Main menu

Background

Monday, 19 Nov 2012

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲက လှောင်လက်ကုန် သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းလာသလို ရန်ကုန်ဝယ်လက် ကလည်း ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို တွက်ချက် ပြီး ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၇၅၅ ကျပ်(တစ်တန်ကို ၄၆၂၃၅၄ ကျပ်)ဈေးနဲ့ တစ် ရက်ကို အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 19 Nov 2012

*    မတ်ပဲကို အိန္ဒိယအဆွဲအေးလို့ ဘုရင့်နောင်မှာ ဈေးကျပြီး ဟင်္သာတနဲ့ ပြည်မှာ ဈေးငြိမ်နေ *    ပဲစင်းငုံနီကို အိတ်စပို့ဝယ်လိုအားပါးလို့ ဘုရင့်နောင်၊ မန္တလေး၊     မုံရွာ၊ အောင်လံ၊ ပခုက္ကူနဲ့ မြင်းခြံမှာ ဈေးကျပြီး မကွေးမှာ ဈေးတန့် *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) က မန္တလေး၊ မုံရွာ၊ ပခုက္ကူနဲ့ အောင်လံမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း *    နှမ်းမျိုးစုံက မန္တလေးနဲ့ မကွေးမှာ ပုံမှန်အရောင်းအဝယ်ဖြစ် *    ပြောင်းက တောင်ကြီး၊ မူဆယ်နဲ့ လားရှိုးမှာ အရောင်းအဝယ်သွက်လို့ ဈေးစွာ

Monday, 19 Nov 2012

လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်အား ကောင်းနေသလို တရုတ်ဝယ်လက်ကလည်း ဝင်သလောက် အဆွဲ သွက်နေတယ်လို့ ဆိုပါတယ်။ ပြောင်းကအဝင်များလာတယ်။ တရုတ် ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေလို့ ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာတ ယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၃၇၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၁၂၅၂၇၄ ခန့်ဖြစ်ခဲ့ကြောင်း ဒေသ ခံပြောင်းကုန်သည် တစ်ဦးကဆိုပါတယ်။

Monday, 19 Nov 2012

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်က ဈေး လျော့အဝယ်ရှိသလို ဝယ်အားပါနည်းလာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၄၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀ ခန့်သာ အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုလားပဲ(ထိုင်ဝမ်)ကိုလည်း မြို့ခံပဲခွဲစက်များက အဝယ်အေးနေသလို ရောင်းသူကုန်သည်များ ကလည်း ဈေးကွက်ေ မျှာ်လင့်ချက်နဲ့ အရောင်းနည်းသွားတယ်လို့ သိ ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၀ ကျပ် (တစ် တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၇၀ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 19 Nov 2012

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ၊ ပဲတီစိမ်းနဲ့ ကုလားပဲက ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံနီကတော့ အရောင်းအဝယ်ပါး သွားတယ်လို့ ဆိုပါတယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက်က ဝယ်အား ပုံမှန်ရှိပေမယ့် ဈေးကတော့ ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ် လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၇၄၀ ကျပ် (တစ်တန်ကို ၄၅၃၁၆၈ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးက ဈေးကွက်သို့အဝင် ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီး တစ်ပိဿာ ၁၀၈၅ ကျပ်(တစ်တန်ကို ၆၆၄၄၄၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံခွဲစက်နဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း  သိရပါတယ်။ ပဲစင်းငုံနီကတော့ ရန်ကုန်အဝယ်အေးနေတာကြောင့် အရောင်းအဝယ်ဖြစ်မှုလည်း တော်တော်လေးနည်းနေတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၂၅ ကျပ်(တစ် တန်ကို ၅၀၅၂၂၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၇၀၀ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 19 Nov 2012

ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) အရောင်းအဝယ် တော်တော်လေးအေးနေရာက ဒီတစ်ပတ်မှာ အိတ်စပု့ိအဆွဲအနည်း ငယ်ရှိတာကြောင့် တစ်တန်ကို ၅၄၄၀၀၀ ကျပ်ဈေးနဲ့ တစ်ပတ်အ တွင်း တန် ၄၆၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့ အပြင် မတ်ပဲ (RC) ကိုလည်း အိတ်စပို့ဝယ်လက်က အဝယ်ရှိခဲ့ပေ မယ့် ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၁၂၀၀၀ ကျပ်ခန့်ဈေးကျလာ ကြောင်း သိရပါတယ်။ ပဲကတစ်ပတ်လုံးမှ တစ်ရက်သာ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဈေးကအကျဘက်ကိုဦးတည်နေတယ်လို့ ဈေးကွက်မှ ပဲကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ မတ်ပဲ (RC) တစ်တန်ကို ၄၇၃၀၀၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း တန် ၂၃၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 7 Nov 2012

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဒီတစ် ပတ်မှာ အဝယ်အေးသွားသလို ရောင်းသူကုန်သည်များကလည်း တက်ဈေးမျှော်ပြီး အရောင်းနည်းနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ် လို့ သိရပါတယ်။

Wednesday, 7 Nov 2012

အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိ နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၅၀ ကျပ်(တစ်တန်ကို ၆၄၃၀၀၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ထက်စာရင် အနည်းငယ်လျော့ နည်းသွားပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန် ကို ၅၅၁၁၅၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၅၀ ကြား ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ သိပ္ပံနှမ်းကိုတော့ ရန်ကုန်အဆွဲပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါ ဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၂၃၁၁ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 7 Nov 2012

*    မတ်ပဲက ဘုရင့်နောင်၊ ပြည်၊ ဟင်္သာတနဲ့ မန္တလေးမှာ အရောင်းအဝယ်ဖြစ်မှု အနည်းငယ်လျော့ *    ပဲစင်းငုံနီ ဈေးချအဝယ်ရှိလို့ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ အောင်လံနဲ့ မြင်းခြံမှာ ဈေးအနည်းငယ်ကျ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)ကို ရန်ကုန်နဲ့ ဒေသတွင်း ခွဲစက်တွေ ဝယ်အားပုံမှန်ထက်စာရင် အနည်းငယ်လျော့ကျလာ *    နှမ်းမျိုးစုံက မန္တလေးနဲ့ မကွေးမှာ အရောင်းအဝယ်ပုံမှန်ဖြစ် *    ပြောင်း ဈေးကွက်သို့ အဝင်လှိုင်နေသလို တောင်ကြီး၊ မူဆယ်နဲ့ လားရှိုးမှာလည်း အရောင်းအဝယ်သွက်နေ

Wednesday, 7 Nov 2012

လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်များလာ သလို အဝင်ရှိသလောက် တရုတ်အဆွဲလည်းသွက်နေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၆၀ ကျပ်ဈေးနဲ့ တစ် ပတ်အတွင်း ပိဿာချိန် ၂၃ သိန်းခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။

Pages