Main menu

Background

Monday, 31 Dec 2012

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ် လုပ်ငန်းရှင်များကလည်း ဝယ်အားများခဲ့တယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၂၈ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Sunday, 30 Dec 2012

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်  ပဲစင်းငုံနီ(အဟောင်း)ကို ရန်ကုန်အဆွဲအေးနေပြီး ပဲစင်းငုံနီ(အသစ်)ကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ဈေး ဖွင့်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ပဲတီစိမ်းကြီးကိုလည်း ရန်ကုန်-မန္တလေးဝယ်လက်  ဝယ်အားများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၉၀ ကျပ် (တစ်တန်ကို ၆၆၇၅၀၅ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၇၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Sunday, 30 Dec 2012

*    မတ်ပဲကို ပြည်ပအဝယ်အနည်းငယ်ပြန်လိုက်လာတာကြောင့် ဟင်္သာတ၊ ပြည်၊ မန္တလေးနဲ့ ဘုရင့်နောင်မှာ အရောင်းအဝယ် ပြန်ဖြစ်လာ *    ပဲစင်းငုံနီကို အိန္ဒိယအဆွဲပါးနေတာကြောင့် ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ် အေးနေ *    ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲနည်းပြီး ဒေသတွင်းခွဲစက်တွေသာ ဝယ်အား အထိုက်အလျောက်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ အရောင်းအဝယ်အနည်းငယ်ဖြစ် *    ပဲတီစိမ်းကြီးကို အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် မန္တလေး၊ အောင်လံ၊ ပြည်နဲ့ မကွေးမှာ အရောင်းအဝယ်ပုံမှန်ဖြစ် *    နှမ်းမျိုးစုံကို တရုတ်နဲ့ ဒေသတွင်းဆီစက်များ ဝယ်အားပုံမှန်ရှိပေမယ့် မန္တလေးနဲ့ မကွေးမှာ ဈေးတန့်နေ *    ပြောင်းကို တရုတ်က ဝယ်အားပုံမှန်ရှိနေတာကြောင့် တောင်ကြီး၊ လားရှိုးနဲ့ မူဆယ်မှာ အရောင်းအဝယ်ပုံမှန်ဖြစ်

Sunday, 30 Dec 2012

*    မတ်ပဲကို ပြည်ပအဝယ်အနည်းငယ်ပြန်လိုက်လာတာကြောင့် ဟင်္သာတ၊ ပြည်၊ မန္တလေးနဲ့ ဘုရင့်နောင်မှာ အရောင်းအဝယ် ပြန်ဖြစ်လာ *    ပဲစင်းငုံနီကို အိန္ဒိယအဆွဲပါးနေတာကြောင့် ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ် အေးနေ *    ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲနည်းပြီး ဒေသတွင်းခွဲစက်တွေသာ ဝယ်အား အထိုက်အလျောက်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ အရောင်းအဝယ်အနည်းငယ်ဖြစ် *    ပဲတီစိမ်းကြီးကို အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် မန္တလေး၊ အောင်လံ၊ ပြည်နဲ့ မကွေးမှာ အရောင်းအဝယ်ပုံမှန်ဖြစ် *    နှမ်းမျိုးစုံကို တရုတ်နဲ့ ဒေသတွင်းဆီစက်များ ဝယ်အားပုံမှန်ရှိပေမယ့် မန္တလေးနဲ့ မကွေးမှာ ဈေးတန့်နေ *    ပြောင်းကို တရုတ်က ဝယ်အားပုံမှန်ရှိနေတာကြောင့် တောင်ကြီး၊ လားရှိုးနဲ့ မူဆယ်မှာ အရောင်းအဝယ်ပုံမှန်ဖြစ်

Sunday, 30 Dec 2012

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီလက်ကျန်ပစ္စည်း တွေကို ရန်ကုန်အဆွဲအနည်းငယ်ရှိသလို ပဲစင်းငုံနီ(သစ်)ကိုလည်း ရန်ကုန်ဝယ်လက်က အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ (သစ်)က ဈေးကွက်သို့စတင်ဝင်လာပေမယ့် အဝင်နည်းနေပြီး အဖွင့်ဈေးက တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀ မှ ၃၀ ကြားအရောင်း အဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(ဟောင်း)ကိုလည်း ရန်ကုန်ဝယ် လက်က တစ်ပိဿာကို ၇၈၅ ကျပ်(တစ်တန်ကို ၄၈၀၇၂၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၅၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။

Sunday, 30 Dec 2012

ပြည်ဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲ ခပ်ပါးပါးသာရှိခဲ့ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၇၀၀ ခန့်သာဖြစ်ခဲ့တယ ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က ရက်ခြားသာအဝယ်ရှိနေတယ်လို့ ပွဲရုံ ရပ်ကွက် ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၇၇၅ ကျပ်(တစ် တန်ကို ၄၇၄၆၀၂ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၈၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး အရည်အသွေးကောင်း ရင်ကောင်းသလို ဈေးပေးအဝယ်ရှိပြီး အရည်အသွေးညံ့ပါက ဈေး နှိမ်ဝယ်ယူမှုတွေရှိနေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၄၀ ကျပ် (တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားသာဖြစ် ခဲ့တယ်လို့ ဆိုပါတယ်။

Sunday, 30 Dec 2012

မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အဝယ် အေးနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာ ပြီး တစ်ပိဿာကို ၇၅၅ ကျပ်(တစ်တန်ကို ၄၆၂၃၅၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ပဲတီစိမ်းကြီးကတော့ ရန်ကုန်-မန္တလေးဝယ်လက်က အ ရည်အသွေးအပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာပြီး တစ်ပိဿာကို ၁၀၁၀ ကျပ် (တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ထက်စာရင် အနည်းငယ် လျော့သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုကတော့ နှမ်းနီတစ်ပိဿာ ၁၉၄၆ ကျပ်၊ နှမ်းဖြူ တစ်ပိဿာ ၂၁၀၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၁၅၀ ကျပ်ဈေး၊ နှမ်းညို တစ်ပိဿာ ၁၈၂၃ ကျပ်နဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၇၀၀ ခန့်သာ အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။

Sunday, 30 Dec 2012

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိတ် စပို့အဆွဲအနည်းငယ်ပြန်လိုက်လာပေမယ့် ပဲစင်းငုံနီ(RC) ကတော့ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ မတ်ပဲကရောင်းသူ ကုန်သည်တွေထ ံမှာ ပစ္စည်းလက်ကျန်အထိုက်အလျောက်ရှိပေမယ့် အိတ်စပို့ဝယ်လက်က ဈေးပေးအဝယ်မရှိတာကြောင့် ကုန်သည်တွေ အနေနဲ့ ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ ဆိုပါ တယ်။ အရောင်းအ ဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ်တန်ကို အနိမ့် ဆုံး ၄၄၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၄၇၀၀၀ ကျပ်အတွင်း တန် ၂၃၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီက အိန္ဒိယဘက်မှာ ပဲသစ်တွေ အဝင်ရှိလာတာကြောင့် မြန်မာ့ပဲစင်းငုံနီကို အိန္ဒိယအဆွဲ အေးနေလို့ ပဲအရောင်းအဝယ်လည်း အေးနေကြောင်း ပဲကုန်သည် တစ်ဦးက ဆိုပါတယ်။

Sunday, 30 Dec 2012

ပွင့်လင်းရာသီ ပဲမျိုးစုံပေါ်ထွက်ချိန်ရောက်ပြီဆိုတာနဲ့ မန္တလေးကုန်စည်ဒိုင်မှာ ကုန်သည်၊ ပွဲစားတို့ ပျားပန်းခတ်မျှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကာလာစုံတို့နဲ့ အရောင်းအဝယ်သွက်နေတာကို တွေ့ရပါတယ်။ မန္တလေးက ကုန်စီးထွက်မှုအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာက မန္တလေးမှ ရန်ကုန်ကို ကုလားပဲ ၉၂၉ ဒသမ ၃၂ တန်၊ ပဲစင်းငုံ ၇၇၆ ဒသမ ၂၆ တန်၊ ပဲတီစိမ်း ၁၁၅၃ ဒသမ ၃၀ တန်၊ မတ်ပဲ ၆၂၉ ဒသမ ၆၇ တန်၊ ပြောင်းဖူးစေ့ ၁၀၉၉ ဒသမ ၂၃ တန်၊ မန္တလေးမှ မူဆယ်ကို ပဲတီစိမ်း ၄၁၇ ဒသမ ၅ တန်၊ ထောပတ်ပဲ ၁၃၈ တန်၊ ပြောင်းဖူးစေ့ ၁၁၆၀ တန်၊ နှမ်းရောင်စုံ ၅၅၂၄ ဒသမ ၇၆ တန်၊ မြေပဲဆန် ၂၁၃ ဒသမ ၉၅ တန် တင်ပို့ရောင်းချခဲ့ပါတယ်။ သယ်ယူပို့ဆောင်ခအနေနဲ့ မန္တလေးမှ ရန်ကုန် တစ်ပိဿာ ၂၈ ကျပ်မှ ၄၀ ကျပ်၊ မန္တလေးမှ မူဆယ်ကို တစ်ပိဿာ ၇၅ ကျပ်မှ ၈၀ ကျပ်ထိ ရှိပါတယ်။

Wednesday, 12 Dec 2012

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီက ရောင်းသူကုန်သည်တွေထံ မှာ ပစ္စည်းလက်ကျန်နည်းနေတာရယ်၊ ပဲဈေးနှုန်း တွေ ဆက်လက်ကျ ဆင်းနေတာရယ်ကြောင့် အရောင်းအဝယ်လည်း အေးနေတယ်လို့ မြို့ခံကုန်သည်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ပဲတီစိမ်းသေး ကတော့ ရန်ကုန်-မန္တလေးဝယ်လက်က အဝယ်အနည်း ငယ်ရှိလို့သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ပြောရမှာပါ။ အရောင်းအဝယ်အ နေနဲ့ တစ်ပိဿာကို ၁၀၇၈ ကျပ်(တစ်တန်ကို ၆၆၀၁၅၆ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၃၀ မှ ၅၀ ကြားသာဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

Pages