန်ကို ၄၇၄၆၀၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သိပ္ပံနှမ်း ကိုတော့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၂၅၅၆ ကျပ်ဈေးနဲ့ နေ့ စဉ်အိတ် ၂၀၀၀ ခန့်ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်

Monday, 3 Dec 2012

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဈေးလျော့အဝယ်ရှိသလို ငွေပြန်ပေါ်လိုသော ကုန်သည်အချို့က လည်း ထုတ်ရောင်းမှုတွေရှိလို့ အရောင်းအဝယ်အနည်းငယ်ဖြစ်ခဲ့ပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၇၈၀ ကျပ်(တစ်တန် ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိ ရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းသေးကိုလည်း ရန်ကုန်-မန္တလေးဝယ် လက်က တစ်ပိဿာ ၁၀၆၃ ကျပ်(တစ်တန်ကို ၆၅၀၉၇၀ ကျပ်)ဈေး နဲ့ နေ့စဉ်အိတ် ၁၅၀ ခန့်အရောင်းအဝယ်ပုံမှန်ရှိခဲ့ကြောင်း ပွဲရုံရပ် ကွက်မှ ဆိုပါတယ်။

Monday, 3 Dec 2012

*    မတ်ပဲကို အိန္ဒိယအဆွဲအေးတာကြေင့် ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးဈေးကွက်မှာ ဈေးဆက်လက်ကျဆင်း *    ပဲစင်းငုံနီကို ပြည်ပဝယ်လိုအားကျဆင်းနေတာကြောင့် ပြည်တွင်းဈေးကွက်တိုင်းမှာ ဈေးက အကျဘက်ဦးတည်နေ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) ကို ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားအထိုက်အလျောက်ရှိတာကြောင့် မန္တလေးနဲ့ မုံရွာမှာ ဈေးကျရိပ်သန်း *    ပဲတီစိမ်းကြီးကို အရည်အသွေးပေါ်မူတည်ပြီး ဈေးကွက်တိုင်းမှာ အရောင်းအဝယ်ပုံမှန်ဖြစ်နေ *    နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ *    ပြောင်းက ဈေးကွက်တိုင်းမှာ အဝင်လှိုင်နေသလို အရောင်းအဝယ်လည်းသွက်နေ

Monday, 3 Dec 2012

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက် က ဈေးလျော့အဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၆၀ ကျပ် (တစ်တန်ကို ၄၀၄၁၇၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ မှ ၆၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 3 Dec 2012

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးသာရှိပြီး အရောင်းအဝယ်အေး နေတယ်လို့ သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကိုရန်ကုန်အဆွဲနည်း ပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၆၃ ကျပ်(တစ်တန်ကို ၅၈၉၇၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက် နဲ့ ဒေသတွင်းဆီကြိတ်လုပ် ငန်းရှင်များက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက နှမ်းနီတစ်ပိဿာ ၁၉၁၁ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၀၅၆ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၅၅၆ ကျပ်နဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၇၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages