Main menu

Background

Monday, 29 Oct 2012

*    မတ်ပဲကို အိတ်စပို့ဝယ်လက်က အဝယ်ပြန်လိုက်လာလို့ ဘုရင့်နောင်၊ ပြည်၊ ဟင်္သာတနဲ့ မန္တလေးမှာ အရောင်းအဝယ်ပြန်ဖြစ် *    ပဲစင်းငုံနီ ဈေးချအဝယ်ရှိလို့ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ အောင်လံနဲ့ မြင်းခြံမှာ ဈေးအနည်းငယ်ကျ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်နဲ့ ဒေသတွင်းခွဲစက်တွေ ဝယ်အားပုံမှန်ရှိနေ *    နှမ်းမျိုးစုံ မန္တလေးနဲ့ မကွေးမှာ အရောင်းအဝယ်ပုံမှန်ဖြစ် *    ပြောင်း ဈေးကွက်သို့ အဝင်လှိုင်နေသလို တောင်ကြီး၊ မူဆယ်နဲ့ လားရှိုးမှာလည်း အရောင်းအဝယ် ပုံမှန်ဖြစ်နေ

Monday, 29 Oct 2012

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီသာ ရက်ခြားအရောင်း အဝယ်ဖြစ်နေပြီး ကျန်သီးနှံများကတော့ ဈေးနှုန်းသာရှိပြီး အရောင်း အဝယ်အေးနေ တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီက တစ်ပတ်လုံးမှ နှစ် ရက်သာအရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းက တစ်ပိဿာ ၈၉၅ ကျပ် (တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 29 Oct 2012

မကွေးဈေးကွက်မှာ ဒီတစ်ပတ်  ပဲတီစိမ်းကြီးကို ရန်ကုန်- မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေး လျော့အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀ ကြားသာ အ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များ ကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို မန္တလေး-ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းနီ တစ်ပိဿာ ၁၉၀၀ ကျပ်၊ နှမ်းဖြူတစ် ပိဿာ ၂၀၆၇ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၀၂၃ ကျပ်၊ နှမ်းနက်စမုံ ၂၂၄၅ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၁၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 29 Oct 2012

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်အဆွဲအေး တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၇၀ ကျပ် (တစ်တန်ကို ၄၇၁၅၄၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့တယ်လိ့ု မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် က ပြည်ပဝယ်လိုအား အခြေအနေအပေါ် မူတည်ပြီး တွက်ချက်ဝယ် ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ တစ်ပတ် အတွင်း အိတ် ၇၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။

Monday, 29 Oct 2012

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) နဲ့ ပဲစင်း ငုံနီ (RC)  ကို အိတ်စပို့အဆွဲပြန်လိုက်လာတာကြောင့် ယခင်အပတ် နဲ့စာရင် အရောင်း အဝယ်ဖြစ်မှုပမာဏပိုများလာကြောင်း သိရပါ တယ်။ ပြီးခဲ့တဲ့အပတ်က မတ်ပဲကို အိန္ဒိယအဆွဲနည်းတာကြောင့် အရောင်းအဝယ်ေ ရာ ဈေးနှုန်းပါကျဆင်းလာပေမယ့် ဒီတစ်ပတ်မှာ တော့ အရောင်းအဝယ်နည်းနည်းပြန်လိုက်လာတယ်လို့ ပဲကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ် တန်ကို အနိမ့်ဆုံး ၄၉၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၁၀၀၀၀ ကျပ်အ တွင်း တန် ၂၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံ နီ (RC) ကိုလည်း အိတ်စပို့ဝယ်လက်က ဒီတစ်ပတ်မှာ အဆွဲပြန် လိုက်လာတာကြောင့် အရောင်းအဝယ်ပြန်ဖြစ် လာတယ်လို့ ဆိုပါ တယ်။ ပဲကအရင်အပတ်က အရောင်းအဝယ်အေးနေရာက ဒီတစ် ပတ်မှာ အိတ်စပို့အဆွဲပြန်လိုက်လာလို့ ဈေးကွက်မှာ လှုပ်လှုပ်ရှား ရှားပြန်ဖြစ်လာတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၅၆၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၇၈၀၀၀ ကျပ်အတွင်း တန် ၁၁၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 29 Oct 2012

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိ အဓိက ဒေသထွက်ကုန် ၆ မျိုးမှ ၂၄၉၉၀၀ ပိဿာ (၄၀၈ ဒသမ ၀၇ တန်) အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ အဆိုပါ ဒေသထွက်ကုန်များ မှာ ကြက်သွန်ဖြူ ၄၂၈၀၀ ပိဿာ (၆၉ ဒသမ ၈၉ တန်)၊ အစေ့ထုတ် ပြောင်း ၆၃၂၀၀ ပိဿာ (၁၀၃ ဒသမ ၂၀ တန်)၊ ပဲပုပ် ၉၃၀၀ ပိဿာ (၁၅ ဒသမ ၁၈ တန်)၊ ပန်းနှမ်း ၁၀၆၀၀ ပိဿာ  (၁၇ ဒသမ ၃၀ တန်)၊ ချင်းအစို ၃၆၂၀၀ ပိဿာ (၅၉ ဒသမ ၁၁ တန်)နဲ့ အာလူး ၈၇၈၀၀ ပိဿာ (၁၄၃ ဒသမ ၃၇ တန်)တို့ဖြစ်ကြောင်း သိရပါတယ်။

Wednesday, 24 Oct 2012

ရန်ကုန်အဆင့်မြင့် နည်းပညာ တက္ကသိုလ် YTU ဝင်ခွင့်ရသူ စာရင်းကို  အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကြေညာ ပေးသွားမည်ဟု သိရသည်။ဝင်ခွင့်ရသူများအတွက်  အိမ် သို့ စာပို့  အကြောင်းကြားပေး သွားမည်ဖြစ်သလို ကျောင်းတွင် လည်း စာကပ်ပေးထားမည်ဖြစ် ကြောင်း သိရသည်။ ဝင်ခွင့်အမှတ်ကို ယောကျ်ား လေး ၅၀၀၊ မိန်းကလေး ၅၀၄ မှတ်သတ်မှတ်ကြောင်းလည်း သိ ရသည်။

Wednesday, 24 Oct 2012

လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်လှိုင်လာ သလို တရုတ်ဝယ်လက်ကလည်း အဝင်ရှိသလောက် ဝယ်အားရှိခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၅၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၀၉၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 24 Oct 2012

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို ရန်ကုန်- မန္တလေးဝယ်လက်က ဝယ်လိုအားပြန်လိုက်လာတာကြောင့် ယခင်အ ပတ်နဲ့စာ ရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်(တစ်တန် ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၅၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံပဲ ခွဲစက်တွေက တစ်ပိဿာကို ၁၁၀၅ ကျပ်(တစ်တန်ကို ၆၇၆၆၉၀ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ ရန်ကုန်ဝယ်လက်ဝယ်အားခပ်ပါး ပါးသာရှိသလို ရောင်းသူကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့် ချက်နဲ့ အရောင်းနည်းနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များက ဝယ်လိုအားပုံမှန်ရှိပေမယ့် ဈေးကတန့်နေတယ်လို့သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၀၀၀ ကျပ်၊ နှမ်းနက်တစ် ပိဿာ ၂၀၆၇ ကျပ်၊ နှမ်းနက်စမုံ ၂၂၆၇ ကျပ်၊ နှမ်းနီ ၁၈၅၆ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၈၂၂ ကျပ်နဲ့ နှမ်းမျိုးစုံ တစ်ရက်ကိုအိတ် ၇၀၀ မှ ၉၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 24 Oct 2012

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်းပဲခွဲစက်တွေက အဝယ်ပြန်လိုက်လာတာကြောင့် ယခင် အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၆၇ ကျပ်(တစ်တန် ကို ၄၆၉၇၀၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန်ဝယ် လက်က အိတ်စပို့အဆွဲအေးသွားတဲ့အပေါ် ဈေးချအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၀၈ ကျပ်(တစ်တန်ကို ၅၅၆၀၅၀ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၇၀၀ မှ ၉၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီး နဲ့ကုလားပဲ(ထိုင်ဝမ်) ကိုတော့ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲ ခွဲစက်များက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၄၃ ကျပ်(တစ်တန်ကို ၅၇၇၄၈၃ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိ ဿာကို ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ နှစ်မျိုး ပေါင်း တစ်ရက်ကို အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲ တီစိမ်းကြီးကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးတန့် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိသလို ရောင်း သူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၁၃၃ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၁၅၆ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၂၄၀၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၇၇၈ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၃၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages