Background
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်အဝယ်အေးသွားတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကကျရိပ်သန်းနေတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးကိုလည်း ရန်ကုန်-မန္တလေးဝယ်လက်က ဝယ် အားနည်းနေသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော် လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၁၀၀ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က အောက်ဈေးနဲ့ ရက်ခြားသာအဝယ်ရှိသလို ရောင်းသူကုန်သည် များကလည်း တက်ဈေးမျှော်ပြီး အရောင်းနည်းနေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၀ ကျပ်(တစ်တန် ကို ၄၉၆၀၃၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၈၀ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန် အဝယ်အေး နေသလို ရောင်းသူကုန်သည်များထဲမှ ငွေပြန်ပေါ်လိုသော ကုန်သည် အချို့သာ ထုတ်ရောင်းမှုတွေရှိလို့ အရောင်းအဝယ်အနည်းငယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၉၀ ကျပ်(တစ်တန်ကို ၄၂၂၅၄၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကတော့ ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးအလိုက် ဈေးပေးအ ဝယ်ရှိနေပေမယ့် ဈေးကွက်သို့ ပဲတီစိမ်းအဝင်များတဲ့အပေါ် ဈေး ကွက်အနေအထားအရ ဈေးနှိမ်ပြီး အဝယ်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၂၅ ကျပ်(တစ်တန် ကို ၆၂၇၆၉၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန် ဝယ်လက်အဝယ်အေးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအ ကျဘက်မှာရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်)ဈေးနဲ့ တစ်ပတ်အ တွင်း အိတ် ၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) နဲ့ ပဲစင်း ငုံနီ (RC) ကတော့ အရောင်းအဝယ်ပါးနေတယ်လို့ သိရပါတယ်။ မတ်ပဲ (RC)ကို အိတ်စပို့ဝယ်လက်က တစ်ပတ်လုံးမှ တစ်ရက်တည်း သာအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲက အိန္ဒိယအဆွဲတော်ေ တာ် လေးကိုအေးနေတယ်။ ရောင်းသူကုန်သည်တွေကလည်း ဈေးကွက် အနေအထားအရ တက်ဈေးမှာ အရောင်းများပေမယ့် အခုလိုဈေး ကျတဲ့အခါမှာတော့ ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၄၅၀၀၀၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း တန် ၂၃၀ ခန့်သာဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ပဲစင်းငုံနီ (RC) ကတော့ အိတ်စပို့အဆွဲအေး နေသလို အရောင်းအဝယ်လည်း မဖြစ်ခဲ့ဘူးလို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်လှိုင် နေသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်း ရှင်များက ဝယ်အားသွက်နေကြောင်း သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၃၄၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာ ချိန် ၁၇၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီက လှောင်လက်ကုန် သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို ရန်ကုန်ဝယ်လက် ကလည်း ဈေးကွက်အနေအထားအရ အဝယ်အေးနေတယ်လို့ ဆိုပါ တယ်။ ပဲကလည်း ပစ္စည်းလက်ကျန်နည်းနေပြီး ဝယ်လက်တွေက လည်း ဈေးပေးအဝယ်မရှိတာကြောင့် ရောင်းသူကုန်သည်တွေက ဈေးကွက်မျှော်လင့်ချက်နဲ့ ပဲသစ်မပေါ်မီစပ်ကြား ထိန်းရောင်းနေ တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၈၄၅ ကျပ်(တစ်တန်ကို ၅၁၇၄၆၉ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၁၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံထဲက မတ်ပဲဈေးတန့် နေပြီး ပဲစင်းငုံနီ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲ(ထိုင်ဝမ်)နဲ့ ပဲတီစိမ်း ကြီးက အောက်ဈေး နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲမျိုးစုံထဲက မတ်ပဲကို ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲအနည်းငယ်ရှိသ လိုမြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီက လှောင် လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် ရှိနေပေမယ့် အိတ်စပို့ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်အေးနေပြီး မြို့ခံ ကုန်သည်အချင်းချင်းသာ ပဲခွဲစက်တွေအတွက် အောက်ဈေးနဲ့ အဝယ်ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို ၈၃၃ ကျပ်(တစ်တန်ကို ၅၁၀၁၂၀ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဈေးချအဝယ်ရှိသလို ဝယ်လိုအားပါ အနည်းငယ် လျော့ကြလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာတယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၈၅၆ ကျပ် (တစ်တန်ကို ၅၂၄၂၀၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာကို ၉၄၂ ကျပ် (တစ်တန်ကို ၅၇၆၈၇၁ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကို အိတ် ၈၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးဈေး ကွက်အနေနဲ့ တရုတ်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေက အရည် အသွေးအပေါ်မူတည်ပြီး အရည်အသွေးကောင်းရင် ကောင်းသလို ဈေးပေးအဝယ်ရှိပြီး အရည်အသွေးညံ့ပါက ဈေးနှိမ်ပြီး အဝယ်ရှိနေ တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီ စိမ်းကြီးတစ်ပိဿာ ၁၀၄၉ ကျပ်(တစ်တန်ကို ၆၄၂၃၉၇ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဒါ့အပြင် နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ မြို့ခံဆီစက်လုပ် ငန်းရှင်များက ဒီတစ်ပတ်မှာ ဝယ်လိုအားများလာသလို ရောင်းသူ ကုန်သည်များကလည်း အဆိုပါဈေးနှုန်းကို ကြိုက်နှစ်သက်ပြီး အ ရောင်းများလာတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၀၈၉ ကျပ်၊ နှမ်းနက်တစ် ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၂၅၅၆ ကျပ်၊ နှမ်းညို တစ်ပိဿာ ၁၈၂၂ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၄၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲ ပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိနေ တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပတ်အတွင်း မက်တန် ၁၅၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအ ဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ တစ်တန်ကို ၁၀၈၄ (၆၆၃၈၃၀) ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို တွက်ချက်ပြီး ဝယ်ယူ မှုတွေရှိတာကြောင့် ဈေးကတက်မလာဘဲ ယခင်အပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၈၄၀ ကျပ် (တစ်တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ မြို့ခံဆီ စက်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းနီ တစ်ပိဿာ ၁၉၂၂ ကျပ်၊ နှမ်းဖြူ တစ်ပိဿာ ၂၀၆၇ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၂၂ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၅၀၀ မှ ၁၀၀၀ ကြား ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန် အဆွဲနည်းလာပြီး တစ်ပိဿာကို ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ တစ်ရက်ကို ၁၅၀ မှ ၂၀၀ ကြားသာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားပဲ(ထိုင်ဝမ်)ကိုလည်း ရန်ကုန်အဆွဲပါးပြီးမြို့ခံပဲခွဲစက်တွေသာ ဝယ်အားအထိုက်အလျောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သိပ္ပံ နှမ်းကို ရန်ကုန်ဝယ် လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၂၄၆၇ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။